fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်များကျန်းမာရေးနှင့်အိပ်စက်ခြင်း

472
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/09/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

(Zawgyi)

ကေလးငယ္မ်ားအတြက္ အိပ္စက္ျခင္းဟာ ခႏၶာကိုယ္ႀကီးထြားဖို႔နဲ႔ ဦးေႏွာက္ဖြံ႕ၿဖိဳးဖို႔ လိုအပ္တဲ့ က်န္းမာေရးအျခင္းအရာပင္ျဖစ္ပါတယ္။ ဒါေၾကာင့္ ကေလး ငယ္ရဲ႕အိပ္ခ်ိန္မွန္ေစဖို႔ဆိုတာဟာ မိဘေတြအေနနဲ႔ အထူးအေလးထားရမယ့္ ကိစၥပဲျဖစ္ပါတယ္။ တခ်ိဳ႕မိဘေတြက ကေလးပဲ အိပ္ခ်ိန္မွန္ဖို႔ မလိုပါဘူးလို႔  ထင္ၾကပါတယ္။ မဟုတ္ပါဘူး။ ကေလးလည္းအိပ္ခ်ိန္မွန္ရပါမယ္။

ကေလးတစ္ေယာက္ရဲ႕ပုံမွန္အိပ္ခ်ိန္ေတြကေတာ့

ေမြးစကေန ႏွစ္လေလာက္ထိဆိုရင္ – ၂၄နာရီမွာ ၁၇နာရီ ကေန ၁၈နာရီခန႔္

ႏွစ္လကေန ၁ႏွစ္ထိဆိုရင္ – ၁၅နာရီခန႔္

၁ႏွစ္ကေန၆ႏွစ္ထိဆိုရင္ – ၁၀နာရီခန႔္စသျဖင့္ ရွိသင့္ပါတယ္။

ေမြးကင္းစကေလးငယ္ေလးေတြဟာ သူတို႔ဗိုက္ဆာခ်ိန္ မိနစ္အနည္းငယ္ေလာက္သာ ႏိုးတတ္ၿပီး အမ်ားအားျဖင့္ အိပ္စက္ျခင္းနဲ႔သာ သူတို႔ရဲ႕တစ္ေန႔တာကို ကုန္ဆုံးၾကပါတယ္။ လသားအ႐ြယ္ေရာက္တဲ့အခါက်ေတာ့ ကေလးေတြဟာ ညဘက္ထက္ ေန႔ဘက္ေတြမွာပိုအိပ္စက္ၾကပါတယ္။ ကေလးေလးေတြအိပ္ေရးမဝပါက အီတာ၊ ငိုတာ၊ သန္းတာ၊ အစာေကြၽးရင္ေကာင္းေကာင္းမစားတာ မိခင္ကိုတအားကပ္ေနတာေတြ ျဖစ္ႏိုင္ပါတယ္။

ကေလးငယ္ တစ္ဦးႏွင့္ တစ္ဦး အိပ္ခ်ိန္ဟာ သဘာဝအေလ်ာက္ ကြာဟခ်က္ရွိႏိုင္ပါတယ္။ ၆ လေအာက္ ကေလးေတြမွာဆိုရင္ ၁၀ ေယာက္မွာ ၁ ေယာက္ တစ္ညကို ၃-၄ ခါ ႏိုးႏိုင္တယ္။ ပုံမွန္ပဲျဖစ္တယ္။ ေန႔နဲ႔ညတြင္ ေန႔ပိုအိပ္ၿပီး ညအအိပ္နည္းရင္ေတာ့ မိဘေတြ ညအိပ္ေရးပ်က္ဖို႔မ်ားတယ္။

သို႔ေသာ္တခ်ိဳ႕ကေလးေတြဟာ အိပ္သင့္တဲ့အခ်ိန္မွာမအိပ္ဘဲ ေန႔နဲ႔ည မွားတဲ့အခါမ်ိဴးေတြလည္းရွိႏိုင္ပါတယ္။ အိပ္ခ်ိန္မမွန္ျခင္း၊ နည္းျခင္းကစလို႔  အိပ္ေန စဥ္အတြင္း  အသက္ရႈရပ္သြားတာ  ေဟာက္သံမ်ား အဆက္မျပတ္နဲ႔ က်ယ္က်ယ္ထြက္လာတာ အိပ္ေနစဥ္အတြင္းေယာင္ယမ္းစကားေျပာတာေတြ ျဖစ္လာတတ္ပါတယ္။ ဒါေတြဟာေရရွည္မွာဆိုရင္ ကေလးအတြက္မေကာင္းပါဘူး။

ကေလးႀကီးမ်ားက အေဆာ့မက္လွ်င္ အအိပ္နည္းတတ္ပါတယ္။ ႏို႔တိုက္မိခင္က ေကာ္ဖီႏွင့္ ကဖင္းမ်ားေသာ အားျဖည့္အခ်ိဳရည္မ်ား၊ လက္ဖက္၊ လက္ဖက္ရည္ အေသာက္မ်ားလွ်င္ ေမြးကင္းစႏွင့္ ႏို႔စို႔ကေလးမ်ား အအိပ္နည္းႏိုင္သည္။ မိခင္ေတြအေနနဲ႔ ကေလးအိပ္စက္ျခင္း မွန္ကန္ေစရန္ ပတ္ဝန္းက်င္အေနထားႏွင့္ ကေလးရဲ႕အိပ္ခန္း အိပ္ရာခင္းေတြကို ဂ႐ုစိုက္ေပးသင့္ပါတယ္။ ကေလးအိပ္ခန္းဟာ မပူလြန္း မေအးလြန္းဘဲ အပူအေအးမွ်တစြာ ရွိရပါမယ္။ ျပင္ပေလေတြ အတားအဆီးမရွိ ဝင္ေရာက္တဲ့အခန္းမ်ိဴး မျဖစ္ဖို႔လည္းလိုပါတယ္။

ေနာက္မိမိရင္ေသြးေလးရဲ႕ အႏွီးေတြက စိုေနလားလည္းစစ္ၾကည့္ရပါမယ္။ အခုေခတ္မွာ Diaper ေလးေတြရွိေပမယ့္ ကေလးအိပ္ေနတဲ့အခ်ိန္မွာ ဝတ္မ   ေပးဘဲ ထားတတ္ၾကပါတယ္။ ဒါေၾကာင့္ကေလးအႏွီးမွာ ေသးစိုုလားဆိုတာကို စစ္ေဆးသင့္ပါတယ္။ အႏွီးစိုေနပါက ကေလးအိပ္စက္ျခင္းကို အေႏွာင့္အယွက္ေပးႏိုင္ပါတယ္။ ေနာက္ၿပီး မည္သည့္အ႐ြယ္အဆို ပတ္ဝန္းက်င္ ဆူညံလွ်င္၊ အလင္းေရာင္မ်ားလြန္းလွ်င္ အိပ္ေပ်ာ္ဖို႔ ခက္တဲ့အတြက္ ကေလးေလးေတြရဲ႕အိပ္ခန္းဟာ အလင္းေရာင္မ်ားစြာဝင္ေရာက္ေနတာမ်ိဴး အခန္းအနီးတဝိုက္မွာ က်ယ္ေလာက္တဲ့ဆူညံသံေတြရွိေနတာမ်ိဴးေတြ မျဖစ္ဖို႔လိုအပ္ပါတယ္။

အိပ္စက္ျခင္းေတြမွာ အေႏွာင့္အယွက္ကင္းကင္း ေအးခ်မ္းစြာရွိေနပါက သင့္ကေလးငယ္ဟာ ေကာင္းမြန္စြာ အိပ္ေရးဝတဲ့အတြက္ ေန႔နဲ႔ညမွားတာ အေဟာက္လြန္တာ ေယာင္ရမ္းတာ စတဲ့ အျပဳအမူ မ်ိဴးေတြနဲ႔လည္း ကင္းေဝးသြားမွာျဖစ္ပါတယ္။ ဒါ့အျပင္ က်န္းမာၿပီး ဦးေႏွာက္ေရာ ကိုယ္ခႏၶာပါ ေကာင္းမြန္စြာဖြံ ၿဖိဳးလာမွာျဖစ္ပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ကေတာ့ ကေလးေတြမွာအိပ္စက္ျခင္းဟာအေရးႀကီးတဲ့အတြက္ မိခင္ေတြအေနနဲ႔ ကေလးငယ္ေတြကို အိပ္ခ်ိန္မွန္ေအာင္ စနစ္တက် ျပဳစု   ေပးၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။

Author : Dr. 528

(Unicode)

ကလေးငယ်များအတွက် အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ကျန်းမာရေးအခြင်းအရာပင်ဖြစ်ပါတယ်။ ဒါကြောင့် ကလေး ငယ်ရဲ့အိပ်ချိန်မှန်စေဖို့ဆိုတာဟာ မိဘတွေအနေနဲ့ အထူးအလေးထားရမယ့် ကိစ္စပဲဖြစ်ပါတယ်။ တချို့မိဘတွေက ကလေးပဲ အိပ်ချိန်မှန်ဖို့ မလိုပါဘူးလို့  ထင်ကြပါတယ်။ မဟုတ်ပါဘူး။ ကလေးလည်းအိပ်ချိန်မှန်ရပါမယ်။

ကလေးတစ်ယောက်ရဲ့ပုံမှန်အိပ်ချိန်တွေကတော့

မွေးစကနေ နှစ်လလောက်ထိဆိုရင် – ၂၄နာရီမှာ ၁၇နာရီ ကနေ ၁၈နာရီခန့်

နှစ်လကနေ ၁နှစ်ထိဆိုရင် – ၁၅နာရီခန့်

၁နှစ်ကနေ၆နှစ်ထိဆိုရင် – ၁၀နာရီခန့်စသဖြင့် ရှိသင့်ပါတယ်။

မွေးကင်းစကလေးငယ်လေးတွေဟာ သူတို့ဗိုက်ဆာချိန် မိနစ်အနည်းငယ်လောက်သာ နိုးတတ်ပြီး အများအားဖြင့် အိပ်စက်ခြင်းနဲ့သာ သူတို့ရဲ့တစ်နေ့တာကို ကုန်ဆုံးကြပါတယ်။ လသားအရွယ်ရောက်တဲ့အခါကျတော့ ကလေးတွေဟာ ညဘက်ထက် နေ့ဘက်တွေမှာပိုအိပ်စက်ကြပါတယ်။ ကလေးလေးတွေအိပ်ရေးမဝပါက အီတာ၊ ငိုတာ၊ သန်းတာ၊ အစာကျွေးရင်ကောင်းကောင်းမစားတာ မိခင်ကိုတအားကပ်နေတာတွေ ဖြစ်နိုင်ပါတယ်။

ကလေးငယ် တစ်ဦးနှင့် တစ်ဦး အိပ်ချိန်ဟာ သဘာဝအလျောက် ကွာဟချက်ရှိနိုင်ပါတယ်။ ၆ လအောက် ကလေးတွေမှာဆိုရင် ၁၀ ယောက်မှာ ၁ ယောက် တစ်ညကို ၃-၄ ခါ နိုးနိုင်တယ်။ ပုံမှန်ပဲဖြစ်တယ်။ နေ့နဲ့ညတွင် နေ့ပိုအိပ်ပြီး ညအအိပ်နည်းရင်တော့ မိဘတွေ ညအိပ်ရေးပျက်ဖို့များတယ်။

သို့သော်တချို့ကလေးတွေဟာ အိပ်သင့်တဲ့အချိန်မှာမအိပ်ဘဲ နေ့နဲ့ည မှားတဲ့အခါမျိူးတွေလည်းရှိနိုင်ပါတယ်။ အိပ်ချိန်မမှန်ခြင်း၊ နည်းခြင်းကစလို့  အိပ်နေ စဉ်အတွင်း  အသက်ရှုရပ်သွားတာ  ဟောက်သံများ အဆက်မပြတ်နဲ့ ကျယ်ကျယ်ထွက်လာတာ အိပ်နေစဉ်အတွင်းယောင်ယမ်းစကားပြောတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါတွေဟာရေရှည်မှာဆိုရင် ကလေးအတွက်မကောင်းပါဘူး။

ကလေးကြီးများက အဆော့မက်လျှင် အအိပ်နည်းတတ်ပါတယ်။ နို့တိုက်မိခင်က ကော်ဖီနှင့် ကဖင်းများသော အားဖြည့်အချိုရည်များ၊ လက်ဖက်၊ လက်ဖက်ရည် အသောက်များလျှင် မွေးကင်းစနှင့် နို့စို့ကလေးများ အအိပ်နည်းနိုင်သည်။ မိခင်တွေအနေနဲ့ ကလေးအိပ်စက်ခြင်း မှန်ကန်စေရန် ပတ်ဝန်းကျင်အနေထားနှင့် ကလေးရဲ့အိပ်ခန်း အိပ်ရာခင်းတွေကို ဂရုစိုက်ပေးသင့်ပါတယ်။ ကလေးအိပ်ခန်းဟာ မပူလွန်း မအေးလွန်းဘဲ အပူအအေးမျှတစွာ ရှိရပါမယ်။ ပြင်ပလေတွေ အတားအဆီးမရှိ ဝင်ရောက်တဲ့အခန်းမျိူး မဖြစ်ဖို့လည်းလိုပါတယ်။

နောက်မိမိရင်သွေးလေးရဲ့ အနှီးတွေက စိုနေလားလည်းစစ်ကြည့်ရပါမယ်။ အခုခေတ်မှာ Diaper လေးတွေရှိပေမယ့် ကလေးအိပ်နေတဲ့အချိန်မှာ ဝတ်မ   ပေးဘဲ ထားတတ်ကြပါတယ်။ ဒါကြောင့်ကလေးအနှီးမှာ သေးစိုုလားဆိုတာကို စစ်ဆေးသင့်ပါတယ်။ အနှီးစိုနေပါက ကလေးအိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ နောက်ပြီး မည်သည့်အရွယ်အဆို ပတ်ဝန်းကျင် ဆူညံလျှင်၊ အလင်းရောင်များလွန်းလျှင် အိပ်ပျော်ဖို့ ခက်တဲ့အတွက် ကလေးလေးတွေရဲ့အိပ်ခန်းဟာ အလင်းရောင်များစွာဝင်ရောက်နေတာမျိူး အခန်းအနီးတဝိုက်မှာ ကျယ်လောက်တဲ့ဆူညံသံတွေရှိနေတာမျိူးတွေ မဖြစ်ဖို့လိုအပ်ပါတယ်။

အိပ်စက်ခြင်းတွေမှာ အနှောင့်အယှက်ကင်းကင်း အေးချမ်းစွာရှိနေပါက သင့်ကလေးငယ်ဟာ ကောင်းမွန်စွာ အိပ်ရေးဝတဲ့အတွက် နေ့နဲ့ညမှားတာ အဟောက်လွန်တာ ယောင်ရမ်းတာ စတဲ့ အပြုအမူ မျိူးတွေနဲ့လည်း ကင်းဝေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာပြီး ဦးနှောက်ရော ကိုယ်ခန္ဓာပါ ကောင်းမွန်စွာဖွံ ဖြိုးလာမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ကတော့ ကလေးတွေမှာအိပ်စက်ခြင်းဟာအရေးကြီးတဲ့အတွက် မိခင်တွေအနေနဲ့ ကလေးငယ်တွေကို အိပ်ချိန်မှန်အောင် စနစ်တကျ ပြုစု   ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

Author : Dr. 528

Previous Post

သားဆက်ခြား ပဋိသန္ဓေတား နည်းလမ်း

Next Post

ဘယ်အသက်အရွယ်မှာ ဘယ်အားဆေးသောက်သင့်သလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
669

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဘယ်အသက်အရွယ်မှာ ဘယ်အားဆေးသောက်သင့်သလဲ

လှပကျန်းမာစေမယ့် လေ့ကျင့်ခန်း

ပါးတစ်ခြမ်းရွဲ့ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.