fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ဆီးကျိတ်နှင့် ပတ်သက်သမျှ

148
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/12/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

ဆီးကျိတ်ဟာမာတယ်။ လက်ခေါက် လက်ဆစ်သဏ္ဍာန်ရှိတယ်။ ဆီးအိမ်ထဲ ရောဂါပိုးရှိရင် နာတာရှည်တင်ပဆုံရိုးရောဂါတို့ဖြစ်ရင် ရောဂါလက္ခဏာ မပြတတ်ဘူး။ ဆီးကျိတ်ထဲမှာ များပြားလှတဲ့ ဆီးကျိတ် အစိတ်အပိုင်းတွေပါဝင်ပြီး၊ ဆီးကျိတ်ရောင်ခြင်းနှင့် ဆီးကျိတ်ကင်ဆာတို့လည်း တွေ့ရနိုင်ပါတယ်။ ဆီးကျိတ်ဟာ အမျိုးသားတွေ မျိုးပွားစနစ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး သစ်ကြားသီးနဲ့ သဏ္ဍာန်တူကာ ဆီးအိမ်အောက်မှာ မစင်အိတ်ရဲ့ ရှေ့မှာတည်ရှိပါတယ်။
ဆီးကျိတ်ကနေ ဖိုမျိုးဖြန့်ဝေမယ့်စီမင် (Semen) ထွက်နေပြီး၊ ဝှေးစေ့နှစ်လုံးမှ ဖိုသုတ်ပိုးတွေကို သုတ်ရေလျှံတဲ့အချိန် လိင်ချောင်းမှတစ်ဆင့် ထွက်လာစေဖို့ ကူညီပေးတယ်။

တကယ်လို့ ဆီးသွားရ ခက်ခဲလာရင်၊ အသက်ကြီးလို့ ဆီးသွားရခက်လာရင် ဆီးကျိတ်ပြသကြည့်ဖို့ လိုပါတယ်။ ဆီးကျိတ်ရောင်တာကနေ ဆီးကျိတ်ကြီးခြင်း၊ ကင်ဆာအဖြစ်ပြောင်းခြင်းတို့ ဖြစ်ပွားတတ်တယ်။ အသက်(၇၀)နှစ်မှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနှုန်း ၇၀ ရာခိုင်နှုန်းရှိပြီး၊ အသက်(၈၀)မှာ ဆီးကျိတ်ကင်ဆာ ၈၀ ရာခိုင်နှုန်းဖြစ်နိုင်ကာ အသက်(၉၀)မှာ ဆီးကျိတ်ကင်ဆာ ၉၀ ရာခိုင်နှုန်းဖြစ်နိုင်ပါတယ်။

အသက်ကြီးသူ ဆီးမထွက်တော့ရင် ဆီးကျိတ်ကင်ဆာ ရှိမရှိ ပီအက်အေ (PSA) သွေးဖောက်စစ်ဆေးသင့်ပါတယ်။ သာမန် (၅)အောက်သာရှိပြီး ဆီးကျိတ်ကင်ဆာရှိရင် (၄၀-၆၀) ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ ဆီးကျိတ်ကင်ဆာမှာ ဆာကိုမား (sarcomas)၊ အရွယ်ငယ်ဆဲလ် ကင်ဆာ (small cell carcinoma)၊ အာရုံကြော၊ ပြွန်မဲ့ဂလင်းကင်ဆာ (neuroendocrine tumors)၊ ထရန်စစ်ရှင်နယ်ဆဲလ်ကင်ဆာ (transitional cell carcenoma) ဆိုပြီး ခွဲခြားတွေ့ရှိနိုင်ပါတယ်။

အသက်ငယ်ရွယ်စဉ်မှာ ဆီးကျိတ်ရောင်ခြင်း ဖြစ်စေနိုင်ကာ၊ ဆီးကျိတ်ကြီးနေ၊ အောင့်နေ၊ ဆီးသွားရခက်နေတတ်ပါတယ်။ ရောဂါပိုးကြောင့် (လိင်မှတစ်ဆင့်ကူးစက်သောရောဂါ ဆစ်ဖလစ်၊ ဂနိုရီးယားကြောင့် ရောင်နေတတ်ပါတယ်။ မကုပဲထားရင် နာတာရှည် ဆီးကျိတ်ရောင်ရမ်းခြင်းဖြစ်ကာ ဆီးသွားမရဖြစ်တတ်ပါတယ်။ ဆီးကျိတ်ထဲမှာ ကျောက်ကပ်ကျောက်တည်သလို ဆီးကျိတ်ကျောက်တည်နိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာ ထပ်ပြီးပြန့်နှံ့မဖြစ်ရအောင် ဝှေးစေ့နှစ်လုံးထုတ်ပစ်ခြင်း၊ ကီမိုဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ကင်ခြင်းနည်းတွေနဲ့ ဆီးကျိတ်ကင်ဆာကို ကုသပေးနိုင်ပါတယ်။ ရောဂါရှာဖွေရာမှာ ဆီးနမူနာ၊ သွေးနမူနာစစ်ဆေးခြင်း၊ အာထရာစောင်းရိုက်ခြင်း၊ စီတီရိုက်ခြင်းနည်းတွေနဲ့ စအိုအတွင်း လက်ညိုးထိုးစမ်းသပ်ခြင်းနည်းတွေနဲ့ ဆီးကျိတ်ရောဂါ သိရှိနိုင်ပါတယ်။ သွေးထဲပီအက်အေ (PSA- Prostate Specific Antigen) တက်နေရင် ကင်ဆာဖြစ်နိုင်လို့ လျော့ပေ့ါမကုသသင့်ဘူး။ ဂရုတစိုက် ကုသပေးဖို့ လိုတယ်။ ဆီးကျိတ်ခြစ်ထုတ်၊ ခွဲထုတ်ပြီးရင် အသားစယူ ဓာတ်ခွဲခန်းအဖြေရှာပြီး ကင်ဆာဖြစ်ပါက ကင်ဆာကုသမှု (၂)နည်း (သို့) (၃)နည်းနဲ့ ကုသနိုင်ပါတယ်။ ပျောက်ကင်းနိုင်ပါတယ်။

Author: ဒေါက်တာသက်လွင်, Healthcare Journal, vol 8,no 41(27.19.17)

Previous Post

ဗြုတ်စိထတဲ့ ကျောက်ကပ်ရေအိတ်လေးများ

Next Post

 ဗိုက်ထဲကို ဆံပင်ချည်တွေရောက်နေတဲ့ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
750
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
634

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

 ဗိုက်ထဲကို ဆံပင်ချည်တွေရောက်နေတဲ့ရောဂါ

စက္ခုအမြင် လင်းစေချင်

ရှင်းသန့်ကြည်လင်တဲ့ အသားအရေလေးရစေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.