(Zawgyi)
ကေလးတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ဖြံ႕ၿဖိဳးၿပီး ဉာဏ္ရည္ျမင့္မားေစဖို႔ ေမြးကင္းစမွ အသက္ ႏွစ္ႏွစ္အတြင္း စနစ္တက် ေကြၽးေမြးႏိုင္ဖို႔ အထူးလိုအပ္တယ္။ အသက္ေျခာက္လအထိ မိခင္ႏို႔ တစ္မ်ိဳးတည္းနဲ႔ အာဟာရျပည့္စုံေပမယ့္ အသက္ေျခာက္လမွ ကိုးလအထိ ကေလးငယ္မ်ားအတြက္ ျဖည့္စြက္စာ ေကြၽးဖို႔ လိုအပ္မွာျဖစ္တယ္။ ကေလးဘဝ ကာကြယ္ေဆးျဖစ္တဲ့ ငါးမ်ိဳးစပ္ေဆး (ဆုံဆို႔၊ ၾကက္ညႇာ၊ ေမးခိုင္၊ အသည္းေရာင္ဘီ၊ ဦးေႏွာက္အေျမႇးေရာင္) ကာကြယ္ေဆးကို အသက္ (၂)လ၊ (၄)လနဲ႔ (၆)လေတြမွာ ထိုးႏွံၿပီး၊ ပါးစပ္မွ ပိုလီယို အစက္ခ်ေပးရမွာ ျဖစ္တယ္။ အသက္ (၂)လမွာ တီဘီကာကြယ္ေဆး၊ (BCG) ထိုးႏွံဖို႔ လိုၿပီး အသက္ (၉)လနဲ႔ တစ္ႏွစ္ခြဲမွာ ဝက္သက္ကာကြယ္ေဆး ထိုးႏွံေပးဖို႔လိုတယ္။ ျဖည့္စြက္စာနဲ႔အတူ မိခင္ႏို႔ရည္ပါ တိုက္ရမယ္။
ပထမဆုံး ဆန္တစ္လုံးဆိုရင္ ဆန္ကို ပိုးမႊားနဲ႔သဲ၊ အမႈန္အမႊားမပါေစဖို႔ ျပာထုတ္ၿပီး အရသာေကာင္းေစဖို႔ ေလွာ္ေပးရမယ္။ ကေလးႀကီးထြားဖို႔ ပဲနီေလးက အေကာင္းဆုံးျဖစ္ၿပီး အရပ္လည္း ရွည္ေစတယ္။ ပဲနီေလးကို ဆန္ရဲ႕သုံးပုံတစ္ပုံ ထည့္ရမယ္။ ေလွာ္ထားတဲ့ဆန္နဲ႔ ပဲနီေလး သုံးခ်ိဳးတစ္ခ်ိဳးကို အမႈန႔္ႀကိတ္ရမယ္။ခုနကေလွာ္ထားတဲ့ဆန္နဲ႔ ပဲနီေလးႀကိတ္စက္နဲ႔ ႀကိတ္ၿပီးရင္ ျဖည့္စြက္စာခ်က္တဲ့အဆင့္ ရရွိပါၿပီ။ ေလွာ္ထားတဲ့ဆန္ဟာ အနံ႔ပိုေမႊးၿပီး ပိုၿပီးအရသာ ေကာင္းတယ္။ ေလွာ္ၿပီးျဖစ္လို႔ ခ်က္တဲ့အခါ ျမန္ျမန္က်က္တယ္။ ကေလးကို ေကြၽးခါနီးမွ လိုသေလာက္ကို က်ိဳၿပီးေကြၽးသင့္ပါတယ္။
ဆန္နဲ႔ ပဲနီေလးအမႈန႔္ကို က်ိဳတဲ့အခါမွာ ၾကက္႐ိုး၊ ၾကက္သားတို႔နဲ႔ ျပဳတ္ထားတဲ့ ၾကက္ျပဳတ္ရည္နဲ႔ က်ိဳသင့္တယ္။ ၾကက္႐ိုးကို ႐ိုးတြင္းျခင္ဆီ ထြက္ေအာင္ ထုေခ်ၿပီးမွ ျပဳတ္သင့္တယ္။ အ႐ိုးမပါေအာင္ ေသခ်ာစစ္ဖို႔ အေရးႀကီးတယ္။
ဆီကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းထည့္ရမယ္။ ဆီသုံးတဲ့အခါ သံလြင္ဆီသုံးသင့္ေၾကာင္း ကေလးအထူးကုဆရာဝန္ေတြက တိုက္တြန္းတယ္။ ဆားကိုပါ႐ုံ နည္းနည္းထည့္ၿပီး သတိထား က်ိဳသင့္တယ္။ ကေလးကို မေကြၽးခင္ ျမည္းစမ္းသင့္တယ္။ ကေလးထမင္းက်ိဳတဲ့အထဲကို လူႀကီးေတြ ၾကက္သားစားတဲ့ ေန႔ကို ၾကက္သား၊ ငါးဆိုရင္ငါး၊ ၾကက္အသည္းလည္း ေကြၽးႏိုင္တယ္။ ၾကက္သားကို မွ်င္ၿပီးထည့္သင့္တယ္။ ငါးဆိုရင္ အ႐ိုးမပါေအာင္ ဂ႐ုစိုက္သင့္တယ္။ အသားကို ထည့္တဲ့အခါ ဆန္မႈန႔္ရဲ႕သုံးပုံတစ္ပုံပဲ ထည့္သင့္တယ္။ အသားထည့္လိုက္တဲ့အခါ ဆန္၊ ပဲနီေလးနဲ႔ အသားဟာ (၃း၁း၁) ျဖစ္သြားမယ္။
ေနာက္ဆုံးအဆင့္အေနနဲ႔ အစိမ္းေရာင္အ႐ြက္ေလး၊ ေဂၚဖီထုပ္၊ ပန္းေဂၚဖီအပြင့္၊ မုန္လာဥနီ၊ ေ႐ႊဖ႐ုံသီး၊ ခရမ္းခ်ဥ္သီးအႏွစ္တို႔ကို ထည့္က်ိဳသင့္တယ္။ အတုံးကေလးေတြ တုံးထည့္သင့္တယ္။ ထည့္တဲ့အခါ အသီးအႏွံကို ဆန္ရဲ႕သုံးပုံတစ္ပုံပဲ ရွိသင့္တယ္။ ျဖည့္စြက္စာစားသင့္တယ္။ အသီးအ႐ြက္ေတြဟာ က်က္ခါနီးမွ ထည့္ရမယ္။ အက်က္လြန္ရင္ အာဟာရတန္ဖိုး ေလ်ာ့က်တတ္တယ္။ ျဖည့္စြက္စာက်ိဳတဲ့အခါ အစာေတြက လက္နဲ႔စုပ္စားႏိုင္ေလာက္တဲ့အထိ ပ်စ္ေနရမယ္။ ဇြန္းနဲ႔ခပ္ၿပီး ေမွာက္ခ်ရင္ေတာင္ ေအာက္ကိုျပဳတ္မက်ေအာင္ ပ်စ္ႏွစ္ေနရမယ္။ ေအာက္ကို တစ္စက္စက္က်ရင္ အာဟာရတန္ဖိုး နည္းေသးတယ္သိသင့္တယ္။အသက္ရွစ္လဆိုရင္ ၾကက္ဥတစ္လုံးထည့္ေကြၽးႏိုင္တယ္။အ႐ြက္စားတတ္တဲ့ အက်င့္လည္းျဖစ္အာဟာရလည္းရေအာင္ ဟင္းႏုႏြယ္ ႐ြက္ အဖတ္ေလးေတြကို ကေလးေပးစားရမယ္။ ျဖည့္စြက္စာကို တစ္ေန႔ကို သုံးႀကိမ္ ေကြၽးသင့္ပါတယ္။
ေန႔စဥ္ လူတို႔ စားေသာက္ၾကတဲ့ အစားအစာေတြကို ဓာတုေဗဒနည္းနဲ႔ ခြဲၾကည့္ရင္ (၆)မ်ိဳးရွိတယ္။ အသားဓာတ္၊ အဆီဓာတ္၊ ကစီဓာတ္၊ သက္ေစာင့္ဓာတ္၊ သတၱဳဓာတ္နဲ႔ ေရတို႔ျဖစ္တယ္။ ယင္းအာဟာရဓာတ္တို႔ ေန႔စဥ္လုံေလာက္မွ်တစြာ စားသုံးမွီဝဲၾကရတယ္။ စားတဲ့အခါ ပါမလာရင္ အာဟာရခ်ိဳ႕တဲ့ေရာဂါျဖစ္ ႏိုင္ပါတယ္။
အသားဓာတ္ဟာ ခႏၶာကိုယ္အတြက္ အေရးႀကီးတယ္။ အသားဓာတ္ရဲ႕ တာဝန္က ဆဲလ္ကလာပ္စည္း ပ်က္စီးသြားတာ ျပန္လည္တည္ေဆာက္ေရး၊ ေသြး၊ အင္ဇိုင္း၊ ေဟာ္မုန္းစတဲ့ခႏၶာကိုယ္မွာ အေရးပါတဲ့ အရာေတြ တည္ေဆာက္ေရးမွာ အထူးအေရးပါတယ္။ အပူစြမ္းအင္လည္း ရပါတယ္။ လုံေလာက္မႈမရွိရင္ ေသးေကြးႀကဳံလွီၾကတယ္။ အသားဓာတ္ႂကြယ္ဝတဲ့ အစားအေသာက္မွာ အသားအမ်ိဳးမ်ိဳး၊ ငါး၊ ၾကက္ဥ၊ ဘဲဥ၊ ႏို႔၊ ပဲအမ်ိဳးမ်ိဳး၊ ဂ်ဳံႏွင့္ ဆန္မ်ားျဖစ္တယ္။
အဆီဓာတ္ဟာ ခႏၶာကိုယ္ရဲ႕ အေရျပားေအာက္မွာလည္းေကာင္း၊ ဝမ္းဗိုက္မွာ အဆီအျဖစ္လည္းေကာင္း၊ အတြင္းအဂၤါစုၾကားမွာလည္းေကာင္း ရွိတဲ့ဓာတ္ ျဖစ္တယ္။ ခႏၶာကိုယ္အပူခ်ိန္ကို မွ်တေအာင္ ထိန္းေပးျခင္း၊ ဆီမွာေပ်ာ္ဝင္တဲ့ သက္ေစာင့္ဓာတ္၊ ဗီတာမင္ေအ၊ ဗီတာမင္ဒီ၊ ဗီတာမင္အီးနဲ႔ ဗီတာမင္ေကတို႔ ေပ်ာ္ဝင္ပစၥည္းအျဖစ္ သယ္ေဆာင္ျခင္းနဲ႔ အတြင္းအဂၤါစုမ်ားကို အေနထား မွန္ကန္စြာတည့္ေပးဖို႔ ထိန္းေပးျခင္းတို႔အတြက္ ေဆာင္႐ြက္တဲ့ဓာတ္ျဖစ္တယ္။ အပူစြမ္းအင္ကို အသားဓာတ္ထက္ ပိုမိုရရွိတယ္။ မျပည့္ဝတဲ့အဆီက ခႏၶာကိုယ္က်န္းမာေရးအတြက္ ပိုၿပီးအသုံးဝင္တယ္။ ေျမပဲ၊ ႏွမ္း၊ ေနၾကာ၊ ဝါေစ့၊ မုန္ညင္းေစ့တို႔ပါဝင္တယ္။ ျပည့္ဝဆီက တိရစာၦန္ကရတဲ့အဆီျဖစ္ၿပီး ဝက္ဆီ၊ အမဲဆီ၊ ေထာပတ္၊ ငါးႀကီးဆီတို႔ပါဝင္တယ္။
ကစီဓာတ္ဟာ အင္အားျဖစ္ထြန္းမႈအတြက္ အဆီဓာတ္လိုပဲ ခႏၶာကိုယ္အက်ိဳးျပဳတဲ့ဓာတ္ျဖစ္တယ္။ ဆန္၊ ဂ်ဳံ၊ ေျပာင္းတို႔မွာ ကစီဓာတ္မ်ားစြာ ပါဝင္ၿပီး လူမ်ိဳးအသီးသီးမွာ အဓိကစားသုံးၾကလို႔ အပူစြမ္းအင္အားလုံးရဲ႕ ၇၀ ရာခိုင္ႏႈန္းကို ကစီဓာတ္မွ ရရွိတယ္။ ကစီဓာတ္ေပါႂကြယ္ဝတဲ့ အစာေတြမွာ ဆန္၊ ဂ်ဳံ၊ ေျပာင္း၊ အာလူး၊ သစ္ဥႏွင့္ သစ္ဖုတို႔ျဖစ္တယ္။သက္ေစာင့္ဓာတ္ ဗီတာမင္အုပ္စု (၂) ဖြဲ႕ရွိတယ္။ ေရမွာေပ်ာ္ဝင္တဲ့ ဗီတာမင္ေတြက ဗီတာမင္ဘီႏွင့္ ဗီတာမင္စီတို႔ျဖစ္တယ္။ အဆီမွာေပ်ာ္ဝင္တဲ့ ဗီတာမင္က ေအ၊ ဒီ၊ အီး၊ ေကတို႔ပါတယ္။
ဗီတာမင္ေအက မ်က္စိၾကည္လင္ျခင္း၊ အေရျပား၊ အဆုတ္ေျမႇးႏွင့္ ခႏၶာကိုယ္တြင္းရွိ အေျမႇးသန္စြမ္းျခင္းကို အားေပးတယ္။ ဗီတာမင္ေအ ခ်ိဳ႕တဲ့ရင္ ၾကက္မ်က္သင့္ေရာဂါ၊ ညဖက္မ်က္စိမႈန္ျခင္း၊ မ်က္သားအျဖဴေပၚ၊ အစက္ေပၚေပါက္ျခင္း၊ အေရျပားေျခာက္ခန္းျခင္း၊ အေရျပားအနာေပါက္ၿပီး မၾကာခဏ ခ်ဴခ်ာျခင္း၊ မၾကာခဏဖ်ားနာျခင္း ျဖစ္တယ္။ ၾကက္ဥ၊ ငါးႀကီးဆီ၊ ေထာပတ္၊ စိမ္းလန္းတဲ့ အသီးအ႐ြက္နဲ႔ ေ႐ႊဝါေရာင္ရွိတဲ့ ေ႐ႊဖ႐ုံသီး၊ မုန္လာဥနီ၊ ေ႐ႊကန္ဇြန္းဥ၊ သရက္သီးမွည့္၊ သေဘၤာသီးမွည့္တို႔မွာ ဗီတာမင္ေအ ႂကြယ္ဝတယ္။
ဗီတာမင္ဒီခ်ိဳ႕တဲ့ရင္ အ႐ိုးေပ်ာ့ျခင္း၊ ဦးေခါင္း႐ိုးျပားျခင္း၊ ရင္ဘတ္႐ိုးခြၽန္ျခင္း၊ ေျခခြင္ျခင္း၊ သြားပိုးစားျခင္း၊ သြားေပါက္ေႏွးျခင္းႏွင့္ နံရံေတြမွာ အဖုအထစ္ ျဖစ္ေပၚျခင္း ျဖစ္တတ္တယ္။ ငါးႀကီးဆီ၊ ၾကက္ဥ၊ ဘဲဥ၊ ငုံးဥ၊ ဟင္းသီးဟင္း႐ြက္ေတြမွာ ယင္းဓာတ္ရရွိတယ္။ ေနမွရတယ္။
ဗီတာမင္အီးဟာ အမ်ိဳးသမီးေတြ သားအိမ္အင္အား ျဖစ္ေစတယ္။ ဗီတာမင္အီးနည္းရင္ ကေလးပ်က္ျခင္၊ ကေလးၿမဳံျခင္း ျဖစ္တတ္တယ္။ ႏွမ္း၊ ပဲ၊ ေျပာင္း ႏွင့္ ဟင္းသီးဟင္း႐ြက္ေတြမွာ ဗီတာမင္အီးပါတယ္။
ဗီတာမင္ေကဓာတ္ဟာ ထိခိုက္ဒဏ္ရာ ရရွိတဲ့ေနရာက ေသြးထြက္မမ်ားေစဖို႔၊ ေသြးတိတ္ျမန္တဲ့ သတၱိရွိတယ္။ ဗီတာမင္ေက ခ်ိဳ႕တဲ့ရင္ ေသြးတိတ္ရန္၊ ေသြးခဲရန္ ၾကန႔္ၾကာတတ္တယ္။ ဗီတာမင္ဘီႏွင့္ ဗီတာမင္စီတို႔က အသား၊ ငါး၊ ဂ်ဳံ၊ ပဲႏွင့္ အခ်ဥ္ပါတဲ့ အစားအစာတို႔မွ ရရွိႏိုင္တယ္။ ေရဓာတ္ဟာ ခႏၶာကိုယ္ထဲ အစဥ္လိုအပ္တယ္။ ဆီးနဲ႔ ေခြၽး၊ ေရေငြ႕ေတြထဲမွာ ေရဆုံးရႈံးသြားလို႔ ေရကိုျပန္လည္ ေသာက္သုံးေပးသင့္ပါတယ္။
Author: Dr. လြင္သန႔္, Healthcare Journal, vol 8, no28, (28.7.17)
(Unicode)
ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးပြီး ဉာဏ်ရည်မြင့်မားစေဖို့ မွေးကင်းစမှ အသက် နှစ်နှစ်အတွင်း စနစ်တကျ ကျွေးမွေးနိုင်ဖို့ အထူးလိုအပ်တယ်။ အသက်ခြောက်လအထိ မိခင်နို့ တစ်မျိုးတည်းနဲ့ အာဟာရပြည့်စုံပေမယ့် အသက်ခြောက်လမှ ကိုးလအထိ ကလေးငယ်များအတွက် ဖြည့်စွက်စာ ကျွေးဖို့ လိုအပ်မှာဖြစ်တယ်။ ကလေးဘဝ ကာကွယ်ဆေးဖြစ်တဲ့ ငါးမျိုးစပ်ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင်) ကာကွယ်ဆေးကို အသက် (၂)လ၊ (၄)လနဲ့ (၆)လတွေမှာ ထိုးနှံပြီး၊ ပါးစပ်မှ ပိုလီယို အစက်ချပေးရမှာ ဖြစ်တယ်။ အသက် (၂)လမှာ တီဘီကာကွယ်ဆေး၊ (BCG) ထိုးနှံဖို့ လိုပြီး အသက် (၉)လနဲ့ တစ်နှစ်ခွဲမှာ ဝက်သက်ကာကွယ်ဆေး ထိုးနှံပေးဖို့လိုတယ်။ ဖြည့်စွက်စာနဲ့အတူ မိခင်နို့ရည်ပါ တိုက်ရမယ်။
ပထမဆုံး ဆန်တစ်လုံးဆိုရင် ဆန်ကို ပိုးမွှားနဲ့သဲ၊ အမှုန်အမွှားမပါစေဖို့ ပြာထုတ်ပြီး အရသာကောင်းစေဖို့ လှော်ပေးရမယ်။ ကလေးကြီးထွားဖို့ ပဲနီလေးက အကောင်းဆုံးဖြစ်ပြီး အရပ်လည်း ရှည်စေတယ်။ ပဲနီလေးကို ဆန်ရဲ့သုံးပုံတစ်ပုံ ထည့်ရမယ်။ လှော်ထားတဲ့ဆန်နဲ့ ပဲနီလေး သုံးချိုးတစ်ချိုးကို အမှုန့်ကြိတ်ရမယ်။ခုနကလှော်ထားတဲ့ဆန်နဲ့ ပဲနီလေးကြိတ်စက်နဲ့ ကြိတ်ပြီးရင် ဖြည့်စွက်စာချက်တဲ့အဆင့် ရရှိပါပြီ။ လှော်ထားတဲ့ဆန်ဟာ အနံ့ပိုမွှေးပြီး ပိုပြီးအရသာ ကောင်းတယ်။ လှော်ပြီးဖြစ်လို့ ချက်တဲ့အခါ မြန်မြန်ကျက်တယ်။ ကလေးကို ကျွေးခါနီးမှ လိုသလောက်ကို ကျိုပြီးကျွေးသင့်ပါတယ်။
ဆန်နဲ့ ပဲနီလေးအမှုန့်ကို ကျိုတဲ့အခါမှာ ကြက်ရိုး၊ ကြက်သားတို့နဲ့ ပြုတ်ထားတဲ့ ကြက်ပြုတ်ရည်နဲ့ ကျိုသင့်တယ်။ ကြက်ရိုးကို ရိုးတွင်းခြင်ဆီ ထွက်အောင် ထုချေပြီးမှ ပြုတ်သင့်တယ်။ အရိုးမပါအောင် သေချာစစ်ဖို့ အရေးကြီးတယ်။
ဆီကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ရမယ်။ ဆီသုံးတဲ့အခါ သံလွင်ဆီသုံးသင့်ကြောင်း ကလေးအထူးကုဆရာဝန်တွေက တိုက်တွန်းတယ်။ ဆားကိုပါရုံ နည်းနည်းထည့်ပြီး သတိထား ကျိုသင့်တယ်။ ကလေးကို မကျွေးခင် မြည်းစမ်းသင့်တယ်။ ကလေးထမင်းကျိုတဲ့အထဲကို လူကြီးတွေ ကြက်သားစားတဲ့ နေ့ကို ကြက်သား၊ ငါးဆိုရင်ငါး၊ ကြက်အသည်းလည်း ကျွေးနိုင်တယ်။ ကြက်သားကို မျှင်ပြီးထည့်သင့်တယ်။ ငါးဆိုရင် အရိုးမပါအောင် ဂရုစိုက်သင့်တယ်။ အသားကို ထည့်တဲ့အခါ ဆန်မှုန့်ရဲ့သုံးပုံတစ်ပုံပဲ ထည့်သင့်တယ်။ အသားထည့်လိုက်တဲ့အခါ ဆန်၊ ပဲနီလေးနဲ့ အသားဟာ (၃း၁း၁) ဖြစ်သွားမယ်။
နောက်ဆုံးအဆင့်အနေနဲ့ အစိမ်းရောင်အရွက်လေး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီအပွင့်၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီးအနှစ်တို့ကို ထည့်ကျိုသင့်တယ်။ အတုံးကလေးတွေ တုံးထည့်သင့်တယ်။ ထည့်တဲ့အခါ အသီးအနှံကို ဆန်ရဲ့သုံးပုံတစ်ပုံပဲ ရှိသင့်တယ်။ ဖြည့်စွက်စာစားသင့်တယ်။ အသီးအရွက်တွေဟာ ကျက်ခါနီးမှ ထည့်ရမယ်။ အကျက်လွန်ရင် အာဟာရတန်ဖိုး လျော့ကျတတ်တယ်။ ဖြည့်စွက်စာကျိုတဲ့အခါ အစာတွေက လက်နဲ့စုပ်စားနိုင်လောက်တဲ့အထိ ပျစ်နေရမယ်။ ဇွန်းနဲ့ခပ်ပြီး မှောက်ချရင်တောင် အောက်ကိုပြုတ်မကျအောင် ပျစ်နှစ်နေရမယ်။ အောက်ကို တစ်စက်စက်ကျရင် အာဟာရတန်ဖိုး နည်းသေးတယ်သိသင့်တယ်။အသက်ရှစ်လဆိုရင် ကြက်ဥတစ်လုံးထည့်ကျွေးနိုင်တယ်။အရွက်စားတတ်တဲ့ အကျင့်လည်းဖြစ်အာဟာရလည်းရအောင် ဟင်းနုနွယ် ရွက် အဖတ်လေးတွေကို ကလေးပေးစားရမယ်။ ဖြည့်စွက်စာကို တစ်နေ့ကို သုံးကြိမ် ကျွေးသင့်ပါတယ်။
နေ့စဉ် လူတို့ စားသောက်ကြတဲ့ အစားအစာတွေကို ဓာတုဗေဒနည်းနဲ့ ခွဲကြည့်ရင် (၆)မျိုးရှိတယ်။ အသားဓာတ်၊ အဆီဓာတ်၊ ကစီဓာတ်၊ သက်စောင့်ဓာတ်၊ သတ္တုဓာတ်နဲ့ ရေတို့ဖြစ်တယ်။ ယင်းအာဟာရဓာတ်တို့ နေ့စဉ်လုံလောက်မျှတစွာ စားသုံးမှီဝဲကြရတယ်။ စားတဲ့အခါ ပါမလာရင် အာဟာရချို့တဲ့ရောဂါဖြစ် နိုင်ပါတယ်။
အသားဓာတ်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတယ်။ အသားဓာတ်ရဲ့ တာဝန်က ဆဲလ်ကလာပ်စည်း ပျက်စီးသွားတာ ပြန်လည်တည်ဆောက်ရေး၊ သွေး၊ အင်ဇိုင်း၊ ဟော်မုန်းစတဲ့ခန္ဓာကိုယ်မှာ အရေးပါတဲ့ အရာတွေ တည်ဆောက်ရေးမှာ အထူးအရေးပါတယ်။ အပူစွမ်းအင်လည်း ရပါတယ်။ လုံလောက်မှုမရှိရင် သေးကွေးကြုံလှီကြတယ်။ အသားဓာတ်ကြွယ်ဝတဲ့ အစားအသောက်မှာ အသားအမျိုးမျိုး၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့၊ ပဲအမျိုးမျိုး၊ ဂျုံနှင့် ဆန်များဖြစ်တယ်။
အဆီဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ အရေပြားအောက်မှာလည်းကောင်း၊ ဝမ်းဗိုက်မှာ အဆီအဖြစ်လည်းကောင်း၊ အတွင်းအင်္ဂါစုကြားမှာလည်းကောင်း ရှိတဲ့ဓာတ် ဖြစ်တယ်။ ခန္ဓာကိုယ်အပူချိန်ကို မျှတအောင် ထိန်းပေးခြင်း၊ ဆီမှာပျော်ဝင်တဲ့ သက်စောင့်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနဲ့ ဗီတာမင်ကေတို့ ပျော်ဝင်ပစ္စည်းအဖြစ် သယ်ဆောင်ခြင်းနဲ့ အတွင်းအင်္ဂါစုများကို အနေထား မှန်ကန်စွာတည့်ပေးဖို့ ထိန်းပေးခြင်းတို့အတွက် ဆောင်ရွက်တဲ့ဓာတ်ဖြစ်တယ်။ အပူစွမ်းအင်ကို အသားဓာတ်ထက် ပိုမိုရရှိတယ်။ မပြည့်ဝတဲ့အဆီက ခန္ဓာကိုယ်ကျန်းမာရေးအတွက် ပိုပြီးအသုံးဝင်တယ်။ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါစေ့၊ မုန်ညင်းစေ့တို့ပါဝင်တယ်။ ပြည့်ဝဆီက တိရစ္ဆာန်ကရတဲ့အဆီဖြစ်ပြီး ဝက်ဆီ၊ အမဲဆီ၊ ထောပတ်၊ ငါးကြီးဆီတို့ပါဝင်တယ်။
ကစီဓာတ်ဟာ အင်အားဖြစ်ထွန်းမှုအတွက် အဆီဓာတ်လိုပဲ ခန္ဓာကိုယ်အကျိုးပြုတဲ့ဓာတ်ဖြစ်တယ်။ ဆန်၊ ဂျုံ၊ ပြောင်းတို့မှာ ကစီဓာတ်များစွာ ပါဝင်ပြီး လူမျိုးအသီးသီးမှာ အဓိကစားသုံးကြလို့ အပူစွမ်းအင်အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို ကစီဓာတ်မှ ရရှိတယ်။ ကစီဓာတ်ပေါကြွယ်ဝတဲ့ အစာတွေမှာ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ သစ်ဥနှင့် သစ်ဖုတို့ဖြစ်တယ်။သက်စောင့်ဓာတ် ဗီတာမင်အုပ်စု (၂) ဖွဲ့ရှိတယ်။ ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေက ဗီတာမင်ဘီနှင့် ဗီတာမင်စီတို့ဖြစ်တယ်။ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်က အေ၊ ဒီ၊ အီး၊ ကေတို့ပါတယ်။
ဗီတာမင်အေက မျက်စိကြည်လင်ခြင်း၊ အရေပြား၊ အဆုတ်မြှေးနှင့် ခန္ဓာကိုယ်တွင်းရှိ အမြှေးသန်စွမ်းခြင်းကို အားပေးတယ်။ ဗီတာမင်အေ ချို့တဲ့ရင် ကြက်မျက်သင့်ရောဂါ၊ ညဖက်မျက်စိမှုန်ခြင်း၊ မျက်သားအဖြူပေါ်၊ အစက်ပေါ်ပေါက်ခြင်း၊ အရေပြားခြောက်ခန်းခြင်း၊ အရေပြားအနာပေါက်ပြီး မကြာခဏ ချူချာခြင်း၊ မကြာခဏဖျားနာခြင်း ဖြစ်တယ်။ ကြက်ဥ၊ ငါးကြီးဆီ၊ ထောပတ်၊ စိမ်းလန်းတဲ့ အသီးအရွက်နဲ့ ရွှေဝါရောင်ရှိတဲ့ ရွှေဖရုံသီး၊ မုန်လာဥနီ၊ ရွှေကန်ဇွန်းဥ၊ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်တို့မှာ ဗီတာမင်အေ ကြွယ်ဝတယ်။
ဗီတာမင်ဒီချို့တဲ့ရင် အရိုးပျော့ခြင်း၊ ဦးခေါင်းရိုးပြားခြင်း၊ ရင်ဘတ်ရိုးချွန်ခြင်း၊ ခြေခွင်ခြင်း၊ သွားပိုးစားခြင်း၊ သွားပေါက်နှေးခြင်းနှင့် နံရံတွေမှာ အဖုအထစ် ဖြစ်ပေါ်ခြင်း ဖြစ်တတ်တယ်။ ငါးကြီးဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ဟင်းသီးဟင်းရွက်တွေမှာ ယင်းဓာတ်ရရှိတယ်။ နေမှရတယ်။
ဗီတာမင်အီးဟာ အမျိုးသမီးတွေ သားအိမ်အင်အား ဖြစ်စေတယ်။ ဗီတာမင်အီးနည်းရင် ကလေးပျက်ခြင်၊ ကလေးမြုံခြင်း ဖြစ်တတ်တယ်။ နှမ်း၊ ပဲ၊ ပြောင်း နှင့် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်အီးပါတယ်။
ဗီတာမင်ကေဓာတ်ဟာ ထိခိုက်ဒဏ်ရာ ရရှိတဲ့နေရာက သွေးထွက်မများစေဖို့၊ သွေးတိတ်မြန်တဲ့ သတ္တိရှိတယ်။ ဗီတာမင်ကေ ချို့တဲ့ရင် သွေးတိတ်ရန်၊ သွေးခဲရန် ကြန့်ကြာတတ်တယ်။ ဗီတာမင်ဘီနှင့် ဗီတာမင်စီတို့က အသား၊ ငါး၊ ဂျုံ၊ ပဲနှင့် အချဉ်ပါတဲ့ အစားအစာတို့မှ ရရှိနိုင်တယ်။ ရေဓာတ်ဟာ ခန္ဓာကိုယ်ထဲ အစဉ်လိုအပ်တယ်။ ဆီးနဲ့ ချွေး၊ ရေငွေ့တွေထဲမှာ ရေဆုံးရှုံးသွားလို့ ရေကိုပြန်လည် သောက်သုံးပေးသင့်ပါတယ်။
Author: Dr. လွင်သန့်, Healthcare Journal, vol 8, no28, (28.7.17)