fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ဒီဦးနှောက်စားတဲ့ပြဿနာကို သတိပြုဆင်ခြင်ပါ

24
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/09/2017
in အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

တစ္ေန႔က ဘန္ေကာက္ပိုစ့္ သတင္းစာထဲမွာ သတင္းေဆာင္းပါးေလးတစ္ခု အမွတ္မထင္ ဖတ္လိုက္ရတယ္။ ထိုင္းႏိုင္ငံမွာ ဆယ္ေက်ာ္သက္ မိန္းကေလးေတြ ကိုယ္ဝန္ရွိလာရာက ဦးေႏွာက္စားေစတဲ့ လူမႈေရးျပႆနာအေၾကာင္း ေရးထားတာပါ။ ဒီအေၾကာင္းကိုဖတ္လိုက္ရၿပီးတဲ့ေနာက္မွာ ထိုင္းႏိုင္ငံမွာျဖစ္ရင္ ဒီႏိုင္ငံမွာေရာ မျဖစ္ႏိုင္ဘူးလားဆိုၿပီး ဆယ္ေက်ာ္သက္ မိန္းကေလးေတြအတြက္ ရတက္မေအးျဖစ္ခဲ့ရပါတယ္။

ေဖ့စ္ဘြတ္မွာ တင္ထားတဲ့ ဓာတ္ပုံဟာ ထိုင္းအစိုးရေက်ာင္းေတြမွာ ေက်ာင္းသူေတြ ထားေလ့ရွိတဲ့ ဆံပင္ပုံစံမ်ိဳးနဲ႔ မိန္းကေလးတစ္ေယာက္ဟာ ဆူထြက္ေနတဲ့ သူ႔ဝမ္းဗိုက္ေပၚမွာ သူ႔လက္ႏွစ္ဖက္ကို တင္ထားတယ္။ သူ႔အသက္က (၁၅)ႏွစ္၊ သူ႔မွာကိုယ္ဝန္ရွိေနၿပီ ျဖစ္တယ္။ဆယ္ေက်ာ္သက္အ႐ြယ္ မိခင္တစ္ေယာက္ျဖစ္ရာမွာ ရွက္စရာမဟုတ္ပါဘူးလို႔ ဓာတ္ပုံရဲ႕ ပုံစာမွာေရးထားပါတယ္။ ဒီဓာတ္ပုံက ဆယ္ေက်ာ္သက္အ႐ြယ္ မိန္းကေလး ကိုယ္ဝန္ရွိလာမႈနဲ႔ ေပၚေပါက္လာႏိုင္တဲ့ လူမႈေရးဂယက္႐ိုက္မႈကို ေရွ႕တန္းတင္ေပးလိုက္သလို ရွိေနတယ္။

တစ္ခ်ိဳ႕လူေတြ အတြက္ကေတာ့ ဆယ္ေက်ာ္သက္ ကိုယ္ဝန္ရွိလာတာဟာ အက်င့္စာရိတၱ ယိုယြင္းက်ဆင္းတဲ့ လကၡဏာလို႔ ျမင္ၾကသလို၊တစ္ခ်ိဳ႕ကလည္းဒီလိုျဖစ္လာတာဟာမ်ားလွတဲ့ လူမႈေရး ျပႆနာေတြရဲ႕ အက်ိဳးဆက္ေတြပဲလို႔ ျမင္ၾကတယ္။ ဆင္းရဲမြဲေတမႈ၊ လိင္ကိစၥ ပညာေပးမႈနည္းတာနဲ႔ ေက်ာင္းမွ ပညာတစ္ပိုင္းတစ္စနဲ႔ ေက်ာင္းထြက္လိုက္ရတာေတြ မ်ားလာတာနဲ႔လည္း ဆက္စပ္ေနတယ္လို႔ ယုံၾကည္ၾကတယ္။ အက်င့္စာရိတၱ၊ ကေလးေသဆုံးမႈနဲ႔ ကိုယ္ဝန္ဖ်က္ခ်တဲ့ ေဆးဘက္ဆိုင္ရာနဲ႔ က်န္းမာေရးဆိုင္ရာ ျပႆနာကို ၫႊန္ျပေနတယ္။

“ကြၽန္မကိုယ္ဝန္ရွိရင္ မွားတယ္။ ကိုယ္ဝန္ဖ်က္ခ်ရင္လည္း ကြၽန္မမွားတယ္။ ကိုယ္ကိုယ္တိုင္ မႀကဳံဖူးရင္ နားလည္ဖို႔ ခက္တယ္”လို႔ဆယ္ေက်ာ္သက္မိခင္တစ္ဦးျဖစ္သူ ထိုင္းလူမ်ိဳး Supichya က ဒီကိစၥနဲ႔ ပတ္သက္လို႔ တီဗြီအစီအစဥ္တစ္ခုမွာ ေျပာခဲ့တယ္။အရင္မ်ိဳးဆက္ေတြတုန္းက အမ်ိဳးသမီးေတြဟာ (၁၅ – ၁၆)ႏွစ္မွာ မိသားစု တည္ေထာင္ၾကတယ္။ အဲဒီအခ်ိန္တုန္းက မိခင္ေတြနဲ႔ ေမြးကင္းစက   ေလးေတြရဲ႕ ေသဆုံးမႈႏႈန္းဟာ အခုခ်ိန္ထက္ ပိုၿပီးျမင့္မားခဲ့တယ္လို႔ ယူနီဆက္(ထိုင္းႏိုင္ငံ)က HIV/AIDS အရာရွိ Sirirath Chunnasart ကေျပာတယ္။

ေမြးခ်ိန္မွာ ကေလးေပါင္ခ်ိန္မျပည့္တာ၊ အခ်ိန္မတိုင္မီ မီးဖြားတာ၊ မီးဖြားစဥ္ျဖစ္ေပၚလာတဲ့ အခက္အခဲေတြ ဒီအခ်က္ေတြဟာ ဆယ္ေက်ာ္သက္မိခင္ေတြနဲ႔ သူတို႔ရဲ႕ ကေလးေတြရဲ႕ က်န္းမာေရးအေပၚ တာရွည္သက္ေရာက္မႈေတြ ရွိႏိုင္တယ္။ က်န္းမာေရးကိစၥေတြမွာတင္ ျပႆနာရွိတာမဟုတ္ဘူး။ ကိုယ္ဝန္ရွိတဲ့ မိန္းကေလးေတြအၾကား ေက်ာင္းတစ္ပိုင္းတစ္စနဲ႔ ထြက္လာၾကရတဲ့ႏႈန္း ျမင့္မားတာကလည္း ကြၽန္ေတာ္တို႔ စိုးရိမ္တာေတြထဲမွာ တစ္ခုျဖစ္တယ္။ ပညာမရွိရင္ စီးပြားေရး အလားအလာကလည္း နည္းသြားတယ္လို႔ Sirirath က ေျပာတယ္။

ဆယ္ေက်ာ္သက္ ကိုယ္ဝန္ရွိတာကိုအသက္(၂၀)ေအာက္ မိန္းကေလးေတြ၊ အမ်ားအားျဖင့္(၁၅ – ၁၉)ႏွစ္ၾကားကိုၫႊန္းတယ္။ Sirirath ရဲ႕ အေျပာအရအမ်ိဳးသမီးခႏၶာကိုယ္ဟာမီးဖြားဖို႔အတြက္ အျပည့္အဝ မဖြံ႕ၿဖိဳးေသးဘူး။ ဒါေၾကာင့္လည္း ကာယပိုင္းမွာ အခက္အခဲေတြ ေပၚေပါက္လာႏိုင္တာ ျဖစ္တယ္။ ႏိုင္ငံရဲ႕ႀကီးထြားမႈႏႈန္းကို လူဦးေရအတြင္း ဘဝရဲ႕ အရည္အေသြးက ဆုံးျဖတ္တယ္။ ခြၽတ္ၿခဳံက်ေနတဲ့ ဆယ္ေက်ာ္သက္ မိခင္ေတြ ပညာေရးစနစ္ကေန ထုတ္ပယ္ခံထားရရင္ အနာဂတ္မွာ အလုပ္အကိုင္ အခြင့္အလမ္းေတြ ဆုံးရႈံးမွာျဖစ္ၿပီး စီးပြားေရးမွာ ဘာမွပါဝင္ႏိုင္မွာ မဟုတ္ဘူး။

ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာနက စုေဆာင္းခဲ့တဲ့အခ်က္အလက္ေတြအရ ၂၀၁၅ – ၂၀၁၆ ခုႏွစ္ေတြအတြင္း ထိုင္းႏိုင္ငံမွာ အသက္ (၁၅ – ၁၉)ၾကား အမ်ိဳးသမီးအေယာက္ (၁၀၀၀)တြင္ (၅၁)ေယာက္ဟာ မိခင္ျဖစ္လာတယ္။ ျပည့္စုံတဲ့မိသားစုေတြထဲမွာ ဆယ္ေက်ာ္သက္ အေယာက္(၁၀၀၀)တြင္(၈၂)ေယာက္အထိ ျမင့္တက္လာတယ္။အဓိပၸာယ္ကေတာ့ အဆင့္ျမင့္ပညာေရးနဲ႔ အလုပ္အကိုင္ အခြင့္အလမ္းေတြ မရွိရင္ မိခင္ငယ္နဲ႔ သူတို႔ရဲ႕ကေလးေတြဟာ အၿမဲဆင္းရဲမြဲေတေနဖို႔ မ်ားတယ္။

ဆင္းရဲမြဲေတမႈဟာ မိသားစု ျပႆနာတင္ မဟုတ္ဘူး။ ႏိုင္ငံေပၚမွာ ႀကီးမားတဲ့ အတိုင္းအတာနဲ႔ သက္ေရာက္မႈ ရွိႏိုင္တယ္။ ကိန္းဂဏန္းေတြအရ ၂၀၁၅ ခုႏွစ္တြင္ ေမြးကင္းစ ကေလးစုစုေပါင္း (၆၇၉၆၀၂)ေယာက္ရွိခဲ့ရာ ကေလး (၁၀၄၂၈၉)ေယာက္မိခင္ေတြဟာ ဆယ္ေက်ာ္သက္ မိန္းကေလးေတြ ျဖစ္ၾကတယ္။ ဒါ ဘာကိုျပသလဲဆိုရင္ ၂၀၁၅ ခုႏွစ္တြင္ ထိုင္းႏိုင္ငံမွာ ေမြးဖြားခဲ့တဲ့ ကေလး   ေတြရဲ႕ (၁၅.၃) ရာခိုင္ႏႈန္းဟာ ဆယ္ေက်ာ္သက္မိခင္ေတြက ေမြးဖြားခဲ့တာျဖစ္ၿပီး ၂၀၀၃ ခုႏွစ္ ကထက္ (၁၂.၉) ရာခိုင္ႏႈန္း တိုးလာခဲ့တယ္။

Chiang Rai ေဒသက Dai အမည္ရွိတဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ ထိုင္းမိခင္ဟာ သူအသက္ (၁၇)ႏွစ္က ကေလးရရွိခဲ့တဲ့အေတြ႕အႀကဳံကို ဒီလိုေျပာျပခဲ့တယ္။ လူအမ်ားတြက္ၾကသလို ဆယ္ေက်ာ္သက္ ကိုယ္ဝန္ရွိျခင္းဟာ မေတာ္တဆ ရခဲ့တာမဟုတ္ဘူး။ဒီဆုံးျဖတ္မႈက သူ႔ေယာက်္ားေလးရဲ႕မိခင္အေပၚ မူတည္ခဲ့တယ္လို႔ ဆိုတယ္။ သားျဖစ္သူကို မိခင္က သူ႔အတြက္ ကေလးရေစခ်င္ခဲ့တာေၾကာင့္ ျဖစ္တယ္။ ဒီကိစၥမွာ မိသားစုတစ္ခုဟာ ကြဲျပားတဲ့ရႈေထာင့္နဲ႔ ၾကည့္ၾကတယ္။ ကြၽန္မကိစၥမွာေတာ့ ေယာက်္ားေလးသူငယ္ခ်င္းနဲ႔ ကြၽန္မႏွစ္ဦးသေဘာတူ ကေလးယူဖို႔ ဆုံးျဖတ္ခဲ့ၾကတယ္။ ကြၽန္မငယ္ငယ္ကထဲက မိဘေတြကြယ္လြန္သြားခဲ့တာေၾကာင့္ ကေလးကို အခက္အခဲေတြၾကားထဲက ေကြၽးေမြးၾကည့္ရႈ႕ေစာင့္ေရွာက္ခဲ့ရတယ္။

ရည္႐ြယ္ၿပီး ကိုယ္ဝန္ရွိတာျဖစ္ေစ၊ မရည္႐ြယ္ဘဲနဲ႔ ကိုယ္ဝန္ရတာျဖစ္ေစ သူတို႔ကို ကူူညီရာမေရာက္ဘူး။ ႀကီးမားတဲ့ ျပႆနာရဲ႕ အစြန္းကေလးသာရွိၿပီး မိန္းကေလးတစ္ေယာက္မကထက္ပိုၿပီး ပတ္သက္ေနတယ္။ ဒီျပႆနာကို ထိေရာက္စြာ ကိုင္တြယ္ဖို႔ကေတာ့ ဇစ္ျမစ္ျဖစ္တဲ့ ဆင္းရဲမြဲေတမႈနဲ႔ လူမႈေရးမညီမွ်မႈကို ၾကည့္ဖို႔လိုအပ္တယ္လို႔ UNICEF က အေလးအနက္ေျပာထားတယ္။ သင့္တင့္     ေလ်ာက္ပတ္တဲ့ အသက္အ႐ြယ္ လိင္ကိစၥ ပညာေရးဟာ အေရးႀကီးၿပီး တစ္ၿပိဳင္နက္ အေကာင္အထည္ေဖာ္ဖို႔ လိုအပ္တယ္။

နယ္သာလန္နဲ႔ ဒိန္းမတ္တို႔ကို ႏိုင္ငံေတြမွာ ဆယ္ေက်ာ္သက္မိန္းကေလး ကိုယ္ဝန္ရွိလာျခင္းမွ ကာကြယ္ဖို႔ ျပည့္စုံတဲ့ လိင္ကိစၥပညာေပးျခင္းဟာ အေရးႀကီးတယ္။ ဒါ့အျပင္ လိင္ကတစ္ဆင့္ ကူးစက္တဲ့ ေရာဂါႏႈန္းေတြလည္း ေလ်ာ့က်လာတယ္။ထိုင္းႏိုင္ငံရင္ဆိုင္ေနရတဲ့ ပိုၿပီးႀကီးမားတဲ့ စိန္ေခၚမႈကေတာ့လိင္ကိစၥဟာ ရွက္ဖြယ္ေကာင္းတဲ့ ကိစၥျဖစ္ၿပီး လူငယ္ေတြနဲ႔ မေဆြးေႏြးသင့္ဘူးဆိုတဲ့ သေဘာထားပဲ ျဖစ္တယ္။

အဲဒါေၾကာင့္ ထိုင္းေက်ာင္းေတြက လိင္ပညာေပးမႈ သင္တန္းေတြဟာ ထင္ျမင္ခ်က္ေတြမွာသာ အေလးသာတာေၾကာင့္ ေက်ာင္းသားေတြရဲ႕ လိင္ကိစၥဆိုင္ရာ ဗဟုသုတဟာလည္း ဟိုမေရာက္သည္မ   ေရာက္ ျဖစ္ၾကရတယ္။ သခြားသီးကို ကြန္ဒုံးစြပ္ျပတာ၊ ကိုယ္ဝန္တားနည္း၊ ေဆးဘယ္လိုေသာက္ရမလဲဆိုတဲ့ လက္ေတြ႕က်တဲ့နည္းေတြကို အေသအခ်ာသင္ေပးတဲ့ ေက်ာင္းအနည္းငယ္သာ ရွိတယ္။

ေစာေစာက ေျပာခဲ့တဲ့ Chiang Rai ေဒသက Dai အတြက္ကေတာ့ အေတြ႕အႀကဳံဟာ သူ႔အတြက္ အေကာင္းဆုံးပညာေပးမႈပဲ ျဖစ္တယ္။ သူဟာ ကေလးယူဖို႔ ဆုံးျဖတ္ခဲ့တယ္။ ကေလးတစ္ေယာက္ ေကြၽးေမြးေစာင့္ေရွာက္ရတဲ့ အခက္အခဲေတြဟာ ငယ္တဲ့မိခင္ေတြ တာဝန္မဲ့တယ္လို႔ မၾကာခဏအျမင္ခံရတဲ့ အမည္းစက္ေၾကာင့္ ပိုဆိုးေစခဲ့တယ္။

ကြၽန္မကေလးကို ပစ္မထားဘူး။ ကေလးကို ေကြၽးေမြးျပဳစုေစာင့္ေရွာက္ဖို႔ လိုအပ္တာအားလုံး လုပ္ေပးမယ္။ မိန္းကေလးတစ္ေယာက္ဟာ ေယာက်္ားေလးနဲ႔တြဲေနရင္ေတာ့စိတ္လႈပ္ရွားမႈ အာ႐ုံေနာက္ကို မလိုက္နဲ႔။ လူေတြရဲ႕ မႏွစ္ၿမိဳ႕တဲ့ အၾကည့္မ်ိဳးမခံရေအာင္လို႔ သေႏၶတားေဆးနဲ႔ ကြန္ဒုံးကို သုံးပါလို႔ Dai ေျပာတယ္။

Author : ေမာင္ခ်မ္းသာ, Healthcare Journal , vol 8, no 29 (4.8.17)

(Unicode)

တစ်နေ့က ဘန်ကောက်ပိုစ့် သတင်းစာထဲမှာ သတင်းဆောင်းပါးလေးတစ်ခု အမှတ်မထင် ဖတ်လိုက်ရတယ်။ ထိုင်းနိုင်ငံမှာ ဆယ်ကျော်သက် မိန်းကလေးတွေ ကိုယ်ဝန်ရှိလာရာက ဦးနှောက်စားစေတဲ့ လူမှုရေးပြဿနာအကြောင်း ရေးထားတာပါ။ ဒီအကြောင်းကိုဖတ်လိုက်ရပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံမှာဖြစ်ရင် ဒီနိုင်ငံမှာရော မဖြစ်နိုင်ဘူးလားဆိုပြီး ဆယ်ကျော်သက် မိန်းကလေးတွေအတွက် ရတက်မအေးဖြစ်ခဲ့ရပါတယ်။

ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ ဓာတ်ပုံဟာ ထိုင်းအစိုးရကျောင်းတွေမှာ ကျောင်းသူတွေ ထားလေ့ရှိတဲ့ ဆံပင်ပုံစံမျိုးနဲ့ မိန်းကလေးတစ်ယောက်ဟာ ဆူထွက်နေတဲ့ သူ့ဝမ်းဗိုက်ပေါ်မှာ သူ့လက်နှစ်ဖက်ကို တင်ထားတယ်။ သူ့အသက်က (၁၅)နှစ်၊ သူ့မှာကိုယ်ဝန်ရှိနေပြီ ဖြစ်တယ်။ဆယ်ကျော်သက်အရွယ် မိခင်တစ်ယောက်ဖြစ်ရာမှာ ရှက်စရာမဟုတ်ပါဘူးလို့ ဓာတ်ပုံရဲ့ ပုံစာမှာရေးထားပါတယ်။ ဒီဓာတ်ပုံက ဆယ်ကျော်သက်အရွယ် မိန်းကလေး ကိုယ်ဝန်ရှိလာမှုနဲ့ ပေါ်ပေါက်လာနိုင်တဲ့ လူမှုရေးဂယက်ရိုက်မှုကို ရှေ့တန်းတင်ပေးလိုက်သလို ရှိနေတယ်။

တစ်ချို့လူတွေ အတွက်ကတော့ ဆယ်ကျော်သက် ကိုယ်ဝန်ရှိလာတာဟာ အကျင့်စာရိတ္တ ယိုယွင်းကျဆင်းတဲ့ လက္ခဏာလို့ မြင်ကြသလို၊တစ်ချို့ကလည်းဒီလိုဖြစ်လာတာဟာများလှတဲ့ လူမှုရေး ပြဿနာတွေရဲ့ အကျိုးဆက်တွေပဲလို့ မြင်ကြတယ်။ ဆင်းရဲမွဲတေမှု၊ လိင်ကိစ္စ ပညာပေးမှုနည်းတာနဲ့ ကျောင်းမှ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်ရတာတွေ များလာတာနဲ့လည်း ဆက်စပ်နေတယ်လို့ ယုံကြည်ကြတယ်။ အကျင့်စာရိတ္တ၊ ကလေးသေဆုံးမှုနဲ့ ကိုယ်ဝန်ဖျက်ချတဲ့ ဆေးဘက်ဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာကို ညွှန်ပြနေတယ်။

“ကျွန်မကိုယ်ဝန်ရှိရင် မှားတယ်။ ကိုယ်ဝန်ဖျက်ချရင်လည်း ကျွန်မမှားတယ်။ ကိုယ်ကိုယ်တိုင် မကြုံဖူးရင် နားလည်ဖို့ ခက်တယ်”လို့ဆယ်ကျော်သက်မိခင်တစ်ဦးဖြစ်သူ ထိုင်းလူမျိုး Supichya က ဒီကိစ္စနဲ့ ပတ်သက်လို့ တီဗွီအစီအစဉ်တစ်ခုမှာ ပြောခဲ့တယ်။အရင်မျိုးဆက်တွေတုန်းက အမျိုးသမီးတွေဟာ (၁၅ – ၁၆)နှစ်မှာ မိသားစု တည်ထောင်ကြတယ်။ အဲဒီအချိန်တုန်းက မိခင်တွေနဲ့ မွေးကင်းစက   လေးတွေရဲ့ သေဆုံးမှုနှုန်းဟာ အခုချိန်ထက် ပိုပြီးမြင့်မားခဲ့တယ်လို့ ယူနီဆက်(ထိုင်းနိုင်ငံ)က HIV/AIDS အရာရှိ Sirirath Chunnasart ကပြောတယ်။

မွေးချိန်မှာ ကလေးပေါင်ချိန်မပြည့်တာ၊ အချိန်မတိုင်မီ မီးဖွားတာ၊ မီးဖွားစဉ်ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေ ဒီအချက်တွေဟာ ဆယ်ကျော်သက်မိခင်တွေနဲ့ သူတို့ရဲ့ ကလေးတွေရဲ့ ကျန်းမာရေးအပေါ် တာရှည်သက်ရောက်မှုတွေ ရှိနိုင်တယ်။ ကျန်းမာရေးကိစ္စတွေမှာတင် ပြဿနာရှိတာမဟုတ်ဘူး။ ကိုယ်ဝန်ရှိတဲ့ မိန်းကလေးတွေအကြား ကျောင်းတစ်ပိုင်းတစ်စနဲ့ ထွက်လာကြရတဲ့နှုန်း မြင့်မားတာကလည်း ကျွန်တော်တို့ စိုးရိမ်တာတွေထဲမှာ တစ်ခုဖြစ်တယ်။ ပညာမရှိရင် စီးပွားရေး အလားအလာကလည်း နည်းသွားတယ်လို့ Sirirath က ပြောတယ်။

ဆယ်ကျော်သက် ကိုယ်ဝန်ရှိတာကိုအသက်(၂၀)အောက် မိန်းကလေးတွေ၊ အများအားဖြင့်(၁၅ – ၁၉)နှစ်ကြားကိုညွှန်းတယ်။ Sirirath ရဲ့ အပြောအရအမျိုးသမီးခန္ဓာကိုယ်ဟာမီးဖွားဖို့အတွက် အပြည့်အဝ မဖွံ့ဖြိုးသေးဘူး။ ဒါကြောင့်လည်း ကာယပိုင်းမှာ အခက်အခဲတွေ ပေါ်ပေါက်လာနိုင်တာ ဖြစ်တယ်။ နိုင်ငံရဲ့ကြီးထွားမှုနှုန်းကို လူဦးရေအတွင်း ဘဝရဲ့ အရည်အသွေးက ဆုံးဖြတ်တယ်။ ချွတ်ခြုံကျနေတဲ့ ဆယ်ကျော်သက် မိခင်တွေ ပညာရေးစနစ်ကနေ ထုတ်ပယ်ခံထားရရင် အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးမှာဖြစ်ပြီး စီးပွားရေးမှာ ဘာမှပါဝင်နိုင်မှာ မဟုတ်ဘူး။

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက စုဆောင်းခဲ့တဲ့အချက်အလက်တွေအရ ၂၀၁၅ – ၂၀၁၆ ခုနှစ်တွေအတွင်း ထိုင်းနိုင်ငံမှာ အသက် (၁၅ – ၁၉)ကြား အမျိုးသမီးအယောက် (၁၀၀၀)တွင် (၅၁)ယောက်ဟာ မိခင်ဖြစ်လာတယ်။ ပြည့်စုံတဲ့မိသားစုတွေထဲမှာ ဆယ်ကျော်သက် အယောက်(၁၀၀၀)တွင်(၈၂)ယောက်အထိ မြင့်တက်လာတယ်။အဓိပ္ပာယ်ကတော့ အဆင့်မြင့်ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိရင် မိခင်ငယ်နဲ့ သူတို့ရဲ့ကလေးတွေဟာ အမြဲဆင်းရဲမွဲတေနေဖို့ များတယ်။

ဆင်းရဲမွဲတေမှုဟာ မိသားစု ပြဿနာတင် မဟုတ်ဘူး။ နိုင်ငံပေါ်မှာ ကြီးမားတဲ့ အတိုင်းအတာနဲ့ သက်ရောက်မှု ရှိနိုင်တယ်။ ကိန်းဂဏန်းတွေအရ ၂၀၁၅ ခုနှစ်တွင် မွေးကင်းစ ကလေးစုစုပေါင်း (၆၇၉၆၀၂)ယောက်ရှိခဲ့ရာ ကလေး (၁၀၄၂၈၉)ယောက်မိခင်တွေဟာ ဆယ်ကျော်သက် မိန်းကလေးတွေ ဖြစ်ကြတယ်။ ဒါ ဘာကိုပြသလဲဆိုရင် ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ကလေး   တွေရဲ့ (၁၅.၃) ရာခိုင်နှုန်းဟာ ဆယ်ကျော်သက်မိခင်တွေက မွေးဖွားခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ် ကထက် (၁၂.၉) ရာခိုင်နှုန်း တိုးလာခဲ့တယ်။

Chiang Rai ဒေသက Dai အမည်ရှိတဲ့ အသက် ၁၈ နှစ်အရွယ် ထိုင်းမိခင်ဟာ သူအသက် (၁၇)နှစ်က ကလေးရရှိခဲ့တဲ့အတွေ့အကြုံကို ဒီလိုပြောပြခဲ့တယ်။ လူအများတွက်ကြသလို ဆယ်ကျော်သက် ကိုယ်ဝန်ရှိခြင်းဟာ မတော်တဆ ရခဲ့တာမဟုတ်ဘူး။ဒီဆုံးဖြတ်မှုက သူ့ယောကျ်ားလေးရဲ့မိခင်အပေါ် မူတည်ခဲ့တယ်လို့ ဆိုတယ်။ သားဖြစ်သူကို မိခင်က သူ့အတွက် ကလေးရစေချင်ခဲ့တာကြောင့် ဖြစ်တယ်။ ဒီကိစ္စမှာ မိသားစုတစ်ခုဟာ ကွဲပြားတဲ့ရှုထောင့်နဲ့ ကြည့်ကြတယ်။ ကျွန်မကိစ္စမှာတော့ ယောကျ်ားလေးသူငယ်ချင်းနဲ့ ကျွန်မနှစ်ဦးသဘောတူ ကလေးယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်မငယ်ငယ်ကထဲက မိဘတွေကွယ်လွန်သွားခဲ့တာကြောင့် ကလေးကို အခက်အခဲတွေကြားထဲက ကျွေးမွေးကြည့်ရှု့စောင့်ရှောက်ခဲ့ရတယ်။

ရည်ရွယ်ပြီး ကိုယ်ဝန်ရှိတာဖြစ်စေ၊ မရည်ရွယ်ဘဲနဲ့ ကိုယ်ဝန်ရတာဖြစ်စေ သူတို့ကို ကူူညီရာမရောက်ဘူး။ ကြီးမားတဲ့ ပြဿနာရဲ့ အစွန်းကလေးသာရှိပြီး မိန်းကလေးတစ်ယောက်မကထက်ပိုပြီး ပတ်သက်နေတယ်။ ဒီပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖို့ကတော့ ဇစ်မြစ်ဖြစ်တဲ့ ဆင်းရဲမွဲတေမှုနဲ့ လူမှုရေးမညီမျှမှုကို ကြည့်ဖို့လိုအပ်တယ်လို့ UNICEF က အလေးအနက်ပြောထားတယ်။ သင့်တင့်     လျောက်ပတ်တဲ့ အသက်အရွယ် လိင်ကိစ္စ ပညာရေးဟာ အရေးကြီးပြီး တစ်ပြိုင်နက် အကောင်အထည်ဖော်ဖို့ လိုအပ်တယ်။

နယ်သာလန်နဲ့ ဒိန်းမတ်တို့ကို နိုင်ငံတွေမှာ ဆယ်ကျော်သက်မိန်းကလေး ကိုယ်ဝန်ရှိလာခြင်းမှ ကာကွယ်ဖို့ ပြည့်စုံတဲ့ လိင်ကိစ္စပညာပေးခြင်းဟာ အရေးကြီးတယ်။ ဒါ့အပြင် လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါနှုန်းတွေလည်း လျော့ကျလာတယ်။ထိုင်းနိုင်ငံရင်ဆိုင်နေရတဲ့ ပိုပြီးကြီးမားတဲ့ စိန်ခေါ်မှုကတော့လိင်ကိစ္စဟာ ရှက်ဖွယ်ကောင်းတဲ့ ကိစ္စဖြစ်ပြီး လူငယ်တွေနဲ့ မဆွေးနွေးသင့်ဘူးဆိုတဲ့ သဘောထားပဲ ဖြစ်တယ်။

အဲဒါကြောင့် ထိုင်းကျောင်းတွေက လိင်ပညာပေးမှု သင်တန်းတွေဟာ ထင်မြင်ချက်တွေမှာသာ အလေးသာတာကြောင့် ကျောင်းသားတွေရဲ့ လိင်ကိစ္စဆိုင်ရာ ဗဟုသုတဟာလည်း ဟိုမရောက်သည်မ   ရောက် ဖြစ်ကြရတယ်။ သခွားသီးကို ကွန်ဒုံးစွပ်ပြတာ၊ ကိုယ်ဝန်တားနည်း၊ ဆေးဘယ်လိုသောက်ရမလဲဆိုတဲ့ လက်တွေ့ကျတဲ့နည်းတွေကို အသေအချာသင်ပေးတဲ့ ကျောင်းအနည်းငယ်သာ ရှိတယ်။

စောစောက ပြောခဲ့တဲ့ Chiang Rai ဒေသက Dai အတွက်ကတော့ အတွေ့အကြုံဟာ သူ့အတွက် အကောင်းဆုံးပညာပေးမှုပဲ ဖြစ်တယ်။ သူဟာ ကလေးယူဖို့ ဆုံးဖြတ်ခဲ့တယ်။ ကလေးတစ်ယောက် ကျွေးမွေးစောင့်ရှောက်ရတဲ့ အခက်အခဲတွေဟာ ငယ်တဲ့မိခင်တွေ တာဝန်မဲ့တယ်လို့ မကြာခဏအမြင်ခံရတဲ့ အမည်းစက်ကြောင့် ပိုဆိုးစေခဲ့တယ်။

ကျွန်မကလေးကို ပစ်မထားဘူး။ ကလေးကို ကျွေးမွေးပြုစုစောင့်ရှောက်ဖို့ လိုအပ်တာအားလုံး လုပ်ပေးမယ်။ မိန်းကလေးတစ်ယောက်ဟာ ယောကျ်ားလေးနဲ့တွဲနေရင်တော့စိတ်လှုပ်ရှားမှု အာရုံနောက်ကို မလိုက်နဲ့။ လူတွေရဲ့ မနှစ်မြို့တဲ့ အကြည့်မျိုးမခံရအောင်လို့ သန္ဓေတားဆေးနဲ့ ကွန်ဒုံးကို သုံးပါလို့ Dai ပြောတယ်။

Author : မောင်ချမ်းသာ, Healthcare Journal , vol 8, no 29 (4.8.17)

Previous Post

နား ကျန်းမာရေး ဂရုစိုက်ပေး

Next Post

ခြင်မကိုက်အောင် လိမ်းတဲ့ဆေး စနစ်တကျ လိမ်းတတ်ပြီလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခြင်မကိုက်အောင် လိမ်းတဲ့ဆေး စနစ်တကျ လိမ်းတတ်ပြီလား

သိထားသင့်တဲ့ စိတ်ဓာတ်ကျမှု အပိုင်း (၁)

သိထားသင့်တဲ့ စိတ်ဓာတ်ကျမှု အပိုင်း (၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.