fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

မြင်သူငေးမယ့် အလှမျက်နှာ

131
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/07/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ယနေ့ အိုင်တီခေတ်တွင် ပျိုမေများ ကမ္ဘာနှင့်ယှဉ်ပြီး လှပနုပျိုစေရန် ခေတ်ပေါ်အလှပြင်ပစ္စည်းမျိုးစုံ သုံးစွဲလာကြပြီး မိမိတို့၏မျက်နှာအသားအရေကို စိုပြေရွှန်းလဲ့မြင်သူငေးရလောက်အောင် ခြယ်မှုန်းတတ်ကြသည်။

သို့သော် အချို့မှာ မည်မျှပင် ပြုပြင်ပါစေ၊ အဖုထွက်၊ မျက်ကွင်းညိုခြင်းကိစ္စမှာ ဘာပစ္စည်းသုံးသုံး အဆင်မပြေဖြစ်နေကြသည်ကို တွေ့ရသည်။ မျက်နှာပြင်အသားအရေကို မည်သို့ပင် Skin Care လုပ်လုပ် စိတ်တိုင်းမကျ ဖြစ်နေကြပေသည်။

ဤသို့ မျက်ကွင်းညိုခြင်း၊ အဖုထွက်ခြင်း၊ ဝက်ခြံထွက်ခြင်းနှင့် မျက်နှာပြင် အသားအရေ ခြောက်သွေ့ခြင်းတို့၏ အဓိကအကြောင်းရင်းမှာ
(၁) စားသောက်သည့် အစားအစာများနှင့် ပတ်သက်ခြင်း
ပျိုမေတို့စားသောက်နေသည့် အပူအစပ်လွန်ကဲသည့် အစားအစာများ ဖြစ်သောငရုတ်သီး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူတို့ကို များစွာစားသုံးခြင်း၊ အပုပ်စာဖြစ်သော ငါးပိ၊ ငါးပိကောင်း၊ ပုစွန်ချဉ်၊ ငါးချဉ်၊ ဘဲသား၊ ငါးသလောက်၊ မျှစ်၊ တညင်းသီး၊ ဆူးပုပ်ရွက်၊ ငံပြာရည်တို့ များစွာစားသုံးခြင်း၊ ဒူးရင်းသီး၊ အုန်းနို့၊ ဒန်ပေါက်ကဲ့သို့ မစားများများစွာစားခြင်း စသည်တို့ကြောင့် မျက်ကွင်းညိုခြင်း၊ မျက်နှာပြင်တွင် ဝက်ခြံ၊ အဖုထွက်၊ အသားအရေခြောက်ခြင်းတို့ ဖြစ်တတ်၍ သတိပြု၍ ရှောင်ကြဉ်ရန် လိုအပ်ပေသည်။

(၂) အမျိုးသမီး ဓမ္မတာ မီးယပ်သွေးသားနှင့် ပတ်သက်ခြင်း
ဓမ္မတာသွေးသားပေါ်ခါနီး တစ်ပတ်ခန့်အလိုတွင် လက်ဖက်၊ အဖန်အရသာရှိသော အစားအစာများ၊ ရေခဲ၊ အအေးတို့ကို သတိပြုဆင်ခြင်ရန် လိုအပ်ပါသည်။
ဓမ္မတာသွေးသားမှန်စေပြီး သွေးသားစင်ကြယ်စေရန် အကောင်းဆုံးနည်းမှာ ဓမ္မတာမလာမီ တစ်ရက်နှစ်ရက်ခန့် အလိုမှ ဓမ္မတာဖြစ်နေစဉ်အတွင်း ချင်း၊ ထန်းလျက်ပြုရည်နွေးနွေးကို နံနက်၊ ညလက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးခန့် သောက်ပေးခြင်းဖြင့် မျက်နှာအသားအရေ လှပကြည်လင်ဝင်းပလာပါလိမ့်မည်။

(၃) အိပ်စက်နားနေမှုတွင် လိုအပ်ချက်ရှိခြင်း
အိပ်စက်နားနေမှု၊ အိပ်ရေးဝရန် အိပ်ချိန်ပြည့်မီရန် အထူးလိုအပ်ပေသည်။ အိပ်ရေးမဝသည့် ဒဏ်ကြောင့် မျက်ကွင်းညိုခြင်းကို အဓိကဖြစ်ပေါ်စေပါသည်။ အိပ်ရေးဝဝအိပ်စေသည့် အလေ့အကျင့်ကို မွေးမြူပါ။

(၄) မိမိတို့သုံးစွဲနေသော အလှပြင်ပစ္စည်းများနှင့် ဓာတ်မတည့်မှု ဖြစ်နေခြင်း
မိမိတို့အာရုံကျရာ အလှပစ္စည်းများအဆန်းများကို မကြာခဏပြောင်းလဲ အသုံးပြုခြင်းဖြင့် မိမိနှင့်မသိမသာဓာတ်မတည့်ခဲ့လျှင် လျှင်မြန်စွာ သိသာသော်လည်း အချို့ပစ္စည်းများသည် သုံးခါစအချိန်တွင် မိမိနှင့်သင့်သလို ရှိသော်လည်း သုံးစွဲမှုကြာခဲ့လျှင် တဖြည်းဖြည်း မသိမသာ မိမိအသားအရေနှင့် ဓာတ်မတည့်မှုကို ဖြစ်ပေါ်စေပြီး မျက်ကွင်းညိုခြင်း၊ အဖုထွက်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် မိမိသုံးစွဲနေကျ မိမိနှင့် သင့်တော်သည့် အလှပြင်ပစ္စည်းများကိုသာ စိတ်ချလက်ချ သုံးစွဲသင့်ပါသည်။

(၅) ခန္ဓာကိုယ်တွင် ရေဓာတ်ဖြည့်ဝမှု အားနည်းခြင်း
မိမိခန္ဓာကိုယ် အသားအရေ လှပရေး၏ အဓိကအချက်ဖြစ်သော ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြည့်ဝမှု စံနှုန်းကို အရေးမထားမိတတ်ပေ။ ခန္ဓာကိုယ်တွင်း ရေဓာတ်စံချိန်ပြည့်မီစေရန် ရေကိုသတိထားပြီး ပုံမှန်သောက်သုံးပေးခြင်း၊ အရည်ရွှမ်းသည့် အသီးအနှံများကို အထူးဦးစားပေး စားသုံးခြင်း၊ အမျှင်ဓာတ် ပေါကြွယ်ဝစေသော ဟင်းသီးဟင်းရွက်တို့ကို ဂရုပြုစားသုံးပေးခြင်းတို့သည် အထူးလိုအပ်ပေသည်။
အထူးသဖြင့် ဖရဲသီးသည် ခန္ဓာကိုယ်အတွက် ရေဓာတ်ကို ပြည့်ဝစေပြီး အသားအရေကို လှပစေရန် လွန်စွာအထောက်အကူပေးသည့် သီးနှံဖြစ်သည်။

(၆) အိမ်ထောင်ရှင် အမျိုးသမီးများ သားဆက်ခြား တားဆေးများ၏ Side effects ကြောင့်ဖြစ်ခြင်း
အိမ်ထောင်ရှင်အမျိုးသမီးများအတွက် အထူးသတိပြုရန်မှာ မိမိတို့မိသားစု စီမံကိန်းသားဆက်ခြား၊ သန္ဓေတားဆေးများကို မဖြစ်မနေ သုံးစွဲရသည်များ ရှိပေသည်။ သုံးစွဲသည့်အခါ ဆေးများတွင် ပါဝင်သော ဟော်မုန်းများ၏ သတ္တိကြောင့် အချို့အမျိုးသမီးများတွင် ဆေးစတင်သုံးစွဲသည့် အချိန်မှစပြီး မီးယပ်သွေးလုံးဝ မပေါ်သည်ကို တွေ့ရတတ်သည်။ အချို့က နှစ်လကျော်ပြီးမှ အနည်းငယ်စီ မီးယပ်သွေးပေါ်တတ်ကြသည်လည်း ရှိသည်။ အချို့က တစ်လထဲမှာပင် သွေးနှစ်ခါ၊ သုံးခါပေါ်တတ်သည်။
ဤသို့ သန္ဓေတားဆေး၏ Side effect ကြောင့် မီးယပ်သွေးသား မမှန်ဘဲ မျက်နှာတွင် တင်းတိပ်၊ မှဲ့ခြောက်၊ မျက်ကွင်းညို၊ အသားအရေညိုညစ်ခြင်း စသည်တို့ကို မလွဲမသေခံစားကြရပေသည်။ ထိုသို့သော ပျိုမေများအတွက် အထူးအားကိုးရသောဆေးမှာ ကရက်မက်ကောင်းကောင်းနှင့် ဧကရာဇ်မြစ်ကို နှစ်မျိုးရောသွေးပြီး နံနက်၊ ညဟင်းစာဇွန်းကြီးတစ်ဇွန်း ပုံမှန်သောက်ပေးသွားလျှင် လွန်စွာသင့်တော်ပါသည်။

(၇) နှာခေါင်းရိုးနှင့် နှာခေါင်းအတွင်းပိုင်း ချွတ်ယွင်းချက်ရှိခြင်း
နိုင်ငံပေါင်းစုံမှ ထုတ်လုပ်သော အကောင်းတကာ့အကောင်းဆုံး အလှပြင်ပစ္စည်းများ မည်မျှပင် သုံးစွဲစေကာမူ မျက်နှာပြင်တွင် မျက်ကွင်းညိုခြင်း၊ အဖုထွက်၍ မျက်နှာပြင် ညိုညစ်ခြင်းတို့ကို ခံစားနေရသော ပျိုမေများသည် အဓိကအားဖြင့် နှာခေါင်းရိုးနှင့် နှာခေါင်းအတွင်းပိုင်း ချွတ်ယွင်းချက် ရှိနေကြသည်ကို ကိုရီယားမျက်နှာနှင့် အသားအရေအထူးကု ဆေးပညာရှင်များက သုတေသနတွေ့ရှိထားကြသည်။

နှာခေါင်းကို ဓာတ်မှန်ရိုက်ပြီး နှာခေါင်းရိုးတည်ဆောက်မှု မမှန်ခြင်း၊ နှာခေါင်းတွင်းလေပြွန်များ ပိတ်ဆို့နေခြင်းနှင့် ပင်မနှာခေါင်းရိုး၏ ပုံမှန်ထက် နှာတံကောက်ခြင်း၊ ကွေးခြင်း၊ ထိပ်ကပ်နှာကြောင့် နှာသီးရောင်ပြီး နှာပေါက်ဝကျဉ်းနေ၍လေကို ဝအောင်မရှူရ၍ ပါးစပ်နှင့် အသက်ကူပြီး ရှူနေခြင်းတို့ကြောင့် လျှာ၊ အာခေါင်၊ နှာခေါင်းခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ်စေပြီး မျက်နှာပြင်အသားအရေပါ ခြောက်သွေ့၍ မျက်ကွင်းညို၊ အဖုထွက်၊ မျက်နှာပြင်ညိုညစ်ခြင်းကို ဖြစ်ပေါ်စေပါသည်။
“နှာခေါင်း၏ ကျန်းမာကြံ့ခိုင်မှုသည် ပျိုမေများ၏ မျက်နှာပြင်အလှအပနှင့် လုံးဝသက်ဆိုင်နေခြင်း” ကို ပျိုမေများ အထူးသတိပြုကြရန် လိုအပ်ပါသည်။ ထို့ကြောင့် –
(၁) ညစဉ်အိပ်ရာဝင်ချိန်တွင် နံ့သာဖြူစစ်စစ်ကို ဇာတိဖ္ဖိုလ်သီးအဆံနှင့် ပျိုမေများ နှာခေါင်းရိုး၊ နှာတံနှင့် နဖူးပြင်တွင် လိမ်းပေးပါက နှာခေါင်းတွင်း နှာသီးရောင်၍ နှာခေါင်းပိတ်ခြင်းကို သက်သာစေပါသည်။
(၂) ညအိပ်ရာမဝင်မီ ဆား၊ ရေနွေးအနေတော် အပူချိန်ရှိသည့် ဇလုံထဲတွင် ခြေစုံနှစ်ဖက်မြှုပ်အောင် နာရီဝက်စိမ်ပေးခြင်းဖြင့် နှာခေါင်းတွင် လေပြွန်ပိတ်ခြင်း၊ ထိပ်ကပ်နာကြောင့် နှာခေါင်းရောင်ရမ်းခြင်းကို လျော့ကျစေပါသည်။
ပျိုမေများ မြင်သူတကာငေးရလောက်အောင် လှပစိုပြေသည့် မျက်နှာပြင်လေးများ ပိုင်ဆိုင်နိုင်ကြပါစေဟု ဆန္ဒပြုရင်း … ။

Author: ညီညီကျော်, Healthcare Journal

Previous Post

အူကျွံခြင်း

Next Post

အစာအဆိပ်သင့်ခြင်း အကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
700

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
681
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
2k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.6k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.7k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအဆိပ်သင့်ခြင်း အကြောင်းသိကောင်းစရာ

ဟိုကုတ်လိုက် ဒီကုတ်လိုက်နဲ့ ထွက်လိုက်တဲ့ မိတ်

စိတ်ရဲ့ထွက်ပေါက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.