fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးနဲ့ မှက္ခရု

163
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/09/2016
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကျွန်တော်၏ဆေးခန်းတွင် ယခုရက်ပိုင်းအတွင်းမှ မှက္ခရုပေါက်သော နို့စို့ကလေးငယ်တစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် တစ်ဦးလာပြပါသည်။ မှက္ခရု ကြောင့်ကလေးငယ်သည် နို့ကောင်းစွာ မစို့နိုင်ဘဲ ဖြစ်နေသကဲ့ သို့ ဆယ်ကျော်သက်အရွယ် ကလေးမှာလည်း အစာကောင်းစွာ မစားနိုင်ဖြစ်နေပါသည်။ မိဘများအနေဖြင့် အခြားရောဂါ (ဥပမာ- ခုခံအားကျဆင်းသောရောဂါ) များကြောင့် ဖြစ်နေမလားဟု စိုးရိမ်နေကြပါသည်။ စိုးရိမ် ကြောက်လန့်မှုမရှိဘဲ တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ထိရောက်စွာ ကုသရပါမည်။

မှက္ခရု
မှက္ခရုဆိုသည်မှာ မှိုတစ်မျိုကြောင့် ပေါက်ခြင်းဖြစ်ပါသည်။ ကိုယ်ခံအားနည်းသူများနှင့် ခန္ဓာကိုယ် ခုခံအားကျ ဆင်းသူများတွင် ပေါက်နိုင်ပါသည်။ မသန့်ရှင်းသော အဝတ်အစားများနှင့် အစားအစာ များတွင် ရှိတတ်ပြီး နေရာတိုင်းတွင် ရှိနိုင်ပါသည်။

မှက္ခရုမှ ဖြစ်စေသောအကြောင်းအရင်းများ
သန့်ရှင်းမှုမရှိခြင်းကြောင့် မှက္ခရု ဖြစ်တတ်ပါသည်။ နို့စို့ကလေးငယ်များ၏ ပါးစပ်နှင့် တိုက်ရိုက် ထိတွေ့သော မိခင်နို့ မသန့်ရှင်းပါက ဖြစ်တတ်ပါသည်။ မိခင်၏ နို့သီးခေါင်းနှင့် အနီးကပ်ဆုံးဖြစ်သော အတွင်းခံ အင်္ကျ ီနှင့် အဝတ်အစားများ မသန့်ရှင်း ၍လည်း ဖြစ်နိုင်ပါသည်။
ကလေးအား ပဋိဇီဝပိုးသတ်ဆေးများ တိုက်ကျွေးထားခြင်း၊ နို့တိုက်မိခင်သည် ပဋိဇီဝပိုးသတ်ဆေးများ သောက်ထားခြင်း တို့ကြောင့်လည်း မှက္ခရုပေါက်နိုင်ပါသည်။

ရောဂါလက္ခဏာများ
လျှာနှင့် အာခေါင်မျက်နှာပြင်တွင် အဖြူဖတ်လေးများ ကပ်နေပြီး နို့ဖတ်ဖြစ်နေပါက ခွာလိုက်သောအခါ တွင် ပျောက်သွားတတ်ပါသည်။ မှက္ခရုဖြစ်နေပါက ခွာလိုက်သောအခါတွင် သွေးအနည်းငယ်စို့ပြီး ကျန်နေတတ် ပါသည်။ မှက္ခရုသည် ပါးစပ်နှင့် အာခေါင်သာမက အစာမျိုပြွန်လမ်းကြောင်းအထိ ပေါက်ပါက စိုးရိမ်ရပါသည်။

နောက်ဆက်တွဲဆိုးကျိုးများ
မှက္ခရုကြောင့် ကလေးများတွင် ခံတွင်းသည် နာကျင်ပြီး နို့မစို့နိုင်သောကြောင့် မိခင်နို့တွင်ပါဝင်သည့် ရောဂါပိုးကို ခုခံနိုင်သော ဓာတ်မရရှိခြင်းကြောင့် အနာသည် ပိုပြီးပြန့်ပွားနိုင်ပါသည်။ ပေါက်ပြဲနေသော အနာက လေးများကြောင့် ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်ပါသည်။ မှက္ခရုပေါက်တိုင်း အေအိုင်ဒီအက်စ်ရော ဂါဟု မဆိုနိုင်သော်လည်း သတိထားရန် လိုအပ်ပါသည်။

ကုသခြင်း
မှက္ခရုအနာကို ဆေးမထည့်ခင် ဆားအနည်းငယ်နှင့် ရေကျက်အေးရောပြီး ရရှိလာသော အရည်ဖြင့် ဆေးရပါမည်။ မှိုပိုးကို တိုက်ခိုက်နိုင်သော ဆေးကိုထည့်ပေးရပါမည်။ တတ်ကျွမ်းနားလည်းသော ဆရာဝန်နှင့် ပြသရပါမည်။

အကြံပြုချက်
မှက္ခရုပေါက်ခြင်းကို ကာကွယ်ရန်မိခင်၏ တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ရပါမည်။ မွေးကင်းစမှ ခြောက်လအထိ မိခင်နို့တစ်မျိုးတည်း သာတိုက်ရပါမည်။ နို့ဘူးတိုက်သော ကလေးဖြစ်ပါက နို့ဘူးကို ဆရာဝန် ညွှန်ကြားချက်အတိုင်း သေချာစွာ ပြုတ်ပြီး တိုက်ရပါမည်။ မှက္ခရုသည် ခုခံအားကျဆင်းသော ရောဂါကြောင့် ဖြစ်ပါက စိုးရိမ်ကြောက်လန့်မှု မလွန်ကဲဘဲ ဆေးများကို စနစ်တကျသောက် ရပါမည်။ မိခင်နို့ကိုလည်း ဆက် တိုက်ခြင်း၊ အစာပျော့ပျော့ (သို့) အရည်ဝင်အောင် တိုက်ခြင်းများပြုလုပ်သင့်ကြောင်း အကြံပြုအပ်ပါသည်။

 

Author – ဒေါက်တာမင်းသူရိန် (Vol -7 / No- 26) Healthcare

Previous Post

သုက်လွှတ်မြန်ခြင်း

Next Post

လျှာကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

2 years ago
757

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
722
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

2 years ago
2.2k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.7k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.8k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လျှာကင်ဆာ

အိပ်နေရင်း အသက်ရှုရပ်သွားခြင်း

"သမီးမိန်းကလေးမို့"

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.