fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ရေကျောက် ၊ပဲသီတာ ဆိုသည်မှာ

2.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/08/2017
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ရေကျောက် ၊ပဲသီတာ ရောဂါသည် ကလေးငယ်များတွင် အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ Varicella zoster လို့ဆိုတဲ့ ဗိုင်းရပ်ပိုး တစ်မျိုးကြောင့်
ဖြစ်တာပါ။ ကလေးတွေမှာ အဖြစ်များတယ် ဆိုပေမယ့် နောက်ပိုင်း လူကြီးတွေမှာပါအတွေ့ရများလာပါတယ်။

ရေကျောက် ၊ပဲသီတာ ပေါက်ရင် ဘာတွေ ခံစားရလဲ ။
-ပိုးဝင်စ အစပိုင်း ကနဦးရက်များတွင် မအီမသာ နုန်းချိကာ တစ်ခါတစ်ရံ ဖျားတတ်တယ်။
-အနီပြင် အစုလိုက်ကြီးတွေ စပေါက်ပြီး နာရီပိုင်းအတွင်းမှာပဲ အနီဖုကလေး တွေဖြစ်လာမယ်။ ၃ရက် ၄ရက် အကြာမှာတော့ အရည်ကြည်ဖုလေးတွေ အဖြစ်
ပြောင်းသွားမယ်။ ထိုအရည်ကြည်ဖုလေးတွေသည် ပဲသီတာစေ့နဲ့ အလွန်တူပါတယ်။ ပြီးတော့ ပြည်ဝတ်ဆံကလေးတွေ ဖြစ်သွားမယ်။ နောက် အနာဖေးတက်
လာမယ်။
-ရေကျောက်သည် အပေါ်ယံ အရေပြားလွှာမှာ ဖြစ်တာမို့ အမာရွတ်ကြီးကြီး မကျန်တတ်ပါဘူး။
-ရေကျောက်ပေါက်ရင် ရင်ဘတ် ၊ကျော ၊ဝမ်းဗိုက် စတဲ့နေရာတွေမှာ စပေါက်ကာ တခြားနေရာတွေ ပျံ့သွားတတ်တယ်။
-ရေကျောက် အထွက် စုံသွားရင်တော့ ၇ ရက်မှ ၁၀ရက်အတွင်း ပြန်ကောင်းသွားတယ်။
-သတိပြုရမှာက အရည်ကြည်ဖုတွေသည် အင်မတန်မှ ယားတတ်ပါတယ်။

ရေကျောက်ကြောင့် ဆင့်ပွားရောဂါ ဘာတွေ ခံစားရနိုင်သလဲ။
-အရေပြား ပိုးဝင်နာများ
-အဆုတ်ရောင်ခြင်း
-ဦးနှောက်နဲ့ အာရုံကြော ထိခိုက်ခြင်း
-နှလုံးရောင်ခြင်းများ
-အသည်းရောင်ခြင်းများ
-ကျောက်ကပ်ရောင်ခြင်းများ စတာတွေ ခံစားရတတ်ပါတယ်။

ဘယ်အချိန်မှာ မိသားစု ဆရာဝန်နဲ့ တိုင်ပင်မလဲ။
-ကလေးငယ်တွေမှာ အရည်ကြည်ဖုပေါက်ပြီး မအီမသာခံစားရက မပေါ့ဆဘဲ ရေကျောက် ဟုတ်၊မဟုတ်ကို မိမိရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

မိမိဘာသာ ဘာလုပ်ထားနိုင်လဲ။
အဓိကက ကလေးခံစားနေရတာတွေ သက်သာအောင် ၊ကလေးကုတ်ပြီး အမာရွတ်ကြီးများ မကျန်အောင် လုပ်ပေးထားဖို့လိုတယ်။
-ကလေးဖျားက ရေပတ် နိုင်နိုင်တိုက်ချပါ။
-ကလေးအဖျားကျဆေးများ တိုက်ပေးပါ။
-လေဝင်လေထွက်ကောင်းတဲ့ အခန်းမှာ ထားပါ။အဝတ်ကို ထူပိန်းအောင် ဝတ်မပေးပါနဲ့။
-အယား သက်သာစေရန် ချိုးရေတွင် ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ပါသော မုန့်ဖုတ်ဆိုဒါများ ၊ဒါမှမဟုတ် Oat meal lotion များထည့်ချိုးပါ။ ရေနွေးဖတ် ၁နေ့
၂ကြိမ် ကပ်ပေးပါ။calamine လိုးရှင်းများ လိမ်းပေးနိုင်တယ်။
-အမာရွတ်ကြီးများ မကျန်စေရန် လက်သည်းညှပ်ထားပါ။ ကလေးငယ်လွန်းက လက်အိတ်စွပ်ပေးထားပါ။
-ညအိပ်ခါနီး ဘာမီတွန် တိုက်ပေးနိုင်တယ် ။
-သိုးမွေးထည် ၊နိုင်လွန်ထည်များ မဝတ်ပေးပါနဲ့။ ခပ်ပါးပါးနဲ့ ခပ်ပွပွ အဝတ်များ ဝတ်ဆင်ပေးပါ။
-အရည်ကြည်ဖုများ ပေါက်ပြီး ချပ်သွားပြီး ၅ရက်လောက်အထိ ကလေးကို ကျောင်းမလွှတ်ပါနဲ့။ တခြားသူတွေကို ကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်
တွေသည်လည်း ထိုကာလအတွင်း ရေကျောက်ပေါက်တဲ့ကလေးနဲ့ ဝေးဝေးနေပါ။

Author : ခေတ်သစ် ဇီဝက

Previous Post

မုတ်ဆိတ်မွေးနာ

Next Post

သန္ဓေတားဆေး ယုံတမ်းစကားတွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
592

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
551
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.5k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သန္ဓေတားဆေး ယုံတမ်းစကားတွေ

သွေးလွန်တုပ်ကွေးဖြစ်ရင် တိုက်လို့ရတဲ့ဆေးဆိုလို့ ပါရာစီတမောပဲ ရှိတယ်

သမီးကညာ အရွယ်ရောက်လာ ၊မိဘများ သတိပြုစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.