မိဘများ (သို့) ကလေးစောင့်ရှောက်မှုပေးသူများဟာ ကလေးများကစားစရာ အရုပ်ရဲ့ အလှည့်အ ပြောင်း (သို့) ကစားနေစဉ် ပြောင်းလဲသွားခြင်းအပေါ် သိမြင်သူနည်းပါးပါသည်။ ယခုလေ့လာမှုသဘောအရ ကလေးများ အထူးသဖြင့် ငါးနှစ်အောက်ကလေးများ အရုပ်အလှည့်အပြောင်းတန်ဖိုးကို မထင်မှတ်ဘဲ သိလိုက် ရသည်။ ငါးနှစ်အောက်ကလေးများဟာ ကစားနေစဉ်အတွင်း အရုပ်များ ပစ်ထုတ်ပြီး အခြားအရုပ်နဲ့ ပြန်ကစားတဲ့ အပေါ်နားလည်နိုင်စွမ်းမရှိကြဘူး။ သုတေသီဒေါက်တာ အလီဘီယာမဲလစ် လက်ထောက် ပါမောက္ခ အပြုအမူ ပိုင်းဆိုင်ရာဌာနဗြိတိန်နိုင်ငံ၊ ဝါးစစ်တက္ကသိုလ်အဖွဲ့က သူတို့တွေ့ရှိမှုများအား စိတ်ပညာသိပ္ပံ ဂျာနယ်မှာ ပုံနှိပ်ဖော် ပြထားတယ်။ အသက်အရွယ်ငယ်ရွယ်စဉ် အရုပ်တစ်ရုပ်အပေါ် ငြီးငွေ့မှုဖြစ်လာပြီး ကလေးတွေအရုပ်များ အမှိုက် အိတ်ကြီးအပြည့် ကျောင်းများ၊ အိမ်များမှာ ရှိကြပါတယ်။ အရုပ်တစ်ခု ငြီးငွေ့တဲ့အပေါ် စောင့်ကြည့်တဲ့အခါ လူ့လောကသဘာဝကို သိမြင်လာတယ်။ နှစ်ဦး (သို့) နှစ်ဦးထက်ပိုတဲ့ ကလေးအတွဲတွေမှာ ယင်းလွှင့်ပစ် လိုက်တဲ့ အရုပ်က အခြားကလေးအတွက် အကျိုးဖြစ်မယ်ထင်လို့ ယူဆော့ပြန်တယ်။ လူတစ်ဦးချင်းရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အထက လူနှစ်ဦးအကြား အပြန်အလှန်နားလည်ဖို့ လိုတယ်။ တစ်ဦးနဲ့တစ်ဦး လွတ်လပ်စွာသဘောကွဲလွဲခွင့် ရှိပြီး လူတစ်ဦးချင်းအနေနဲ့ အလုပ်တစ်ခုခုအပေါ် ငြီးငွေ့မှုဟာ လူနဲ့အလုပ်အပြန်အလှန် ထိန်းကျောင်းမှုစနစ် (သို့) လူနှစ်ဦးအပြန်အလှန်နားလည်မှုနဲ့ တူတဲ့ တစ်ခုခု အပေါ်စိတ်ဝင်စားမှု (သို့) သဘောထား ကွဲလွဲမှုရှိနိုင်ပါတယ်။ သုတေသီဒေါက်တာ မဲလစ်နဲ့အဖွဲ့က အသက်အလိုက် အရုပ်များဆုပ်ကိုင်ထားတဲ့ လမ်းကြောင်းမှ ရှာဖွေ တွေ့ရှိနိုင်ဖို့ကြိုးစားခဲ့တယ်။ သုတေသီများ တွေ့ရှိချက်အရ ကလေး ၉၆ ယောက်အသက် သုံးနှစ်ခွဲမှ ငါးနှစ်အတွင်း ချန်ပင်ဇီ ၁၂ ကောင်ပေးပြီး စမ်းသပ်ကြည့်ရာ ပထမကလေးတွဲများအလိုက် ချထားပေးပြီး လက်ခံရှိသူက ဆုအဖြစ် သတ်မှတ်သလိုလိုနဲ့ တစ်ခါအရုပ်ကိုပစ်ချ၊ တခြားတစ်ယောက်ကယူကာ၊ အရုပ်လု နေပြန်တယ်။ အခြားအရုပ်များဆုအဖြစ် မသတ်မှတ်လို့ဘယ်မှ သွားမယူကြဘူး။ ကလေးများဟာ ၂၄ ကြိမ်စမ်းသပ်ခဲ့ပြီး ၄၈ ကြိမ်အဖော်များပြောင်းလဲပေးခဲ့ရာ အခြားနောက်ထပ် ကစားဖော်တွေနဲ့ အရုပ်လုနေ၊ လွှင့်ပစ်နေတယ်။
Credit to : Health Care Journal (Vol-7, No-25)