မီးယပ်သွေးဆုံးခြင်းက သင့်ရဲ့ စိတ်နေစိတ်ထား၊ လိင်ဆက်ဆံမှုနဲ့ မှတ်ဉာဏ်အပြင် သင့်နှလုံးနဲ့
အရိုးတွေပေါ် သက်ရောက်မှုရှိနိုင်တယ်ဆိုတာ သိပြီးဖြစ်ပါတယ်။ သိပ်ဆွေးနွေးခြင်းမရှိတဲ့ အကျိုးဆက်တစ်ခုက အစာခြေခြင်းတွင် ပြောင်းလဲမှုတွေ ဖြစ်တယ်။ အစာမကြေခြင်းနှင့် ရင်ပူရေဆာဖြစ်ခြင်းမှ ဖောခြင်း၊ လေ၊ ဝမ်းချုပ်ခြင်းနဲ့ သည်းခြေကျောက် တွေအထိ ဖြစ်တယ်။အက်စထရိုဂျင်အဆင့်တွေကျပြီး သားဥဖြစ်ပေါ်စေမှုကို တားဆီးပေးတဲ့ဟော်မုန်းရဲ့ နှေးကွေးတဲ့အကျိုးဆက်က ပိုပြီး စိုးမိုးလာတဲ့အခါ အူထဲ၊ အသည်းထဲမှာ ဖြစ်တဲ့ တုန့်ပြန်မှုရှိလာနိုင်တယ်ဟု ရေးသားသူ ဆရာဝန် လာလီရန်ဂျီလက်စပီက ဆိုတယ်။
ဒါဟာ သဘာဝကျတဲ့ အသက်ကြီးမှု ဖြစ်စဉ်တစ်ခုဖြစ်တာကို နားလည်သဘောပေါက်ပြီး သင်အစား စားပုံကို ပြောင်းလဲရန် သေချာတဲ့ နည်းတွေကိုအသုံးပြုပါ။
နည်းနည်းနဲ့ခဏ၊ ခဏစားပါထုံးစံအတိုင်း တစ်နေ့သုံးကြိမ် အပြည့်အ၀ စားမယ့်အစား နည်းနည်းနဲ့ ငါးကြိမ်၊ ခြောက်ကြိမ်စားခြင်းကို လုပ်ကြည့်ပါ။ တစ်ကြိမ်စားရင် ၂၅၀ မှ ၃၀၀ ကယ်လိုရီထက် မပိုဘဲ စားရန် ဒေါက်တာဂျီလက်စပီက အကြံပြု တယ်။
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိကထားပြီးစားပါ
ဖောခြင်း၊ လေနဲ့ ဝမ်းချုပ်ခြင်းမဖြစ်အောင် အမျှင်များတဲ့ အစားအစာဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်ပြီးစားရန် ဒေါက်တာဂျီလက်စပီက အကြံပြုတယ်။
ထောပတ်နည်းနည်းနဲ့ အရသာခံ
တစ်ခါစားရင် အဆီနည်းနည်းစားခြင်းက သည်းခြေကျောက်တည်ခြင်ကို ကာကွယ်ခြင်းဖြင့် သည်းခြေ အိတ်ကို ရှင်းပစ်ရန် နှိုးဆွပေးနိုင်တယ်။ ဆားမပါတဲ့ ထောပတ်လက်ဖက်ရည်တစ်ဇွန်း စာကို ပျော်အောင်လုပ်ပြီး ဟင်းသီးဟင်းရွက်ထဲ ထည့်ပြီးစားပါ။ သည်းခြေကျောက်ရှိနေပြီဖြစ်ရင် ဒါကို မလုပ်ပါနဲ့။ တစ်နေ့မှာ စုစုပေါင်း အဆီဂရမ် ၄၀ ခန့်စားသုံးပါ။
တစ်ကြိမ်မှာ ၁၀ မိနစ်ကြာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်နေ့ သုံးကြိမ်လုပ်ပါ။ အစာချေသည့် လုပ်ငန်းတိုင်း အားလုံးနီးပါးကို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းက ကူညီနိုင်မှာဖြစ်ပြီး လူလတ်ပိုင်းအရွယ် ကိုယ်အလေးချိန်တိုးခြင်းကို တားဆီးပေးနိုင်တယ်။
Credit to: နှင်းအေးဝေ Health Care Journal (Vo – 7 / No – 3)