အသားစားလျှင် သန်ထသည်ဟူသော အယူအဆမှာလည်း အထူးသဖြင့် လူကြီးများတွင် ရှိနေ တတ်ကြသည်။ ကလေးငယ်များကို အသားများများ မကျွေးတတ်ကြပေ။ ကလေးငယ်က အသားတောင်း လျှင်လည်း သန်ထမည်စိုး၍ မကျွေးတတ်ကြပါ။ သန်ကောင်ကျသော (သန်ရှိသော) ကလေးကိုဆိုလျှင် အသား အနည်းငယ်သာ ကျွေးလေ့ရှိသည်။
ကလေးငယ်များသည် ကြီးထွားဖွိ့ဖြိုးဆဲ အရွယ်များဖြစ်ကြသဖြင့် ပရိုတင်းဓာတ်ကို အဓိက ရရှိနိုင် သည်မှာ အသားများပင်ဖြစ်၍ အသားကို ပိုကျွေးရန် လိုအပ်သည်။ သန်ကောင်မှာ ကပ်ပါးပိုးတစ်မျိုး ဖြစ်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှု နည်းခြင်းကြောင့် အဓိကဖြစ်သော ရောဂါတစ်ခုဟု ဆိုနိုင်သည်။ သန်ကောင်များ စွဲကပ် နေသော ကလေးငယ် စားသုံးသော အာဟာရကို သန်ကောင်များ လုယူသုံးစွဲကြသဖြင့် အာဟာရချို့တဲ့မှု ဖြစ်နိုင်သည်။ သန်ကောင်စွဲကပ်မှုနှင့် ပဲအမျိုးမျိုးတို့ ကျွေးရန် လိုအပ်သည်။ အသားမည်မျှပင် စားသုံးစေကာမှု သန့်ရှင်းမှုရှိလျှင် သန်ကောင်ရောဂါ ကူးစပ်မှု ရှိမည်မဟုတ်ပါ။
* အသားစား၍ သန်မထပါ။
* တစ်ကိုယ်ရေ သန့်ရှင်းမှု အရေးကြီးပါသည်။
Author – ဒေါက်တာဇာနည်