fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

No Bra Day နဲ့ အမျိုးသမီးထု ကျန်းမာရေး

89
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/12/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

နှစ်စဉ် အောက်တိုဘာ ၁၃ရက်နေ့ကို “No Bra Day” အဖြစ်ကမ္ဘာနဲ့ အဝှမ်း ကျင်းပကြပါတယ် ။ဒီအထိမ်းအမှတ်နေ့ကို ၂၀၁၁ ခုနှစ်ကစပြီး
လူမှုကွန်ယက် မီဒီယာများမှ စတင် ကျင်းပခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အမျိုးသမီးထုအနေနဲ့ ရင်သားကင်ဆာ လက္ခဏာများကို သတိထားမိကာမိမိတို့ဘာသာ ရင်သားစမ်းသပ်ကြခြင်းဖြင့် စောစီးစွာ ရောဂါသိရှိရေးကို အလေးပေးတာပါ။

တကယ် စေ့စေ့စပ်စပ် ပြန်ကြည့်မယ်ဆိုရင် No Bra Day အစကကနေဒါနိုင်ငံ တိုရန်တိုမြို့ရှိ ဒေါက်တာ မစ်ချယ်လ်က အစပြုခဲ့တာပါ။ သူ့ရဲ့ မူလ
BRA ရဲ့ ဆိုလိုရင်းက Breast Reconstruction Awareness ဖြစ်ဖို့ပါ။ ရင်သားကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ပြီးရင် အလှမပျက် ပြန်လည် တည်ဆောက်ပြုပြင်နိုင်တာ လူနာများကို သိစေချင်လို့ပါလို့ ဆိုပါတယ်။

ဇီဝကတို့ အမျိုးသမီးတွေမှာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးကင်ဆာကို ကြည့်မယ်ဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ၂၀၁၄ ထုတ်ပြန်ချက်အရ ရင်သားကင်ဆာပဲဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးထု အနေနဲ့ မပေါ့ဆသင့်ပါ။

ဇီဝကတို့ ပတ်ဝန်းကျင်မှာ ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက်ပစ္စည်းများစွာ ရှိနေပါတယ်။ ထိုပစ္စည်းတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ခန္ဓာ
ကိုယ်ထဲရှိ ဆဲလ်များကို ကင်ဆာဆဲလ် အဖြစ်ပြောင်းစေပါတယ်။ ထိုသို့ မဖြစ်ရလေအောင် ပြန်ရည်ကြောစနစ်က ဖယ်ရှားပေးပါတယ်။ အဆိုပါ ပြန်ရည်ကြောလေးတွေဟာ အင်မတန်မှ နူးညံ့ပြီး အရေပြားနဲ့ ကပ်လျက်တည်ရှိပါတယ်။

လမ်းလျှောက်ခြင်း ၊ပြေးလွှား ခုန်ပေါက်ခြင်းများဟာ ရင်သားကိုမသိမသာ လှုပ်ရှားစေတာမို့ ရင်သားကို နှိပ်နယ်ပေးသလိုဖြစ်ကာ ပြန်ရည်စီးဆင်း
မှုကို ကောင်းမွန်စေပါတယ်။ ဒါပေမယ့် ပြန်ရည်ကြောများကို တုပ်နှောင်စေသလို ဖြစ်စေသော ကျုံ့နိုင်ဆန့်နိုင်သော အကျီ ၤများ ၊ဘရာစီယာထဲမှာပါတဲ့ ပံ့ပိုးပစ္စည်းများ ၊နန်းကြိုးများ ၊ချည်ခင်များ ၊ကြိုးခင်များ ၊ကိုယ်ကျပ် အတွင်းခံများနဲ့ ရေကူရှင်များဟာ ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက်များကို ရင်သား တစ်သျှူးဆဲလ်တွေကြား အချိန်အတန်ကြာ စုအောင်းစေပါတယ်။

ဒါကြောင့် ကင်ဆာဖြစ်နိုင်ခြေတက်တယ်လို့ ယူဆကြပါတယ်။ ထို့အပြင် underwire အောက်ခံဝိုင်ယာကြိုးပါရှိတဲ့ဘရာအမျိုးအစား ဝတ်ဆင်သူတွေနဲ့ ညဘက် အိပ်ချိန် ဘရာဝတ်ဆင်သူတို့မှာကင်ဆာ ပိုဖြစ်တယ်လို့လည်း တချို့သော သုတေသီတွေက ဆိုကြပါတယ်။ ဘာလို့လဲဆိုရင် ရင်သားဆဲလ်တွေဟာ အရမ်းကြပ်ထုတ်စွာ ၊အချိန်ကြာမြင့်စွာတုပ်နှောင်ခံရသလိုဖြစ်ကာ အောက်ဆီဂျင်ဓာတ် ကောင်းစွာမရဘဲ ဖိုင်ဘရိုးစစ်လို့ခေါ်တဲ့ အမျှင်များစုကာ ကင်ဆာဖြစ်နိုင်ချေကို ပိုမို များလာစေပါတယ်။

ရင်သားကင်ဆာနဲ့ ဘရာ ဆက်စပ်မှုကို လေ့လာထားသော နိုင်ငံရပ်ခြားမှ အထင်ကရဖြစ်တဲ့ သုတေသနများကို ဖော်ပြပေးလိုက်ပါတယ်။
-၁၉၃၀ ဝန်းကျင်မှာ ကော့ဆက် မိန်းမကိုယ်ကျပ်အကျီ ၤများနဲ့ ရင်သားကင်ဆာ ဆက်နွယ်မှု ရှိကြောင်း သုတေသန တစ်ခုက လေ့လာတွေ့ရှိခဲ့ပါတယ်။
-၁၉၇၀ ခုနှစ်မှာ အမေရိကန်နိုင်ငံ ကယ်လ်ဖိုးနီးယားပြည်နယ်က ဆရာဝန်တစ်ယောက်က ဘရာဝတ်ဆင်သူ အမျိုးသမီးတွေမှာ ရင်သားအပူချိန် များကြောင်းတွေ့ရှိခဲ့ပါတယ်။ ရင်သားအပူချိန်များရင် ကင်ဆာဖြစ်နိုင်ခြေများတယ်လို့လည်း ခန့်မှန်းတွေ့ရှိခဲ့ပါတယ်။
-၁၉၉၁ခုနှစ် ဟားဗတ် တက္ကသိုလ်မှ သုတေသီများရဲ့ လေ့လာချက်များအရ ဘရာမဝတ်တဲ့ အမျိုးသမီးတွေမှာ ဝတ်တဲ့အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ချေ ၆၀ ရာခိုင်နှုန်းခန့် လျော့နည်းကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
-၁၉၉၅ခုနှစ်မှာ ဆစ်ဒနီ ဆင်းဂါးနဲ့ ဆိုမာ ဂရစ်စ်မီဂျာတို့ရဲ့ လေ့လာချက်များအရဘရာဝတ်ဆင်သူ အမျိုးသမီး တစ်ဝက်လောက်ဟာ ရင်သားကင်ဖြစ်ပွားတာကိုတွေ့ရတယ်။ အဆိုပါ အမျိုးသမီးတွေဟာ ဘရာကို အချိန်ကြာမြင့်စွာ ဝတ်ဆင်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဘရာဝတ်ဆင်ချိန်များလေ ရင်သားကင်ဆာဖြစ်နိုင်ချေ များလေပါ။

ရင်သားကင်ဆာ မဖြစ်အောင် ဘာတွေ ကြိုတင် လုပ်ပေးထားနိုင်မလဲ
-ဘရာ ဝတ်ဆင်မှုရှောင်ပါ
-မရှောင်နိုင်က ရင်သားများကို ဖုံးကွယ်လွှမ်းခြုံဖို့ ချောင်ချိသော အရာများကို ရွေးချယ် ဝတ်ပါ။ ဥပမာ-ဘော်လီ အကျီ ၤ၊ရှမီး
-သက်သောင့် သက်သာဖြစ်စေတဲ့ ဘရာများကို ရွေးချယ် ဝတ်ပါ။ အောက်ခံနန်းကြိုးများ မပါသော ၊ရေကူရှင်များ မပါသော ဘရာများကို ရွေးပါ။ ဘရာ ဝတ်လိုက်လို့အရေပြားမှာ အနီအစင်းကြောင်းပေါ်ရင် ချိုင့်ဝင်နေတဲ့ မြောင်းများဖြစ်မယ်ဆိုရင် ဘရာဆိုဒ်ဟာ မိမိနဲ့ မလိုက်ဖက် ၊ရင်သားကို အရမ်းတုပ်နှောင်သလို ဖြစ်စေတာမို့မဝတ်သင့်ပါ။
-ညဘက် ဘရာဝတ်အိပ်ခြင်းကို ရှောင်ပါ။

Author: ခေတ်သစ် ဇီဝက

Previous Post

ဆံပင်ရှည်မြန်စေဖို့

Next Post

မွေးကင်းစကလေးများတွင် အသားဝါရခြင်းအကြောင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
642

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
616
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မွေးကင်းစကလေးများတွင် အသားဝါရခြင်းအကြောင်းများ

နို့ပါးစပ်

ကိုယ်ဝန်ရှိလာပြီဆို ဒီလိုတွေ ခံစားရတတ်တယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.