သင့်ကလေးဟာ လူမှုရေးနယ်ပယ်တွင် အံမဝင် ခွင်မကျ ဖြစ်တဲ့လူတစ်ယောက်လို ခံစားနေရသလား။
အောက်ဖော်ပြပါ အကြံပြုချက်တွေနဲ့ ကလေးကို ကူညီနိုင်ပါတယ်။
လူတိုင်းမှာ ယင်းသို့ ခံစားရတဲ့ အချိန်ရှိပါတယ်။ ဒါပေမဲ့ အကျင့်ပါနေတဲ့ရှက်ခြင်းဟာ ကလေးတွေ အတွက် ချည်နဲ့စေပါတယ်။ လူသစ်တွေနဲ့ တွေ့ဆုံခြင်း ဒါမှမဟုတ် မိတ်ဆွေဖွဲ့ခြင်းစတဲ့ ကောင်းမွန်တဲ့ လူအချင်းချင်း တုံ့ပြန်မှုကို ၎င်းတို့ စွန်လွှတ်ရုံတင်မက ရှက်တဲ့ကလေးတွေဟာ ကျောင်းမှာ အဆင့်အမှတ်နိမ့်ပြီး သင်ရိုးပြင်ပ လှုပ်ရှားမှုတွေကို လက်လွတ်ဆုံးရှုံးကြရပါတယ်။
ရှက်တဲ့ကလေးအနေနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး လွန်ကဲစွာ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ကိုယ့်အတွက် ပြောဆိုနိုင်အောင် မိဘတွေက ကူညီဖို့လိုအပ်ကြောင်း စင်ကာပူမှ လက်တွေ့ဆေးကုသနေသော စိတ်ပညာရှင်က ဆိုတယ်။
ကလေးက ရှက်ခြင်းကို ရှောင်ကြဉ်ရန် ကူညီဖို့ မိဘများ လိုက်နာရမည့် ရိုးစင်းတဲ့ နည်းလမ်း (၆) နည်းမှာ –
၁။ သင့်ကလေးရဲ့ ရှက်ခြင်းကို တစ်ချိန်လုံးရည်ညွှန်းပြီး ဒါမှမဟုတ် ဖော်ဖော်ရွေရွေ ရွှင်ရွှင်ပြပြ မနေတဲ့ ကိစ္စကို တကျည်ကျည်လုပ်ကာ ကလေးကို “ရှက်တယ်” ဆိုတာနဲ့ အမည်မတွင်ပါနဲ့။
၂။ သူစိမ်းတွေနဲ့ အကျွမ်းတဝင် ဖြစ်တဲ့နေရာဆီသို့ အတင်းဆွဲခေါ်နေမယ့်အစား ကလေးရဲ့ ကိုယ့်ပိုင်နက် (၎င်းရဲ့ အိမ် ဒါမှမဟုတ် ၎င်းရဲ့ အခန်း) မှာ အခြားသူများနဲ့ အပြန်အလှန် အကျိုးပြု ပြီးနေပါစေ။
၃။ သင့်ကလေးစကားပြောလာအောင် ကူညီဖို့အတွက် ရင်းနှီးတဲ့ လူအနည်းငယ်အား မိမိ လုပ်စေ ချင်သည့် ကိစ္စတွေကို ကြိုတင်မှာကြားထားပြီး သင့်ကလေးအား ဖြည်းဖြည်းချင်းထိတွေ့ပါစေ။
၄။ လူမှုရေး တုံ့ပြန်မှုအတွက် သင့်ကလေးအား ကိုယ်ပိုင်ဆက်ဆံရေး နယ်ပယ်ကို သတ်မှတ်ခွင့်ပေးပါ။ ၎င်းက ပွေ့ဖက်တာမကြိုက်လျှင် ဒါကို မလုပ်ဖို့ရှောင်ပါ။ ကျောင်းက ဘယ်လိုလဲ၊ ဒီနေ့ဘယ်သူနဲ့ ကစားသလဲ စတဲ့ မေးခွန်းတွေကိုဖြေရတာ မကြိုက်လျှင် တကျည်ကျည်မလုပ်ပါနဲ့။
၅။ စဉ်းစားဖို့နဲ့ မေးခွန်းတွေဖြေဖို့ သင့်ကလေးရဲ့ အချိန်လိုအပ်မှုကို ထောက်ထားပါ။
၆။ သင်ဟာ လူသိများပြီး ပွင့်လင်းစွာပြောဆိုတတ်သလို ကလေးလည်းအဲဒီလိုဖြစ်အောင် လေ့လာ သင်ကြားထားသင့်တယ်လို့ မမှတ်ပါနဲ့။ ကလေးရဲ့ တိတ်တိတ်ဆိတ်ဆိတ်နေမှုမှ အချို့အရာတွေကိုတောင် လေ့လာနိုင်တယ်။
Credit to Health Care Journal (Vol-7, No 10)