fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ကွမ်းယာစားခြင်းနှင့် ကျန်းမာရေး ကြိုက်တာရွေး

694
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/07/2017
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ကြၽန္ေတာ္တို႔ႏိုင္ငံတြင္ ေတာေရာ ၿမိဳ႕ပါ ကေလး၊ လူႀကီး၊ ေယာက်္ား၊ မိန္းမ၊ ဆင္းရဲခ်မ္းသာ၊ ပညာတတ္ မတတ္၊ လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး ကြမ္းယာစားျခင္းကို ပိုမိုျပဳလုပ္လာၾကပါသည္။ ကြမ္းယာစားေသာ ဓေလ့သည္ ႐ိုးရာဓေလ့၊ ဘိုးဘြားမိဘ အစဥ္အဆက္ စားသုံးလာၾကပါသည္။ ကြမ္းယာစားျခင္းေၾကာင့္ က်န္းမာေရးကို ထိခိုက္လာၿပီး လူ႔ဘဝသက္တမ္းေစ့ မေနရဘဲ ျဖစ္တတ္ပါတယ္။ အလွအပကို ပ်က္စီးၿပီး အိုမင္းရင့္ေရာ္ေစပါသည္။ ထို႔ေၾကာင့္ က်န္းမာေရးႏွင့္ အလွအပကို ဒုကၡေပးသည့္ ကြမ္းစားျခင္းကို ေရွာင္ၾကဥ္ရပါမည္။

ကြမ္းအစ္တြင္ ပါဝင္ေသာ ပစၥည္းမ်ား
ကြမ္းအစ္တစ္ခုတြင္ အေပၚဆုံး အံခြက္ထဲ၌ ကြမ္းသီး၊ ကြမ္းသီးစိတ္၊ ကြမ္းသီးျခမ္း၊ ကြမ္းညႇပ္၊ ေဖာက္ၿပီးထုံး၊ ရွားေစးအခဲ၊ ႏြယ္ခ်ိဳ၊ ဖာလာေစ့၊ ေလးညႇင္း၊ ဂုံခါး၊ နာနတ္ပြင့္၊ ပန္းဂမုန္း၊ စမုံအနီႏွင့္ စမုံစပါးတို႔ ပါရွိပါသည္။ ေအာက္တစ္ဆင့္ ကပ္လ်က္အခြက္တြင္ အေျခာက္လွန္း ေပါင္းတင္ၿပီးသား ေဆး႐ြက္ႀကီးအပိုင္းအစကို ထည့္ထားပါသည္။ ေအာက္တစ္ဆင့္ အံခြက္ထဲတြင္ ကြမ္း႐ြက္အစိုမ်ား အထပ္လိုက္ ထည့္ထားပါသည္။ ယေန႔ အခ်ိန္အခါတြင္ ကြမ္းယာဆိုင္မ်ား လက္ညိဳးထိုးမလြဲ ေပါမ်ားေသာေၾကာင့္ ကြမ္းအစ္ႏွင့္ ဧည့္ခံမႈ ဓေလ့သည္ ေလ်ာ့နည္းလာပါသည္။

ကြမ္းယာထဲတြင္ ပါဝင္ေသာ ပစၥည္းမ်ား
ကြမ္းယာတစ္ယာတြင္ ကြမ္း႐ြက္မ်ား၊ ထုံးေရ၊ ရွားေစးေရ၊ ကြမ္းသီးျခမ္း၊ စမုံစပါး၊ ဖာလာေစ့၊ ႏြယ္ခ်ိဳ၊ ေလးညႇင္း၊ ဂုံခါး၊ နာနတ္ပြင့္၊ ပန္းဂမုန္း၊ စမုံအနက္၊ စမုံစပါးအဆီမ်ား ပါဝင္ပါသည္။ အုန္းသီးအဆံ၊ ဖ႐ုံယို၊ သီးစုံယိုႏွင့္ နာနတ္ယိုတို႔ကို ထည့္စားၾကပါသည္။ ေ႐ႊစကၠဴႏွင့္ ေငြစကၠဴမ်ားကိုလည္း ထည့္ၾကပါသည္။ ေဆး႐ြက္ႀကီးထြက္ပစၥည္းမ်ားအမ်ိဳးမ်ိဳးကိုလည္း အသုံးျပဳၾကပါသည္။ အိႏၵိယႏိုင္ငံအတြင္းမွ တရားဝင္ (သို႔မဟုတ္) တရားမဝင္ ထုတ္လုပ္ေသာ Singnal, 45, 81, 92, 100, 162, 350 (Zarda) Baba, Parajit, Sagar, Queen စေသာ တံဆိပ္မ်ားပါသည့္ ေဆးေပါင္းကိုလည္း ထည့္စားၾကပါသည္။
ရွားေစးသည္ ရွားေစးပင္၏ ကိုင္းမ်ားကို ခုတ္ပိုင္းၿပီး၊ ဒယ္အိုးထဲတြင္ မီးႏွင့္ႀကိဳ၍ ရလာေသာ အေစးမ်ား အေျခာက္ခဲထားေသာ ရွားေစးအခဲမ်ား ျဖစ္ပါသည္။ ရွားေစးအခဲမ်ားကို အရည္ေဖ်ာ္ၿပီး ထုံးရည္ႏွင့္ ကြမ္းယာတြင္ အသုံးျပဳၾကပါသည္။ သို႔ရာတြင္ ရွားေစးအပင္မ်ား ရွားပါးလာ၍ ထုံးေရကို ဆိုးေဆးအေရာင္ အတုႏွင့္ ေဖာ္စပ္အသုံးျပဳျခင္းေၾကာင့္ က်န္းမာေရးကို ထိခိုက္ေစပါသည္။

ကြမ္း႐ြက္တြင္လည္း ပိုးသတ္ေဆး အႂကြင္းအက်န္မ်ားပါ ရွိႏိုင္ပါသည္။ ကြမ္းသီးမႈိတက္မ်ားႏွင့္ ဆာလ္ဖ်ဴရစ္အက္ဆစ္ အသုံးျပဳထားေသာ ကြမ္းသီးမ်ားကိုလည္း ေတြ႕ရႏိုင္ပါသည္။ မသန႔္ရွင္းေသာ ထုံးမ်ားကို အသုံုးျပဳၾကပါသည္။ ျမန္မာျပည္တြင္ အတုထုတ္လုပ္ေသာ ေဆး႐ြက္ႀကီးေပါင္းရည္မ်ိဳးစုံကိုလည္း ထည့္ၾကပါသည္။

ေက်ာင္းသားလူငယ္မ်ားႏွင့္ ကြမ္းစားျခင္း
ယေန႔အခ်ိန္အခါတြင္ မူလတန္းအ႐ြယ္ ကေလးငယ္မ်ားလည္း ကြမ္းစားလာၾကပါသည္။ က်န္းမာေရးကို ထိခိုက္ၿပီး အသက္အႏၲရာယ္ကို ထိခိုက္ႏိုင္ပါသည္။ ကြမ္းယာထဲတြင္ ပါဝင္သည့္ နီကိုတင္းႏွင့္ အျခားမူးယစ္ေဆးကဲ့သို႔ စြဲေစေသာ ဓာတုပစၥည္းမ်ားေၾကာင့္ ပညာသင္ၾကားရာတြင္ အေႏွာင့္အယွက္ ျဖစ္ေစပါသည္။

ကိုယ္ဝန္ေဆာင္၊ ႏို႔တိုက္မိခင္မ်ားႏွင့္ ကြမ္းယာစားျခင္း
ကိုယ္ဝန္ေဆာင္မိခင္မ်ား ကြမ္းစားပါက လမေစ့ေသာ ကေလးမ်ား ေမြးဖြားတတ္ပါသည္။ ေပါင္မျပည့္ လမေစ့ဘဲ ျဖစ္တတ္ပါသည္။ လမေစ့ေမြးျခင္း၊ ေပါင္မျပည့္ေမြးျခင္းေၾကာင့္ ကေလးမ်ားသည္ အသက္ ငါးႏွစ္မျပည့္မီ ေသဆုံးႏိုင္ပါသည္။ ကိုယ္ဝန္ေဆာင္ မိခင္မ်ား ကြမ္းစားျခင္းေၾကာင့္ ကိုယ္ဝန္ပ်က္တတ္ပါသည္။ ႏို႔တိုက္မိခင္မ်ား ကြမ္းစားပါက မိခင္ႏို႔ရည္ထဲတြင္ ဓာတုပစၥည္းမ်ား ပါဝင္ၿပီး ကေလး၏ ဦးေႏွာက္ႏွင့္ ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈ ေႏွးေကြးတတ္ပါသည္။ ဉာဏ္ရည္နိမ့္ျခင္းေၾကာင့္ ပညာသင္ၾကားမႈကို ထိခိုက္ေစပါသည္။

ကြမ္းစားျခင္း ဆိုးက်ိဳး
ကြမ္းယာကို ႏွစ္ရွည္လမ်ား အၿမဲစားသုံးသူမ်ားတြင္ ပါး၊ အာခံတြင္းႏွင့္ လည္ေခ်ာင္းကင္ဆာမ်ား အျဖစ္မ်ားပါသည္။ ကြမ္းယာမ်ားအျပင္ ေဆးလိပ္ကို သုံးစြဲပါက ႏွလုံးေရာဂါ၊ ပါးေစာင္၊ အာခံတြင္းႏွင့္ လည္ေခ်ာင္းကင္ဆာ၊ အဆုတ္ကင္ဆာမ်ား ျဖစ္ပြားႏိုင္ပါသည္။

ကြမ္းယာစားျခင္းသည္ လူကို လန္းဆန္းျခင္း၊ အစာေၾကျခင္းႏွင့္ အိပ္ခ်င္ေျပျခင္းမ်ား ျဖစ္သည္ဟု မွတ္ယူၿပီး စားျခင္းေၾကာင့္ ေငြေၾကးကုန္က်မ်ား ႏိုင္ပါသည္။ ကြမ္းယာစားၿပီး ကြမ္းတံေတြး ေထြးျခင္းေၾကာင့္ ပတ္ဝန္းက်င္ ညစ္ညမ္းမႈကို ျဖစ္ေစပါသည္။ ၿမိဳ႕႐ြာအလွကို ပ်က္စီးေစပါသည္။

ကြမ္းယာထဲတြင္ ေဆး႐ြက္ႀကီး ထြက္ပစၥည္းမ်ား ထည့္ၿပီး ပါးစပ္အတြင္း ငုံျခင္းေၾကာင့္ သာမန္ထက္ သလိပ္ေရ ပိုမိုထြက္ေစပါသည္။ ပါးစပ္မွ အျပင္ကို ေထြးပစ္လိုက္ျခင္းေၾကာင့္ အျခားသူ၏ အဝတ္အစား၊ ကားႏွင့္ အသုံးအေဆာင္ ပစၥည္းမ်ားကို ညစ္ေပေစပါသည္။ ကြမ္းတံေတြး စင္ျခင္းေၾကာင့္ ခိုက္ရန္ေဒါသ ျဖစ္ၿပီး ရန္ျဖစ္စကားမ်ားတတ္ပါသည္။

ကြမ္းစားသူတြင္ တီဘီေရာဂါပိုး ရွိပါက ၎ေထြးလိုက္ေသာ ကြမ္းေသြးေၾကာင့္ အျခားသူမ်ားကို ေရာဂါမ်ား ရရွိေစပါသည္။ ကြမ္းယာဝါးၿပီး ကေလးမ်ားကို ခြံ႕ေကြၽးျခင္းေၾကာင့္ ကေလးတြင္လည္း ေရာဂါမ်ား ရရွိႏိုင္ပါသည္။
ကြမ္းစားျခင္းေၾကာင့္ သြားမ်ား နီရဲၿပီး ၾကည့္ရဆိုးပါသည္။ သြားမ်ား ေႂကြမ်ားကြာျခင္း၊ ကြမ္းေခ်းမ်ား ကပ္ျခင္း၊ သြားက်ိဳးျခင္း၊ သြားပဲ့ျခင္း၊ ခံတြင္းကင္ဆာျဖစ္ျခင္းမ်ား ခံစားရႏိုင္ပါသည္။ ထို႔အျပင္ အစာအိမ္ေရာင္ျခင္း၊ ေက်ာက္ကပ္ေက်ာက္တည္ျခင္း၊ ေက်ာက္ကပ္ပ်က္စီးျခင္းမ်ား ျဖစ္တတ္ပါသည္။

အႀကံျပဳခ်က္
ကြမ္းယာစားျခင္းသည္ မကူးစက္တတ္ေသာ ေရာဂါမ်ား၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေသြးတိုးေရာဂါ၊ ေသြးခ်ိဳ ဆီးခ်ိဳေရာဂါ၊ ကင္ဆာေရာဂါႏွင့္ နာတာရွည္ အဆုတ္ေရာင္ေရာဂါကို ေဆးလိပ္ေသာက္ျခင္း ကဲ့သို႔ ျဖစ္လာႏိုင္ပါသည္။ မိခင္ႏွင့္ကေလးမ်ားအတြက္ က်န္းမာေရးကိုလည္း ထိခိုက္ေစပါသည္။ ကိုယ္ဝန္ေဆာင္ႏွင့္ မီးတြင္းမိခင္ ေသဆုံးမႈလည္း ျဖစ္လာႏိုင္ပါသည္။ ထို႔ေၾကာင့္ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရးႏွင့္ အလွအပကို ထိခိုက္ေစေသာ ကြမ္းယာစားျခင္းကို ေရွာင္ၾကဥ္သင့္ပါသည္။

Author: Dr. ျမင့္သန္းထြန္း (ျပည္သူ႔က်န္းမာေရး), Healthcare Journal, vol 8,no 22 (16.6.17)

(Unicode)

ကျွန်တော်တို့နိုင်ငံတွင် တောရော မြို့ပါ ကလေး၊ လူကြီး၊ ယောကျ်ား၊ မိန်းမ၊ ဆင်းရဲချမ်းသာ၊ ပညာတတ် မတတ်၊ လူမျိုးမရွေး၊ ဘာသာမရွေး ကွမ်းယာစားခြင်းကို ပိုမိုပြုလုပ်လာကြပါသည်။ ကွမ်းယာစားသော ဓလေ့သည် ရိုးရာဓလေ့၊ ဘိုးဘွားမိဘ အစဉ်အဆက် စားသုံးလာကြပါသည်။ ကွမ်းယာစားခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်လာပြီး လူ့ဘဝသက်တမ်းစေ့ မနေရဘဲ ဖြစ်တတ်ပါတယ်။ အလှအပကို ပျက်စီးပြီး အိုမင်းရင့်ရော်စေပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် အလှအပကို ဒုက္ခပေးသည့် ကွမ်းစားခြင်းကို ရှောင်ကြဉ်ရပါမည်။

ကွမ်းအစ်တွင် ပါဝင်သော ပစ္စည်းများ
ကွမ်းအစ်တစ်ခုတွင် အပေါ်ဆုံး အံခွက်ထဲ၌ ကွမ်းသီး၊ ကွမ်းသီးစိတ်၊ ကွမ်းသီးခြမ်း၊ ကွမ်းညှပ်၊ ဖောက်ပြီးထုံး၊ ရှားစေးအခဲ၊ နွယ်ချို၊ ဖာလာစေ့၊ လေးညှင်း၊ ဂုံခါး၊ နာနတ်ပွင့်၊ ပန်းဂမုန်း၊ စမုံအနီနှင့် စမုံစပါးတို့ ပါရှိပါသည်။ အောက်တစ်ဆင့် ကပ်လျက်အခွက်တွင် အခြောက်လှန်း ပေါင်းတင်ပြီးသား ဆေးရွက်ကြီးအပိုင်းအစကို ထည့်ထားပါသည်။ အောက်တစ်ဆင့် အံခွက်ထဲတွင် ကွမ်းရွက်အစိုများ အထပ်လိုက် ထည့်ထားပါသည်။ ယနေ့ အချိန်အခါတွင် ကွမ်းယာဆိုင်များ လက်ညိုးထိုးမလွဲ ပေါများသောကြောင့် ကွမ်းအစ်နှင့် ဧည့်ခံမှု ဓလေ့သည် လျော့နည်းလာပါသည်။

ကွမ်းယာထဲတွင် ပါဝင်သော ပစ္စည်းများ
ကွမ်းယာတစ်ယာတွင် ကွမ်းရွက်များ၊ ထုံးရေ၊ ရှားစေးရေ၊ ကွမ်းသီးခြမ်း၊ စမုံစပါး၊ ဖာလာစေ့၊ နွယ်ချို၊ လေးညှင်း၊ ဂုံခါး၊ နာနတ်ပွင့်၊ ပန်းဂမုန်း၊ စမုံအနက်၊ စမုံစပါးအဆီများ ပါဝင်ပါသည်။ အုန်းသီးအဆံ၊ ဖရုံယို၊ သီးစုံယိုနှင့် နာနတ်ယိုတို့ကို ထည့်စားကြပါသည်။ ရွှေစက္ကူနှင့် ငွေစက္ကူများကိုလည်း ထည့်ကြပါသည်။ ဆေးရွက်ကြီးထွက်ပစ္စည်းများအမျိုးမျိုးကိုလည်း အသုံးပြုကြပါသည်။ အိန္ဒိယနိုင်ငံအတွင်းမှ တရားဝင် (သို့မဟုတ်) တရားမဝင် ထုတ်လုပ်သော Singnal, 45, 81, 92, 100, 162, 350 (Zarda) Baba, Parajit, Sagar, Queen စသော တံဆိပ်များပါသည့် ဆေးပေါင်းကိုလည်း ထည့်စားကြပါသည်။
ရှားစေးသည် ရှားစေးပင်၏ ကိုင်းများကို ခုတ်ပိုင်းပြီး၊ ဒယ်အိုးထဲတွင် မီးနှင့်ကြို၍ ရလာသော အစေးများ အခြောက်ခဲထားသော ရှားစေးအခဲများ ဖြစ်ပါသည်။ ရှားစေးအခဲများကို အရည်ဖျော်ပြီး ထုံးရည်နှင့် ကွမ်းယာတွင် အသုံးပြုကြပါသည်။ သို့ရာတွင် ရှားစေးအပင်များ ရှားပါးလာ၍ ထုံးရေကို ဆိုးဆေးအရောင် အတုနှင့် ဖော်စပ်အသုံးပြုခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေပါသည်။

ကွမ်းရွက်တွင်လည်း ပိုးသတ်ဆေး အကြွင်းအကျန်များပါ ရှိနိုင်ပါသည်။ ကွမ်းသီးမှိုတက်များနှင့် ဆာလ်ဖျူရစ်အက်ဆစ် အသုံးပြုထားသော ကွမ်းသီးများကိုလည်း တွေ့ရနိုင်ပါသည်။ မသန့်ရှင်းသော ထုံးများကို အသုံုးပြုကြပါသည်။ မြန်မာပြည်တွင် အတုထုတ်လုပ်သော ဆေးရွက်ကြီးပေါင်းရည်မျိုးစုံကိုလည်း ထည့်ကြပါသည်။

ကျောင်းသားလူငယ်များနှင့် ကွမ်းစားခြင်း
ယနေ့အချိန်အခါတွင် မူလတန်းအရွယ် ကလေးငယ်များလည်း ကွမ်းစားလာကြပါသည်။ ကျန်းမာရေးကို ထိခိုက်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။ ကွမ်းယာထဲတွင် ပါဝင်သည့် နီကိုတင်းနှင့် အခြားမူးယစ်ဆေးကဲ့သို့ စွဲစေသော ဓာတုပစ္စည်းများကြောင့် ပညာသင်ကြားရာတွင် အနှောင့်အယှက် ဖြစ်စေပါသည်။

ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် ကွမ်းယာစားခြင်း
ကိုယ်ဝန်ဆောင်မိခင်များ ကွမ်းစားပါက လမစေ့သော ကလေးများ မွေးဖွားတတ်ပါသည်။ ပေါင်မပြည့် လမစေ့ဘဲ ဖြစ်တတ်ပါသည်။ လမစေ့မွေးခြင်း၊ ပေါင်မပြည့်မွေးခြင်းကြောင့် ကလေးများသည် အသက် ငါးနှစ်မပြည့်မီ သေဆုံးနိုင်ပါသည်။ ကိုယ်ဝန်ဆောင် မိခင်များ ကွမ်းစားခြင်းကြောင့် ကိုယ်ဝန်ပျက်တတ်ပါသည်။ နို့တိုက်မိခင်များ ကွမ်းစားပါက မိခင်နို့ရည်ထဲတွင် ဓာတုပစ္စည်းများ ပါဝင်ပြီး ကလေး၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးကွေးတတ်ပါသည်။ ဉာဏ်ရည်နိမ့်ခြင်းကြောင့် ပညာသင်ကြားမှုကို ထိခိုက်စေပါသည်။

ကွမ်းစားခြင်း ဆိုးကျိုး
ကွမ်းယာကို နှစ်ရှည်လများ အမြဲစားသုံးသူများတွင် ပါး၊ အာခံတွင်းနှင့် လည်ချောင်းကင်ဆာများ အဖြစ်များပါသည်။ ကွမ်းယာများအပြင် ဆေးလိပ်ကို သုံးစွဲပါက နှလုံးရောဂါ၊ ပါးစောင်၊ အာခံတွင်းနှင့် လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာများ ဖြစ်ပွားနိုင်ပါသည်။

ကွမ်းယာစားခြင်းသည် လူကို လန်းဆန်းခြင်း၊ အစာကြေခြင်းနှင့် အိပ်ချင်ပြေခြင်းများ ဖြစ်သည်ဟု မှတ်ယူပြီး စားခြင်းကြောင့် ငွေကြေးကုန်ကျများ နိုင်ပါသည်။
ကွမ်းယာစားပြီး ကွမ်းတံတွေး ထွေးခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေပါသည်။ မြို့ရွာအလှကို ပျက်စီးစေပါသည်။

ကွမ်းယာထဲတွင် ဆေးရွက်ကြီး ထွက်ပစ္စည်းများ ထည့်ပြီး ပါးစပ်အတွင်း ငုံခြင်းကြောင့် သာမန်ထက် သလိပ်ရေ ပိုမိုထွက်စေပါသည်။ ပါးစပ်မှ အပြင်ကို ထွေးပစ်လိုက်ခြင်းကြောင့် အခြားသူ၏ အဝတ်အစား၊ ကားနှင့် အသုံးအဆောင် ပစ္စည်းများကို ညစ်ပေစေပါသည်။ ကွမ်းတံတွေး စင်ခြင်းကြောင့် ခိုက်ရန်ဒေါသ ဖြစ်ပြီး ရန်ဖြစ်စကားများတတ်ပါသည်။

ကွမ်းစားသူတွင် တီဘီရောဂါပိုး ရှိပါက ၎င်းထွေးလိုက်သော ကွမ်းသွေးကြောင့် အခြားသူများကို ရောဂါများ ရရှိစေပါသည်။ ကွမ်းယာဝါးပြီး ကလေးများကို ခွံ့ကျွေးခြင်းကြောင့် ကလေးတွင်လည်း ရောဂါများ ရရှိနိုင်ပါသည်။
ကွမ်းစားခြင်းကြောင့် သွားများ နီရဲပြီး ကြည့်ရဆိုးပါသည်။ သွားများ ကြွေများကွာခြင်း၊ ကွမ်းချေးများ ကပ်ခြင်း၊ သွားကျိုးခြင်း၊ သွားပဲ့ခြင်း၊ ခံတွင်းကင်ဆာဖြစ်ခြင်းများ ခံစားရနိုင်ပါသည်။ ထို့အပြင် အစာအိမ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းများ ဖြစ်တတ်ပါသည်။

အကြံပြုချက်
ကွမ်းယာစားခြင်းသည် မကူးစက်တတ်သော ရောဂါများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ သွေးချို ဆီးချိုရောဂါ၊ ကင်ဆာရောဂါနှင့် နာတာရှည် အဆုတ်ရောင်ရောဂါကို ဆေးလိပ်သောက်ခြင်း ကဲ့သို့ ဖြစ်လာနိုင်ပါသည်။ မိခင်နှင့်ကလေးများအတွက် ကျန်းမာရေးကိုလည်း ထိခိုက်စေပါသည်။ ကိုယ်ဝန်ဆောင်နှင့် မီးတွင်းမိခင် သေဆုံးမှုလည်း ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အလှအပကို ထိခိုက်စေသော ကွမ်းယာစားခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

Author: Dr. မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး), Healthcare Journal, vol 8,no 22 (16.6.17)

Previous Post

လည်ပင်းထဲက ထွက်နေတဲ့ အဆိပ်

Next Post

report card

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
604

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

report card

ပိန်ချင်လိုက်တာ

သားလေးအတွက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.