မိရိုးဖလာအရ “ကိုယ်ဝန်သည် အမျိုးသမီးဟာ လေ့ကျင့်ခန်းမလုပ်ရ၊ မွေးရက်မတိုင်မီ မွေးစေတယ်” လို့ထင်မြင် ခဲ့ကြတယ်။ ယခုသည် အဆိုပြောင်းလဲသွားပါပြီ။ ယခုလေ့လာမှုအသစ်အရ၊ ကိုယ်ဝန်ဆောင် ကာလမှာ နေ့စဉ် နာရီဝက်မှ တစ်နာရီပုံမှန်လေ့ကျင့်ခန်းယူခြင်းက အမေနှင့် ကလေးအတွက် ကောင်းမွန်စေ တယ်။
သုတေသီက ပိုင်းခြားသရုပ်ခွဲပြရာမှာ ကိုယ်ဝန်ကာလ အားကစားပုံမှန်လုပ်ရင်း ပေါင်မပြည့်၊ ရက်မစေ့ ကလေးများ မွေးနိုင်မှုမမြင့်စေဘူးလို့ ဆိုတယ်။ လေ့လာမှုသစ်ကို “အမေရိကန်သားဖွားနှင့် မီးယပ်” ဆေးပညာ ဂျာနယ် မှာ ပုံနှိပ်ဖော်ပြထားတယ်။
သုတေသီ ဒေါက်တာဗင်စင်ဇိုးဘာဂျ်ဟဲလား ပါမောက္ခ၊ အမေရိကန်ဖီလာဒဲဖီးယားမြို့ သောမတ် ဂျတ်ဖာစန်က ပြောကြားရာမှာ “အားကစားပုံမှန် လုပ်ပေးတာက ခန္ဓာကိုယ်ထဲ နော်အပီနက်ဖလင်ထွက်လာပြီး သားအိမ်ရဲ့ ကျုံ့အားလှုံ့ဆော်ပေးကာ လမစေ့မွေးဖွားနိုင်တယ် ထင်ခဲ့ကြတယ်” တဲ့။
ကိုယ်ဝန်သည် ၂၀၅၉ ယောက်မှ တစ်ဝက်ကို အေရိုးဗစ်အားကစား နေ့စဉ်လုပ်စေပြီး ကျန်တစ်ဝက်ကို အားကစား မလုပ်စေဘဲယှဉ်ကြည့်ခဲ့ရာ နေ့စဉ် ၃၉ မှ ၉၀ မိနစ် အေရိုးဗစ်လုပ်တဲ့ မိခင်လောင်းတွေကို တစ်ပတ် မှာ လေးကြိမ် ၁၀ ပတ်ဆက်လုပ် (သို့) မမွေးခင်အထိ လုပ်စေခဲ့ပြီး ကျန်တစ်ဝက်ကိုတော့ အားကစားမလုပ်ဘဲ စောင့်ကြည့်ရ၊ ကိုယ်ဝန်ဆောင်အားကစားပုံမှန် လုပ်တဲ့အဖွဲ့မှ မိခင်နဲ့ကလေးအတွက် ကျန်းမာရေးကောင်းမွန် ကြောင်း သိရှိရတယ်။
Credit to Vol – 7 / No – 27 (Health Care)