မိဘများသည် မိမိတို့၏ကလေးငယ်များပညာရေး အဆင့်ကောင်းစေရန် အတင်းဖိအားပေး လုပ်ဆောင် စေခြင်းက ကလေးငယ်များ၏ မိမိကိုယ်ကို အဆိုးမြင်ခြင်း၊ စိတ်ပူပန်ခြင်းနှင့် စိတ်ကျခြင်းစသည့် စိတ်ပိုင်းဆိုင် ရာထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာမှု အသစ်တစ်ခုအရ သိရသည်။
အဆိုပါ လေ့လာမှုကို စင်ကာပူအမျိုးသား တက္ကသိုလ်စိတ်ပညာဌာနမှ ပါမောက္ခဒေါက်တာဟောင် ဦးဆောင်သောအဖွဲ့က စင်ကာပူရှိ မူလတန်းကျောင်းသားများအား ငါးနှစ်ကြာ လေ့လာခဲ့ခြင်းဖြစ်သည်။
မိဘများသည် ကလေးငယ်များ၏ ဘဝအပေါ် လွှမ်းမိုးဖိအားပေးလာခြင်းသည် ကလေးငယ်များ အကောင်းဆုံးကြိုးစားခဲ့သော်လည်း ကြိုးစားမှုသည် အကောင်းဆုံးမဖြစ်သေးကြောင်း၊ မလုံလောက်သေး ကြောင်းခံစားရစေနိုင်သည်ဟု ဒေါက်တာဟောင်က ပြောကြားခဲ့သည်။
ယခုလေ့လာတွေ့ရှိချက်များတွင် မိမိကိုယ်ကို အဆိုးမြင်နေသူ ကလေးငယ်များတွင် စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်း လက္ခဏာများ အများဆုံးတွေ့ရှိခဲ့ကြသော်လည်း မိဘများ၏ ဖိအားကြောင့်ဖြစ်လာသည်ဟု ရာနှုန်းပြည့် သက်သေမပြနိုင်ခဲ့သော်လည်း ဆက်နွယ်မှု ရာခိုင်နှုန်းများကြောင့် သိရသည်။
မိဘများ၏အတင်းဖိအားပေးခြင်းကြောင့် ကလေးငယ်များသည် အမှားအနည်းငယ် ပြုလုပ်မိမည်ကိုပင် အလွန်အမင်းစိုးရိမ်နေရပြီး မိမိကိုယ်ကိုလည်း ယုံကြည်မှုနည်းသွားကာ စွမ်းဆောင်ရည် လျော့ကျသွားနိုင် ကြောင်း သိရသည်။
ထို့ကြောင့် အကောင်းဆုံးအကြံပြုလိုသည်မှာ မိဘမျးသည် ကလေးငယ်များ၏ ပညာရေးအဆင့် ကောင်းမွန်စေရန် ထောက်ပံ့ပေးသင့်သော်လည်း အလွန်အမင်းဖိအားမပေးသင့်ကြောင်း အမှားအနည်း ငယ်လုပ်မိပါကလည်း အကျိုးသင့်အကြောင်းသင့် နားလည်အောင်ရှင်းပြပေးပြီး ကလေးငယ်အတွက် ဖိအားနည်းသော ပျော်ရွှင်ဖွယ်ရပ်ဝန်းကို တည်ဆောက်ပေးသင့်ကြောင်း ဒေါက်တာဟောင်မှ ဆက်လက်ပြော ကြားခဲ့သည်။
Health Care Journal (Vol – 7 / No – 24)