fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သင့်ကလေး အဝလွန်နေတာကို သတိထားမိကြရဲ့လား

30
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/07/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

အလွန်ဝတဲ့ ကလေးတွေဟာ သူတို့ရဲ့မိဘတွေ မသေမီ၊ သေနိုင်တယ်ဆိုတာကို ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့က သတိပေးကြတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ကလေးတွေရဲ့ အဝလွန်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေပြီလို့ ဆိုကြတယ်။ အာဟာရမမြောက်တဲ့ အလွယ်တကူ ပြုပြင်ရောင်းတဲ့ အစားအစာတွေနဲ့ သကြားအချိုရည်တွေကြောင့် မျိုးဆက်တစ်ခုလုံး ပျက်စီးခံနေရတယ်လို့ ၎င်းတို့ စိုးရိမ်ကြတယ်။ဗြိတိန်နိုင်ငံတွင် လက်ရှိကိန်းဂဏန်းတွေအရ ၁၅ နှစ်အောက်ကလေးသုံးပုံတစ်ပုံဟာ အလွန်ဝ ဒါမှမဟုတ် အဝလွန်ကြသူများဖြစ်ပြီး၊ ပြဿနာက ပိုကြီးထွားလာမှာ ဖြစ်တယ်။ ယောက်ျားလေး ထက်ဝက်ကျော်နဲ့ မိန်းကလေး ရာခိုင်နှုန်း ၇၀ ဟာ ၂၀၅၀ ပြည့်နှစ်မှာ ရောဂါတွေ အတူတူခံစားကြရမယ်ဟု ကျွမ်းကျင်သူတွေက ထင်ကြေးပေးကြတယ်။

ပိုဆိုးတာက အဝလွန်တဲ့ ကလေးတွေရဲ့ မိဘတွေ လေးပုံသုံးပုံဟာ ပြဿနာရှိနေတာကို မသိကြဘူး။မိဘများအနေနဲ့ ဒီပြဿနာကို မမြင်မိနိုင်တာဟာ တစ်ကယ်ထူးဆန်းကြောင်းနဲ့ ၎င်းတို့မှာဖြစ်နေတာကိုလည်း အသိအမှတ်မပြုကြောင်း Child Growth Foundation ဥက္ကဌ တမ်ဖရိုင်းက ရှင်းပြတယ်။ မိဘတွေ အဝလွန်ပြီး ဒါဟာ ပုံမှန်ဖြစ်တယ်လို့ ထင်နေရင် သူတို့ကလေးတွေလည်း ပုံမှန်ဖြစ်နေတာပဲလို့ ထင်ကြမယ်။ကျန်းမာရေးပြဿနာကိုစိုးရိမ်ခြင်း ၊နှလုံးရောဂါ၊ ရင်ကြပ်ပန်းနာရောဂါ၊ အသည်းရောဂါ၊ အိပ်မပျော်တဲ့ရောဂါ၊ ကင်ဆာနဲ့ ဆီးချိုအမျိုးအစား (၂) တို့ပါဝင်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ကလေးတွေရင်ဆိုင်လာရမှာကို စိုးရိမ်မိကြတယ်။

ကျွနုပ်တို့ရဲ့ လူနာ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ အရွယ်အားလုံးကို ကျန်းကျန်းမာမာ ရှိစေချင်တယ် ဟု Royal College of General Practitioners Clinical Lead For Cancer မှ ဒေါက်တာ ရစ်ချက်ရု(ပ်) က ဆိုတယ်။လူလတ်ပိုင်းအရွယ်မှာ အဝလွန်တာနဲ့ ဆက်စပ်ပြီး ဖြစ်တတ်တဲ့ ဆီးချိုအမျိုးအစား(၂) ရောဂါနဲ့ ခုနှစ်နှစ်အရွယ် ကလေးတစ်ယောက် ဆေးရုံရောက်လာတာကို တွေ့ရတယ်။ ဒါဟာ တကယ့်ပြဿနာပါပဲ ဟု ၎င်းကဆိုတယ်။၂၀၁၂ – ၁၃ မှာ ကလေး ၃၁၀၀ ယောက်ခန့်ဟာ အဝလွန်တာနဲ့ ဆက်စပ်တဲ့ရောဂါတွေနဲ့ ဆေးရုံတင်ကြတာကို တွေ့ရတယ်ဟု ဆိုတယ်။ ၎င်းတို့ရဲ့ ကျန်းမာရေး ထိခိုက်သလို၊ ပိုနေတဲ့ ကိုယ်အလေးချိန်ကို သယ်ဆောင်ရခြင်းက ကလေးရဲ့မိမိကိုယ်ကို တန်ဖိုးထားမှုကိုလည်း အကျိုးသက်ရောက်မှု ရှိတယ်။

မိမိကိုယ်ကို မိမိတန်ဖိုးထားမှု ဟင်ဖ်ရှိုင်းယားမှ မူလတန်းဆရာတစ်ယောက်က ကျွန်တော့်အတွေ့အကြုံအရ ကလေးတွေဟာ သူတို့ရဲ့ ကိုယ်အလေးချိန်ကို သိနေပြီး ဒါကိုရမယ်ရှာကြတယ်။ အဝလွန်တဲ့ ကလေးတွေမှာ မိမိကိုယ်မိမိ တန်ဖိုးထားမှုလျော့နည်းလာတာကို တွေ့ရတယ်ဟု ဆိုတယ်။အာဟာရ ဗေဒပညာရှင် ဂေနော်ဘတ်ဆဲလ်က မိခင်တွေဟာ ဒီပြဿနာက အချို့မိဘတွေက သူတို့ရဲ့ ကလေးတွေကို အစာစားတဲ့အခါမှာ တင်းကြပ်ဖို့ ကြိုးစားခြင်းက သူတို့ရဲ့ရောဂါ ခံစားနေရအောင် လုပ်သလိုဖြစ်မှာကို စိုးရိမ်ကြတယ်။အဝလွန်မှုတွေ တိုးလာတာနဲ့အမျှ ပရမ်းပတာတွေ စားမှုတိုးလာပြီး မိခင်တွေက ၎င်းတို့ရဲ့ ကလေးတွေ ပရမ်းပတာစားခြင်းကို ကာကွယ်လိုကြတာကို သိပါတယ်။ အလွယ်တကူဆုံးနည်းက ၎င်းကို ထုတ်ဖော်မပြပါနဲ့ဟု ဘတ်ဆဲလ်က ဆိုတယ်။ကလေးအင်္ကျီ  မတော်တော့တာကို တွေ့တဲ့အချိန်လိုမျိုး အခွင့်အရေးကြုံတဲ့အခါမှာ မိဘတွေက ဒီဟာကို ပြဿနာကြီးတစ်ခု လုပ်နေမယ့်အစား ကလေးကို ရှင်းပြပါဟု ဗြိတိသျှနှလုံးဖောင်ဒေးရှင်းက အကြံပြုတယ်။ကလေးတစ်ယောက်တည်း ကွက်၍ လုပ်ခိုင်းသလို မဖြစ်အောင် ကာကွယ်ဖို့ မိသားစုတစ်စုလုံးအတွက် မျှတတဲ့ နေ့စဉ်စားတဲ့ အစားအစာနဲ့ မှန်မှန်ကိုယ်လက်လှုပ်ရှားမှုကို စူးစိုက်ဖို့ ဖောင်ဒေးရှင်းက အကြံပြုပါတယ်။

မိခင်နှစ်ဦးရဲ့ အဖြစ်မိမိရဲ့ ကလေးကျန်းမာဖို့ အစားအစာကို မှန်ကန်စွာ ရွေးချယ်ပေးပြီး ၎င်းတို့ ကြီးလာတဲ့အခါမှာ ကျန်းမာစွာ အစာစားခြင်းရဲ့ တန်ဖိုးကို နားလည်စေတယ်လို့ မိခင်တစ်ဦးက ဆိုတယ်။ကျွန်မရဲ့ မိတ်ဆွေအချို့မှာ အဝလွန်တဲ့ ကလေးတွေ ရှိကြတယ်။ မိဘတွေက ဝကြလို့ ကလေးအဝလွန်တာဟာ မျိုးရိုးဗီဇကြောင့် ဖြစ်တယ်လို့ ယုံကြည်ကြတယ်။ မိမိသဘောအရဆိုရင် ကျန်းမာရေး အခြေအနေကြောင့် တာဝန်ရှိသည်ကလွဲလို့ ကလေးအဝလွန်တာ မဖြစ်သင့်ဘူးဟု နောက်မိခင်တစ်ဦးက ဆိုတယ်။

ဆရာဝန်တွေရဲ့ အကြံပြုချက်များ
– သင့်ကလေးငယ်ဟာ ၎င်းရဲ့အသက်၊ အရပ်နဲ့ လျော်ညီတဲ့ ကိုယ်အလေးချိန် ရှိမရှိကို ၎င်းရဲ့ BMI ကိုတွက်ကြည့်ပါ။
– ပြုပြင်ထားတဲ့ အစားအစာ၊ အလွယ်တကူ ပြင်ပြီး ရောင်းတဲ့အာဟာရ မမြောက်တဲ့ အစားအစာနဲ့ အမြှုပ်တက်တဲ့ ဖျော်ရည်တို့ကို ဖြတ်ပါ။
– ဟင်းသီးဟင်းရွက် ပိုစားပြီး သကြားဓာတ်များတဲ့ စပျစ်သီး၊ နာနတ်သီးနဲ့ သရက်သီးတို့ကို ရှောင်ပါ။
– အဆီနည်းတဲ့ အစားအစာဟာ သကြားများများပါလို့ မကျွေးပါနဲ့။
– ကလေးတက်တက်ကြွကြွ ရှိပါစေ၊ အကြာကြီး ထိုင်မနေပါနဲ့။

Author : နှင်းအေးဝေ ,Healthcare Journal, vol 8, no 22 (16.6.17)

Previous Post

ဖြူစင်တင့်တယ်သော အသားအရေ

Next Post

ဆီးပူဆီးကျဉ် မဖြစ်ရလေအောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
995
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးပူဆီးကျဉ် မဖြစ်ရလေအောင်

ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် ဘယ်လောက်ရှိရမယ်

မှိုအဆိပ်သင့်ခြင်းအကြောင်း သိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.