fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အမျိုးသမီးတွေအတွက်အာဟာရ

54
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/12/2016
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသမီး ကျန်းမာရေး
1 min read
A A

လူတိုင်း အစားအစာဆိုတာ လုံလောက် မျှတရတယ်။ လုံလောက်ဆိုတာ အပျိုတုန်းကတစ်မျိုး၊ ကိုယ်ဝန်ဆောင်မှာတစ်မျိုး။ နို့တိုက်ချိန်မှာ တစ်မျိုး။ နို့တိုက်ချိန်မှာ တစ်မျိုး။ အာဟာရဆိုတာ ပရိုတင်း (ပဲ+အသား-ငါး-ဥ) +အရွက်+ အသီး+ အဆီ+ ဓါတ်ဆား + ရေ အကုန်ပါနေမှ ပြည့်စုံတယ်။ မျှတဆိုတာ အစားအစာတစ်မယ်တည်း မစားရပါ။ မလုံလောက်ရင်၊ ဆေးကူရမယ်။

လူ့ခန္ဓာကိုယ်ကို ရေ၊အမိုင်နိုအက်ဆစ်၊ ဖက်တီးအက်စစ်၊ နူးကလီးရစ်အက်စစ်) သကြား၊ ဖိုင်ဗာတွေဖြစ်တဲ့ ကာဗွန်ဟိုက်ဒရစ် စသဖြင့် တည်ဆောက်ထားတယ်။ ကာဗွန်၊ ဟိုဒရိုဂျင်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ ဖေါ့စ်ဖါးရပ်စ်၊ သံဓါတ်၊ သွပ်ဓါတ် စတဲ့ ဓါတ်တွေပါဝင်ပါတယ်။ စုပေါင်းပြီး ဟော်မုန်း၊ ဗီတာမင် စတာတွေ ဖြစ်လာတယ်။ စားလိုက်တဲ့ အစားအစာတွေကို အစာခြေစနစ်ကနေ သွေးထဲရောက်အောင် စုပ်ယူနိုင်တဲ့အထိ အဆင့်ဆင့် ခြေပေးရတယ်။

အာဟာရဓါတ် ၇ မျိုး = (ကာဗွန်ဟိုက်ဒရိတ်) ၊ ( ပရိုတင်း) ၊ အဆီ၊ ဗီတာမင်တွေ၊ ဓါတ်ဆားတွေ၊ (ဖိုင်ဗာ) နဲ့ရေ။
(ကာဗွန်ဟိုက်ဒရိတ်) ပရိုတင်း နဲ့ အဆီတို့က ခွန်အာကိုရတယ်။ ကလိုရီနဲ့တိုင်းတယ်။ ကာဗွန်ဟိုက်ဒရိတ်၊ ၁ ဂရမ်မှ ၄ ကလိုရီ၊ ပရိုတင်း ၁ ဂရမ် မှ ၄ ကလိုရီနဲ့ အဆီ ၁ ဂရမ်မှ ၉ ကလိုရီတို့ရတယ်။ (ကာဗွန်ဟိုက်ဒရိတ်) ဆိုတာနေ့စဉ် မစားမနေ စားကြရတဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ လူး-ဆပ်တို့မှာပါတယ်။

အသားဓါတ်ဆိုတဲ့ ပရိုတင်းမှာ မရှိမဖြစ်တဲ့ (အမိုင်နိုအက်စစ်) တွေပါဝင်တယ်။ ပျက်စီးတတ်တဲ့ (တစ်ရှုး)တွေ၊ (ဆဲလ်) တွေ အစားထိုးရန်၊ အသစ် တည်ဆောက်ဖို့ အသုံုးကျတယ်။ အသား၊ ပဲ၊ ငါး၊ ဥ။ အစေ့အဆံ၊ နို့၊ နို့ထွက်ပစ္စည်းတွေကရတယ်။ ကိုယ်အလေးချိန် ၇၀ ကီလိုရှိသူအတွက် တစ်နေ့မှာ ပရိုတင်း ၇၀ ဂရမ်လိုတယ်။ (ဖိုင်ဗာ) ဆိုတာ အသီးအနှံတွေမှာ ပါတယ်။ မစားက ဝမ်းချုပ်စေသည်။

လူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၇၀ ရာခိုင်နှုန်းက ရေဖြစ်တယ်။ တစ်နေ့မှာ ရေ ၁-၉ လီတာလိုတယ်။ ရေနည်းရင် ရေခမ်းခြောက်တာ ဖြစ်လာမည်။ လိုအပ်သော ဓါတ်ဆားတွေမှာ ကယ်လ်စီယမ်၊ ကလိုရိုက်၊ မက်ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကောပါး၊ ခရိုမီယမ်၊ မင်းဂနီးစ်၊ နစ်ကယ်၊ ဆယ်လင်နီယမ်၊ ကိုဘော့ခ်၊ အိုင်အိုဒင်း၊ သံဓါတ်တို့ ဖြစ်တယ်။

မျှတသော အစားအစာ အမျိုးအစား၊ စုံလင်အောင်စားရတယ်။ သင်တင့်မျှတစွာ ပါဝင်ရမယ်။ အာဟာရလိုအပ်ချက်နဲ့လည်း ပြည့်မီရမယ်။ လိုအပ်ချက် အနည်းအများ ရှိတယ်။ အလုပ်ကြမ်းလုပ်ရသူ၊ ကိုယ်ဝန်ဆောင်တွေက ပို၍စားရမယ်။ သန့်ရှင်းရေးနဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် ကျန်းမာသန်စွမ်းစေမယ်။ ကိုယ်ဝန်ဆောင်စဉ် သံဓါတ်၊ ဖောလစ်အက်စစ်၊ ဗီတာမင် ဘီ ၁၂၊ ဗီတာမင်ဘီအုပ်စု၊ ကယ်လ်စီယန် ဓါတ်ဆားတွေ ပေးရမယ်။ အရက်ကြောင့် အသည်းရောင်ခြင်း ဖြစ်လာမှာ (ဗီတာမင်ဆေးပြား + ၄၀ kcal/kg+ ပရိုတင်း၁.၅-၂ G/kg + ဖေါလစ်အက်စစ် + ဘီ ၁) တို့ ပေးရတယ်။ အာဟာရနဲ့ ဆေးကုခြင်းမျိုး ဖြစ်တယ်။

(ကိုလက်စတီရော) ဆိုတာ အစားအစာထဲမှာ ပါဝင်တဲ့ အဆီတစ်မျိုးဖြစ်တယ်။ များရင် သွေးကြောလေးတွေ နံရံမှာလာစုလို့ သွေးကြာကျဉ်းရောဂါ ဝင်လာမယ်။ တိရစ္ဆာန်အဆီအရွက် တွေမှာ (ကိုလက်စရော) ပါတယ်။ (မာဂျရင်း)၊ (ကွတ်ကီးစ်)၊ (ခရက်ကာ)။ အဆီနည်းတဲ့ ဆီတွေက ပြောင်းဆီ၊ (ကင်နိုလာ) ဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီတို့ ဖြစ်ကြတယ်။ ကျန်းမာရေးနဲ့ မသင့်တဲ့ ဆီတွေကို (ထရန့်ဖက်) လို့ခေါ်တယ်။ ဝါစေ့ဆီ၊ ပဲပုတ်စေ့ဆီတွေကို ဟိုက်ဒရိုဂျင် ထပ်ပေါင်းထည့် လိုက်တာဖြစ်တယ်။ အသုံးခံ၊ အစားအသောက်ကလည်း အရသာထူးလာစေတယ်။ အဆိုး (LDL) နဲ့ အကောင်း (HDL) နှစ်မျိုးရှိတယ်။ အဆိုးတွေမှာ နှလုံးသွေးကြောကျဉ်း (စထုပ်ခ်)၊ ဆီးချို အမျိုးအစား ၂ ရနိုင်သည်။ အဝလွန်၊ အသည်း၊ ကင်ဆာ၊ အဇာမိုင်ယား ရောဂါတွေလည်း ဖြစ်စေတယ်။ အဲလိုပြောင်းဖို့မလိုဘဲ နွားနို့၊ အမဲ-ဆိတ်- သိုးအဆီ၊ ထောပတ်၊ မာဂျရင်းတွေမှာ (ထရန့်ဆီ) ပါနေပြီး ဖြစ်တယ်။ Junk food (ဂျန့်ဖုဒ်) ဆိုတာ အလွယ်ဝယ်ယူ စားသောက်နေကြတဲ့ ခေတ်ပေါ်အစာတွေကို ခေါ်တယ်။ မသင့်ပါ။
အစားအစာတွေကို အအေးခံခြင်း၊ ရေခဲသေတ္တာထဲထားခြင်း နည်းတွေနဲ့ သိုလှောင်ထားရာမှာလည်း သတိထားရမယ်။ ယင်-ကြွက်-ကြောင်-ပိုးဟပ် စသည်တွေ မလာစေအောင် လုံခြုံအောင် ဖုံးထားရမယ်။ ချက်ပြုတ်ရာမှာလည်း အပူချိန်၊ လှီးဖြတ်တဲ့ဓါး၊ အိုးခွက်စတာတွေကိုလည်း သတိထားရမယ်။

ဗီတာမင်တွေ အမျိုးအစားပေါင်း ၁၂ မျိုးတွေ့ထားပြီးဖြစ်တယ်။ အဆီထဲပျော်ဝင်တဲ့ အုပ်စုနဲ့ ရေထဲပျော်ဝင်တဲ့အုပ်စုဟု နှစ်မျိုးရှိတယ်။ ဘီနဲ့စီ တို့သည် ရေထဲပျော်ဝင်ကြတယ်။ အေ၊ ဒီ၊ အီး၊ ကေတို့က အဆီထဲ ပျော်ဝင်ကြတယ်။ ပိုနေရင် အသည်းထဲမှာ သိမ်းထားမယ်။

  • ဗီတာမင် (အေ) = (ရက်တီနော) က ငါးကြီးဆီ၊ အသည်း၊ ဥ၊ နို့နဲ့ နို့ထွက်အစာတွေ၊ မုန့်လာဥနီမှာ ပါဝင်တယ်။ အရေပြားနဲ့ အပေါ်ဖုံးလွှာတွေ ကောင်းစေရန်၊ အရိုးကြီးထွားရန်၊ ဆဲလ်တွေအသစ်ပြုပြင်ရန်၊ ခုံခံအားကောင်းရန်နဲ့ ကြက်မျက်သင့် ရောဂါကာကွယ်မယ်။
  • ဗီတာမင် ဘီ ၁ (သိုင်ယာမင်း) သည် (ရိစ်)၊ ဥ၊ အသည်း၊ အစေ့အဆံ၊ အသားတို့မှာ ပါဝင်တယ်။ (ဗယ်ရီဗယ်ရီ) ခေါ် ထုံနာကျင်နာ ရောဂါကို ကာကွယ်သည်။ ဆန်စေ့၏ အပေါ်ယံလွှာမှာ ပါဝင်သဖြင့် ရေခမ်းချက်စာပါ။ အရက်သောက် များသူတွေမှာဖြစ်တယ်။
  • ဗီတာမင် ဘီ ၂ (ရိုင်ဘိုဖလေဗင်း) သည်နို့နဲ့ နို့ထွက်အစာတွေ၊ ဥ၊ အသည်း၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ်တို့မှာ ပါဝင်တယ်။ ချို့တဲ့ပါက ကျီးကန်းပါးစပ်နာ ဖြစ်စေသည်။
  • ဗီတာမင် ဘီ ၆ (ပိုင်ရီဒေါက်ဆင်း) သည် အချို့ဆေးဝါးတွေကြောင့် ၎င်း နည်းစေသည်။ ဥပမာ တီဘီဆေး၊
  • ဗီတာမင် ဘီ ၉ (ဖေါလစ်အက်စစ်) သည် သွေးနီဥ သန်စွမ်းစေရန် အသုံးဝင်သည်။
  • ဗီတာမင် ဘီ ၁၂ (ကိုဘယ်လမင်း) သည် (ရိစ်) ၊နို့နဲ့ နို့ထွက်အစာတွေ၊ ဥ၊ အသည်း၊ ငါး၊ အသားတို့မှာ ပါဝင်တယ်။ ခန္ဓာကိုယ် ကြီးထွားစေရန်၊(ဆဲလ်) တည်ဆောက်ရန်၊ သွေးနဲ့ အာရုံကြော ကောင်းစေရန်အတွက် ဖြစ်တယ်။ နည်းနေရင် (ပါနီးရှပ်စ်) သွေးအားနည်းရောဂါ ဖြစ်စေသည်။
  • ဗီတာမင် စီ (အက်စကောဗစ်အက်စစ်) အရောင်စိမ်းတဲ့ အသီးအရွက်တွေ၊ အသီးအနှံတွေမှာ ပါဝင်နေသည်။ ချဉ်တဲ့ သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီးတွေမှာပါတယ်။ အရိုး၊ သွား၊ သွားဖုံး၊ သွေးကြော၊ အရွက်ကောင်းစေသည်။ ခုခံအားလည်း ကောင်းစေတယ်။ အနာ ကျက်စေသည်။ ချို့တဲ့ပါက (စကောဗီ) ရောဂါရစေသည်။ *ဗီတာမင် ဒီ ဟာ ငါးကြီးဆီ၊ နို့ထွက်အစာတွေမှာ ပါဝင်တယ်။ နေရောင်ကြောင့် ဗီတာမင် အေကနေ ဗီတာမင် ဒီ ဖြစ်လာစေတယ်။ အရိုးတည်ဆောက်ရန် အသုံးကျတယ်။ ချို့တဲ့ပါက Rickets အရိုးပျော့ ရောဂါဖြစ်စေတယ်။
  • ဗီတာမင် အီး သည်အသီ်းအရွက်ကရသော ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုန့်၊ ဥ၊ အစေ့အဆံတွေမှာ ပါဝင်သည်။ သွေးဥ၊ ကြွက်သား၊ အာရုံကြောတွေ အလုပ်ကောင်းစေရန် အသုံးကျသည်။
  • ဗီတာမင် ကေသည် အသီးအရွက်တွေမှာ ပါသည်။ သွေးတိတ်စေသည်။
Previous Post

ကန်စွန်းရွက်

Next Post

အမျိုးသမီးသုံးကွန်ဒုံး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
610
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးသုံးကွန်ဒုံး

မိဘတွေရဲ့ ကျန်းမာရေး ဘယ်လိုကာကွယ်ပေးရမလဲ

မိမိ၏ ခန္ဓာကိုယ်အား ခုခံအားမြင့်တင်ပေးနိုင်မည့် နည်းလမ်း ၁၀ ခု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.