fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သားအိမ်ထဲက အလုံးကြီး

189
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/10/2017
in အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

အမ်ိဳးသမီးေတြကို ကေလးေမြးဖို႔ သားအိမ္ကို ဖန္ဆင္းခဲ့တယ္။ ကေလးႏို႔တိုက္ဖို႔အတြက္ ရင္သားကို ဖန္ဆင္းခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီ့ဖန္ဆင္းထားတဲ့ အရာေတြကို အသုံးမျပဳတဲ့ သူေတြအတြက္ အျပစ္ေပးတဲ့ အေနနဲ႔ ရင္သားေတြ သားအိမ္ေတြမွာ အလုံးေတြ ျဖစ္ေအာင္ ဒဏ္ခတ္တယ္လို႔ ဆရာေတြက မွတ္မိလြယ္ေအာင္ သင္ေပးခဲ့ဖူးပါတယ္။ ရင္သားမွာ အလုံးျဖစ္တယ္ဆိုတာကေတာ့ ရင္သားကင္ဆာကို ေျပာတာပါ။ ကေလးမေမြးဖြားသူေတြ ၊ ေမြးေသာ္လည္း ႏို႔မတိုက္သူေတြမွာ ပိုျဖစ္ႏိုင္တဲ့အတြက္ပါ။ သားအိမ္မွာ အလုံးဆိုတာကေတာ့ fibroid လို႔ ေခၚတဲ့ အသားလုံးပါ။

fibroid အသားလုံးဟာ အမ်ိဳးသမီး ၃ ေယာက္မွာ ၁ ေယာက္ ရွိေနတတ္ပါတယ္။ အသက္ ၁၆ ႏွစ္ကေန ၅၀ အတြင္း မ်ိဳးပြားႏိုင္တဲ့ အသက္အ႐ြယ္ေတြမွာ ျဖစ္တတ္ပါတယ္။ အျဖစ္အမ်ားဆုံး အ႐ြယ္ကေတာ့ အသက္ ၃၀ က ၅၀ အတြင္းပါ။ အမ်ိဳးသမီး ေဟာ္မုန္း တစ္ခုျဖစ္တဲ့ အီစတိုဂ်င္ မ်ားတာနဲ႔ သက္ဆိုင္တဲ့အတြက္  အီစတိုဂ်င္ နည္းပါးသြားတဲ့ ေသြးဆုံးခ်ိန္ ေရာက္တဲ့အခါ အလိုလို အ႐ြယ္အစား က်ဳံသြားတတ္ပါတယ္။

 

ရာသီေသြး ေစာေပၚတဲ့သူေတြ ၊ တားေဆးသုံးစြဲသူေတြ ၊ အရက္ ဘီယာ ေသာက္သုံးတတ္တဲ့ အမ်ိဳးသမီးေတြ ၊ အသားစားတာမ်ားတဲ့ သူေတြ၊ ဟင္းသီးဟင္း႐ြက္ သစ္သီးဝလံေတြကို အစားနည္းတဲ့သူေတြ မွာ အျဖစ္မ်ားပါတယ္။ ဒါ့အျပင္ ဗီတာမင္ D ဓာတ္ခ်ိဳ႕တဲ့ျခင္းကလည္း fibroid ကိုျဖစ္ပြားေစႏိုင္တဲ့ အေၾကာင္းရင္း တစ္ခုပါပဲ။ အဝလြန္သူေတြ ၊ ကိုယ္အေလးခ်ိန္မ်ားတဲ့သူေတြမွာလည္း အီစတိုဂ်င္ဓာတ္ ထြက္တာမ်ားတဲ့ အတြက္ တျခားသူေတြထက္ ျဖစ္ႏိုင္ေခ် ပိုမ်ားေစပါတယ္။

မ်ားေသာအားျဖင့္ လကၡဏာ ျပေလ့မရွိပါဘူး။ တခ်ိဳ႕အမ်ိဳးသမီးေတြမွာ

ေသြးဆင္းမ်ားတာ
ရာသီလာတဲ့ အခ်ိန္ဟာ တစ္ပတ္ထက္ ပိုမိုၾကာျမႇင့္တာ
ဆီးစပ္နားမွာ နာက်င္ကိုက္ခဲတာ
ဆီးမၾကာခဏ သြားတာ
ခါးနာတာ
ေျခေထာက္ေတြ ကိုက္ခဲတာ
ဆီးကုန္ေအာင္ မသြားတာ ( ဆီးက်န္တာ)
ဝမ္းခ်ဳပ္တာ
အမ်ိဳးသားနဲ႔ အတူေနရင္ နာက်င္တာေတြ ရွိေနတတ္ပါတယ္။
Fibroid အသားလုံးေတြဟာ ကင္ဆာ ေျပာင္းေလ့မရွိပါဘူး။ ဒါေပမယ့္ မကုဘဲ ထားမယ္ဆိုရင္ ရာသီေသြးဆင္းမ်ားတဲ့ အတြက္ ေသြးအားနည္းတာေတြ ျဖစ္လာႏိုင္ပါတယ္။ တခ်ိဳ႕ အလုံးေတြက သားဥႁပြန္မွာ ပိတ္ဆို႔မႈေတြကို ျဖစ္ေစလို႔ ကေလးမရႏိုင္တာေတြထိ ျဖစ္တတ္ပါတယ္။ ကေလးရလာခဲ့ရင္လည္း လမေစ့ဘဲ ေမြးဖြားျခင္း ၊ သားပ်က္သားေလ်ာျဖစ္ျခင္း ၊ ေမြးလမ္းေၾကာင္းမွာ ပိတ္ဆို႔ေနခဲ့ရင္ ႐ိုး႐ိုးမေမြးႏိုင္ျခင္းေတြ ျဖစ္ေစတတ္ပါတယ္။ အခ်င္းေရွ႕ေရာက္ျခင္းနဲ႔ ကေလးႀကီးထြားမႈ နည္းတာေတြလည္း ျဖစ္ေစတတ္ ပါေသးတယ္။

ဒီအသားလုံးေတြဟာ ေရာဂါလကၡဏာလည္း  ထူးထူးေထြေထြ မျပတဲ့အတြက္ ရွိေနမွန္းမသိတတ္ၾကပါဘူး။ အလုံးအ႐ြယ္အစား ႀကီးလာမွသာ လက္နဲ႔ စမ္းမိတာမ်ိဳးေတြ ရွိတတ္တာပါ။ အလုံး ရွိမရွိကို အာထရာေဆာင္း ႐ိုက္ၾကည့္ရင္ သိႏိုင္ပါတယ္။

ဘယ္အေျခအေနမွာ ဆရာဝန္နဲ႔ မျဖစ္မေန ျပသသင့္သလဲ

ဆီးစပ္နားက နာက်င္မႈက ေလ်ာ့မသြားတာ
ရာသီေသြးဆင္း အရမ္းမ်ားတာ ရက္အရမ္းၾကာတာ
ရာသီလာၿပီဆိုရင္ အရမ္းနာက်င္ကိုက္ခဲတာ
ရာသီစက္ဝန္းၾကားကာလေတြမွာ ေသြးဆင္းတာ
ဆီးသြားရ ခက္လာတာမ်ိဳးေတြ ျဖစ္လာရင္ေတာ့ ဆရာဝန္နဲ႔ မျဖစ္မေန ျပသသင့္ပါတယ္။ သားအိမ္ကင္ဆာ နဲ႔ တျခားေရာဂါေတြ  ျဖစ္ေနႏိုင္လို႔ပါ။
မိမိမွာ အသားလုံး ရွိေနရင္ ဘယ္လိုကုသႏိုင္မလဲ

မ်ားေသာအားျဖင့္  လူကို အရမ္းဒုကၡေပးေလ့ မရွိတဲ့အတြက္ ေစာင့္ၾကည့္မယ္ဆို ေစာင့္ၾကည့္လို႔ ရပါတယ္။ ေသြးဆုံးသြားတဲ့ အခါမွာ သူ႔အလိုလို အလုံးအ႐ြယ္အစား က်ဳံသြားတတ္လို႔ပါ။ တကယ္လို႔ ေသြးဆင္းမ်ားတယ္ဆိုရင္ေတာ့ ေဟာ္မုန္းထုတ္လုပ္မႈ႕ကို တားဆီးႏိုင္တဲ့ Gn-RH agonists ေတြ ေသာက္ေပးလို႔ ရပါတယ္။ ဒီလိုေသာက္ျခင္းျဖင့္ ရာသီလာျခင္းကို ရပ္တန႔္ေစၿပီး အလုံးအ႐ြယ္အစားကို ေသးသြားေစႏိုင္လို႔ပါ။ ဒါေပမယ့္ ၃ လ ကေန ၆ လ အထက္ေတာ့ ပိုမေသာက္သင့္ပါဘူး။

ေနာက္နည္းလမ္းတစ္ခုကေတာ့ ေသြးဆင္းအရမ္းမ်ားေနတယ္ဆိုရင္ ေသြးတိတ္ေဆးေတြ ေသာက္လို႔ ရပါတယ္။ အၿမဲ ေသာက္ဖို႔ေတာ့ မလိုပါဘူး။ ေသြးဆင္းတာ အရမ္းမ်ားေနမွသာ ေသာက္သင့္ပါတယ္။ အလုံး အ႐ြယ္အစားလည္း အရမ္းႀကီးေနတယ္ ၊ အလုံးေတြလည္း အမ်ားႀကီး ရွိေနတယ္ဆိုရင္ေတာ့ ခြဲၿပီး ထုတ္တာမ်ိဳးျဖစ္ျဖစ္ လုပ္ႏိုင္ပါတယ္။

ဘယ္လို ကာကြယ္ႏိုင္မလဲ

ကာကြယ္ႏိုင္တဲ့ နည္းလမ္းေတာ့ မရွိေသးပါဘူး။ ဒါေပမယ့္ ဟင္းသီးဟင္း႐ြက္နဲ႔ အသီးအႏွံေတြ မ်ားမ်ားစားေပးတာ ၊ ကိုယ္အေလးခ်ိန္ အရမ္းမမ်ားေအာင္ ထိန္းသိမ္းတာေတြဟာ fibroid အသားလုံးျဖစ္ပြားမႈကို နည္းပါးေစႏိုင္ပါတယ္။

Author :  Dr. မ်ိဳးဆက္

(Unicode)

အမျိုးသမီးတွေကို ကလေးမွေးဖို့ သားအိမ်ကို ဖန်ဆင်းခဲ့တယ်။ ကလေးနို့တိုက်ဖို့အတွက် ရင်သားကို ဖန်ဆင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ့ဖန်ဆင်းထားတဲ့ အရာတွေကို အသုံးမပြုတဲ့ သူတွေအတွက် အပြစ်ပေးတဲ့ အနေနဲ့ ရင်သားတွေ သားအိမ်တွေမှာ အလုံးတွေ ဖြစ်အောင် ဒဏ်ခတ်တယ်လို့ ဆရာတွေက မှတ်မိလွယ်အောင် သင်ပေးခဲ့ဖူးပါတယ်။ ရင်သားမှာ အလုံးဖြစ်တယ်ဆိုတာကတော့ ရင်သားကင်ဆာကို ပြောတာပါ။ ကလေးမမွေးဖွားသူတွေ ၊ မွေးသော်လည်း နို့မတိုက်သူတွေမှာ ပိုဖြစ်နိုင်တဲ့အတွက်ပါ။ သားအိမ်မှာ အလုံးဆိုတာကတော့ fibroid လို့ ခေါ်တဲ့ အသားလုံးပါ။

fibroid အသားလုံးဟာ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက် ရှိနေတတ်ပါတယ်။ အသက် ၁၆ နှစ်ကနေ ၅၀ အတွင်း မျိုးပွားနိုင်တဲ့ အသက်အရွယ်တွေမှာ ဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံး အရွယ်ကတော့ အသက် ၃၀ က ၅၀ အတွင်းပါ။ အမျိုးသမီး ဟော်မုန်း တစ်ခုဖြစ်တဲ့ အီစတိုဂျင် များတာနဲ့ သက်ဆိုင်တဲ့အတွက်  အီစတိုဂျင် နည်းပါးသွားတဲ့ သွေးဆုံးချိန် ရောက်တဲ့အခါ အလိုလို အရွယ်အစား ကျုံသွားတတ်ပါတယ်။

 

ရာသီသွေး စောပေါ်တဲ့သူတွေ ၊ တားဆေးသုံးစွဲသူတွေ ၊ အရက် ဘီယာ သောက်သုံးတတ်တဲ့ အမျိုးသမီးတွေ ၊ အသားစားတာများတဲ့ သူတွေ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို အစားနည်းတဲ့သူတွေ မှာ အဖြစ်များပါတယ်။ ဒါ့အပြင် ဗီတာမင် D ဓာတ်ချို့တဲ့ခြင်းကလည်း fibroid ကိုဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်း တစ်ခုပါပဲ။ အဝလွန်သူတွေ ၊ ကိုယ်အလေးချိန်များတဲ့သူတွေမှာလည်း အီစတိုဂျင်ဓာတ် ထွက်တာများတဲ့ အတွက် တခြားသူတွေထက် ဖြစ်နိုင်ချေ ပိုများစေပါတယ်။

များသောအားဖြင့် လက္ခဏာ ပြလေ့မရှိပါဘူး။ တချို့အမျိုးသမီးတွေမှာ

သွေးဆင်းများတာ
ရာသီလာတဲ့ အချိန်ဟာ တစ်ပတ်ထက် ပိုမိုကြာမြှင့်တာ
ဆီးစပ်နားမှာ နာကျင်ကိုက်ခဲတာ
ဆီးမကြာခဏ သွားတာ
ခါးနာတာ
ခြေထောက်တွေ ကိုက်ခဲတာ
ဆီးကုန်အောင် မသွားတာ ( ဆီးကျန်တာ)
ဝမ်းချုပ်တာ
အမျိုးသားနဲ့ အတူနေရင် နာကျင်တာတွေ ရှိနေတတ်ပါတယ်။
Fibroid အသားလုံးတွေဟာ ကင်ဆာ ပြောင်းလေ့မရှိပါဘူး။ ဒါပေမယ့် မကုဘဲ ထားမယ်ဆိုရင် ရာသီသွေးဆင်းများတဲ့ အတွက် သွေးအားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ တချို့ အလုံးတွေက သားဥပြွန်မှာ ပိတ်ဆို့မှုတွေကို ဖြစ်စေလို့ ကလေးမရနိုင်တာတွေထိ ဖြစ်တတ်ပါတယ်။ ကလေးရလာခဲ့ရင်လည်း လမစေ့ဘဲ မွေးဖွားခြင်း ၊ သားပျက်သားလျောဖြစ်ခြင်း ၊ မွေးလမ်းကြောင်းမှာ ပိတ်ဆို့နေခဲ့ရင် ရိုးရိုးမမွေးနိုင်ခြင်းတွေ ဖြစ်စေတတ်ပါတယ်။ အချင်းရှေ့ရောက်ခြင်းနဲ့ ကလေးကြီးထွားမှု နည်းတာတွေလည်း ဖြစ်စေတတ် ပါသေးတယ်။

ဒီအသားလုံးတွေဟာ ရောဂါလက္ခဏာလည်း  ထူးထူးထွေထွေ မပြတဲ့အတွက် ရှိနေမှန်းမသိတတ်ကြပါဘူး။ အလုံးအရွယ်အစား ကြီးလာမှသာ လက်နဲ့ စမ်းမိတာမျိုးတွေ ရှိတတ်တာပါ။ အလုံး ရှိမရှိကို အာထရာဆောင်း ရိုက်ကြည့်ရင် သိနိုင်ပါတယ်။

ဘယ်အခြေအနေမှာ ဆရာဝန်နဲ့ မဖြစ်မနေ ပြသသင့်သလဲ

ဆီးစပ်နားက နာကျင်မှုက လျော့မသွားတာ
ရာသီသွေးဆင်း အရမ်းများတာ ရက်အရမ်းကြာတာ
ရာသီလာပြီဆိုရင် အရမ်းနာကျင်ကိုက်ခဲတာ
ရာသီစက်ဝန်းကြားကာလတွေမှာ သွေးဆင်းတာ
ဆီးသွားရ ခက်လာတာမျိုးတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသသင့်ပါတယ်။ သားအိမ်ကင်ဆာ နဲ့ တခြားရောဂါတွေ  ဖြစ်နေနိုင်လို့ပါ။
မိမိမှာ အသားလုံး ရှိနေရင် ဘယ်လိုကုသနိုင်မလဲ

များသောအားဖြင့်  လူကို အရမ်းဒုက္ခပေးလေ့ မရှိတဲ့အတွက် စောင့်ကြည့်မယ်ဆို စောင့်ကြည့်လို့ ရပါတယ်။ သွေးဆုံးသွားတဲ့ အခါမှာ သူ့အလိုလို အလုံးအရွယ်အစား ကျုံသွားတတ်လို့ပါ။ တကယ်လို့ သွေးဆင်းများတယ်ဆိုရင်တော့ ဟော်မုန်းထုတ်လုပ်မှု့ကို တားဆီးနိုင်တဲ့ Gn-RH agonists တွေ သောက်ပေးလို့ ရပါတယ်။ ဒီလိုသောက်ခြင်းဖြင့် ရာသီလာခြင်းကို ရပ်တန့်စေပြီး အလုံးအရွယ်အစားကို သေးသွားစေနိုင်လို့ပါ။ ဒါပေမယ့် ၃ လ ကနေ ၆ လ အထက်တော့ ပိုမသောက်သင့်ပါဘူး။

နောက်နည်းလမ်းတစ်ခုကတော့ သွေးဆင်းအရမ်းများနေတယ်ဆိုရင် သွေးတိတ်ဆေးတွေ သောက်လို့ ရပါတယ်။ အမြဲ သောက်ဖို့တော့ မလိုပါဘူး။ သွေးဆင်းတာ အရမ်းများနေမှသာ သောက်သင့်ပါတယ်။ အလုံး အရွယ်အစားလည်း အရမ်းကြီးနေတယ် ၊ အလုံးတွေလည်း အများကြီး ရှိနေတယ်ဆိုရင်တော့ ခွဲပြီး ထုတ်တာမျိုးဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

ဘယ်လို ကာကွယ်နိုင်မလဲ

ကာကွယ်နိုင်တဲ့ နည်းလမ်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ များများစားပေးတာ ၊ ကိုယ်အလေးချိန် အရမ်းမများအောင် ထိန်းသိမ်းတာတွေဟာ fibroid အသားလုံးဖြစ်ပွားမှုကို နည်းပါးစေနိုင်ပါတယ်။

Author :  Dr. မျိုးဆက်

Previous Post

တော်တော်စိတ်ဒုက္ခပေးတဲ့ အရေပြားရောဂါတွေ အရေပြားအပေါ်ယံလွှာထဲက အရည်အိတ်လေး ( အပိုင်း ၂)

Next Post

ည

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
592
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
771

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ည

ပန်းသီးအကြောင်းသိကောင်းစရာ

ရေသောက်ခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူ ပြုခြင်းအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.