fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အာထရာဆောင်းရိုက်မယ်ဆိုရင်

298
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/10/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

အာထရာေဆာင္း႐ိုက္တယ္ဆိုတာ လူနာေတြအတြက္ ရင္းႏွီးေနတဲ့စမ္းသပ္မႈတစ္ခုပဲ။အာထရာေဆာင္းက အသံလႈိင္းနဲ႔႐ိုက္ရတာျဖစ္တာေၾကာင့္ ဓာတ္မွန္လိုမ်ိဳး၊CT MRI လိုမ်ိဳး ဓာတ္ေရာင္ျခည္သင့္တတ္တဲ့ အႏၲရာယ္မရွိဘူး။

အာထရာေဆာင္းကို ေနရာစုံအတြက္႐ိုက္လို႔ရတယ္။ ေရာဂါရွာလို႔ရပါတယ္။ ကေလးငယ္ေလးေတြမွာ ငယ္ထိပ္ေဖာင္းေနလို႔ ဦးေခါင္းကို အာထရာေဆာင္း႐ိုက္ၾကည့္တာလည္းရွိတယ္။ လည္ပင္း   သိုက္႐ြက္အက်ိတ္ကို အာထရာေဆာင္း႐ိုက္လို႔လည္းရတယ္။ အမ်ိဳးသမီးေတြ ရင္သားအလုံးအက်ိတ္ျဖစ္လို႔ အာထရာေဆာင္း႐ိုက္ရတာလည္းရွိတယ္။ အမ်ိဳးသားေတြ ကပ္ပယ္အိတ္ထဲ နာတာ၊      ေအာင့္တာ၊ ေရာင္တာေတြ ကို အာထရာေဆာင္း ႐ိုက္ၾကည့္တာလည္းရွိတယ္။ ေျခေထာက္က ေသြးေၾကာေတြ ပိတ္၊ မပိတ္ကို အာထရာေဆာင္းနဲ႔ ႐ိုက္ၾကည့္တာလည္း ရွိတယ္။အဓိကကေတာ့ ဝမ္းဗိုက္ထဲမွာရွိတဲ့ အဂၤါအစိတ္အပိုင္းေတြအသည္း၊ မုန႔္ခ်ိဳအိတ္၊ သရက္႐ြက္၊ ေက်ာက္ကပ္၊ဆီးအိမ္၊ ေသြးေၾကာမႀကီးေတြ၊အမ်ိဳးသမီးေတြမွာသားအိမ္နဲ႔သားဥအိမ္ေတြ၊အမ်ိဳးသားေတြမွာ ဆီးက်ိတ္ စတာ   ေတြ ကို အာထရာေဆာင္း႐ိုက္ၾကည့္လို႔ရပါတယ္။

ကိုယ္ဝန္သည္ေတြမွာ အာထရာေဆာင္း႐ိုက္တာက စိတ္ခ်ရပါတယ္။ကေလးကိုမထိခိုက္ေစပါဘူး။ ဒါေပမယ့္႐ိုက္တဲ့အခါ မလိုအပ္ဘဲ Colourကာလာေတြေတာ့မသုံးဖို႔လိုပါတယ္။ ကိုယ္ဝန္ေလးပတ   ေလာက္ကေန စၿပီး႐ိုက္ၾကည့္လို႔ရပါတယ္။ ကိုယ္ဝန္ ငါးပတ္၊ ေျခာက္ပတ္ေလာက္ဆိုရင္ ကေလးႏွလုံးခုန္တာလည္း ေကာင္းေကာင္းေတြ႕ႏိုင္တတ္ပါတယ္။ ကိုယ္ဝန္အစမွာ အာထရာေဆာင္း႐ိုက္သင့္တဲ့ ရည္႐ြယ္ခ်က္ကေတာ့ ကိုယ္ဝန္ေနရာမွန္လားသိဖို႔အတြက္ေရာ၊ ကိုယ္ဝန္အပတ္ေရတြက္ဖို႔အတြက္ေရာ ပါပါတယ္။

ကိုယ္ဝန္ေဆာင္ေတြမွာ ကိုယ္ဝန္သုံးလေက်ာ္ရင္ တစ္ခါ႐ိုက္ၾကည့္လို႔ရတယ္။ ကေလး ကိုယ္ခႏၶာ ဖြံ႕ၿဖိဳးမႈေတြ အၿပီးမွာ ပုံမွန္ဟုတ္၊ မဟုတ္ကို ျမင္ႏိုင္တယ္။ မိန္းကေလး ၊ ေယာက်ာ္းေလး သိဖို႔က     ေတာ့ ငါးလေလာက္မွ ေသခ်ာျမင္ရတတ္တယ္။ တစ္ခ်ိဳ႕ေတြဆို ခုႏွစ္လေလာက္မွ ျမင္ရတာလည္းရွိပါတယ္။ ကိုယ္ဝန္ဒုတိယသုံးလထဲမွာ အာထရာေဆာင္း႐ိုက္ရတာက မိန္းကေလး၊ ေယာက်ာ္း     ေလးခြဲခ်င္တာ တစ္ခုတည္းေၾကာင့္ မဟုတ္ပါဘူး။ အခ်င္း ေနရာမွန္ မမွန္၊ ေရႁမႊာေရ ပုံမွန္ျဖစ္လား စတာေတြအတြက္လည္း ပါပါတယ္။

ကိုယ္ဝန္ ေနာက္ဆုံးသုံးလထဲမွာ အာထရာေဆာင္း႐ိုက္တာကေတာ့ အေပၚက ေျပာတာေတြအျပင္ ကေလး အေနအထား ဘယ္လိုပုံစံဆိုတာ အတြက္ေရာ ပါပါတယ္။ ကိုယ္ဝန္ေဆာင္ေတြမွာ 4D အာထရာေဆာင္း ႐ိုက္လို႔ရပါတယ္။ ကေလးကို မထိခိုက္ေစပါဘူး။ ကေလးမ်က္ႏွာနဲ႔ လႈပ္ရွားမႈေတြကို သိသိသာသာ ထင္ထင္ရွားရွား ျမင္ေတြ႕ႏိုင္ပါတယ္။

တကယ္တမ္းကေတာ့ ဝမ္းဗိုက္ထဲကို ႐ိုက္ရမယ္ဆို လူနာေျပာတဲ့ လကၡဏာ အလိုက္ ဘယ္အစိတ္အပိုင္းကို အဓိက ႐ိုက္ေစခ်င္တာလည္းကို ထည့္ေရးေပးႏိုင္ရင္ ပိုေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အာထရာေဆာင္း႐ိုက္တဲ့အခါ ရွင္းရွင္းလင္းလင္းျမင္ဖို႔က ႐ိုက္မယ့္လူနာက မ႐ိုက္ခင္ငါးနာရီေလာက္ႀကိဳၿပီး အစားလည္း ေရွာင္ထားသင့္ပါတယ္။ ေရလည္း ေရွာင္ရမွာပါ။ ဒါေပမယ့္ ဆီးအိမ္နဲ႔ သားအိမ္ပိုင္း ၾကည့္ဖို႔လိုတဲ့ လူနာကေတာ့ ဆီးတင္းတဲ့အထိ ေရေသာက္ေပးဖို႔ လိုပါတယ္။ အာထရာေဆာင္း႐ိုက္မယ့္ လူနာတိုင္း ေရအမ်ားႀကီးေသာက္ဖို႔ မလိုအပ္ပါဘူး။

တစ္ခ်ိဳ႕ေတြက်ေတာ့ သားအိမ္ပိုင္းေတြကို မိန္းမကိုယ္ကေန အာထရာေဆာင္းထည့္ ႐ိုက္တာလည္း ရွိတယ္။ ဒါမ်ိဳးေတြမွာ သားအိမ္ပိုင္းၾကည့္ေပမယ့္ ေရအမ်ားႀကီး ေသာက္ထားဖို႔ ဆီးအိမ္တင္းေနဖို႔ မလိုတတ္ဘူး။ အာထရာေဆာင္း႐ိုက္တာက ေရာဂါရွာေဖြတဲ့ ေနရာမွာသုံးလို႔ရသလို ေရာဂါကုသတာ မ်ိဳးမွာလည္း တစ္ခါတေလ သုံးႏိုင္ပါတယ္။ အေရအိတ္ေတြျဖစ္တဲ့အခါ အာထရာေဆာင္းနဲ႔ၾကည့္ ၿပီး အရည္စုပ္ထုတ္တာေတြ လုပ္လို႔ရလည္းရွိပါတယ္။

တစ္ခါတစ္ေလေတာ့ အာထရာေဆာင္းတစ္ခုတည္းနဲ႔ မလုံေလာက္ဘဲ တျခားေသြး၊ ဆီးစစ္တာေတြလည္း လိုတတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ေတာ့ အာထရာေဆာင္း႐ိုက္မယ္ဆိုရင္ ႐ိုက္ရမယ့္ေနရာေပၚ မူတည္ၿပီး ေရေသာက္ဖို႔ လို၊မလိုရွိေပမယ့္ အစားေတာ့ႀကိဳၿပီး ေရွာင္ထားမယ္ဆိုရင္ ပိုၿပီး ရွင္းရွင္းလင္းလင္းျမင္ေတြ႕ႏိုင္မွာပါ။

Author : Dr. CST

(unicode)

အာထရာဆောင်းရိုက်တယ်ဆိုတာ လူနာတွေအတွက် ရင်းနှီးနေတဲ့စမ်းသပ်မှုတစ်ခုပဲ။အာထရာဆောင်းက အသံလှိုင်းနဲ့ရိုက်ရတာဖြစ်တာကြောင့် ဓာတ်မှန်လိုမျိုး၊CT MRI လိုမျိုး ဓာတ်ရောင်ခြည်သင့်တတ်တဲ့ အန္တရာယ်မရှိဘူး။

အာထရာဆောင်းကို နေရာစုံအတွက်ရိုက်လို့ရတယ်။ ရောဂါရှာလို့ရပါတယ်။ ကလေးငယ်လေးတွေမှာ ငယ်ထိပ်ဖောင်းနေလို့ ဦးခေါင်းကို အာထရာဆောင်းရိုက်ကြည့်တာလည်းရှိတယ်။ လည်ပင်း   သိုက်ရွက်အကျိတ်ကို အာထရာဆောင်းရိုက်လို့လည်းရတယ်။ အမျိုးသမီးတွေ ရင်သားအလုံးအကျိတ်ဖြစ်လို့ အာထရာဆောင်းရိုက်ရတာလည်းရှိတယ်။ အမျိုးသားတွေ ကပ်ပယ်အိတ်ထဲ နာတာ၊      အောင့်တာ၊ ရောင်တာတွေ ကို အာထရာဆောင်း ရိုက်ကြည့်တာလည်းရှိတယ်။ ခြေထောက်က သွေးကြောတွေ ပိတ်၊ မပိတ်ကို အာထရာဆောင်းနဲ့ ရိုက်ကြည့်တာလည်း ရှိတယ်။အဓိကကတော့ ဝမ်းဗိုက်ထဲမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေအသည်း၊ မုန့်ချိုအိတ်၊ သရက်ရွက်၊ ကျောက်ကပ်၊ဆီးအိမ်၊ သွေးကြောမကြီးတွေ၊အမျိုးသမီးတွေမှာသားအိမ်နဲ့သားဥအိမ်တွေ၊အမျိုးသားတွေမှာ ဆီးကျိတ် စတာ   တွေ ကို အာထရာဆောင်းရိုက်ကြည့်လို့ရပါတယ်။

ကိုယ်ဝန်သည်တွေမှာ အာထရာဆောင်းရိုက်တာက စိတ်ချရပါတယ်။ကလေးကိုမထိခိုက်စေပါဘူး။ ဒါပေမယ့်ရိုက်တဲ့အခါ မလိုအပ်ဘဲ Colourကာလာတွေတော့မသုံးဖို့လိုပါတယ်။ ကိုယ်ဝန်လေးပတ   လောက်ကနေ စပြီးရိုက်ကြည့်လို့ရပါတယ်။ ကိုယ်ဝန် ငါးပတ်၊ ခြောက်ပတ်လောက်ဆိုရင် ကလေးနှလုံးခုန်တာလည်း ကောင်းကောင်းတွေ့နိုင်တတ်ပါတယ်။ ကိုယ်ဝန်အစမှာ အာထရာဆောင်းရိုက်သင့်တဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ဝန်နေရာမှန်လားသိဖို့အတွက်ရော၊ ကိုယ်ဝန်အပတ်ရေတွက်ဖို့အတွက်ရော ပါပါတယ်။

ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်သုံးလကျော်ရင် တစ်ခါရိုက်ကြည့်လို့ရတယ်။ ကလေး ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုတွေ အပြီးမှာ ပုံမှန်ဟုတ်၊ မဟုတ်ကို မြင်နိုင်တယ်။ မိန်းကလေး ၊ ယောကျာ်းလေး သိဖို့က     တော့ ငါးလလောက်မှ သေချာမြင်ရတတ်တယ်။ တစ်ချို့တွေဆို ခုနှစ်လလောက်မှ မြင်ရတာလည်းရှိပါတယ်။ ကိုယ်ဝန်ဒုတိယသုံးလထဲမှာ အာထရာဆောင်းရိုက်ရတာက မိန်းကလေး၊ ယောကျာ်း     လေးခွဲချင်တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အချင်း နေရာမှန် မမှန်၊ ရေမြွှာရေ ပုံမှန်ဖြစ်လား စတာတွေအတွက်လည်း ပါပါတယ်။

ကိုယ်ဝန် နောက်ဆုံးသုံးလထဲမှာ အာထရာဆောင်းရိုက်တာကတော့ အပေါ်က ပြောတာတွေအပြင် ကလေး အနေအထား ဘယ်လိုပုံစံဆိုတာ အတွက်ရော ပါပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ 4D အာထရာဆောင်း ရိုက်လို့ရပါတယ်။ ကလေးကို မထိခိုက်စေပါဘူး။ ကလေးမျက်နှာနဲ့ လှုပ်ရှားမှုတွေကို သိသိသာသာ ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။

တကယ်တမ်းကတော့ ဝမ်းဗိုက်ထဲကို ရိုက်ရမယ်ဆို လူနာပြောတဲ့ လက္ခဏာ အလိုက် ဘယ်အစိတ်အပိုင်းကို အဓိက ရိုက်စေချင်တာလည်းကို ထည့်ရေးပေးနိုင်ရင် ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် အာထရာဆောင်းရိုက်တဲ့အခါ ရှင်းရှင်းလင်းလင်းမြင်ဖို့က ရိုက်မယ့်လူနာက မရိုက်ခင်ငါးနာရီလောက်ကြိုပြီး အစားလည်း ရှောင်ထားသင့်ပါတယ်။ ရေလည်း ရှောင်ရမှာပါ။ ဒါပေမယ့် ဆီးအိမ်နဲ့ သားအိမ်ပိုင်း ကြည့်ဖို့လိုတဲ့ လူနာကတော့ ဆီးတင်းတဲ့အထိ ရေသောက်ပေးဖို့ လိုပါတယ်။ အာထရာဆောင်းရိုက်မယ့် လူနာတိုင်း ရေအများကြီးသောက်ဖို့ မလိုအပ်ပါဘူး။

တစ်ချို့တွေကျတော့ သားအိမ်ပိုင်းတွေကို မိန်းမကိုယ်ကနေ အာထရာဆောင်းထည့် ရိုက်တာလည်း ရှိတယ်။ ဒါမျိုးတွေမှာ သားအိမ်ပိုင်းကြည့်ပေမယ့် ရေအများကြီး သောက်ထားဖို့ ဆီးအိမ်တင်းနေဖို့ မလိုတတ်ဘူး။ အာထရာဆောင်းရိုက်တာက ရောဂါရှာဖွေတဲ့ နေရာမှာသုံးလို့ရသလို ရောဂါကုသတာ မျိုးမှာလည်း တစ်ခါတလေ သုံးနိုင်ပါတယ်။ အရေအိတ်တွေဖြစ်တဲ့အခါ အာထရာဆောင်းနဲ့ကြည့် ပြီး အရည်စုပ်ထုတ်တာတွေ လုပ်လို့ရလည်းရှိပါတယ်။

တစ်ခါတစ်လေတော့ အာထရာဆောင်းတစ်ခုတည်းနဲ့ မလုံလောက်ဘဲ တခြားသွေး၊ ဆီးစစ်တာတွေလည်း လိုတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ်တော့ အာထရာဆောင်းရိုက်မယ်ဆိုရင် ရိုက်ရမယ့်နေရာပေါ် မူတည်ပြီး ရေသောက်ဖို့ လို၊မလိုရှိပေမယ့် အစားတော့ကြိုပြီး ရှောင်ထားမယ်ဆိုရင် ပိုပြီး ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်မှာပါ။

Author : Dr. CST

Previous Post

ကလေးတွေကို ဆူမှာလား

Next Post

အရိုးအတက်ထွက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
592
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရိုးအတက်ထွက်ခြင်း

စိတ်ထောင်းကိုယ်ကြေ

ပန်းသေပန်းညိုးခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.