မိန်းမကိုယ်အနံ့ဆိုး
ဆရာမရယ် ကျွန်မ မိန်းမကိုယ်အနံ့နံလွန်းလို့ အပြင်တောင်မထွက်ရဲဘူး လို့ OnDoctor မှာ ပြောပြလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် မိန်းမကိုယ်ရဲ့ pH ကျန်းမာရေးအကျိုးပြု ဘက်တီရီယားများက ထိန်းညှိပေးပါတယ်။ အဆိုပါ အကျိုးပြု ဘက်တီရီယားများ နည်းပြီး မကောင်းသော ဘက်တီရီယားနှင့် မှိုပိုးများကြောင့် pH ပြောင်းလဲကာ မိန်းမကိုယ်မှ ဆင်းသောအရည်ရဲ့အနံ ၊ အရောင် ပြောင်းလဲမှု့ ဖြစ်စေပါတယ်။
မိန်းမကိုယ် အနံဆိုးထွက်ခြင်းက အမျိုးသမီးအတွက် စိတ်ရှုပ်စရာ ပြဿနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ မိန်းမကိုယ်၊ သားအိမ်၊ သားအိမ်ခေါင်းတို့မှ လစဉ် ရာသီစက်ဝန်းပေါ် မူတည်၍ အရည်ကြည် ထွက်လေ့ရှိပါတယ်။ ၎င်းအရည်သည် အများအားဖြင့် အနံ့မရှိတတ်ပါ။ ချောဆီနှင့် ပိုးမွှားကာကွယ်မှု့တွင် ကာကွယ်မှု ပေးပါတယ်။ သို့သော် ပုံမှန်မဟုတ်ဘဲ ပျစ်ခြင်း၊ အနံ့နံခြင်း၊ ယားခြင်းစသည်ဖြင့် ပြောင်းလဲသွားတတ်ပါတယ်။
မိန်းမကိုယ်အနံ့ဆိုးနှင့် အတူရှိနိုင်သော လက္ခာဏာများမှာ အဖြူအဆင်းများခြင်း၊ အနံ့ပြင်းခြင်း၊ အဖြူအဖတ်များဆင်းခြင်း၊ ငါးညှိနံ့ နံခြင်း၊ စိမ်းဝါရောင်ဆင်းခြင်း၊ မိန်းမကိုယ်ယားခြင်း နာခြင်း၊ ဗိုက်အောက်ပိုင်း နာကျင်ခြင်းနှင့် လိင်ဆက်ဆံစဉ် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
မိန်းမကိုယ်အနံဆိုးနှင့် အဖြူဆင်းတာ ပုံမှန်မဟုတ်ခြင်း ဖြစ်စေသော အကြောင်းရင်းများမှာ အောက်ပါအချက်များကြောင့် ဖြစ်ပါတယ်။
မိန်းမကိုယ်တွင် မှိုပိုးဝင်ခြင်းကြောင့် အဖြူဆင်းတာ ပျစ်နိုင်တယ်။
လိင်ဆက်ဆံခြင်းကြောင့် ကူးသောရောဂါများ ဥပမာ ဂနို၊ ကလိုင်မိုင်းဒီးယားနှင့် ထရိုင်ခိုမိုနက်စ် ကြောင့် စိမ်းဝါရောင် အရည်ဆင်းပြီး အနံဆိုး ထွက်စေပါတယ်။
ဘက်တီးရီယား ပိုးဝင်ရင်လည်း ငါးညှီနံ့ နံနိုင်ပါတယ်။
အီစတိုဂျင် ဟော်မုန်းပြောင်းလဲမှု့ ကြောင့်လည်း ကိုယ်ဝန်ဆောင်စဉ် ၊နို့တိုက်စဉ်နှင့် သွေးဆုံးနေသော သူများတွင် အနံ့ထွက်နိုင်ပါတယ်။
အချို့ ရာသီလာစဉ်သုံးသော တန်ပူ ထုတ်ရန် မေ့နေလျှင်လည်း အနံ့ဆိုး ထွက်နိုင်ပါတယ်။
အောက်ခံဘောင်းဘီ ကျပ်တည်းစွာ မဝတ်သင့်ပါ။ ချည်ထည် ဝတ်ဆင်ပါ။
အလွန်အမင်း ဆပ်ပြာ သုံးစွဲခြင်းသည်လည်း အနံ့ဆိုးထွက်စေပါတယ်။
အထက်ပါအကြောင်းအရာများအပြင် ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်းနှင့်အနံ့ဆိုးထွက်ခြင်းသည်သားအိမ်ခေါင်းကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
မိန်းမကိုယ်အနံ့ဆိုးထွက်ခြင်းကို သက်သာစေရန် အိမ်တွင်းနည်းလမ်းများဖြင့် ပြုလုပ်၍ ရပါတယ်။
(၁) လက်ဖက်ရွက်အဆီ
လက်ဖက်ရွက်အဆီတွင် ဘက်တီရီယားနှင့် မှိုပိုးခုခံနိုင်စွမ်းရှိလို့ အနံ့ဆိုးထွက်ခြင်းကို ပျောက်ကင်းစေပါတယ်။ လက်ဖက်ရွက်အဆီ ၃-၄ စက်ကို ရေနှင့်ရောကာ မိန်းမကိုယ်ကို နေ့စဉ်ဆေးပါ။ တန်ပူသုံးသူများသည် တန်ပူကို သံလွင်ဆီနှင့် လဖက်ဆီထဲ တစ်နာရီခန့်စိမ်ပြီမှ သုံးပါ။ လဖက်အဆီနှင့် မိမိတည့်၊ မတည့် အရင်စမ်းကြည့်ပါ။
(၂) မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါသည် ပိုးကြောင့် pHပြောင်းလဲမှု့ကို ပုံမှန်ဖြစ်စေပြီး အနံဆိုး ကင်းစေပါတယ်။ ဆော်ဒါကို ရေနှင့်ရော မိန်းမကိုယ်ကို ဆေးပါ။
(၃) နာနတ်သီး
နာနတ်သီးသည် အမျိုးသမီးရောဂါနှင့် အနံ့ဆိုးအတွက် အလွန်အသုံးတည့်သော အသီးဖြစ်ပါတယ်။ နာနတ်သီးကို နေ့စဉ်စားသုံးခြင်း ဖျော်သောက်ခြင်းဖြင့် မိန်းမကိုယ် အဖြူဆင်းပြီး အနံ့ဆိုးထွက်ခြင်း သက်သာစေပါတယ်။
(၄) ဗီတာမင်စီနှင့် နှင်းဆီရိုင်းအသီး
ဗီတာမင်စီက ကိုယ်ခန္ဓာမှ မလိုလားအပ်သော အဆိပ်အတောက်များ ဖယ်ရှားပေးပါတယ်။ Vitamin c နှင့် နှင်းဆီအရိုင်းသီး ၂ခုပေါင်းစပ်ကာ မိန်းမကိုယ်ပိုးဝင်ကာ အနံ့ဆိုးထွက်ခြင်းအတွက် အကောင်းဆုံးနှင့် အသက်သာဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ vitamin c ဆေးပြားနှင့် နှင်းဆီရိုင်းသီးကို မိန်းမကိုယ်ထဲ ထည့်ပါ။ ပြန်ထွက်မကျအောင် တန်ပူသုံးပါ။ နေ့စဉ်ပြုလုပ်လျှင် အနံ့ဆိုး ကင်းစင်နိုင်ပါတယ်။
(၅) ကွမ်းရွက်
ကွမ်းရွက်ပြုတ်ရည်ဖြင့် မိန်းမကိုယ် နေ့စဉ်ဆေးပါက အနံ့ဆိုး သက်သာစေပါတယ်။ ကွမ်းရွက်တွင် ရောဂါပိုးခုခံမှု့ အစွမ်းရှိပါတယ်။
(၆) ရှာလကာရည်
ရှာလကာရည်ကို ရေချိုးရေနှင့် စပ်ချိုးပါ။ ရှာလကာရည်သည် အက်ဆစ်ဓာတ်ရှိပြီး အနံ့ဆိုးထွက်စေသောပိုးမွှားများကို သေစေနိုင်ပါတယ်။ ရှာလကာရည်နှင့် မတည့်လျှင် မသုံးပါနဲ့။
(၇) ကြက်သွန်ဖြူ
ကြက်သွန်ဖြူရဲ့ အနံ့ကြောင့် မိန်းမကိုယ် အနံ့ဆိုးကုလို့ရနိုင်မလားလို့ သံသယဖြစ်နိုင်ပါတယ်။ ကြက်သွန်ဖြူက ရောဂါပိုး ခုခံမှု့အစွမ်း ရှိပါတယ်။ အဝတ်စအသန့်ကို ကြက်သွန်ဖြူရည်စိမ်ပြီး မိန်းမကိုယ်ထဲထည့်ထားပြီးမနက်စောစောဖယ်ရှားပါ။ အနံ့ဆိုးသိသာစွာ ပျောက်ကင်းပါတယ်။
(၈) ဒိန်ချဉ်
တန်ပူကို ဒိန်ချဉ်ဖြင့်စိမ်ကာ မိန်းမကိုယ်ထဲထည့်ခြင်း၊ အဝတ်စကို ဒိန်ချဉ်သုတ်၍ မိန်းမကိုယ်ကို ပွတ်ပေးခြင်းဖြင့် မိူပိုးကြောင့် အနံ့ဆိုးထွက်မှု့ကို ဖယ်ရှားပေးပါတယ်။
(၉) ကုလားဆီးဖြူသီး
ကုလားဆီးဖြူသီးကို ဆားနှင့်နယ်၍ အခြောက်လှန်းကာ စားပေးပါ။ အမူန့်ကို ရေနှင့်ရော၍ သောက်သုံးပါကလည်း အနံဆိုးများ ပျောက်ကင်းစေပါတယ်။
(၁၀) နနွင်းမှုန့်
နနွင်းမှုန့်တွင် ပိုးမွှားကာကွယ်နိုင်စွမ်း၊ ရောင်ရမ်းမှု့ လျော့ချနိုင်စွမ်းနှင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်သောကြောင့် နိုနှင့်ရောသောက်ခြင်း၊ အမြစ်ပြုတ်၍ ထိုရေဖြင့် မိန်းမကိုယ်ဆေးပါ။ တစ်ပတ်၂ ကြိမ်ဆေးခြင်းဖြင့် မိန်းမကိုယ်အနံ့ဆိုး သိသာစွာပျောက်ကင်းစေပါတယ်။
(၁၁) မာလကာရွက်
မာလကာရွက်သည် ပိုးသေစေနိုင်ပြီး အနံ့ဆိုးဖယ်ရှားပေးသော ဆေးစွမ်းကောင်း ဖြစ်ပါတယ်။ မာလကာရွက်ပြုတ်ရည်ကို မနက်ပိုင်း အစာမစားခင် တစ်ရက်ခြား ၂ပတ်ခန့်သောက်ပါက အနံ့ဆိုးပျောက်စေပါတယ်။
Author : Dr. ပြည့်ရှင်း