fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အိမ်ဦးနတ်က ဆေးလိပ်သောက်တာကိုး

40
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/09/2016
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

နီလာတစ္ေယာက္ ကိုလွႀကိဳင္ႏွင့္ အိမ္ေထာင္က်တာ သုံးႏွစ္ေက်ာ္လို႔ ေလးႏွစ္ေလာက္ရွိၿပီ။ အိမ္ေထာင္သက္ ႏွစ္ႏွစ္ေက်ာ္ေလာက္တုန္းက နီလာ့မွာ ကိုယ္ဝန္ရွိခဲ့သည္။ ဒါေပမယ့္ ကိုယ္ဝန္ကအဖက္ မတင္ပဲ ပ်က္ခဲ့သည္။ အခုတစ္ခါ ကိုယ္ဝန္ရွိေနျပန္ပီ။ ႏွစ္လခြဲေလာက္ ရွိၿပီ။ ပထမကိုယ္ဝန္တုန္းက ပ်က္က်ခဲ့ ဖူးေတာ့ နီလာတစ္ေယာက္ အစားအေသာက္ အေနအထိုင္ကအစ အရာရာဂ႐ုစိုက္ရသည္။ ကိုလွႀကိဳင္ မိဘေတြကလည္း နီလာ့ကို ပထမတစ္ခါ ကိုယ္ဝန္ပ်က္က်ကတည္းက အျပစ္တင္တဲ့ စကားေတြေျပာၾကသည္။ ကေလးပ်က္တာဟာ နီလာအစားအေသာက္ မဆင္ျခင္လို႔။ အေနအထိုင္မဆင္ျခင္လို႔ အစရွိသျဖင့္။
အခုတစ္ေခါက္ကိုယ္ဝန္ရွိေတာ့လည္း သြားတာလာတာကအစ ျဖည္းျဖည္းသြားရသည္။ ျဖည္းျဖည္းထိုင္ ျဖည္းျဖည္းထရသည္။ ေယာကၡမအိမ္မွာေနရေတာ့လည္း နီလာတစ္ေယာက္ အစကတည္းက ေယာကၡမေတြကို ေၾကာက္ရသည္။ သူတို႔စီစဥ္ေပးေသာ အစားအစာမ်ားကိုသာ စားရသည္။ ၾကက္ဥ၊ ႏြားႏို႔၊ ငွက္ေပ်ာသီး၊ အစရွိတဲ့ အာဟာရျပည့္ဝတဲ့ အစားအေသာက္ေတြကို စားရသည္။

ဒီေန႔မနက္အိပ္ယာႏိုးေတာ့ နီလာတစ္ေယာက္ ထမီမွာေသြးေတြကြက္ေနေတာ့ အထိတ္ တလန႔္ျဖစ္ရသည္။ အိပ္ေနတုန္း ေသြးဆင္းတာျဖစ္မည္။ ေသြးဆင္းသည္ဆိုတာ ကိုယ္ဝန္ပ်က္ က်ခ်င္သည့္ လကၡဏာမ်ားလား။ ကိုလွႀကိဳင္ကိုလည္း မေျပာရဲ။ ေယာကၡမကိုလည္း မေျပာရဲ။ ေသြးဆင္းတာကရပ္သြားၿပီ။ တစ္ေနကုန္ အိမ္ထဲမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနလိုက္၊ အိပ္ယာထဲမွာ လွဲေနလိုက္၊ ဂဏွာမၿငိမ္ျဖစ္ေနသည္။ ေသြးေနာက္တစ္ခါဆက္မဆင္းေအာင္ ဆုေတာင္းရတာလဲ အေမာ။ ဒီလိုနဲ႔ ကိုလွႀကိဳင္အလုပ္ကျပန္လာ၊ ညစာအတူစား၊ အိပ္ယာဝင္သည္အထိ ေသြးက မဆင္းေတာ့၍ နီလာတစ္ေယာက္ စိတ္သက္သာရာရသည္။
ေနာက္တစ္ေန႔ အိပ္ယာႏိုးေတာ့ ေသြးေတြကြက္ေနတာေတြ႕ရျပန္သည္။ ဒီတစ္ခါေတာ့ မျဖစ္ေတာ့။ ကိုလွႀကိဳင္ကို ေၾကာက္ေၾကာက္နဲ႔ပဲ ေျပာရေတာ့သည္။ ကိုလွႀကိဳင္ကခ်က္ခ်င္းပဲ ေဆးခန္းေခၚသြားသည္။ ေယာကၡမေတြကိုေတာ့ မေျပာ။ ေဆးခန္းမွာလည္း လူနာေတြက အမ်ားသား။ တစ္နာရီေလာက္ေစာင့္လိုက္ရသည္။ ဆရာဝန္ ဆရာမႀကီးက ultrasound ႐ိုက္ခိုင္းသည္။ ကိုလွႀကိဳင္ေရာ နီလာပါ စိတ္လႈပ္ရွားေနၾကသည္။
Ultrasound အေျဖကို ဆရာမကျပန္ေျပာေတာ့ လင္မယားႏွစ္ေယာက္စလုံး စိတ္ထဲမွာ မိုက္ခနဲ။ ကိုယ္ဝန္ပ်က္က်ျခင္းျဖစ္သည္။ နီလာတစ္ေယာက္ငိုလိုက္ရတာအေမာ။
“ ႏွစ္ေခါက္ရွိၿပီ ဆရာမရယ္။ ဘယ္လိုမ်ားျဖစ္ရတာလဲ မသိေတာ့ပါဘူး။ “
“ျဖစ္တတ္ပါတယ္ သမီးရယ္။ ကိုယ္ဝန္ပ်က္က်တာဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္လႏုတဲ့ အခ်ိန္ေတြမ်ိဳးမွာ ပင္ပင္ပန္းပန္း အလုပ္လုပ္ရရင္ျဖစ္တတ္ပါတယ္။ ဆိုက္ကား၊ ဆိုင္ကယ္၊ စက္ဘီး စတာေတြ စီးမိရင္လည္း ခ်ိဳင့္ခြက္ေတြနင္းမိတာ၊ လမ္းအရမ္း ဆိုးတာဆိုရင္ ကိုယ္ဝန္ကို ထိခိုက္ႏိုင္ေျခ ရွိတယ္။ “
“ သမီး အိမ္အထဲကေန အျပင္ထြက္ခဲပါတယ္။ ထြက္ခဲ့ရင္လည္း စက္ဘီး ဆိုင္ကယ္ မစီးပါဘူး ဆရာမ “
“ ဒါမွမဟုတ္ သမီးမွာ ေရာဂါတစ္မ်ိဳးမ်ိဳး ရွိေနရင္လည္း ျဖစ္တတ္တယ္။ အခုတေလာ ဖ်ားတာ နာတာေတြရွိလားသမီး “
“ မရွိပါဘူးဆရာမ။ သမီးေနလို႔ထိုင္လို႔ ေကာင္းပါတယ္။ “
“ ဘာေဆးေတြေသာက္မိေသးလဲ “
“ ဆရာဝန္ ၫႊန္ၾကားတဲ့ ေဆးေတြကိုပဲ ေသာက္တယ္ ဆရာမ။ ကိုယ္ဝန္ေဆာင္ အားေဆးက အဓိကပါပဲ။

“အဝလြန္တာနဲ႔ ဆီးခ်ိဳ ေသြးခ်ိဳ ရွိရင္လည္း ကိုယ္ဝန္ပ်က္က်တတ္တယ္။ ဒါေပမယ့္ အခုေသြးစစ္ထားတဲ့ အေျဖအရ သမီးမွာ အဲ့ဒါေတြ တစ္ခုမွမေတြ႕ရဘူး။ သားအိမ္ထဲမွာ အလုံး အက်ိတ္ေတြရွိရင္လည္း ကိုယ္ဝန္ပ်က္က် တတ္တယ္။ ဒါေပမယ့္ ultrasound ထဲမွာလည္း အဲ့ဒါ ေတြမေတြ႕ရျပန္ဘူး။ အဲ ေနာက္တစ္ခုရွိေသးတယ္။ မိန္းကေလးဆိုေတာ့ ျဖစ္ႏိုင္ေျခနည္းမွန္းသိေပမယ့္ သမီး ေဆးလိပ္တို႔ အရက္တို႔ ေသာက္သလား။ “
ဒီတစ္ခါေတာ့ ကိုလွႀကိဳင္ကဝင္ေျပာသည္။ သူကေဆးလိပ္ေသာက္တတ္သည္ကိုး။ ဆရာမက ဆက္၍
“ ဒါဆို တစ္ေန႔ဘယ္ႏွစ္လိပ္ေလာက္ေသာက္သလဲ ကိုလွႀကိဳင္”
“ တစ္ေန႔တစ္ဗူးေလာက္ ေသာက္ျဖစ္ပါတယ္ ဆရာမ။”
“ဒါဆိုကိုယ္ဝန္ေဆာင္ နီလာက ေဆးလိပ္ေငြ႕ေတြကို ရွဴေနရတာေပါ့။ နည္းတာနဲ႔ မ်ားတာပဲကြာမယ္။ ဒီလို ေဆးလိပ္ေသာက္တဲ့ လူေတြဆီကေနတစ္ဆင့္ အနီးအနားကလူေတြ ေဆးလိပ္ေငြ႕ေတြရွဴေနရတာကို passive smoking လို႔ေခၚတယ္။ ကိုယ္ဝန္ပ်က္က်တာဟာ ဒီလိုေဆးလိပ္ေငြ႕ေတြ ရွဴေနရတာနဲ႔ သက္ဆိုင္ေကာင္းသက္ဆိုင္ႏိုင္ပါတယ္။ အတိအက်ႀကီး တပ္အပ္ႀကီးေတာ့ ေျပာလို႔မရပါဘူး။ ျဖစ္တတ္ပါတယ္”
ကိုလွႀကိဳင္တစ္ေယာက္ငိုင္သြားသည္။ ႀကိတ္မႏိုင္ခဲမရ ျဖစ္ရသည္။ ဘာပဲျဖစ္ျဖစ္ ဒီတစ္ေခါက္ေတာ့ၿပီးခဲ့ပီေလ။ ေဆးလိပ္ျဖတ္ေတာ့မည္။ နီလာ့ကိုေရာ မၾကာခင္ျဖစ္တည္လာမည္ဟု ေမွ်ာ္မွန္းရသည့္ ေနာက္ထပ္ကေလးေလးဆီကိုေရာ မွန္း၍ ကတိေတြအထပ္ထပ္ေပးမိသည္။

Author – ေဒါက္တာေအးခ်မ္းမိုး

(Unicode)

နီလာတစ်ယောက် ကိုလှကြိုင်နှင့် အိမ်ထောင်ကျတာ သုံးနှစ်ကျော်လို့ လေးနှစ်လောက်ရှိပြီ။ အိမ်ထောင်သက် နှစ်နှစ်ကျော်လောက်တုန်းက နီလာ့မှာ ကိုယ်ဝန်ရှိခဲ့သည်။ ဒါပေမယ့် ကိုယ်ဝန်ကအဖက် မတင်ပဲ ပျက်ခဲ့သည်။ အခုတစ်ခါ ကိုယ်ဝန်ရှိနေပြန်ပီ။ နှစ်လခွဲလောက် ရှိပြီ။ ပထမကိုယ်ဝန်တုန်းက ပျက်ကျခဲ့ ဖူးတော့ နီလာတစ်ယောက် အစားအသောက် အနေအထိုင်ကအစ အရာရာဂရုစိုက်ရသည်။ ကိုလှကြိုင် မိဘတွေကလည်း နီလာ့ကို ပထမတစ်ခါ ကိုယ်ဝန်ပျက်ကျကတည်းက အပြစ်တင်တဲ့ စကားတွေပြောကြသည်။ ကလေးပျက်တာဟာ နီလာအစားအသောက် မဆင်ခြင်လို့။ အနေအထိုင်မဆင်ခြင်လို့ အစရှိသဖြင့်။
အခုတစ်ခေါက်ကိုယ်ဝန်ရှိတော့လည်း သွားတာလာတာကအစ ဖြည်းဖြည်းသွားရသည်။ ဖြည်းဖြည်းထိုင် ဖြည်းဖြည်းထရသည်။ ယောက္ခမအိမ်မှာနေရတော့လည်း နီလာတစ်ယောက် အစကတည်းက ယောက္ခမတွေကို ကြောက်ရသည်။ သူတို့စီစဉ်ပေးသော အစားအစာများကိုသာ စားရသည်။ ကြက်ဥ၊ နွားနို့၊ ငှက်ပျောသီး၊ အစရှိတဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားရသည်။

ဒီနေ့မနက်အိပ်ယာနိုးတော့ နီလာတစ်ယောက် ထမီမှာသွေးတွေကွက်နေတော့ အထိတ် တလန့်ဖြစ်ရသည်။ အိပ်နေတုန်း သွေးဆင်းတာဖြစ်မည်။ သွေးဆင်းသည်ဆိုတာ ကိုယ်ဝန်ပျက် ကျချင်သည့် လက္ခဏာများလား။ ကိုလှကြိုင်ကိုလည်း မပြောရဲ။ ယောက္ခမကိုလည်း မပြောရဲ။ သွေးဆင်းတာကရပ်သွားပြီ။ တစ်နေကုန် အိမ်ထဲမှာ ငြိမ်ငြိမ်လေးထိုင်နေလိုက်၊ အိပ်ယာထဲမှာ လှဲနေလိုက်၊ ဂဏှာမငြိမ်ဖြစ်နေသည်။ သွေးနောက်တစ်ခါဆက်မဆင်းအောင် ဆုတောင်းရတာလဲ အမော။ ဒီလိုနဲ့ ကိုလှကြိုင်အလုပ်ကပြန်လာ၊ ညစာအတူစား၊ အိပ်ယာဝင်သည်အထိ သွေးက မဆင်းတော့၍ နီလာတစ်ယောက် စိတ်သက်သာရာရသည်။
နောက်တစ်နေ့ အိပ်ယာနိုးတော့ သွေးတွေကွက်နေတာတွေ့ရပြန်သည်။ ဒီတစ်ခါတော့ မဖြစ်တော့။ ကိုလှကြိုင်ကို ကြောက်ကြောက်နဲ့ပဲ ပြောရတော့သည်။ ကိုလှကြိုင်ကချက်ချင်းပဲ ဆေးခန်းခေါ်သွားသည်။ ယောက္ခမတွေကိုတော့ မပြော။ ဆေးခန်းမှာလည်း လူနာတွေက အများသား။ တစ်နာရီလောက်စောင့်လိုက်ရသည်။ ဆရာဝန် ဆရာမကြီးက ultrasound ရိုက်ခိုင်းသည်။ ကိုလှကြိုင်ရော နီလာပါ စိတ်လှုပ်ရှားနေကြသည်။
Ultrasound အဖြေကို ဆရာမကပြန်ပြောတော့ လင်မယားနှစ်ယောက်စလုံး စိတ်ထဲမှာ မိုက်ခနဲ။ ကိုယ်ဝန်ပျက်ကျခြင်းဖြစ်သည်။ နီလာတစ်ယောက်ငိုလိုက်ရတာအမော။
“ နှစ်ခေါက်ရှိပြီ ဆရာမရယ်။ ဘယ်လိုများဖြစ်ရတာလဲ မသိတော့ပါဘူး။ “
“ဖြစ်တတ်ပါတယ် သမီးရယ်။ ကိုယ်ဝန်ပျက်ကျတာဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်လနုတဲ့ အချိန်တွေမျိုးမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရရင်ဖြစ်တတ်ပါတယ်။ ဆိုက်ကား၊ ဆိုင်ကယ်၊ စက်ဘီး စတာတွေ စီးမိရင်လည်း ချိုင့်ခွက်တွေနင်းမိတာ၊ လမ်းအရမ်း ဆိုးတာဆိုရင် ကိုယ်ဝန်ကို ထိခိုက်နိုင်ခြေ ရှိတယ်။ “
“ သမီး အိမ်အထဲကနေ အပြင်ထွက်ခဲပါတယ်။ ထွက်ခဲ့ရင်လည်း စက်ဘီး ဆိုင်ကယ် မစီးပါဘူး ဆရာမ “
“ ဒါမှမဟုတ် သမီးမှာ ရောဂါတစ်မျိုးမျိုး ရှိနေရင်လည်း ဖြစ်တတ်တယ်။ အခုတလော ဖျားတာ နာတာတွေရှိလားသမီး “
“ မရှိပါဘူးဆရာမ။ သမီးနေလို့ထိုင်လို့ ကောင်းပါတယ်။ “
“ ဘာဆေးတွေသောက်မိသေးလဲ “
“ ဆရာဝန် ညွှန်ကြားတဲ့ ဆေးတွေကိုပဲ သောက်တယ် ဆရာမ။ ကိုယ်ဝန်ဆောင် အားဆေးက အဓိကပါပဲ။

“အဝလွန်တာနဲ့ ဆီးချို သွေးချို ရှိရင်လည်း ကိုယ်ဝန်ပျက်ကျတတ်တယ်။ ဒါပေမယ့် အခုသွေးစစ်ထားတဲ့ အဖြေအရ သမီးမှာ အဲ့ဒါတွေ တစ်ခုမှမတွေ့ရဘူး။ သားအိမ်ထဲမှာ အလုံး အကျိတ်တွေရှိရင်လည်း ကိုယ်ဝန်ပျက်ကျ တတ်တယ်။ ဒါပေမယ့် ultrasound ထဲမှာလည်း အဲ့ဒါ တွေမတွေ့ရပြန်ဘူး။ အဲ နောက်တစ်ခုရှိသေးတယ်။ မိန်းကလေးဆိုတော့ ဖြစ်နိုင်ခြေနည်းမှန်းသိပေမယ့် သမီး ဆေးလိပ်တို့ အရက်တို့ သောက်သလား။ “
ဒီတစ်ခါတော့ ကိုလှကြိုင်ကဝင်ပြောသည်။ သူကဆေးလိပ်သောက်တတ်သည်ကိုး။ ဆရာမက ဆက်၍
“ ဒါဆို တစ်နေ့ဘယ်နှစ်လိပ်လောက်သောက်သလဲ ကိုလှကြိုင်”
“ တစ်နေ့တစ်ဗူးလောက် သောက်ဖြစ်ပါတယ် ဆရာမ။”
“ဒါဆိုကိုယ်ဝန်ဆောင် နီလာက ဆေးလိပ်ငွေ့တွေကို ရှူနေရတာပေါ့။ နည်းတာနဲ့ များတာပဲကွာမယ်။ ဒီလို ဆေးလိပ်သောက်တဲ့ လူတွေဆီကနေတစ်ဆင့် အနီးအနားကလူတွေ ဆေးလိပ်ငွေ့တွေရှူနေရတာကို passive smoking လို့ခေါ်တယ်။ ကိုယ်ဝန်ပျက်ကျတာဟာ ဒီလိုဆေးလိပ်ငွေ့တွေ ရှူနေရတာနဲ့ သက်ဆိုင်ကောင်းသက်ဆိုင်နိုင်ပါတယ်။ အတိအကျကြီး တပ်အပ်ကြီးတော့ ပြောလို့မရပါဘူး။ ဖြစ်တတ်ပါတယ်”
ကိုလှကြိုင်တစ်ယောက်ငိုင်သွားသည်။ ကြိတ်မနိုင်ခဲမရ ဖြစ်ရသည်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်တော့ပြီးခဲ့ပီလေ။ ဆေးလိပ်ဖြတ်တော့မည်။ နီလာ့ကိုရော မကြာခင်ဖြစ်တည်လာမည်ဟု မျှော်မှန်းရသည့် နောက်ထပ်ကလေးလေးဆီကိုရော မှန်း၍ ကတိတွေအထပ်ထပ်ပေးမိသည်။

 

Author – ဒေါက်တာအေးချမ်းမိုး

Previous Post

အိပ်မပျော်ခြင်း

Next Post

ကွန်ဒုံးသုံးစွဲခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
600

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
557
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကွန်ဒုံးသုံးစွဲခြင်း

သုက်လွှတ်မြန်ခြင်း

ကလေးနဲ့ မှက္ခရု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.