fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု (အပိုင်း ၁)

217
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/10/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကျွန်မ အသက် ၄၁ နှစ်၊ ကလေး ၂ယောက်အမေ ဖြစ်ပါသည်။ ခင်ပွန်းမှာ နိုင်ငံခြားတွင် အလုပ် လုပ်နေသည်မှာ ၁ဝ နှစ်ရှိပါပြီ။ ၁ နှစ် ၁ ခါ (တပတ် ၁ဝ ရက်) ပြန်လာလည်ပါသည်။ ကျွန်မမှာ မိဘနှင့် အတူနေပါသည်။ ကျွန်မသည် ဓမ္မတာမလာမီ ၁ပတ်၊ ၁ဝရက်အလိုတွင် စိတ်ခံစားမှု ပြင်းပြန်းထန်ထန် ဖြစ်လာပါသည်။ ထိုဖြစ်စဉ်မှာ မိန်းကလေးတိုင်း ဖြစ်တတ်သည်ကို နားလည်ပါသော်လည်း ယခု ကျွန်မသည် ပုံမှန်ထက် ပိုဆိုးဆိုး ခံစားလာရပါသည်ဟု သတိထားမိလာပါ တယ်။

ဒေါသလွန်လွန်ကဲကဲထွက်ပြီး အော်ပစ်ခြင်း၊ ခင်ပွန်းသည်နှင့် ယခင်က စကားများခဲ့သည်များကို ပြန်တွေးပြီး စိတ်တိုရန် လုပ်ခြင်း၊ ၄နှစ်အရွယ် ကလေးငယ်အား စိတ်မရှည် ဖြစ်လာခြင်း၊ တခါတရံ တစ်ယောက်ထဲ ငိုချင်နေခြင်း၊ တခါတရံ တစ်ယောက်ထဲ ငိုချင်နေခြင်း၊ အထီးကျန်သလို ခံစားရခြင်း၊ ဘာအလိုမကျမှန်းမသိဘဲ လူ့ဘဝနေရတာ စိတ်ကုန် လာခြင်း၊ သိပ်စိတ်ဆိုးသည့်အခါ ကိုယ့်ကိုယ်ကိုယ် သေသွားရင် ကောင်းမယ်ဟု ခံစားမိလာခြင်း၊ ထိုအချိန်တွင် တစ်ဦးဦးနှင့် ပြဿနာဖြစ်ပါက ပိုစိတ်ဆိုးပြီး တစ်နေရာရာကို ထွက်ပြေးနေချင်ခြင်း၊ ပစ္စည်းများအား ရိုက်ခွဲပြစ်လိုခြင်း စသည့် ခံစားမှုများကို ကျွန်မပတ်ဝန်းကျင်ကပါ သတိထားမိလာကြပါတယ်။ လစဉ်ခံစား ရပါသည်။ ကျွန်မတွင် စိတ်ရောဂါတစ်ခုခု ခံစားနေရပါသလား။ အသက်အရွယ်အရ ဖြစ်တတ်သောသဘောလား သိချင်ပါသည်။

ရာသီမလာခင် ဖြစ်ချင်တာတွေကို Premenstrual syndrome (PMS) ဆိုပြီး သပ်သပ်ဆေးစာမှာ ရှိတယ်။ အရွယ်ရောက် အမျိုးသမီး ၈ဝ%မှာ ခံစားကြရတယ်။ ဆေးကုဘို့လိုတာ ၂ဝ-၃ဝ% လောက်သာရှိပါတယ်။ ဆိုးဝါးတဲ့ Premenstrual Dysphoric Disorder (PMDD) ခေါ်တာမှာ ၂-၆% သာ ဆေးကုဘို့ လိုတယ်ဆိုပြီး ရာသီမလာခင် ဖြစ်ချင် တာတွေထဲမှာ ရေးထားပါတယ်။

အမျိုးသမီးတိုင်း ရာသီလာချိန်နဲ့ ဆက်စပ်ပြီး စိတ်ပိုင်းအပြောင်းအလဲ အနည်းအများရှိကြတယ်။ လတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါ။ ဘဝတလျှောက်မှာ ကြုံဘူးကြတာ များတယ်။ စိတ်ပူ-အပြောင်းအလဲတွေ Mood Swings လို့ ခေါ်တယ်။ Psychological disorder စိတ်ဝေဒနာတစ်ခု ဖြစ်တယ်။ မေးတဲ့သူ ရေးပြတာတွေ အားလုံးမှန်ပါတယ်။ အပြောင်းအလဲ မြန်တယ်၊ မှန်းမရဘူးလို့ ဆိုနိုင်တယ်။ သိပ်ဆိုးဝါးလာရင် စိတ်ကိုမထိန်းနိုင်တဲ့အထိ ဖြစ်ကြရတယ်။ ပြန်းထန် တာနဲ့ ခဏခဏ ဖြစ်နေတာမျိုးက ဆိုးတယ်။

အမေရိကန်နိုင်ငံသူတွေဟာ တသက်တာ ရာသီအခါပေါင်း ၄ဝဝ လာတယ်။ ၈ဝ%မှာ ရာသီမလာခင် ဖြစ်တာတွေကို ခံစားကြရတယ်။ ဘာတွေပဲ ခံစားရပါစေ မရှိကြပါ။ ရာသီနဲ့ မပတ်သက်ဘဲ စိတ်မူပြောင်းတာ တောက်လျှောက်လိုဖြစ်ရင်တော့ တခြားစိတ်ပိုင်းရောဂါ ဖြစ်နိုင်တယ်။ ယေဘုယျပြောရရင် စိတ်အခြေအနေဟာ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ရာသီလာခါနီးမှာ ပိုသိသာတယ်။ ဘာလို့ အဲလိုဖြစ်ကြရသလဲ။ ၂ပိုင်းခွဲနိုင်တယ်။

(၁)စိတ်ပိုင်းနဲ့ (၂)ရုပ်ပိုင်း။ ရုပ်ပိုင်းက ပိုအဖြစ်များတယ်။ စိတ်ပိုင်းအကြောင်းရင်း မှာလဲ ၂မျိုးရှိတယ်။ အလွန်ရှားတဲ့ Maniac Disorders နဲ့ Stresses ဖြစ်တယ်။ ပထမအမျိုးအစားဟာ မျိုးရိုးနဲ့ဆိုင်ပြီး ဦးနှောက်မှာ ဓါတ်ပြောင်းလဲမှုတွေကြောင့် ဖြစ်စေတယ်။ ရုပ်ပိုင်းအပြောင်းအလဲတွေဟာ Estrogen (အီစထိုဂျင်)နဲ့ Progester one (ပရိုဂျက်စတီရုန်း) ဟော်မုန်းတွေ ကြောင့်ဖြစ်တယ်။ တချို့ဟော်မုန်းကနေ ဦးနှောက်ထဲက Serotonin (ဆီရိုတိုနင်)ဓါတ် အနည်းအများကို ထိန်းပေးနေတာမို့ စိတ်မူကိုပါ ပြောင်းစေနိုင်တယ်။ (ဆီရိုတိုနင်)ဓါတ်နည်းလာရင် ဆိုးစေမယ်။

ယောက်ျားဟော်မုန်းနဲ့ နို့ထွက်စေအောင်လုပ်တဲ့ Prolactin (ပရိုလက်တင်)များရင်၊ မျိုးဥထွက်မှာကို နှေးစေမယ်၊ Progesterone (ပရိုဂျက်စတီရုန်း) နည်းစေမယ်၊ PMS ဖြစ်စေတယ်။ Endometriosis (အင်ဒိုမီထရီရိုးဆစ်)ဆိုတဲ့ သားအိမ်ရောဂါ ရှိသူတွေမှာလဲ ဖြစ်တတ်တယ်။ ရာသီလာရင် ပိုနာကြတယ်။ Fibrocystic breast changes ဆိုတဲ့ ကင်ဆာ မဟုတ်တဲ့ ရင်သားအကျိတ် ရောဂါကလဲ ဖြစ်စေတယ်။ – Obsessive-compulsive disorder စိတ်ရောဂါ ရှိနေသူတွေ ဒီအချိန်မျိုးမှာ ပိုဆိုးတယ်။

တချို့မှာ ဖြစ်နေပေမဲ့ မသိသာဘူး။ ဟိုဟာဒီဟာစားချင်စိတ် ချင်ချင်းတတ်တာမျိုးလဲရှိတတ်တယ်။ အလုပ်၊ အိမ်မှာလဲ အဆင်မပြေဘူး၊ လူတော မတိုးချင်ဘူး။ စိတ်ပျက်လက်ပျက်ဖြစ်တာ၊ လုံးဝ စိတ်ဓာတ်ကျတာ၊ စိတ်ရှုပ် စိတ်တို၊ အရေးမကြီးလောက်တာလေးအတွက် စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းပက်လက်ဖြစ်တာ၊ နောင်တရနေတာ၊ စိတ်တက်ကြွမှု နည်းမယ်၊ စိတ်တိုတယ်၊ ဇွတ်လုပ်ချင်တယ်၊ သည်းခံစိတ်လျော့မယ်၊ ပူပင်စိတ်များမယ်၊ စိုးရိမ်စိတ် ကဲမယ်၊ ဂနာမငြိမ် ဖြစ်နေမယ်၊ ဝမ်းနည်းပက်လက် စိတ်ပျက်နေမယ်။ အိမ်ထောင်ရေးမသာယာတာ၊ အရင်က အနှိပ်စက် ခံခဲ့ရဘူးတာ၊ ကိုယ့်ကိုယ်ကို အားမရတာ၊ စတာတွေရှိသူတွေမှာ သာမန်စိတ်အခြေအနေထက် ပိုဆိုးတယ်။

ဘာတွေလုပ်နိုင်သလဲ
(၁) Lifestyle changes အနေအထိုင် ပုံစံပြောင်းနည်း
(၂) Alternative approaches and တခြားနည်း
(၃) Drugs ဆေးပေးနည်း၊
(၄) Surgery ခွဲစိတ်ကုသနည်း၊
(၅) စိတ်အထူးကုဆရာဝန်နဲ့ ကုသနည်း။ ဆက်ရန်…….

 

Author: ဒေါက်တာတင့်ဆွေ, Healthcare Journal, vol 8,no 35 (15.9.17)

 

Previous Post

အဆီပြန်သော အသားအရေအတွက် စားသုံးသင့်သော အစားအစာများ

Next Post

သားအိမ်ခေါင်းကင်ဆာ မပေါ့ဆသင့်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
623

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
593
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားအိမ်ခေါင်းကင်ဆာ မပေါ့ဆသင့်ပါ

အသားအရေ လှပစေဖို့ ရွေးချယ်စားသောက်ရမည့် အစားအစာများ အပိုင်း ၁

ကလေးအရိုးပျော့ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.