( Zawgyi)
႐ုတ္တရက္ အလြန္ကူးစက္လြယ္ေသာ ေရာဂါ၊ ဗိုင္းရပ္(စ္)ပိုးေၾကာင့္ ျဖစ္တဲ့ေရာဂါ ျဖစ္ပါတယ္။ နီရဲေသာ အရည္ပါတဲ့ ဖုထြက္ၿပီး ဖ်ားျခင္းႏွင့္ ကိုယ္လက္မအီမသာ ျဖစ္တတ္ပါတယ္။
ေမး – ဘာေၾကာင့္ ေရေက်ာက္ေပါက္ရတာလဲ။
ေျဖ – ဗိုင္းရပ္(စ္)ပိုးေၾကာင့္ ျဖစ္ရပါတယ္။ ေရာဂါပထမျဖစ္ၿပီး ေနာင္ႏွစ္ၾကာလာတဲ့အခါ အာ႐ုံေၾကာ၊ ဗဟိုအာ႐ုံေၾကာမတြင္ ေနာက္တစ္ခါ ေရာဂါျပန္ျဖစ္တတ္ပါတယ္။ ေရာဂါလကၡဏာေတာ့ မျပပါဘူး။အေရၾကည္ဖုက နာမယ္။ ေနာက္ေတာ့ ျပည္အဖုေလးေတြ ျဖစ္တတ္ပါတယ္။ ဗိုင္းရပ္စ္ပိုးက အာေခါင္တြင္းမွထြက္ေသာ အရည္၊ အေရျပားတြင္ အေရၾကည္ဖုတြင္ ရွိေနၿပီး ေနာင္ေသာ္ အနာေဖး ျဖစ္လာပါတယ္။ အနာေဖးျဖစ္လွ်င္ ကူးစက္မႈ မျဖစ္ေတာ့ပါ။
အေရၾကည္ဖု၊ အင္ပ်င္ မထြက္ခင္ ၁၊ ၂ ရက္တြင္ ျဖစ္ျဖစ္၊ ျဖစ္ၿပီး ၄၊ ၅ ရက္ၾကာတြင္ျဖစ္ျဖစ္ ကူးစက္မႈ အားေကာင္းပါတယ္။ ျပည္မျဖစ္ခင္ ဗိုင္းရပ္စ္ပိုးေတြ ေသေက်ပ်က္စီးသြားပါတယ္။
ေမး – ဘယ္လို လူေတြမွာ ျဖစ္တတ္သလဲ။
ေျဖ – ၁၀ ႏွစ္ေအာက္ ကေလးေတြမွာ ျဖစ္တတ္ပါတယ္။ လူႀကီးမွာ အနည္းငယ္ ျဖစ္တတ္ပါတယ္။ ေမြးကင္းစ လသားအ႐ြယ္ေတြမွာေတာ့ မိခင္ရဲ႕ ခုခံအားစနစ္ေၾကာင့္ မျဖစ္တတ္ပါဘူး။ ကိုယ္ဝန္ေဆာင္မိခင္ဘဝမွာ ျဖစ္ေနရင္ ေမြးကင္းစကေလးေတြ အတြက္ အႏၲရာယ္ရွိပါတယ္။
ေမး – ေရာဂါကို ဘယ္လို ကူးစက္ခံရတာလဲ။
ေျဖ – ႏွာေခ်၊ ေခ်ာင္းဆိုးရင္ျဖစ္ျဖစ္၊ အသုံးအေဆာင္ပစၥည္းမွ တစ္ဆင့္ျဖစ္ျဖစ္၊ ေရာဂါျဖစ္ေနေသာ မိခင္မွ တစ္ဆင့္ အခ်င္းမွေနၿပီး သေႏၶသားကို ကူးစက္ေစႏိုင္ပါတယ္။
ေမး – ဘယ္လို လကၡဏာေတြ ျပသလဲ။
ေျဖ – ႐ုတ္တရက္ အဖ်ားအနည္းငယ္ တက္မယ္။ ေက်ာဖက္က နာမယ္။ ခ်မ္းမယ္။ မအီမသာျဖစ္မယ္ တစ္ရက္ေလာက္ ၾကာတတ္ေပမယ့္ လူႀကီးေတြမွာ အင္ပ်င္မထြက္ခင္ ၂၊ ၃ ရက္ေလာက္ ၾကာတတ္ပါတယ္။ အင္ပ်င္ေတြက ခႏၶာကိုယ္မွာ ဘယ္၊ ညာ ညီညီညာညာ ထြက္မယ္။ ကိုယ္လုံးက ထြက္ၿပီးမွ မ်က္ႏွာ၊ လက္၊ ေျခမွာထြက္မယ္။ လက္ဖဝါး၊ ေျခဖဝါးမွာ မထြက္ပါ။ ကိုယ္မွာကေတာ့ အမ်ားဆုံး ထြက္ပါတယ္။ အင္ပ်င္ကေန အဖုေလးေတြ ျဖစ္မယ္။ အရည္ၾကည္ဖုျဖစ္ၿပီး ေနာက္ေပါက္ၿပီး အနာေဖးျဖစ္သြားတတ္ပါတယ္။ အင္ပ်င္ထြက္ၿပီး ၄၊ ၇ ရက္ၾကာလွ်င္ အနာေဖးကြာတဲ့ အဆင့္ေရာက္ပါတယ္။ တစ္ေန႔တည္းမွာပဲ တစ္စုတစ္ေဝးတည္း အင္ပ်င္ထြက္တာ အရည္ၾကည္ဖုထြက္တာ အနာေဖးျဖစ္တာ ေတြ႕ႏိုင္ပါတယ္။
ေမး – ေနာက္ဆက္တြဲ ဆိုးက်ိဳးက ဘာလဲ။
ေျဖ – ခုခံအားနည္းေသာသူ၊ ေအ့(စ္)ေရာဂါရွိသူ ခုခံအားစနစ္ကို ခ်ိဳးႏွိမ္ထားေသာ ေဆးသုံးစြဲသူေတြမွာ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ ျဖစ္တတ္ပါတယ္။ ထုံးစံအရေတာ့ သူ႔ဟာသူ႔ ေပ်ာက္သြားတဲ့ ေရာဂါျဖစ္ပါတယ္။ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြက ေသြးယိုထြက္ျခင္း၊ နမိုးနီးယား၊ ဦးေႏွာက္ေရာင္၊ လက္ေျခတုန္ျခင္း ျဖစ္တတ္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္မွာ အဲဒီေရာဂါျဖစ္လွ်င္ ကေလးပ်က္က်ျခင္း၊ အဂၤါခ်ိဳ႕ယြင္းျခင္းျဖစ္တဲ့ အေရျပားအနာ႐ြတ္ျဖစ္ျခင္း၊ ေျခလက္တိုျခင္း၊ ဦးေခါင္းခံြံေသးျခင္း၊ ေပါင္ခ်ိန္မျပည့္ျခင္း၊ နားပင္းျခင္း၊ မ်က္ေစ့ထိခိုက္ျခင္း၊ တိမ္ထြက္ျခင္း၊ ေမြးျခင္း ငါးရက္အတြင္း မိခင္မွာ ေရေက်ာက္ျဖစ္လွ်င္ ရင္ေသြးငယ္တြင္ ကူးစက္ပ်ံ႕ႏွံ႔မႈ အႏၲရာယ္ရွိပါတယ္။
ေရေက်ာက္ကေနၿပီး အေရျပားေရာင္ေရာဂါ၊ လည္ေခ်ာင္းနာေရာဂါ၊ ႐ိုးတြင္းခ်င္ဆီေရာဂါ၊ ဦးေႏွာက္အေျမႇးပါးေရာဂါေတာင္ ျဖစ္တတ္ပါေသးတယ္။ခုခံအားစနစ္မူမမွန္ၾကတဲ့ ကင္ဆာေရာဂါ၊ ဝမ္းတြင္းကလီစာ အစားထည့္ထားေသာ လူနာ၊ HIV ေရာဂါရွိသူ၊ စတီး႐ြိဳက္ ေဆးအလြန္အကြၽံသုံးထားသူ၊ ေသြးကင္ဆာ ျဖစ္ေနေသာ ကေလးေတြမွာ ေနာက္ဆက္တြဲေရာဂါျဖစ္ဖို႔ လြယ္ကူပါတယ္။ DIC လို႔ေခၚတဲ့ ေသြးေတြ အလိုလိုခဲၿပီး တစ္ျခားတစ္ေနရာကို ေရာက္ၿပီး ပိတ္ဆို႔တဲ့ ေရာဂါဝင္လွ်င္ အျမန္ေသတတ္ပါတယ္။
ေမး – ဘယ္လို ေရာဂါရွာေဖြသလဲ။
ေျဖ – အရည္ၾကည္ဖုကိုယူၿပီး အီလက္ထ႐ြန္မိုက္ခ႐ိုစကုပ္ျဖင့္ ၾကည့္လွ်င္ျမင္ႏိုင္သလို ပိုးေမြးျခင္း၊ Serology လုပ္ျခင္းျဖင့္ စစ္ေဆးႏိုင္ပါသည္။
ေမး – ဘယ္လိုထိန္းခ်ဳပ္ပါသလဲ။
ေျဖ – အင္ပ်င္ထြက္ၿပီး ေျခာက္ရက္ေလာက္ သီးသန႔္ထားရၿပီး ႏွာရည္ေခ်ာင္းဆိုးရည္ႏွင့္ ထိေသာပစၥည္းေတြကို ပိုးသတ္ရပါတယ္။
ေမး – ဘယ္လို ကာကြယ္ပါသလဲ။
ေျဖ – ေရာဂါထိေတြ႕ၿပီး ၇၂ နာရီအတြင္း Immunoglobulin ထိုးရပါတယ္။ ထို႔အျပင္ ခုခံအားစနစ္ကို ဖိႏွိမ္ေသာ ေဆးဝါးသုံးစြဲသူ၊ ေမြးရာပါ ခုခံအားစနစ္ခ်ိဳ႕ယြင္းသူ၊ HIV၊ AIDS ျဖစ္ေနသူ၊ ကိုယ္ဝန္ေဆာင္မိခင္၊ ကိုယ္အေလးခ်ိန္မျပည့္ ေမြးဖြားလာသူတို႔တြင္ ကာကြယ္ေဆးထိုးႏိုင္ပါတယ္။ပထမတစ္ႀကိမ္ ထိုးၿပီး သုံးပတ္ၾကာမွာ ေနာက္တစ္ႀကိမ္ ထပ္မံထိုးႏွံႏိုင္ပါတယ္။ေရေက်ာက္မျဖစ္ေသးေသာ တစ္ႏွစ္၊ တစ္ႏွစ္ခြဲကေလးေတြ ေရာဂါနဲ႔ ထိေတြ႕ဆက္ဆံမႈမ်ားတတ္တဲ့ ျပဳစုကုသသူ ခုခံအားစနစ္ က်ဆင္းသူ သူတို႔တြင္ ကာကြယ္ေဆးကို ႀကိဳတင္ထိုးႏွံႏိုင္ပါသည္။
Author: ေအးကမာၻ Dr.ခ်စ္, Healthcare Journal, vol 8,no 22 (16.6.17)
(Unicode)
ရုတ်တရက် အလွန်ကူးစက်လွယ်သော ရောဂါ၊ ဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်တဲ့ရောဂါ ဖြစ်ပါတယ်။ နီရဲသော အရည်ပါတဲ့ ဖုထွက်ပြီး ဖျားခြင်းနှင့် ကိုယ်လက်မအီမသာ ဖြစ်တတ်ပါတယ်။
မေး – ဘာကြောင့် ရေကျောက်ပေါက်ရတာလဲ။
ဖြေ – ဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်ရပါတယ်။ ရောဂါပထမဖြစ်ပြီး နောင်နှစ်ကြာလာတဲ့အခါ အာရုံကြော၊ ဗဟိုအာရုံကြောမတွင် နောက်တစ်ခါ ရောဂါပြန်ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာတော့ မပြပါဘူး။အရေကြည်ဖုက နာမယ်။ နောက်တော့ ပြည်အဖုလေးတွေ ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးက အာခေါင်တွင်းမှထွက်သော အရည်၊ အရေပြားတွင် အရေကြည်ဖုတွင် ရှိနေပြီး နောင်သော် အနာဖေး ဖြစ်လာပါတယ်။ အနာဖေးဖြစ်လျှင် ကူးစက်မှု မဖြစ်တော့ပါ။
အရေကြည်ဖု၊ အင်ပျင် မထွက်ခင် ၁၊ ၂ ရက်တွင် ဖြစ်ဖြစ်၊ ဖြစ်ပြီး ၄၊ ၅ ရက်ကြာတွင်ဖြစ်ဖြစ် ကူးစက်မှု အားကောင်းပါတယ်။ ပြည်မဖြစ်ခင် ဗိုင်းရပ်စ်ပိုးတွေ သေကျေပျက်စီးသွားပါတယ်။
မေး – ဘယ်လို လူတွေမှာ ဖြစ်တတ်သလဲ။
ဖြေ – ၁၀ နှစ်အောက် ကလေးတွေမှာ ဖြစ်တတ်ပါတယ်။ လူကြီးမှာ အနည်းငယ် ဖြစ်တတ်ပါတယ်။ မွေးကင်းစ လသားအရွယ်တွေမှာတော့ မိခင်ရဲ့ ခုခံအားစနစ်ကြောင့် မဖြစ်တတ်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ ဖြစ်နေရင် မွေးကင်းစကလေးတွေ အတွက် အန္တရာယ်ရှိပါတယ်။
မေး – ရောဂါကို ဘယ်လို ကူးစက်ခံရတာလဲ။
ဖြေ – နှာချေ၊ ချောင်းဆိုးရင်ဖြစ်ဖြစ်၊ အသုံးအဆောင်ပစ္စည်းမှ တစ်ဆင့်ဖြစ်ဖြစ်၊ ရောဂါဖြစ်နေသော မိခင်မှ တစ်ဆင့် အချင်းမှနေပြီး သန္ဓေသားကို ကူးစက်စေနိုင်ပါတယ်။
မေး – ဘယ်လို လက္ခဏာတွေ ပြသလဲ။
ဖြေ – ရုတ်တရက် အဖျားအနည်းငယ် တက်မယ်။ ကျောဖက်က နာမယ်။ ချမ်းမယ်။ မအီမသာဖြစ်မယ် တစ်ရက်လောက် ကြာတတ်ပေမယ့် လူကြီးတွေမှာ အင်ပျင်မထွက်ခင် ၂၊ ၃ ရက်လောက် ကြာတတ်ပါတယ်။ အင်ပျင်တွေက ခန္ဓာကိုယ်မှာ ဘယ်၊ ညာ ညီညီညာညာ ထွက်မယ်။ ကိုယ်လုံးက ထွက်ပြီးမှ မျက်နှာ၊ လက်၊ ခြေမှာထွက်မယ်။ လက်ဖဝါး၊ ခြေဖဝါးမှာ မထွက်ပါ။ ကိုယ်မှာကတော့ အများဆုံး ထွက်ပါတယ်။ အင်ပျင်ကနေ အဖုလေးတွေ ဖြစ်မယ်။ အရည်ကြည်ဖုဖြစ်ပြီး နောက်ပေါက်ပြီး အနာဖေးဖြစ်သွားတတ်ပါတယ်။ အင်ပျင်ထွက်ပြီး ၄၊ ၇ ရက်ကြာလျှင် အနာဖေးကွာတဲ့ အဆင့်ရောက်ပါတယ်။ တစ်နေ့တည်းမှာပဲ တစ်စုတစ်ဝေးတည်း အင်ပျင်ထွက်တာ အရည်ကြည်ဖုထွက်တာ အနာဖေးဖြစ်တာ တွေ့နိုင်ပါတယ်။
မေး – နောက်ဆက်တွဲ ဆိုးကျိုးက ဘာလဲ။
ဖြေ – ခုခံအားနည်းသောသူ၊ အေ့(စ်)ရောဂါရှိသူ ခုခံအားစနစ်ကို ချိုးနှိမ်ထားသော ဆေးသုံးစွဲသူတွေမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။ ထုံးစံအရတော့ သူ့ဟာသူ့ ပျောက်သွားတဲ့ ရောဂါဖြစ်ပါတယ်။နောက်ဆက်တွဲ ဆိုးကျိုးတွေက သွေးယိုထွက်ခြင်း၊ နမိုးနီးယား၊ ဦးနှောက်ရောင်၊ လက်ခြေတုန်ခြင်း ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်မှာ အဲဒီရောဂါဖြစ်လျှင် ကလေးပျက်ကျခြင်း၊ အင်္ဂါချို့ယွင်းခြင်းဖြစ်တဲ့ အရေပြားအနာရွတ်ဖြစ်ခြင်း၊ ခြေလက်တိုခြင်း၊ ဦးခေါင်းခံွံသေးခြင်း၊ ပေါင်ချိန်မပြည့်ခြင်း၊ နားပင်းခြင်း၊ မျက်စေ့ထိခိုက်ခြင်း၊ တိမ်ထွက်ခြင်း၊ မွေးခြင်း ငါးရက်အတွင်း မိခင်မှာ ရေကျောက်ဖြစ်လျှင် ရင်သွေးငယ်တွင် ကူးစက်ပျံ့နှံ့မှု အန္တရာယ်ရှိပါတယ်။
ရေကျောက်ကနေပြီး အရေပြားရောင်ရောဂါ၊ လည်ချောင်းနာရောဂါ၊ ရိုးတွင်းချင်ဆီရောဂါ၊ ဦးနှောက်အမြှေးပါးရောဂါတောင် ဖြစ်တတ်ပါသေးတယ်။ခုခံအားစနစ်မူမမှန်ကြတဲ့ ကင်ဆာရောဂါ၊ ဝမ်းတွင်းကလီစာ အစားထည့်ထားသော လူနာ၊ HIV ရောဂါရှိသူ၊ စတီးရွိုက် ဆေးအလွန်အကျွံသုံးထားသူ၊ သွေးကင်ဆာ ဖြစ်နေသော ကလေးတွေမှာ နောက်ဆက်တွဲရောဂါဖြစ်ဖို့ လွယ်ကူပါတယ်။ DIC လို့ခေါ်တဲ့ သွေးတွေ အလိုလိုခဲပြီး တစ်ခြားတစ်နေရာကို ရောက်ပြီး ပိတ်ဆို့တဲ့ ရောဂါဝင်လျှင် အမြန်သေတတ်ပါတယ်။
မေး – ဘယ်လို ရောဂါရှာဖွေသလဲ။
ဖြေ – အရည်ကြည်ဖုကိုယူပြီး အီလက်ထရွန်မိုက်ခရိုစကုပ်ဖြင့် ကြည့်လျှင်မြင်နိုင်သလို ပိုးမွေးခြင်း၊ Serology လုပ်ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။
မေး – ဘယ်လိုထိန်းချုပ်ပါသလဲ။
ဖြေ – အင်ပျင်ထွက်ပြီး ခြောက်ရက်လောက် သီးသန့်ထားရပြီး နှာရည်ချောင်းဆိုးရည်နှင့် ထိသောပစ္စည်းတွေကို ပိုးသတ်ရပါတယ်။
မေး – ဘယ်လို ကာကွယ်ပါသလဲ။
ဖြေ – ရောဂါထိတွေ့ပြီး ၇၂ နာရီအတွင်း Immunoglobulin ထိုးရပါတယ်။ ထို့အပြင် ခုခံအားစနစ်ကို ဖိနှိမ်သော ဆေးဝါးသုံးစွဲသူ၊ မွေးရာပါ ခုခံအားစနစ်ချို့ယွင်းသူ၊ HIV၊ AIDS ဖြစ်နေသူ၊ ကိုယ်ဝန်ဆောင်မိခင်၊ ကိုယ်အလေးချိန်မပြည့် မွေးဖွားလာသူတို့တွင် ကာကွယ်ဆေးထိုးနိုင်ပါတယ်။ပထမတစ်ကြိမ် ထိုးပြီး သုံးပတ်ကြာမှာ နောက်တစ်ကြိမ် ထပ်မံထိုးနှံနိုင်ပါတယ်။ရေကျောက်မဖြစ်သေးသော တစ်နှစ်၊ တစ်နှစ်ခွဲကလေးတွေ ရောဂါနဲ့ ထိတွေ့ဆက်ဆံမှုများတတ်တဲ့ ပြုစုကုသသူ ခုခံအားစနစ် ကျဆင်းသူ သူတို့တွင် ကာကွယ်ဆေးကို ကြိုတင်ထိုးနှံနိုင်ပါသည်။
Author: အေးကမ္ဘာ Dr.ချစ်, Healthcare Journal, vol 8,no 22 (16.6.17)