fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးများ တစ်ကိုယ်ရေသန့်ရှင်းရေး (အပိုင်း ၂)

46
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/09/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ဗဂ်ိဳင္းနားအနံ႔ဆိုးတာ

အနံ႔ဆိုးက ေတာ္ေတာ္နဲ႔ မေပ်ာက္ေသးရင္ စိတ္ဖိစီးမႈ ရွိလာတတ္တယ္။ လူေတာသူေတာ တိုးဖို႔ရာမွာ အခက္အခဲ ရွိလာႏိုင္ပါတယ္။ တစ္ကိုယ္ေရ သန႔္ရွင္းမႈ နည္းလို႔လားဆိုၿပီး သန႔္ရွင္းေရးကို ပိုလုပ္ပါလိမ့္မယ္။ သန႔္ရွင္းေရးလုပ္ရာမွာ သတိထားစရာေတြ ရွိတယ္။ ေဆးဆိုင္ေတြက ေဆးေၾကာရည္တိုင္းက ေနရာတိုင္းအတြက္ မသုံးသင့္ပါ။ ပိုးရွိသမွ်ကို ေသေစတာ မေကာင္းပါ။ ကိုယ္ထဲ၊ ကိုယ္ေပၚမွာ ပိုး ဆိုတာေတြ အၿမဲရွိေနတယ္။ သူ႔ေရာမွာ သူ႔အမ်ိဳးအစား ရွိေနတာက ေကာင္းတယ္။ ရွိသင့္တာေတြကို ရွင္းလိုက္ရင္ မွ်ေျခပ်က္မယ္။

ဗဂ်ိဳင္းနားကို ပိုးေသေဆးနဲ႔ ေဆးလို႔ မႈိ(ဖန္းဂတ္စ္) ပိုး ဝင္လာႏိုင္တယ္။ (ဗဂ်ိဳင္းနာဖလိုရာ) ဆိုတာ သူ႔ဖာသူရွိေနသင့္တဲ့ ပိုးေတြကိုေခၚတယ္။ မိုက္ခ႐ိုဖီးလစ္ ဗက္တီးရီးယားေတြ အမ်ားႀကီးရွိတယ္။ (လက္တိုဗက္ဆီးလိုင္) ဆိုတာေတြက အဓိကက်တယ္။ အကာအကြယ္ေပးေနတဲ့ ပိုးမ်ိဳးသာျဖစ္တယ္။ အက္စစ္ဓာတ္ကို ထိန္းေပးတယ္။ ဒါေၾကာင့္ ဗဂ်ိဳင္းနားကို လိုတာထက္ပိုၿပီး ေဆးေၾကာရင္ ဒီအက္စစ္ဓာတ္ အေျခအေနေျပာင္းသြားၿပီး ပိုးသစ္ေတြ ဝင္လာေစႏိုင္တယ္။ အသစ္ဝင္တဲ့ပိုးေတြကို ေရာဂါရေစတဲ့ပိုးေတြလို႔ေခၚတယ္။

ဆရာဝန္မလိုတဲ့ အေထာက္အကူ နည္းေတြ

အလြန္အကြၽံ ေဆးေၾကာျခင္း၊ ေဆးျဖန္းၿပီး ေဆးေၾကာျခင္း၊ အဝတ္အစား တင္းၾကပ္ေနေအာင္ ဝတ္ဆင္ျခင္း၊ ဓါတုေဆးေတြ ဥပမာ အေမႊးအႀကိဳင္ပါတဲ့ ေဆးေၾကာရည္၊ ပိုးေသေဆးဆပ္ျပာေတြသုံးေနရာကေန ဗဂ်ိဳင္းနားေရာင္တာနဲ႔ မႈိပိုးဝင္တာေတြ ျဖစ္ေစႏိုင္တယ္။

ကိုယ္ဝန္တားနည္း၊ ဗဂ်ိဳင္းနားထဲ ပစၥည္းထည့္ထားတာ၊ အသြင္းအထုတ္လုပ္တာ၊ အတူေနတာမွာ စအိုလမ္းနည္းကို ဗဂ်ိဳင္းနား၊ လမ္းနည္းနဲ႔တြဲၿပီး ဆက္ဆံတာ၊ အိမ္ေထာင္သည္ေတြ အတူေနၿပီးတဲ့ေနာက္ ဆီးသြားတဲ့ အေလ့အက်င့္ လုပ္သင့္တယ္။

ဗဂ်ိဳင္းနားထဲကို အသစ္ဝင္လာတဲ့ ပိုးေတြက ဆီးလမ္းကို ေရာက္လာမွာကို တားရာေရာက္တယ္။ ဒါေၾကာင့္ မဂၤလာေဆာင္ကာစ သတို႔သမီး အေတာ္မ်ားမ်ားမွာ ဟန္းနီးမြန္း ဆီးေအာင့္တာ ျဖစ္ၾကရတယ္။ မိန္းကေလးတိုင္း ကိုယ္နံ႔ မတူတတ္တာထဲမွာ ဒီေနရာက အနံ႔လဲပါတယ္။ သဘာဝပါ။ ရာသီဆင္းခ်ိန္မွာလဲ အနံ႔မတူ ျဖစ္လာႏိုင္တယ္။ ဆင္းတဲ့ရာသီေသြးက ေဟာင္းေနတာဆိုရင္ တစ္မ်ိဳးျဖစ္ႏိုင္တယ္။ ေမ့ေလွ်ာ့ၿပီး ရာသီလာတုံးသုံးတဲ့ Tampon ကို မထုတ္ဘဲ ထားမိရင္လဲ ျဖစ္တတ္တယ္။

စည္ပိုင္းထဲ စိမ္ခ်ိဳးတာထက္ေရကို အေပၚကေန ေလာင္းခ်နည္းက ေကာင္းတယ္။ ေရမေျခာက္ေသးခင္ အတြင္းခံ မဝတ္ပါနဲ႔။ မႈိပိုးေတြက စိုထိုင္းတာကို ပိုႀကိဳက္ၾကတယ္။ ေခါင္းေလွ်ာ္တာကို သီးသန႔္လုပ္ပါ။ တခ်ိဳ႕ေခါင္းေလွ်ာ္ရည္က ကိုယ္နဲ႔မသင့္တာ ျဖစ္ႏိုင္တယ္။ ဆပ္ျပာ၊ ေရေမႊး၊ ေခြၽးနံ႔ေပ်ာက္ေဆးေတြက ကိုယ္နဲ႔မသင့္ သတိထားပါ။ လိုမယ္ထင္ရင္ ေျပာင္းသုံးပါ။ မသုံးဘဲ ေနလို႔ရရင္ မသုံးပါနဲ႔။

(ေရာဂတ္) ဒိန္ခ်ဥ္ စားေပးသင့္တယ္။ (ကြန္ဒုံး)မွာ သုက္ပိုးသတ္ေဆးလဲ တြဲထားတာဆိုရင္ ကိုယ္နဲ႔ သင့္မသင့္ၾကည့္ပါ။ ဆီးစပ္ေမႊး မရိတ္ပါနဲ႔၊ စိတ္ဖိအားမ်ားေနရင္ ေလွ်ာ့ခ်ပါ။ ကိုယ္အေလးခ်ိန္မ်ားေနရင္ ေလွ်ာ့ခ်ပါ။ အတြင္းအဂၤါေနရာ သန႔္ရွင္းေရးလုပ္ရင္ (ထိုင္ေနတဲ့ အေနအထားမွာ) လက္ကိုေရွ႕ကေန ေနာက္ဖက္ဆီသာ တလမ္းသြား လႈပ္ရွားပါ။

(ေကာ္တြန္) ၁၀၀% ခပ္ေခ်ာင္ေခ်ာင္ကိုသာ ဝတ္ဆင္ပါ။ အၾကပ္ေတြ မဝတ္ပါနဲ႔။ အတြင္းခံကို ေန႔တိုင္းလဲလွယ္ပါ။ စိုထိုင္းတာမ်ားရင္ တစ္ေန႔တစ္ခါမကလဲပါ။ ေနလို႔ရတဲ့ ေနရာအခ်ိန္ေတြမွာ အတြင္းခံမဝတ္ဘဲေနပါ။ ေလသလပ္ခံပါ။ ေရနဲ႔ ေန႔တိုင္း မိန္းမကိုယ္ကို အသာအယာေဆးေၾကာပါ။ Feminine hygiene sprays and douches ကိရိယာေတြ၊ အသုံးအေဆာင္ေတြ မသုံးဘဲသာ ေဆးပါ။ ေမႊးေစလိုရင္ တျခားေနရာမွာသာ ေရေမႊးသုံးပါ။

Author: Dr.တင့္ေဆြ, Healthcare Journal, vol 8,no 29 (4.8.17)

 

(Unicode)

ဗဂျိုင်းနားအနံ့ဆိုးတာ

အနံ့ဆိုးက တော်တော်နဲ့ မပျောက်သေးရင် စိတ်ဖိစီးမှု ရှိလာတတ်တယ်။ လူတောသူတော တိုးဖို့ရာမှာ အခက်အခဲ ရှိလာနိုင်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းလို့လားဆိုပြီး သန့်ရှင်းရေးကို ပိုလုပ်ပါလိမ့်မယ်။ သန့်ရှင်းရေးလုပ်ရာမှာ သတိထားစရာတွေ ရှိတယ်။ ဆေးဆိုင်တွေက ဆေးကြောရည်တိုင်းက နေရာတိုင်းအတွက် မသုံးသင့်ပါ။ ပိုးရှိသမျှကို သေစေတာ မကောင်းပါ။ ကိုယ်ထဲ၊ ကိုယ်ပေါ်မှာ ပိုး ဆိုတာတွေ အမြဲရှိနေတယ်။ သူ့ရောမှာ သူ့အမျိုးအစား ရှိနေတာက ကောင်းတယ်။ ရှိသင့်တာတွေကို ရှင်းလိုက်ရင် မျှခြေပျက်မယ်။

ဗဂျိုင်းနားကို ပိုးသေဆေးနဲ့ ဆေးလို့ မှို(ဖန်းဂတ်စ်) ပိုး ဝင်လာနိုင်တယ်။ (ဗဂျိုင်းနာဖလိုရာ) ဆိုတာ သူ့ဖာသူရှိနေသင့်တဲ့ ပိုးတွေကိုခေါ်တယ်။ မိုက်ခရိုဖီးလစ် ဗက်တီးရီးယားတွေ အများကြီးရှိတယ်။ (လက်တိုဗက်ဆီးလိုင်) ဆိုတာတွေက အဓိကကျတယ်။ အကာအကွယ်ပေးနေတဲ့ ပိုးမျိုးသာဖြစ်တယ်။ အက်စစ်ဓာတ်ကို ထိန်းပေးတယ်။ ဒါကြောင့် ဗဂျိုင်းနားကို လိုတာထက်ပိုပြီး ဆေးကြောရင် ဒီအက်စစ်ဓာတ် အခြေအနေပြောင်းသွားပြီး ပိုးသစ်တွေ ဝင်လာစေနိုင်တယ်။ အသစ်ဝင်တဲ့ပိုးတွေကို ရောဂါရစေတဲ့ပိုးတွေလို့ခေါ်တယ်။

ဆရာဝန်မလိုတဲ့ အထောက်အကူ နည်းတွေ

အလွန်အကျွံ ဆေးကြောခြင်း၊ ဆေးဖြန်းပြီး ဆေးကြောခြင်း၊ အဝတ်အစား တင်းကြပ်နေအောင် ဝတ်ဆင်ခြင်း၊ ဓါတုဆေးတွေ ဥပမာ အမွှေးအကြိုင်ပါတဲ့ ဆေးကြောရည်၊ ပိုးသေဆေးဆပ်ပြာတွေသုံးနေရာကနေ ဗဂျိုင်းနားရောင်တာနဲ့ မှိုပိုးဝင်တာတွေ ဖြစ်စေနိုင်တယ်။

ကိုယ်ဝန်တားနည်း၊ ဗဂျိုင်းနားထဲ ပစ္စည်းထည့်ထားတာ၊ အသွင်းအထုတ်လုပ်တာ၊ အတူနေတာမှာ စအိုလမ်းနည်းကို ဗဂျိုင်းနား၊ လမ်းနည်းနဲ့တွဲပြီး ဆက်ဆံတာ၊ အိမ်ထောင်သည်တွေ အတူနေပြီးတဲ့နောက် ဆီးသွားတဲ့ အလေ့အကျင့် လုပ်သင့်တယ်။

ဗဂျိုင်းနားထဲကို အသစ်ဝင်လာတဲ့ ပိုးတွေက ဆီးလမ်းကို ရောက်လာမှာကို တားရာရောက်တယ်။ ဒါကြောင့် မင်္ဂလာဆောင်ကာစ သတို့သမီး အတော်များများမှာ ဟန်းနီးမွန်း ဆီးအောင့်တာ ဖြစ်ကြရတယ်။ မိန်းကလေးတိုင်း ကိုယ်နံ့ မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ ဖြစ်လာနိုင်တယ်။ ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တစ်မျိုးဖြစ်နိုင်တယ်။ မေ့လျှော့ပြီး ရာသီလာတုံးသုံးတဲ့ Tampon ကို မထုတ်ဘဲ ထားမိရင်လဲ ဖြစ်တတ်တယ်။

စည်ပိုင်းထဲ စိမ်ချိုးတာထက်ရေကို အပေါ်ကနေ လောင်းချနည်းက ကောင်းတယ်။ ရေမခြောက်သေးခင် အတွင်းခံ မဝတ်ပါနဲ့။ မှိုပိုးတွေက စိုထိုင်းတာကို ပိုကြိုက်ကြတယ်။ ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာ ဖြစ်နိုင်တယ်။ ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။

(ရောဂတ်) ဒိန်ချဉ် စားပေးသင့်တယ်။ (ကွန်ဒုံး)မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်မသင့်ကြည့်ပါ။ ဆီးစပ်မွှေး မရိတ်ပါနဲ့၊ စိတ်ဖိအားများနေရင် လျှော့ချပါ။ ကိုယ်အလေးချိန်များနေရင် လျှော့ချပါ။ အတွင်းအင်္ဂါနေရာ သန့်ရှင်းရေးလုပ်ရင် (ထိုင်နေတဲ့ အနေအထားမှာ) လက်ကိုရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုပ်ရှားပါ။

(ကော်တွန်) ၁၀၀% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။ အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တစ်နေ့တစ်ခါမကလဲပါ။ နေလို့ရတဲ့ နေရာအချိန်တွေမှာ အတွင်းခံမဝတ်ဘဲနေပါ။ လေသလပ်ခံပါ။ ရေနဲ့ နေ့တိုင်း မိန်းမကိုယ်ကို အသာအယာဆေးကြောပါ။ Feminine hygiene sprays and douches ကိရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာ ဆေးပါ။ မွှေးစေလိုရင် တခြားနေရာမှာသာ ရေမွှေးသုံးပါ။

Author: Dr.တင့်ဆွေ, Healthcare Journal, vol 8,no 29 (4.8.17)

Previous Post

ဆီးချိုသွေးချိုဖြစ်ရင် သောက်ဆေးထိုးဆေးနဲ့တင် လုံလောက်ပြီလား။

Next Post

သေးသေးလေးပဲလား ကြီးကြီးလား မသေးမကြီးလား ကိုရွှေဘသား ကျားဆိုမှ ကျား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
625

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
595
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သေးသေးလေးပဲလား ကြီးကြီးလား မသေးမကြီးလား ကိုရွှေဘသား ကျားဆိုမှ ကျား

အရေပြားရဲ့အလှ (အပိုင်း ၁)

အရေပြားရဲ့အလှ အပိုင်း ( ၂ )

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.