fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ေသြးဆုံးခ်ိန္

87
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/10/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ေသြးဆုံးခ်ိန္နီးလာတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို ဆရာဝန္တစ္ေယာက္အေနနဲ႔ အထိေရာက္ဆုံးေပးႏိုင္တဲ့ေဆး ကေတာ့ အ႐ိုးစင္းဆုံးျဖစ္တဲ့ ရွင္းျပျခင္းပဲျဖစ္ပါတယ္။ ဆရာဝန္အေနနဲ႔ ေျပာျပႏိုင္တဲ့ စကားေတြထဲမွာ ေသြးဆုံးခ်ိန္ဟာ တစ္ကိုယ္ေရဆြဲေဆာင္မႈ ကုန္ဆုံးသြားျခင္း (သို႔) လိင္ကိစၥတြင္ ေပ်ာ္႐ႊင္မႈ ရပ္ဆိုင္းသြားတာ မဟုတ္ဘူးဆိုတာကို အမ်ိဳးသမီးကို နားလည္ေအာင္ရွင္းျပေပးရမယ္။

ခံစားရတာ၊ စိတ္ညစ္ရတာဆိုတဲ့ ကိစၥေတြဟာ အမ်ိဳးသမီးအနည္းငယ္သာ ေတြ႕ႀကဳံရတဲ့ကိစၥဆိုတာကို သေဘာေပါက္ေအာင္ ေျပာျပဖို႔လိုတယ္။ အမ်ိဳးသမီးေတြ ပုံမွန္ေတြ႕ႀကဳံရတဲ့ကာလမွာ ခႏၶာကိုယ္ အတြင္း ေျပာင္းလဲမႈျဖစ္သြားတာထက္ စိုးရိမ္မႈနဲ႔ မွားယြင္းတဲ့ အယူအဆေတြကသာ ႀကီးမားတဲ့အႏၲရာယ္ေတြျဖစ္တယ္။

ကံမေကာင္းခ်င္ေတာ့ ဒီလိုရွင္းျပတာေတြဟာ အမ်ားအားျဖင့္ ေနာက္က်သြားတတ္တယ္။ ကြၽမ္းက်င္တဲ့ဆရာဝန္ တစ္ေယာက္ေတာင္ အသက္(၄ဝ-၅ဝ)ရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ ႏွစ္ေပါင္းမ်ားစြာ စုစည္းလာတဲ့ စိတ္ပိုင္းဆိုင္ရာ ပင့္ကူအိမ္မွ်င္ေတြနဲ႔ အယူသီးမႈေတြကို ဖယ္ရွားပစ္ဖို႔ အခက္ႀကဳံတတ္တယ္။
ဒါဆိုအျဖစ္မွန္ေတြကဘာလဲ။

အပ်ိဳေဖာ္ဝင္ခ်ိန္မွာ မိန္းကေလးတစ္ေယာက္ရဲ႕ ဦးေႏွာက္အေျခမွာရွိတဲ့ ခႏၶာကိုယ္ႀကီးထြားျဖစ္ထြန္းမႈကို အက်ိဳးျပဳတဲ့ ေဟာ္မုန္းထုတ္ေပးတဲ့ အက်ိတ္ (pituitary gland)ဟာ gonadotropin လို႔ ေခၚတဲ့ ေဟာ္မုန္းတစ္မ်ိဳးကို ထုတ္လုပ္ကာ ေသြးေၾကာထဲသြင္းေပးလိုက္တယ္။ ဒီပစၥည္းဟာ သားအိမ္ကို ႏႈိးႂကြေစကာ oestrogen လို႔ေခၚတဲ့ ေဟာ္မုန္းေတြကို ထုတ္လုပ္ေစတယ္။ အဲဒီေနာက္မွာ (၂၈)ရက္ဝန္းက်င္ကာလ၊ လစဥ္ျဖစ္ေပၚလာတယ္။

သားအိမ္တစ္ခု အတြင္းမွာရွိတဲ့ ဥပါတဲ့အိတ္ငယ္ေလး (follicle) ဟာ မွည့္လာၿပီး၊ သားဥ (ovum)ထဲက ထြက္ေပၚ လာပါတယ္။ ေနာက္အထဲမွာ ဘာမွမရွိတဲ့ follicleဟာ progesterone လို႔ေခၚတဲ့ ေနာက္ထပ္ေဟာ္မုန္းတစ္မ်ိဳးကို ထုတ္လုပ္လိုက္တယ္။ ဒီေဟာ္မုန္းက သားအိမ္ (uterus) နံရံကို သေႏၶရွိဖို႔အတြက္ ျပင္ဆင္ေပးတယ္။ သေႏၶမျဖစ္ေပၚလာဘူး ဆိုရင္ ေခတၱျဖစ္ေပၚတဲ့ နံရံကို ခါထုတ္လိုက္တဲ့အခါ ဓမၼတာဆိုတာ ျဖစ္ေပၚလာတယ္။ ႐ိုး႐ိုးအားျဖင့္ေတာ့ အမ်ိဳးသမီး တစ္ေယာက္ဟာ ဒီလိုလည္ပတ္မႈမ်ိဳး ႏွစ္ေပါင္း (၃ဝ-၄ဝ)အတြင္း အႀကိမ္ေပါင္း (၃၅ဝ-၄၅ဝ)ႀကဳံေတြ႕တတ္တယ္။

ဒါေပမယ့္ ေနာက္ပိုင္းတြင္ သားအိမ္ေတြက Oestrogen ထုတ္လုပ္မႈ ေလ်ာ့ေလ်ာ့လာကာ၊ ေနာက္ပိုင္းလုံးဝ မထုတ္လုပ္ေတာ့ဘဲ၊ အိတ္ငယ္ေလးမွည့္လာျခင္းမရွိေတာ့ဘဲ Progesterone ထုတ္ေပးျခင္းလည္း မရွိေတာ့ဘူး။ သားအိမ္ေတြဟာ ပ်ိဳေဖာ္ဝင္ခ်ိန္မတိုင္ခင္ကလို အလုပ္မလုပ္ေတာ့ဘူး။

သားအိမ္ေတြ ၿငိမ္သက္သြားတဲ့အခါ အျခား endocrine ဂလင္းေတြဟာ သူတို႔ရဲ႕ လႈပ္ရွားမႈေတြကို ျမႇင့္တင္လာၾက တယ္။ ေက်ာက္ကပ္ေတြ အနားမွာရွိတဲ့ adrenal ဂလင္းေတြဟာ Oestrogen ထုတ္လုပ္မႈကို တိုးၿပီးထုတ္လာတယ္။ လည္ပင္းမွာရွိတဲ့ thyroid ဂလင္းဟာလည္း ပိုမိုလႈပ္ရွားတယ္။ တစ္ျခားဂလင္းေတြကလည္း သူတို႔ရဲ႕ အစိတ္အပိုင္းေတြကို ေျပာင္းလဲလာၾကတယ္။ ဒီေတာ့ ခႏၶာကိုယ္က မၾကာခင္မွာ ေဟာ္မုန္းဓာတ္ညီမွ်မႈကို ျဖစ္ေပၚလာေစတယ္။ အဲဒီအခါမ်ိဳးမွာ အမ်ိဳးသမီးတစ္ေယာက္ဟာ သူ႔ဘဝရဲ႕ အဓိကက်တဲ့ တတိယအခ်ိန္ကို ေရာက္လာတယ္။ အနည္းငယ္ အေျမႇာ္အျမင္ရွိလာတယ္။ ကေလးလည္း မရရွိႏိုင္ေတာ့ဘူး။ အသက္(၄ဝ)တုန္းကလို အသက္(၅ဝ)အခ်ိန္ဟာလည္း သိပ္ကြာျခားမႈမရွိဘူး။

ဒီလိုေျပာင္းလဲတဲ့အခ်ိန္တြင္ အမ်ိဳးသမီးအနည္းစု (၈-၁ဝ) ေယာက္မွာ တစ္ေယာက္ဟာ ကိုယ္ပိုင္ဆိုင္ရာ ကသိကေအာက္ ျဖစ္တာနဲ႔ ေတြ႕ႀကဳံၾကရတယ္။ ျဖစ္ေလ့ျဖစ္ထအရွိဆုံး လကၡဏာကေတာ့ ‘hot flush’လို႔ ေခၚတဲ့ ႐ုတ္တရက္ ေသြးဦးေခါင္းဆီနဲ႔ ခႏၶာကိုယ္အေပၚပိုင္းဆီ ေရာက္သြားတာမ်ိဳး ျဖစ္တတ္တယ္။ ေခါင္းကိုက္၊ ခါးကိုက္နဲ႔ ပင္ပန္းႏြမ္းနယ္ တာေတြလည္း ခံစားရတတ္တယ္။

ေသြးဆုံးခ်ိန္တြင္ ခံစားရတဲ့ ‘hard time’ ခက္ခဲတဲ့အခ်ိန္တြင္ ကာယပိုင္းနဲ႔ စိတ္ပိုင္းဆိုင္ရာတို႔မွာ ေရာေထြးတဲ့ ခံစားမႈေတြ ျဖစ္လာတတ္တယ္။ စိတ္ပိုင္းဆိုင္ရာမွာေတာ့ စိုးရိမ္၊ စိတ္အားငယ္နဲ႔ ေၾကာက္႐ြံ႕တာေတြျဖစ္တတ္တယ္။ ခင္ပြန္းနဲ႔ ဆက္ဆံမႈတြင္ ထိခိုက္လာမွာကို ပူပန္လာတတ္တယ္။ တစ္ခ်ိဳ႕ကလည္း သူတို႔ရဲ႕ ပုံပန္းသ႑ာန္အေပၚ ပူပန္လာတယ္။ အမွား ကေတာ့ သူတို႔ရဲ႕ အနာဂတ္အတြက္ ပူပန္ၾကတယ္။ အမ်ိဳးသမီးေတြ ဆရာဝန္ကို ေမးေလ့ေမးထရွိတဲ့ ေမးခြန္းကေတာ့ ‘ကြၽန္မတစ္သက္လုံး ဒီလိုပဲ ခံစားေနရေတာ့မွာလား’ ဆိုတဲ့ ေမးခြန္းပဲ။ ဒီလို စိုးရိမ္ပူပန္မႈေတြဟာ အမ်ားအားျဖင့္ေတာ့ အေျခအျမစ္မရွိပါဘူး။ ခႏၶာကိုယ္တြင္း ဂလင္းေတြ ေျပာင္းလဲမႈရဲ႕ ရလဒ္ပါပဲ။

ေသြးဆုံးခ်ိန္တြင္၊ အမ်ိဳးသမီး အမ်ားစုကေတာ့ ‘hot flush’ ေတြ ခံစားၾကရတတ္ၿပီး မၾကာမၾကာ စိတ္အားငယ္ၾကေပမယ့္ မခံႏိုင္ေလာက္တဲ့ အေျခအေနမ်ိဳးေတာ့ မရွိၾကပါဘူး။ စိတ္ေသာကျဖစ္ေစတဲ့ လကၡဏာေတြကို ေတြ႕ႀကဳံရတဲ့ လူနည္းစု အမ်ိဳးသမီးေတြအတြက္ေတာ့ ေဆးဘက္သိပၸံပညာက ဘာဆုထားသလဲဆိုရင္ ကုစားတဲ့နည္း ႏွစ္နည္းရွိတယ္လို႔ ဆိုတယ္။ ေဟာ္မုန္းေတြႏွင့္ စိတ္ခ်ေစဖို႔အားေပးမႈပဲ ျဖစ္တယ္။ စိတ္ခ်ေစဖို႔ အားေပးမႈက ပိုၿပီးေကာင္းတယ္လို႔ မီးယပ္ပါရဂူ တစ္ဦးက ေျပာတယ္။

တစ္ခ်ိဳ႕ကိစၥေတြမွာ အမ်ိဳးသမီးေတြကို စိတ္ခ်ေစဖို႔ အားေပးမႈ မၾကာခဏလိုတယ္။ တခ်ိဳ႕ အမ်ိဳးသမီးေတြ အတြက္ ကေတာ့ လိင္ကိစၥနဲ႔ပတ္သက္ၿပီး ပူပန္မႈေတြက ထိပ္ဆုံးကျဖစ္တယ္။ ဒီလိုပူပန္မႈမ်ိဳးေတြဟာ အေျခအျမစ္ မရွိဘူး။ ေသြးဆုံးခ်ိန္မတိုင္မီ ႏွစ္ေတြအတြင္း လိင္ကိစၥမွာ တက္ႂကြမႈရွိတဲ့ အမ်ိဳးသမီးေတြအထဲမွာ အမ်ားစုက လိင္ကိစၥမွာ ဆက္လက္ၿပီး ေပ်ာ္႐ႊင္မႈရရွိၾကတယ္။ ေသြးဆုံးခ်ိန္အၿပီး အခ်ိဳ႕အမ်ိဳးသမီးေတြမွာ လိင္ကိစၥတြင္ ပိုၿပီး ေပ်ာ္႐ႊင္မႈ ရွိလာတာကို ေတြ႕ရတယ္။ မလိုခ်င္တဲ့ ကိုယ္ဝန္ရွိလာဖို႔ အေၾကာင္းမရွိေတာ့ေၾကာင္း စိတ္ရႈပ္စရာ မလိုတာလည္းပါတယ္။

ေနာက္ေယဘုယ် အခ်က္အလက္ျဖစ္တဲ့ အသက္ႀကီးရင့္လာတာနဲ႔ ပုံပန္းသ႑ာန္ကလည္း ရွိေသးတယ္။ ဒါေပမယ့္ ေမြးလာတဲ့အခ်ိန္ကစၿပီး အသက္ကႀကီးလာတာဟာ အသက္ႀကီးရင့္လာတာကို မျမန္ေစဘူး။ အမ်ိဳးသမီးေတြကို ဝလည္းမလာေစဘူး။ ဒီအခ်ိန္ကာလမွာ အၿမဲ စားေသာက္လြန္းအားႀကီးလို႔သာ အဆီေတြ မ်ားလာတာပဲျဖစ္တယ္။ ေသြးဆုံးခ်ိန္နဲ႔ ကင္ဆာေရာဂါ ဆက္စပ္မႈဟာလည္း ျပႆနာတစ္ခုျဖစ္တယ္။ ေသြးဆုံးခ်ိန္အတြင္းမွာ တင္ပါးဆုံ႐ိုးရွိ အ႐ိုးေတြကို ေသခ်ာစြာ စစ္ေဆးဖို႔လိုတယ္။

တစ္ခ်ိဳ႕အမ်ိဳးသမီးေတြဟာ သူတို႔ အသက္(၃ဝ)ဝန္းက်င္အတြင္း (သို႔) ဒါ့ထက္ေစာၿပီး fibriods လို႔ေခၚတဲ့ အႏၲရာယ္မရွိတဲ့ အသားပိုေတြ ရွိတတ္တယ္။ ေသြးဆုံးအခ်ိန္အတြင္းမွာ ကင္ဆာေရာဂါေၾကာင့္ ေသြးယိုထြက္တာျဖစ္သလို (သို႔) spotting ျဖစ္တတ္တာေၾကာင့္ အမ်ိဳးသမီးအေနနဲ႔ ဆရာဝန္ကို ခ်က္ျခင္းျပဖို႔လိုတယ္။

စိတ္ပိုင္းဆိုင္ရာ ပင့္ကူမွ်င္ေတြနဲ႔ အယူသီးမႈေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ျပႆနာေတြကို ပေပ်ာက္သြားေစဖို႔ အမ်ိဳးသမီးေတြအေနနဲ႔ တစ္စည္းတစ္လုံးထဲ ရပ္တည္ဖို႔ လိုလာၿပီျဖစ္တယ္။

Author: ေမာင္ခ်မ္းသာ, Healthcare Journal, vol 8,no 33 (1.9.17)

(Unicode)

သွေးဆုံးချိန်နီးလာတဲ့ အမျိုးသမီးတစ်ယောက်ကို ဆရာဝန်တစ်ယောက်အနေနဲ့ အထိရောက်ဆုံးပေးနိုင်တဲ့ဆေး ကတော့ အရိုးစင်းဆုံးဖြစ်တဲ့ ရှင်းပြခြင်းပဲဖြစ်ပါတယ်။ ဆရာဝန်အနေနဲ့ ပြောပြနိုင်တဲ့ စကားတွေထဲမှာ သွေးဆုံးချိန်ဟာ တစ်ကိုယ်ရေဆွဲဆောင်မှု ကုန်ဆုံးသွားခြင်း (သို့) လိင်ကိစ္စတွင် ပျော်ရွှင်မှု ရပ်ဆိုင်းသွားတာ မဟုတ်ဘူးဆိုတာကို အမျိုးသမီးကို နားလည်အောင်ရှင်းပြပေးရမယ်။

ခံစားရတာ၊ စိတ်ညစ်ရတာဆိုတဲ့ ကိစ္စတွေဟာ အမျိုးသမီးအနည်းငယ်သာ တွေ့ကြုံရတဲ့ကိစ္စဆိုတာကို သဘောပေါက်အောင် ပြောပြဖို့လိုတယ်။ အမျိုးသမီးတွေ ပုံမှန်တွေ့ကြုံရတဲ့ကာလမှာ ခန္ဓာကိုယ် အတွင်း ပြောင်းလဲမှုဖြစ်သွားတာထက် စိုးရိမ်မှုနဲ့ မှားယွင်းတဲ့ အယူအဆတွေကသာ ကြီးမားတဲ့အန္တရာယ်တွေဖြစ်တယ်။

ကံမကောင်းချင်တော့ ဒီလိုရှင်းပြတာတွေဟာ အများအားဖြင့် နောက်ကျသွားတတ်တယ်။ ကျွမ်းကျင်တဲ့ဆရာဝန် တစ်ယောက်တောင် အသက်(၄ဝ-၅ဝ)ရှိတဲ့ အမျိုးသမီးတစ်ယောက် နှစ်ပေါင်းများစွာ စုစည်းလာတဲ့ စိတ်ပိုင်းဆိုင်ရာ ပင့်ကူအိမ်မျှင်တွေနဲ့ အယူသီးမှုတွေကို ဖယ်ရှားပစ်ဖို့ အခက်ကြုံတတ်တယ်။
ဒါဆိုအဖြစ်မှန်တွေကဘာလဲ။

အပျိုဖော်ဝင်ချိန်မှာ မိန်းကလေးတစ်ယောက်ရဲ့ ဦးနှောက်အခြေမှာရှိတဲ့ ခန္ဓာကိုယ်ကြီးထွားဖြစ်ထွန်းမှုကို အကျိုးပြုတဲ့ ဟော်မုန်းထုတ်ပေးတဲ့ အကျိတ် (pituitary gland)ဟာ gonadotropin လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်လုပ်ကာ သွေးကြောထဲသွင်းပေးလိုက်တယ်။ ဒီပစ္စည်းဟာ သားအိမ်ကို နှိုးကြွစေကာ oestrogen လို့ခေါ်တဲ့ ဟော်မုန်းတွေကို ထုတ်လုပ်စေတယ်။ အဲဒီနောက်မှာ (၂၈)ရက်ဝန်းကျင်ကာလ၊ လစဉ်ဖြစ်ပေါ်လာတယ်။

သားအိမ်တစ်ခု အတွင်းမှာရှိတဲ့ ဥပါတဲ့အိတ်ငယ်လေး (follicle) ဟာ မှည့်လာပြီး၊ သားဥ (ovum)ထဲက ထွက်ပေါ် လာပါတယ်။ နောက်အထဲမှာ ဘာမှမရှိတဲ့ follicleဟာ progesterone လို့ခေါ်တဲ့ နောက်ထပ်ဟော်မုန်းတစ်မျိုးကို ထုတ်လုပ်လိုက်တယ်။ ဒီဟော်မုန်းက သားအိမ် (uterus) နံရံကို သန္ဓေရှိဖို့အတွက် ပြင်ဆင်ပေးတယ်။ သန္ဓေမဖြစ်ပေါ်လာဘူး ဆိုရင် ခေတ္တဖြစ်ပေါ်တဲ့ နံရံကို ခါထုတ်လိုက်တဲ့အခါ ဓမ္မတာဆိုတာ ဖြစ်ပေါ်လာတယ်။ ရိုးရိုးအားဖြင့်တော့ အမျိုးသမီး တစ်ယောက်ဟာ ဒီလိုလည်ပတ်မှုမျိုး နှစ်ပေါင်း (၃ဝ-၄ဝ)အတွင်း အကြိမ်ပေါင်း (၃၅ဝ-၄၅ဝ)ကြုံတွေ့တတ်တယ်။

ဒါပေမယ့် နောက်ပိုင်းတွင် သားအိမ်တွေက Oestrogen ထုတ်လုပ်မှု လျော့လျော့လာကာ၊ နောက်ပိုင်းလုံးဝ မထုတ်လုပ်တော့ဘဲ၊ အိတ်ငယ်လေးမှည့်လာခြင်းမရှိတော့ဘဲ Progesterone ထုတ်ပေးခြင်းလည်း မရှိတော့ဘူး။ သားအိမ်တွေဟာ ပျိုဖော်ဝင်ချိန်မတိုင်ခင်ကလို အလုပ်မလုပ်တော့ဘူး။

သားအိမ်တွေ ငြိမ်သက်သွားတဲ့အခါ အခြား endocrine ဂလင်းတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို မြှင့်တင်လာကြ တယ်။ ကျောက်ကပ်တွေ အနားမှာရှိတဲ့ adrenal ဂလင်းတွေဟာ Oestrogen ထုတ်လုပ်မှုကို တိုးပြီးထုတ်လာတယ်။ လည်ပင်းမှာရှိတဲ့ thyroid ဂလင်းဟာလည်း ပိုမိုလှုပ်ရှားတယ်။ တစ်ခြားဂလင်းတွေကလည်း သူတို့ရဲ့ အစိတ်အပိုင်းတွေကို ပြောင်းလဲလာကြတယ်။ ဒီတော့ ခန္ဓာကိုယ်က မကြာခင်မှာ ဟော်မုန်းဓာတ်ညီမျှမှုကို ဖြစ်ပေါ်လာစေတယ်။ အဲဒီအခါမျိုးမှာ အမျိုးသမီးတစ်ယောက်ဟာ သူ့ဘဝရဲ့ အဓိကကျတဲ့ တတိယအချိန်ကို ရောက်လာတယ်။ အနည်းငယ် အမြှော်အမြင်ရှိလာတယ်။ ကလေးလည်း မရရှိနိုင်တော့ဘူး။ အသက်(၄ဝ)တုန်းကလို အသက်(၅ဝ)အချိန်ဟာလည်း သိပ်ကွာခြားမှုမရှိဘူး။

ဒီလိုပြောင်းလဲတဲ့အချိန်တွင် အမျိုးသမီးအနည်းစု (၈-၁ဝ) ယောက်မှာ တစ်ယောက်ဟာ ကိုယ်ပိုင်ဆိုင်ရာ ကသိကအောက် ဖြစ်တာနဲ့ တွေ့ကြုံကြရတယ်။ ဖြစ်လေ့ဖြစ်ထအရှိဆုံး လက္ခဏာကတော့ ‘hot flush’လို့ ခေါ်တဲ့ ရုတ်တရက် သွေးဦးခေါင်းဆီနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းဆီ ရောက်သွားတာမျိုး ဖြစ်တတ်တယ်။ ခေါင်းကိုက်၊ ခါးကိုက်နဲ့ ပင်ပန်းနွမ်းနယ် တာတွေလည်း ခံစားရတတ်တယ်။

သွေးဆုံးချိန်တွင် ခံစားရတဲ့ ‘hard time’ ခက်ခဲတဲ့အချိန်တွင် ကာယပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတို့မှာ ရောထွေးတဲ့ ခံစားမှုတွေ ဖြစ်လာတတ်တယ်။ စိတ်ပိုင်းဆိုင်ရာမှာတော့ စိုးရိမ်၊ စိတ်အားငယ်နဲ့ ကြောက်ရွံ့တာတွေဖြစ်တတ်တယ်။ ခင်ပွန်းနဲ့ ဆက်ဆံမှုတွင် ထိခိုက်လာမှာကို ပူပန်လာတတ်တယ်။ တစ်ချို့ကလည်း သူတို့ရဲ့ ပုံပန်းသဏ္ဍာန်အပေါ် ပူပန်လာတယ်။ အမှား ကတော့ သူတို့ရဲ့ အနာဂတ်အတွက် ပူပန်ကြတယ်။ အမျိုးသမီးတွေ ဆရာဝန်ကို မေးလေ့မေးထရှိတဲ့ မေးခွန်းကတော့ ‘ကျွန်မတစ်သက်လုံး ဒီလိုပဲ ခံစားနေရတော့မှာလား’ ဆိုတဲ့ မေးခွန်းပဲ။ ဒီလို စိုးရိမ်ပူပန်မှုတွေဟာ အများအားဖြင့်တော့ အခြေအမြစ်မရှိပါဘူး။ ခန္ဓာကိုယ်တွင်း ဂလင်းတွေ ပြောင်းလဲမှုရဲ့ ရလဒ်ပါပဲ။

သွေးဆုံးချိန်တွင်၊ အမျိုးသမီး အများစုကတော့ ‘hot flush’ တွေ ခံစားကြရတတ်ပြီး မကြာမကြာ စိတ်အားငယ်ကြပေမယ့် မခံနိုင်လောက်တဲ့ အခြေအနေမျိုးတော့ မရှိကြပါဘူး။ စိတ်သောကဖြစ်စေတဲ့ လက္ခဏာတွေကို တွေ့ကြုံရတဲ့ လူနည်းစု အမျိုးသမီးတွေအတွက်တော့ ဆေးဘက်သိပ္ပံပညာက ဘာဆုထားသလဲဆိုရင် ကုစားတဲ့နည်း နှစ်နည်းရှိတယ်လို့ ဆိုတယ်။ ဟော်မုန်းတွေနှင့် စိတ်ချစေဖို့အားပေးမှုပဲ ဖြစ်တယ်။ စိတ်ချစေဖို့ အားပေးမှုက ပိုပြီးကောင်းတယ်လို့ မီးယပ်ပါရဂူ တစ်ဦးက ပြောတယ်။

တစ်ချို့ကိစ္စတွေမှာ အမျိုးသမီးတွေကို စိတ်ချစေဖို့ အားပေးမှု မကြာခဏလိုတယ်။ တချို့ အမျိုးသမီးတွေ အတွက် ကတော့ လိင်ကိစ္စနဲ့ပတ်သက်ပြီး ပူပန်မှုတွေက ထိပ်ဆုံးကဖြစ်တယ်။ ဒီလိုပူပန်မှုမျိုးတွေဟာ အခြေအမြစ် မရှိဘူး။ သွေးဆုံးချိန်မတိုင်မီ နှစ်တွေအတွင်း လိင်ကိစ္စမှာ တက်ကြွမှုရှိတဲ့ အမျိုးသမီးတွေအထဲမှာ အများစုက လိင်ကိစ္စမှာ ဆက်လက်ပြီး ပျော်ရွှင်မှုရရှိကြတယ်။ သွေးဆုံးချိန်အပြီး အချို့အမျိုးသမီးတွေမှာ လိင်ကိစ္စတွင် ပိုပြီး ပျော်ရွှင်မှု ရှိလာတာကို တွေ့ရတယ်။ မလိုချင်တဲ့ ကိုယ်ဝန်ရှိလာဖို့ အကြောင်းမရှိတော့ကြောင်း စိတ်ရှုပ်စရာ မလိုတာလည်းပါတယ်။

နောက်ယေဘုယျ အချက်အလက်ဖြစ်တဲ့ အသက်ကြီးရင့်လာတာနဲ့ ပုံပန်းသဏ္ဍာန်ကလည်း ရှိသေးတယ်။ ဒါပေမယ့် မွေးလာတဲ့အချိန်ကစပြီး အသက်ကကြီးလာတာဟာ အသက်ကြီးရင့်လာတာကို မမြန်စေဘူး။ အမျိုးသမီးတွေကို ဝလည်းမလာစေဘူး။ ဒီအချိန်ကာလမှာ အမြဲ စားသောက်လွန်းအားကြီးလို့သာ အဆီတွေ များလာတာပဲဖြစ်တယ်။ သွေးဆုံးချိန်နဲ့ ကင်ဆာရောဂါ ဆက်စပ်မှုဟာလည်း ပြဿနာတစ်ခုဖြစ်တယ်။ သွေးဆုံးချိန်အတွင်းမှာ တင်ပါးဆုံရိုးရှိ အရိုးတွေကို သေချာစွာ စစ်ဆေးဖို့လိုတယ်။

တစ်ချို့အမျိုးသမီးတွေဟာ သူတို့ အသက်(၃ဝ)ဝန်းကျင်အတွင်း (သို့) ဒါ့ထက်စောပြီး fibriods လို့ခေါ်တဲ့ အန္တရာယ်မရှိတဲ့ အသားပိုတွေ ရှိတတ်တယ်။ သွေးဆုံးအချိန်အတွင်းမှာ ကင်ဆာရောဂါကြောင့် သွေးယိုထွက်တာဖြစ်သလို (သို့) spotting ဖြစ်တတ်တာကြောင့် အမျိုးသမီးအနေနဲ့ ဆရာဝန်ကို ချက်ခြင်းပြဖို့လိုတယ်။

စိတ်ပိုင်းဆိုင်ရာ ပင့်ကူမျှင်တွေနဲ့ အယူသီးမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ပပျောက်သွားစေဖို့ အမျိုးသမီးတွေအနေနဲ့ တစ်စည်းတစ်လုံးထဲ ရပ်တည်ဖို့ လိုလာပြီဖြစ်တယ်။

Author: မောင်ချမ်းသာ, Healthcare Journal, vol 8,no 33 (1.9.17)

Previous Post

ကလေးအရိုးပျော့ရောဂါ

Next Post

ပါးချိတ်ရောင်နာ မကြောက်ပါနဲ့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
623

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
593
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပါးချိတ်ရောင်နာ မကြောက်ပါနဲ့

မိခင်နို့ချိုနှင့်ဖြည့်စွက်စာ (အပိုင်း ၁)

ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.