အများအားဖြင့် ဇီဝကတို့ လူမျိုးတွေက ကလေးများ ထိခိုက်မလားဆိုပြီး နို့တိုက်မိခင်များ အနေဖြင့် အစားရှောင်လေ့ ရှိကြပါတယ်။ စားသောက်တဲ့ နေရာမှာလည်း စံလွဲနေပြန်ပါတယ်။ ဒါတွေကို အပေါ်ယံကြည့်ရင် ဘာမှမဖြစ်ဘူးလို့ ထင်ရပေမယ့် တကယ်တော့ မိခင်ရော ကလေးအတွက်ပါ အန္တရာယ်များနိုင်တဲ့ အပြုအမူတွေပါ။
နို့တိုက်မိခင်တွေ အစားရှောင်တာဟာ မိခင်တွေ စားသမျှ ကလေးဆီရောက်တယ် ၊ ကလေးအပေါ်သက်ရောက်မှု ရှိတယ်ဆိုတဲ့ အယူအဆက စတယ်လို့ပြောလို့ ရတယ်။ ဒီအယူအဆက မှန်သင့်သလောက် မှန်ပါတယ်။ ဥပမာ -နို့တိုက်မိခင်က အပူအစပ် ၊ အချဉ်တွေ အစားများရင် မိခင်လည်း ဗိုက်နာ ၊ ဝမ်းပျော့နိုင်သလို မိခင်နို့စို့တဲ့ကလေးကလည်း ဝမ်းသက်နိုင်တယ်။ ဒါကို အခြေခံပြီး မိခင်တွေ အစားရှောင်ရမယ်ဆိုပြီး အယူသီးလာကြတာ အခုထက်ထိပါပဲ။
နို့တိုက်မိခင်တွေ အစားရှောင်တဲ့အခါ ကလေးတွေက လုံလောက်တဲ့ အာဟာရတွေ မရတဲ့အတွက် ကြီးထွားဖွံ့ဖြိုးရာမှာ အဟန့်အတားဖြစ်စေပါတယ်။ ကိုယ်ခံအားတွေကျနိုင်ပြီး မကြာခဏ နှာစေးချောင်းဆိုးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အစားရှောင်လွန်းတဲ့ နို့တိုက်မိခင်တွေရဲ့ ကလေးတွေဟာ ရုတ်တရက် အသံဝင် ၊ အမောဖောက် ၊ အသက်ရှူမြန်ကာ ၊ သတိလစ် တက်ပြီး အသက်ဆုံးတဲ့အထိ ဘေးအန္တရာယ်ဖြစ်စေပါတယ်။ အခုလို ဖြစ်တာကို အရပ်အခေါ်အရ တော့ သူငယ်နာ ဖြစ်တယ်လို့ ခေါ်တယ် ။
သူငယ်နာ ဘာလို့ဖြစ်တာလဲဆိုရင် ဘီဝမ်း ဓာတ် ချို့တဲ့လို့ပါ။ နို့တိုက်မိခင်တွေ အနေနဲ့ ဘီဝမ်း ဓာတ်ပါတဲ့ အစားအသောက်များကို မစားမိတဲ့အခါ ကလေးတွေမှာပါ ဘီဝမ်းချို့တဲ့လာပါတယ်။ အသား၊ငါး စားရင် သန်ထမယ်ဆိုတဲ့ အယူသီးမှုကြောင့် အသားရှောင်က ဘီဝမ်းဓာတ်ချို့တဲ့နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဘီဝမ်း ဓာတ်ဟာ အသား ၊ငါး ၊ကလီစာတွေမှာ ကြွယ်ဝစွာ ပါလို့ပါ ။
ဘီဝမ်းချို့တဲ့ရင် ကလေးတွေမှာ သူငယ်နာဆိုတာ ဖြစ်သလို နို့တိုက် မိခင်တွေမှာလည်း ဘီဝမ်းချို့တဲ့ရင် နုန်းချိ ၊အာရုံစူးစိုက်မှုလျော့ ၊စိတ်ဆတ် စိတ်ကျရောဂါတွေရ ၊နှလုံးရောဂါများဖြစ်နိုင်ပြီး ပြင်းထန်ရင် ဘယ်ရီ ဘယ်ရီ ရောဂါဖြစ်ပွားနိုင်တယ် ။
တချို့ကြပြန်တော့လည်း အသားရှောင်ပြီး ငါးတွေပဲ စားကြပြန်ရော။ တကယ်တော့ ငါးတွေထဲမှာ ငါးလင်ပန်းဆိုတဲ့ ငါးတစ်မျိုးကလွဲလို့ ကျန်တဲ့ ငါးတွေမှာ ဘီဝမ်း ဓာတ်ဟာ မပါသလောက်ပါပဲ။ ဒါကြောင့် ငါးခြောက်တို့ ၊ငါးတို့ ၊ပုစွန်ခြောက်တို့ချည်း စားရင် ဘီဝမ်း ချို့တဲ့နိုင်ဖို့ အခွင့်အလမ်းများပါတယ်။
တကယ်တော့ ဘီဝမ်းဟာ ဇီဝကတို့ စားတဲ့အထဲမှာ ပေါကြွယ်ဝစွာပါ ပါတယ်။ဒါဆိုရင် ငါးခြောက် ၊ငါးပဲစားတဲ့ သူတွေ ဘာလို့ ဘီဝမ်းချို့တဲသလဲပေါ့။ ပြောရရင်တော့ ဘီဝမ်းဟာ ဆန်စေ့နဲ့ အခွံမာကြားမှာ ပေါများစွာတွေ့ရတာ။ ဒါပေမယ့် ဇီဝကတို့ လူမျိုးက ဆန်ဆို ဖွေးမှ ကြိုက်တာကလား။ ဆန်စက်တွေမှာ ကြိတ်စက်နဲ့ တစ်ခါကြိတ် ၊ အိမ်မှာ ချက်ခါနီး ရေနဲ့ အထပ်ထပ် ဖွပ်တော့ ဘီဝမ်းတွေအကုန် ရေစုန်မျောသလို မကျန်သလောက်ပဲ။ ဒါကြောင့် ဘီဝမ်း ချို့တဲ့ကုန်တော့တာပေါ့ ။
ဘီဝမ်းပေါကြွယ်ဝတဲ့ အစားအစာတွေဟာ ဆန် ၊အသား ၊ငါး၊ကလီစာ ၊ပဲအမျိုးမျိုး ၊ဥအမျိုးမျိုး နဲ့အာလူး ၊သြဇာသီး ၊သရက်သီး ၊ကန်စွန်းရွက်၊ကညွန် ၊ပဲပင်ပေါက် ၊ဒန့်သလွန် ၊နံနံပင် ၊မြင်းခွာရွက် စတာတွေပဲဖြစ်ပါတယ်။ နို့တိုက်မိခင်တွေ အနေနဲ့ လျော့သောက်သင့်တယ်။ ဘာလို့လဲ ဆိုရင် ဘီဝမ်းကို အူလမ်းကြောင်းမှ စုပ်ယူရာတွင် ဟန့်တားစေလို့ပါ။
Author : ခေတ်သစ် ဇီဝက