fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

သွားကလေးများ ကျန်းမာဖို့

717
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/04/2022
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

အပြုံးတစ်ပွင့်သည် လူသားအချင်းချင်းရင်းနှီးမှုကို တိုးပွားစေပါသည်။ လှပသောအပြုံးတစ်ခုကိုဖန်တီးရာတွင် သွားလေးများကျန်းမာလှပနေရန် လွန်စွာအရေးကြီးပေသည်။ ထိုမျှမက သွားများသည် ကျွန်တော်တို့ဘဝတစ်လျှောက်လုံးတွင် တစ်ကြိမ်သာပြန်လည်ရရှိနိုင်သော အရာလည်းဖြစ်သည်။ ထို့ကြောင့် သွားများကျန်းမာကောင်းမွန်နေစေရန် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ထိရောက်ပါလိမ့်မည်။

သွားများက ဘာကြောင့်အရေးကြီးပါသလဲ
သွားများသည် ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးဖြင့် ကွဲပြားခြားနားစွာ ကျွန်တော်တို့ပါးစပ်ထဲတွင် တည်ရှိနေကြသည်။ ထိုသို့ပုံသဏ္ဍာန်အရွယ်အစားကွဲပြားသည့်အတိုင်း သွားများ၏ လုပ်ဆောင်ချက်သည်လည်း ကွဲပြားသွားကြသည်။ သွားများသည်အစားအစာများကို ကြေညက်စွာဝါးသည့်လုပ်ဆောင်ချက်ကို အဓိကလုပ်ဆောင်ပါသည်။ စကားပြောရန်နှင့် စကားသံပီပြင်စွာထွက်ပေါ်လာရန်လည်း အကူအညီပေးပါသည်။ ထို့ပြင် မျက်နှာပုံစံဖြစ်ပေါ်လာစေသည့် အရာများတွင်လည်း သွားသည် တစ်ခုအပါအဝင်ဖြစ်ပါသေးသည်။ ထိုမျှမက သွားများသည် လှပသောအပြုံးကိုလည်း ဖန်တီးပေးသည့် လွန်စွာတန်ဖိုးရှိသောအရာတစ်ခုလည်း ဖြစ်ပါသည်။ ထိုသို့ အလွန်အရေးပါသော အရာတစ်ခုဖြစ်သည့်အလျောက် ကျွန်တော်တို့သည် သွားကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါသည်။

သွားများပျက်စီးယိုယွင်းလာရင် ဘာတွေဖြစ်တတ်လဲ
သွားများ ပျက်စီးယိုယွင်းခြင်းသည် နာကျင်မှုဝေဒနာကို ခံစားရပြီးနောက်ပိုင်းတွင် သွားများ ကျိုးပဲ့ပျက်စီးကာသွားများ နုတ်ပစ်ရခြင်း၊ သွားပြန်စိုက်ရခြင်းများကို ပြုလုပ်ရတတ်သည်။ သွားများ ပျက်စီးယိုယွင်းနေသည်ကို ဂရုမစိုက်ဘဲပစ်ထားပါက သွားနှင့် ချိတ် ဆက်ထားသောနာ့ဗ်ကြောများတွင် ပိုးဝင်၍ အကြောသေသွားပြီး သွားပြည်တည်ခြင်းများဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်ပါက Root Canal Treament ဖြင့် ကုသမှုခံယူပြီး သွားကို နုတ်ပစ်ရတတ်ပါသည်။ ထို့ကြောင့် သွားနှင့် ခံတွင်းကို ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ရန် အရေးကြီးပါသည်။ သွားဖုံးရောဂါများသည် ဖြစ်လေ့ရှိသောရောဂါဖြစ်ပြီး အချိန်မီမကုသပါက သွားပတ်လည်ရှိသွားဖုံးရိုးများ ပျက်စီးသွားတတ်ပါသည်။ သွားနှင့် သွားဖုံးရောဂါများသည် ကြိုတင်ကာကွယ်၍ ရသောရောဂါများဖြစ်သည့်အလျောက် မိမိတို့၏ သွားနှင့် သွားဖုံးကို နေ့စဉ်သန့်ရှင်းပေးခြင်း၊ စစ်ဆေးပေးခြင်းဖြင့် နောင်ဖြစ်လာမည့်သွားနှင့် သွားဖုံးရောဂါများကို ကာကွယ် ပေးနိုင်ပါလိမ့်မည်။ အကယ်၍သွားများ ကျိုးပဲ့သွားပါက ထိုသို့ကျိုးပဲ့သွားသောနေရာတွင် သွားစိုက်ခြင်း၊ သို့မဟုတ် အံကပ်ဖြင့်ဖြည့်ထားခြင်းများကို ပြုလုပ်သင့်ပါသည်။

သွားနှင့် သွားဖုံးကျန်းမာအောင် ဘယ်လိုလုပ်မလဲ
ကျွန်တော်တို့၏ သွား၊ သွားဖုံးနှင့် ခံတွင်းကို သန့်ရှင်းပြီး ကျန်းမာအောင်ပြုလုပ်ရန်မှာ လွယ်ကူပါသည်။ အောက်ဖော်ပြပါအချက်များကို နေ့စဉ်ပုံမှန်လုပ်ဆောင်ခြင်းဖြင့် သွားများပျက်စီးယိုယွင်းခြင်းကို အကောင်းဆုံးကာကွယ်နိုင်ပါသည်။
ဖလိုရိုက်ဓာတ်ပါသော သွားတိုက်ဆေးဖြင့် ညတိုင်းတစ်ကြိမ်နှင့် နံနက်၊ သို့မဟုတ် နေ့လယ်ဘက်တွင်တစ်ကြိမ် သွားတိုက်ခြင်း၊ တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် သွားကြားရှင်းကြိုး (Floss)ဖြင့် သွားကိုသန့်ရှင်းပေးခြင်း၊ ကောင်းမွန်သောစားသောက်ခြင်း အလေ့အထကိုသာပြုလုပ်ခြင်း (ဥပမာ- အချိုများသောအစားစာများ၊ အချိုရည်များကို နည်းနိုင်သမျှနည်းအောင် စားသောက်ခြင်း နှင့် သွားကို ပုံမှန်သွားဆရာဝန်ဖြင့် စစ်ဆေးခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် သွားများပျက်စီးခြင်းမှ ကာကွယ်နိုင်ပါသည်။

သွားတိုက်ရတာ ဘာကြောင့်အရေးကြီးတာလဲ
နေ့စဉ်ပုံမှန်သွားတိုက်ခြင်းနှင့် သွားသန့်ရှင်းရေးပြုလုပ်ခြင်းသည် သွားချေးများကို ဖယ်ရှားပေးခြင်းဖြစ်သည့်အတွက် လွန်စွာအရေးကြီးပါသည်။ သွားချေးများကို သန့်ရှင်းခြင်းမပြုလုပ်ပါက သွားချေးများထပ်ထပ်ကျန်ခဲ့ပြီး အစာအကြွင်းအကျန်များ သွားချေးတွင် ကပ်ကျန်နေကာ ထိုမှတစ်ဆင့် သွားများယိုယွင်းပျက်စီးခြင်းနှင့် သွားဖုံးရောဂါများကိုဖြစ်စေပါသည်။

သွားကို တစ်နေ့ ဘယ်နှကြိမ်တိုက်သင့်လဲ
မိမိတို့၏သွားများကို ဖလိုရိုက်ပါသောသွားတိုက်ဆေးဖြင့် ညအိပ်ရာမဝင်မီတစ်ကြိမ်နှင့် တစ်နေ့တာ၏ နံနက်အိပ်ယာနိုးချိန်မှ ညဘက်သွားမတိုက်ခင်အချိန်ထိ အနည်းဆုံးတစ်ကြိမ်ဖြင့် တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ် သွားပုံမှန်တိုက်သင့်ပါသည်။ သွားတိုက်ရာတွင်လည်း အနည်းဆုံးအချိန်နှစ်မိနစ်ခန့်တိုက်သင့်ပါသည်။ အကယ်၍ သွားတိုက်ရာတွင် သွေးထွက်ခြင်း၊ နာကျင်ခြင်းနှင့် အဆင်မပြေဖြစ်မှုများ မကြာခဏကြုံတွေ့လာရပါက သွားဆရာဝန်ထံ သွားရောက်ကုသသင့်ပါသည်။ နေ့စဉ်ပုံမှန်သွားကျန်းမာရေးကိုဂရုစိုက်မည်ဆိုပါက သွားနှင့်ပတ်သက်သော အန္တရာယ်များကို ကာကွယ်ရန် အဓိကကျသောလက်နက်မှာ သွားတိုက်တံ၊ သွားတိုက်ဆေးနှင့် သွားသန့်ရှင်းသည့် ကိရိယာများပင်ဖြစ်ပါသည်။

ဘယ်လို သွားတိုက်တံအမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပါသလဲ
သွားတိုက်တံကို ရွေးချယ်အသုံးပြုမည်ဆိုပါက ပျော့ပျောင်းပြီး လုံးဝန်းသောအစွန်းရှိသည့် နိုင်လွန်အမွေးဖြင့်ပြုလုပ်ထားသော သွားတိုက်တံကိုသာ ရွေးချယ်သင့်ပါသည်။ သွားတိုက်တံ၏ ထိပ်ပိုင်းသည် ပါးစပ်အတွင်းရှိအစိတ်အပိုင်းအားလုံးသို့ ရောက်ရှိနိုင်သောအရွယ်အစားဖြစ်သင့်သည်။ အထူးသဖြင့် ပါးဆောင်အတွင်းပိုင်းအထိပါ ရောက်ရှိနိုင်သောအရွယ်အစားဖြစ်ရပါမည်။ ကလေးများအတွက်ဆိုလျှင် သေးငယ်သောအရွယ်အစားရှိပြီး ပျော့ပျောင်းနူးညံ့သောအမွေးများပါသည့် သွားတိုက်တံကို ရွေးချယ်သင့်ပါသည်။
ယခုဆိုလျှင် စနစ်တကျသေချာစွာ ဖန်တီးထားသောသွား တိုက်တံများကို ဝယ်ယူအသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ထိခိုက်လွယ်သော သွားများအတွက် သိသိသာသာပို၍ နူးညံ့ပျော့ပျောင်းအောင် ပြုလုပ်ထားသည့်သွားတိုက်တံများကို အသုံးပြုနိုင်ပါသည်။ မညီညာသော သွားများအတွက် သွားတိုက်တံထိပ်ပိုင်း ပို၍သေးငယ်သောသွားတိုက်တံများကို အသုံးပြုသင့်ပါသည်။ သွားတိုက်တံကိုင်ရာတွင် ခက်ခဲမှုရှိသည့်အကြောအားနည်း၍ ခြေလက်တုန်နေသောရောဂါရှိသူများနှင့် မသန်စွမ်းသူများ လွယ်ကူစွာသွားတိုက် နိုင်စေရန်အတွက် သီးသန့်ထုတ်လုပ်ထားသော လက်ကိုင်ကြီးကြီးပါရှိသောသွားတိုက်တံနှင့် သွားတိုက်တံထိပ်ပိုင်းကို တစောင်းအနေ အထားပြုလုပ်ထားသော သွားတိုက်တံများကို အသုံးပြုသင့်ပါသည်။

သွားတိုက်တံကို ဘယ်လောက်ကြာလျှင် အသစ်လဲပြီးအသုံးပြုသင့်ပါ သလဲ
အချိန်အတန်ကြာအသုံးပြုထားသောကြောင့် ဖွာထွက်နေသောသွားတိုက်တံများသည် ကျွန်တော်တို့၏ သွားများသန့်ရှင်းရာ တွင်အကူအညီမပေးနိုင်သည့်အပြင် သွားဖုံးများကိုပါ ထိခိုက်စေပါသည်။ ထို့ကြောင့် သွားတိုက်တံများကို နှစ်လ၊ သို့မဟုတ် သုံးလ တစ်ကြိမ် ပုံမှန်အသစ်လဲခြင်း၊ သို့မဟုတ် သွားတိုက်တံအမွှေးများ စတင်ဖွာထွက်လာသောအချိန်တွင် အသစ်လဲ၍ အသုံးပြုသင့်ပါ သည်။ သွားတိုက်တံအမွှေးများဖွာထွက်လာပါက ၎င်းတို့သည် သွားကိုသေချာစွာမသန့်ရှင်းနိုင်တော့သောကြောင့် ဂရုတစိုက် အသစ် လဲအသုံးပြုသင့်ပါသည်။

ဖလိုရိုက်ပါသော သွားတိုက်ဆေးကို ဘာလို့သုံးသင့်တာလဲ
ဖလိုရိုက်ပါသောသွားတိုက်ဆေးများသည် သွားများကို ခိုင်မာစေသည်။ ထို့ပြင် သွားများကို မာကျောစေပြီး သွားရောဂါများမှလည်းကာကွယ်ပေးနိုင်ရုံသာမက ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်များအတွက် သွားများယိုယွင်းပျက်စီးခြင်းကို လျှော့ချပေးနိုင်ပါသည်။

သွားကျန်းမာဖို့ ဘယ်လိုစားသောက်မလဲ
လူအများစုတွေးထင်ကြသည်မှာ သကြားဓာတ်များစွာပါ သောအစားအစာများသည် သွားများယိုယွင်းပျက်စီးစေတတ်သော အကြောင်းအချက်တစ်ခုဟု ထင်နေကြသည်။ တကယ်တော့မဟုတ်ပါ။ သွားကို တကယ်ထိခိုက်ပျက်စီးစေသောအကြောင်းမှာ အချို များသော အစားအစာများကို အကြိမ်အရေအတွက် ဘယ်လောက်များများစားသလဲဆိုသည့် အကြောင်းချက်ပေါ်တွင် မူတည်နေခြင်းများဖြစ်ပါသည်။ အချိုရည်များနှင့် အချိုများသောအစားအစာများကြောင့် ပါးစပ်အတွင်းဖြစ်ပေါ်လာသော အက်စစ်ဓာတ်များကို ပျောက်သွားအောင်ချေဖျက်ရန်မှာ အနည်းဆုံးတစ်နာရီမျှကြာသည်။ ထိုအချိန်အတွင်းတွင် ကျွန်တော်တို့၏သွားများသည် အက်စစ်ဓာတ်များ၏ ဖျက်ဆီးခြင်းကိုခံရသည်။ ထိုသို့အက်စစ်ဓာတ်များ၏ သွားဖျက်ဆီးနှုန်းလျော့နည်းစေရန် အချိုရည်များနှင့်  အချိုများသောအစားအစာများကို ထမင်းစားချိန်များတွင်သာ စားသောက်သင့်ပါသည်။ အသားစားပြီးချိန်နှင့် သရေစာမုန့်များစားပြီးချိန်တွင် အချိုမပါသောပီကေဝါးခြင်းနှင့် ရေသောက်ခြင်းသည် သကြားဓာတ်ကြောင့် ပါးစပ်အတွင်းဖြစ်ပေါ်လာသော အက်စစ် ဓာတ်များကို လျင်မြန်စွာချေဖျက်ပေးပါသည်။

ထို့ပြင် သွားများယိုယွင်းပျက်စီးမှုကိုဖြစ်စေသော ဂက်စ်ပါသောအချိုရည်များ၊ အသီးဖျော်ရည်များ၊ အားဖြည့်အချိုရည်များနှင့် ဝိုင်များသည် သွားများကို ပျက်စီးသောအက်စစ်ဓာတ်များကို ဖြစ်စေပြီး သွားကြွေလွှာပျက်စီးခြင်းကိုဖြစ်စေပါသည်။ သွားကြွေလွှာ ပျက်စီးသွားပါက သွားများသည် အနည်းငယ်မျှထိခိုက်ဒဏ်ကို မခံနိုင်တော့ဘဲ သွားကျဉ်လွယ်ခြင်း၊ သွားအခေါင်းပေါက်များဖြစ်လာ ပြီး သွားကိုက်၊ သွားနာဖြစ်ခြင်း၊ သွားပြည်တည်ခြင်းစသည့် သွားနှင့် ပတ်သက်သောရောဂါဝေဒနာများကို ဖြစ်စေနိုင်ပါသည်။ Health Day သတင်းတွင် သွားကျန်းမာရေးကောင်းမွန်စေရန် သွားတိုက်ခြင်း၊ သွားကြားရှင်းကြိုးဖြင့် သန့်ရှင်းခြင်းနှင့်သွားကို ပုံမှန်စစ်ဆေးခြင်းများကို ပုံမှန်လုပ်ဆောင်ခြင်းသည် အလွန်အရေးကြီးကြောင်းဖော်ပြထားသည်။ သို့သော်လည်း သွားနှင့် သွားဖုံးကို ပိုမိုကျန်းမာစေရန် ထိန်းသိမ်းရမည့်နည်းလမ်းကောင်းများ ရှိပါသေးသည်။

အမေရိကန်သွားကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းက သွားနှင့် သွားဖုံးပျက်စီးယိုယွင်းခြင်းမှ ကာကွယ်ရန် အကြံပြုချက်များကို အောက်ပါအတိုင်းဖော်ပြထားသည်။

  • ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုသာ စားသုံးသင့်ပြီး မုန့်ပဲသရေစာများကိုလျှော့စားရမည်။
  • အချိုပေါ့သောအစားအစာများနှင့် အာဟာရများပါဝင်သော အစားအစာများကိုသာ ရွေးချယ်စားသုံးရမည်။
  • ရေများများသောက်ရမည်။
  • တစ်နေ့လျှင်နှစ်ကြိမ် ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးဖြင့် သွားကို စနစ်တကျတိုက်ရမည်။
  • သွားချေးများကို ဖယ်ရှားရန် နေ့စဉ်သွားကြားရှင်းကြိုးဖြင့် သန့်ရှင်းခြင်းကို ပုံမှန်ပြုလုပ်ရမည်။
  • မိမိရက်သတ္တပတ်လုံးစားသုံးခဲ့သော အစားအစာများကို မှတ်သား၍ မိမိစားသုံးခဲ့သောအစားအစာများတွင် သွားနှင့်သွား ဖုံးများကို ပျက်စီးယိုယွင်းစေသောအစားအစာများ မည်မျှစားသုံးခဲ့သည်ကို သတိပြု၍ လွန်ကဲမှုမရှိစေရန်ချင့်ချိန်ရမည်။

သို့ဖြစ်ပါ၍ သွားကျန်းမာရေးကောင်းမွန်စေရန် မိမိတို့၏သွားလေးများကို နေ့စဉ်ပုံမှန် အနည်းဆုံးနှစ်ကြိမ်ခန့်သွားတိုက်ပြီး သန့်ရှင်းအောင်ပြုလုပ်ပေးရမည်။ ထို့ပြင် သွားဆရာဝန်များနှင့် ပုံမှန်စစ်ဆေးခြင်းများပြုလုပ်ပေးခြင်းသည်လည်း သွားနှင့် ပတ်သက်သောဝေဒနာများ မခံစားရစေရန် များစွာအထောက်အကူပေးနိုင်သည်။ သွားများပျက်စီးသွားမှ ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ခြင်းထက် ပကတိအကောင်းအတိုင်းရှိသေးသော သွားများကို ပုံမှန်သန့်ရှင်း၍ ဂရုစိုက်ခြင်းသည်သာလျှင် သင့်ဘဝတစ်လျှောက်လုံး ကျန်းမာသောသွားများကို ပိုင်ဆိုင်နိုင်ပြီး သွားရောဂါအမျိုးမျိုးမှ ကာကွယ်နိုင်သည့် ထိရောက်သောအကောင်းဆုံးနည်းလမ်းပင်ဖြစ်ပေလိမ့်မည်။

Author : ဒေါက်တာထက်ဝေ

 

Previous Post

နေလောင်ဒါဏ် Sunburn အတွက် အိမ်တွင်းကုထုံးများ

Next Post

နှာခေါင်းသွေးလျှံပြီဆိုရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
805
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
626

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.7k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
916

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.6k

သွားနဲ့ ခံတွင်းကျန်းမာသန့်ရှင်းစေတဲ့ အံ့အားသင့်ဖွယ်ရာအစားအစာများ

4 years ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နှာခေါင်းသွေးလျှံပြီဆိုရင်

နွေရာသီနှင့် အသားအရေထိန်းသိမ်းနည်း

အဖျားကြီးပြီး တက်တတ်သောကလေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.