fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ကင်ဆာအတွက်မျှော်လင့်ချက်ပေါ်ပြီလား

37
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/06/2016
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကင်ဆာဝေဒနာသည်များအတွက် ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြင့် ပိုမိုထိရောက်စွာကုသနိုင်တော့မည့် ကျူမာအစားထိုး (Tumor Graft) ကုထုံးကို စင်ကာပူနိုင်ငံမှာ စမ်းသပ်နေကြပြီ ဖြစ်သည်။ ရရှိသည့် ရလဒ်များအပေါ်အခြေခံပြီး ဆေးပညာရှင် များက ကင်ဆာဝေဒနာသည်များအတွက် ကုသပေးနိုင်တော့မည် ဖြစ်သည်။ ကျူမာအစားထိုး (Tumor Graft) ကုထုံးသည် လူနာ၏ သက်ရှိအကျိတ်အသားစ (ကျူမာ) ကိုယူပြီး ြွကက်၏ခန္ဓာကိုယ်ထဲ ထည့်ကာ ကြီးထွားစေမှာဖြစ်ပြီး ထိုမှတစ်ဆင့် ြွကက်ထံမှ သက်ရှိ ကျူမာနမူနာများကို ဆေးဝါးများနှင့်စမ်းသပ်မှာဖြစ်သည်။ ထိုကုထုံး တွင် အဆင့်လေးဆင့်ရှိသည်။

၁။လူနာ၏ခန္ဓာကိုယ်ထဲမှအကျိတ်အသားစ(ကျူမာ)ကိုထုတ်ယူပြီး ကြွက်ခန္ဓာကိုယ်ထဲသို့ထည့်သွင်းလိုက်သည်။

၂။ ကြွက်၏ခန္ဓာကိုယ်ထဲတွင် အနည်းဆုံးနှစ်လခန့် အသားစ ကြီးထွားလာသည်အထိထားရသည်။ ထိုအသားစ၏ထိုး ဖောက်ရှင်သန်နိုင်စွမ်း၊ခန္ဓာကိုယ်၏လက်ခံနိုင်စွမ်းနှင့် ြွကက်၏လက်ခံနိုင်နှုန်းတို့အပေါ်မူတည်ပြီး အသားစိုင်ပွား သည့်နှုန်းသည် ၇၀ ရာခိုင်နှုန်းရှိသည်။ ထိုအချိန်ကာလ အတွင်းမှာ လူနာကို ဆရာဝန်များက ပုံမှန်ကုသပေးနေရ သည်။ ဤနည်းအားဖြင့် ြွကက်၏ခန္ဓာကိုယ်အတွင်းမှာ အကျိတ်ဆဲလ်များပွားလာသည့်အခါ လူနာကိုယ်စား ကြွက်ကိုသာ စမ်းသပ်ရသည်။

၃။ဤအဆင့်တွင်လူနာကိုယ်စားဆောင်ရွက်နေသည့် ြွကက်ကိုမည်သည့်ဆေးများနှင့်ကုသမည်လဲဆိုသည်ကို စမ်းသပ်ဆောင်ရွက်သည်။ ဤနည်းအားဖြင့် ဘယ် ဆေးဝါးက ဘယ်လိုကင်ဆာလူနာနှင့်သင့်တော်သည် ဆိုသည်ကို ဆုံးဖြတ်ကြသည်။

၄။ဤနည်းဖြင့်ပျိုးထောင်ပွားများထားသည့်ပင်မဆဲလ်များကို နောင်လိုအပ်လျှင်သုံးနိုင်အောင်အသက်ရှင်နေစေရန် အတွက် သိုမှီးထိန်းသိမ်းထားရမည်ဖြစ်သည်။ နိုင်ထရိုဂျင် ဓာတ်ငွေ့ရည်ထဲတွင် စိမ်ထားမည်ဖြစ်သည်။

ထိုသို့ပြုလုပ်ပြီးရရှိလာသည့်ရလဒ်အပေါ်အခြေခံပြီး ဆေးဝါးပညာရှင်များမှ ကင်ဆာဝေဒနာရှင်များအတွက် ကုသပေး နိုင်မှာဖြစ်ပါသည်။ ဤကုထုံးသည် စင်ကာပူနိုင်ငံတွင် အသစ်ဖြစ် သော်လည်း အမေရိကန်၊ ဗြိတန်၊ ကနေဒါနှင့်အစ္စရေးတို့၌လူနာများကိုကုသရာတွင် အောင်မြင်သည့်ဆေးဝါးကုထုံးအဖြစ်ရပ်တည် နေသည်ဟုသိရသည်။
ကျူမာကိုထုတ်ယူပြီးစမ်းသပ်ရသည့်ရလဒ်အဖြေ ပေါ်လာသည်အထိ လုပ်ငန်းစဉ်တစ်ခုလုံးအတွက် လေးလမှ ခြောက်လအထိကြာမြင့်မည်ဖြစ်ပြီး ဒေါ်လာနှစ်သောင်းခန့်ကုန်ကျ မည်ဖြစ်သည်။

ဤလုပ်ငန်းစဉ်ကို Parkway Cancer Centre (PCC) နှင့် Champions Oncology တို့ပူးပေါင်းဆောင်ရွက်နေသည့် Champions Tumor Graft မှဆောင်ရွက်မှာဖြစ်သည်။
Champions Oncology ကိုတည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူ Dr. David Sidransky ၏အဆိုအရ အောင်မြင်သည့်ကုသ မှုတွေမှာ ကြွက်၏ကျူမာကုထုံးအပေါ်တုံ့ပြန်မှုနှင့် လူနာကျူမာ၏ အလားတူကုထုံးအပေါ်တုံ့ပြန်မှုကြားထဲ၌ မျိုးရိုးဗီဇဆိုင်ရာအပြန် အလှန်ဆက်နွှယ်မှု ၉၀ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။
“ကျူမာအသီးသီးရဲ့တုံ့ပြန်မှုအပေါ် သင့်တော်တဲ့ကုသမှုကို လုပ်နိုင်မယ်ဆိုရင် လူနာတွေအတွက် ပိုကောင်းတဲ့ရလဒ်ထွက်ပေါ် နိုင်ခြေများတယ်´´ လို့ Dr. David Sidranskyက ဖေဖော်ဝါရီလ ၁၉ ရက်က စင်ကာပူနိုင်ငံ Sheraton Tower Hotel တွင်လုပ်သည့် Tumor Graft ကုထုံးအကြောင်း ရှင်းလင်းပွဲတွင်ပြောကြားသည်။

PCC ၏ဒါရိုက်တာ Dr. Ang Peng Tiam ကတော့ ဤလုပ်ငန်းစဉ်က လူနာများအတွက် ဆေးဝါးကုသရာတွင်ဖြစ်ပေါ်လာနိုင်သည့်ဘေးထွက်ဆိုးကျိုးများမှကာကွယ်ပေးနိုင်မည်ဟုဆို သည်။ ဤကုထုံးကိုစတင်မိတ်ဆက်ချိန်ကစပြီး ကျူမာအစားထိုးမှုကို လူနာ ၃၃ ဦးကို အောင်မြင်စွာလုပ် ဆောင်ပြီးပြီဟုသိရသည်။ထို Tumor Graft ကုထုံးဖြင့်စမ်းသပ်ကုသလိုသည့် ဝေဒနာရှင်များ အနေဖြင့် စင်ကာပူတွင်သွားရောက်ကုသလိုပါက Parkway Cancer Center နှင့်ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်းသိရသည်။

ကဲ…ကင်ဆာအတွက် မျှော်လင့်ချက်ပေါ်လာပါပြီ။

Previous Post

အီဘိုလာ

Next Post

လူမှုဆက်ဆံရေးကွန်ယက်များနှင့်စိတ်ကျန်းမာရေးဆိုင်ရာဆက်စပ်မှု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
715

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
698
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
2.1k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.7k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.8k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လူမှုဆက်ဆံရေးကွန်ယက်များနှင့်စိတ်ကျန်းမာရေးဆိုင်ရာဆက်စပ်မှု

အစားအသောက်ဓာတ်မတည့်ခြင်းကြောင့် အဆိပ်သင့်ခြင်း

မိုးရာသီအတွင်းပျော်ရွှင်နိုင်စေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.