fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

အသက်ကြီးမှ ကလေးရရင်

604
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/08/2016
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

သိပ်အစိုးရိမ်မကြီးပါနဲ့။ ဉာဏ်ရည်မမီကလေးက မိဘတွေအသက်အရွယ်ကြီးတာကြောင့် ဖြစ်တယ်ဆို တာရှားပါတယ်။ ယောကျာ်းအသက် ၅၀၊ မိန်းမ ၄၃၊ နှစ်ဦးလုံးကလေးရနိုင်သေးပါတယ်။ ရာသီလာနေ၊ မှန်နေ ရင်ပေါ့။ မွေးရာပါချို့ယွင်းနေတဲ့ကလေးမွေးလာတာကိုပတ်ဝန်းကျင်နဲ့မျိုးဗီဇကိုလွှဲချနိုင်ပါတယ်။ရှာလို့ရတဲ့အ ကြောင်းခံတွေထဲမှာ သန္ဓေစရှိခါစမှာ Antibiotics ပဋိဇီဝဆေးသုံးတာ၊ ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေးကိုယ်ဝန်ဆောင်နေတုန်း တချို့ရောဂါပိုးဝင်တာ၊ အာဟာရချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ Petroleum ဓာတ်ဆီအဆိပ်သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဖို့ကောင်းတာက ဒီအထဲမှာမိဘအသက်ကြီး လို့ကြောင့်ဆိုတာ မပါတာတွေ့ရပါလိမ့်မယ်။ ဒါတောင် ၆၀ရာခိုင်နှုန်းလောက်က ဘာလို့ဖြစ်လဲမသိရပါ။အဲဒါကျွန်တော်တို့လူမျိုးတွေထင်မှတ်လက်ခံတဲ့အချက်အတိုင်းဆိုရင်ကံတရားအရဖြစ်တာပေါ့။

အခုခေတ်မှာ အသက်ငယ်ငယ်လေးတွေရော ကြီးသူတွေပါကိုယ်ဝန်ရသူ တိုးလာနေတယ်။ ၂၀၀၆ခုနှစ် လောက်က အင်္ဂလန်နဲ့ (ဝေးလ်စ်) မှာစစ်တော့ အသက် ၃၀ ကျော်ကိုယ်ဝန်ဆောင် ၄၈ ရာခိုင်နှုန်းရှိတယ်။ ၁၉၈၆ တုန်းက ၂၈ ရာခိုင်နှုန်းသာရှိရာကနေ တိုးလာတာပါ။ အသက်၃၅-၃၉ အုပ်စုကလည်းတိုးလာတယ်။ ၄၀ ကျော်က အနှစ် ၂၀အတွင်းမှာ ၁.၁ ရာခိုင်နှုန်းကနေ ၃.၅ ရာခိုင်နှုန်းဖြစ်လာလို့ ၂ဆတိုးလာတယ်။ အသက်၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃၀ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့်အလမ်းကစ နည်းလာတယ်။ ၃၅ နှင့် ၃၉ ကြား အမျိုးသမီးတွေမှာ ၂၀ ရာခိုင်နှုန်း အခွင့် အလမ်းမရှိတာတွေ့ရတယ်။ အရင်ကတော့ အသက်ကြီးကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေအများကြီးမွေးထားပြီးတဲ့သူကို ပြောကြပေမယ့် အခုခေတ်မှာ အသက်သာနည်းနည်းကြီးပေမယ့် ကလေးမွေးမများသေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများမွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟု သုတရော အာဟာရပါ ပိုပြည့်ဝကြံ့ခိုင်နေတာများလာတယ်။ အရွယ်ရလာသူတွေဟာ သူတို့ခန္ဓာကို ပိုသိကြ တယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှီခိုနည်းတတ်ကြတယ်။ အသက်ပိုရလာလို့ သွေးတိုး၊ဆီးချိုစတာတွေမရှိဖို့သာအရေးကြီးတာပါ။တစ်ခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမယ့်ကလေးဟာချို့ယွင်းတာမျိုးကငယ်သူတွေထက်တော့ပိုဖြစ်နိုင်တယ်။ စောစောကသုတေသနကပဲပြောတယ်၊ ၃၅-၃၉ အတွင်း ၅၀၀ မှာ ၁ယောက် အဲလိုဖြစ်ရင်၊ ၄၀-၄၅ အတွင်းတွေက ၂၅၀ မှာ ၁ယောက်ဖြစ်တယ်။ ၄၅ ကျော်ရင် ၇၀ မှာ ၁ယောက်လို့ဆိုပါတယ်။ ဒါကြောင့် Maternal serum screening နဲ့တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorionic Villus Sampling ဒါမှ မဟုတ် Amniocentesis စမ်းနည်းတွေပြောတာပါ။

သူများနိုင်ငံတွေမှာ အဲလိုစစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပစ်နိုင်တယ်။ အသက် ၄၀ကျော်မှာ ကိုယ်ဝန်ဆောင်ရင် ကလေးအသေမွေးနှုန်းများတတ်သေးတယ်။ ၂၀-၃၉ အတွင်းမှာ လူ ၁၀၀၀ ထဲက ၅-၆ ယောက်၊ ၄၀ ကျော်ရင် ၉ယောက်။ ဒါကြောင့်သူတို့ကို အခြားကိုယ်ဝန်တွေ ထက် ANC မမွေးမီစောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေကလွဲရင် ကလေးတွေ အားလုံးကျန်းမာကြ ပါတယ်။ အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို Induced labour မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ Epidural ခါးထုံဆေးနဲ့မွေးပေးခြင်း၊ Oxytocin ညှစ်အား ကောင်းဆေးသွင်းမွေးခြင်း၊ Forceps delivery ညှပ်ဆွဲမွေးပေးခြင်း၊ Caesareans ဗိုက်ခွဲမွေးပေးခြင်းတွေပြော တာပါ။ အမှန်က ဆရာဝန်တွေက Risk မယူချင်ကြတာလည်းပါနေတာပါ။ ဒါပေမယ့် မိခင်လောင်းရော ဆရာဝန်၊ ဆရာမတွေပါ Stress မများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။ အသက်ကြီး မိခင်တွေကနေ မွေးတဲ့ကလေးမှာ Autism ဆိုတဲ့မွေးရာပါ ချို့ယွင်းချက်ရှိတတ်တာများပြီး ၊ အသက်ကြီး ဖခင်ရဲ့ဇနီးဟာ အသက် ၃၀ထက်ငယ်နေရင် မွေးလဲတဲ့ကလေးတွေမှာချို့ယွင်းချက်ရှိတာတခြားစုံတွဲတွေထက်ပိုတယ်လို့ လေ့လာမှုတွေ့ပြောနေပါတယ်။ သူများတွေထက်ပိုတယ်ဆိုတာ မလွဲမသွေ မွေးမယ်လို့ ဆိုတာ မဟုတ်ပါ။ ဒီက အမေရိကား၊ ကယ်လီဖိုးနီးယားမှာ ၁၉၉၀ တုန်းက Autism ရောဂါရှိနေတဲ့ ကလေးပေါင်း ၁၂၁၅၉ ယောက်ကို လေ့လာတာ ဖြစ်ပါတယ်။ ဒါဟာမွေးလူနာပေါင်း ၅ သန်းထဲကတွေ့ရှိရတာပါ။ ဒီအရင်လေ့လာမှုအရ ဖခင်ကအသက်ကြီးလေလေ အဖြစ်များလေပါ။ အခုတွေ့ရှိချက်အရ ဖအေကအသက် ၄၀ ကျော်၊ မအေကအ သက် ၃၀ကျော်တွေမှာ ငယ်ရွယ်သူဖခင်တွေထက် ၅၉ ရာခိုင်နှုန်း ပိုတာတွေ့ရတယ်။ မိခင်က ၃၀ကျော်၊ သူ့ယောကျ်ားက၄၀ကျော်ဆိုရင်၁၃ရာခိုင်နှုန်းသာပိုတယ်။ မိခင်အသက် ၅ နှစ်ထက်ပိုကြီးလေလေ ဖြစ်နိုင်ချေ ၁၈ ရာခိုင်နှုန်းတိုးတယ်။ အသက် ၄၀ ရှိမိခင်တွေဟာ ၂၀ ကျော်တွေထက် ၂ ဆပိုတယ်။ ၃၅ နှစ်အောက်တွေထက် ၇၇ ရာခိုင်နှုန်းပိုတယ်။ တစ်ခုသိ ထားရတာက စမ်းသပ်မှုလုပ်တဲ့နေရာမှာ အသက် ၄၀ ရောက်ပြီးမှ ကလေးမွေးလာကြတာ ပိုများလာတာမို့ ဒီကိန်းဂဏန်းတွေကို ကာလတိုင်းအတွက် အတည်ယူလို့မသင့်ဘူး။ ဒီမွေးရာပါရောဂါက မိခင်အသက်မရွေးမှာ ဖြစ်နိုင်တယ်။ လေ့လာမှုနှစ်ခုကို ယှဉ်လိုက်ရင် ဖအေ့အ သက်ကြီးတာက မအေအသက်ကြီးတာထက် ပိုဖြစ်နိုင်တယ်။ အစ္စရေးလ်မှာလုပ်တဲ့ လေ့လာချက်မှာတော့ အသက် ၃၀ အောက်ဖခင်တွေထက် အသက် ၄၀ ကျော်ဖခင်တွေကနေ ၅ ဆပိုဖြစ်စေတာ တွေ့ရတယ်။ မိခင်တွေကို ပိုပြီးထောက်မပြကြဖို့ သတိပေးချက်တစ်ခုဖြစ်ပါတယ်။ ၂၀၁၀ လေ့လာဆန်းစစ်မှုတစ်ခုအရ အမေရိကားမှာ ကလေးမွေးလာတဲ့ မိခင်တွေရဲ့အသက်ဟာ အရင်အနှစ် ၂၀ ကထက်စာရင် အသက်ပိုကြီးတာတွေ့ရတယ်။ ၁၉၉၀ တုန်းကဆိုရင် ဆယ်ကျော်သက်မိခင် တွေက ၁၃ ရာခိုင်နှုန်း၊ အသက် ၃၅ ကျော်တွေက ၉ ရာခိုင်နှုန်းသာရှိခဲ့တယ်။ ၂၀၀၈ ရောက်တော့ ဆယ်ကျော် သက်မိခင်တွေက ၁၀ ရာခိုင်နှုန်းသာရှိပြီး ၃၅ နှစ်ကျော်မိခင်တွေက ၁၄ ရာခိုင်နှုန်းရှိလာတယ်။ အရင်ကဆိုရင် ကလေးလာမွေးပေမယ့် လက်မထပ်သူက ၃၁ ရာခိုင်နှုန်း ရှိခဲ့ရာကနေ နောက်မှာ ၂၈ ရာခိုင်နှုန်းသာရှိလာ တယ်။ Tony Randall ရုပ်ရှင်မင်းသား (တိုနီ ရန်ဒဲလ်) ရဲ့ပထမဆုံးကလေးကို သူ့အသက် ၇၇ နှစ်မှာရတယ်။ Larry King (လယ်ရီကင်း) ခေါ်တဲ့ CNN ကနာမည်ကြီး ပင်တိုင်ထုတ်လွှင့်သူဟာ သူ့ရဲ့သတ္တမမြောက်ဇနီးနဲ့ ကလေးမွေးတော့ သူ့အသက်က ၆၆ နှစ်ရှိပြီ။ Mary Elizabeth Anania Edwards နာမည်ကြီးရှေ့နေ (အဲလိဇ ဗက် အက်ဒ်ဝပ်) ဟာအသက် ၅၀ မှာကလေးမွေးတယ်။

Credit to: ဒေါက်တာတင့်ဆွေ
Health Care Journal (Vol-7, No-19)

 

Author – ဒေါက်တာတင့်ဆွေ

Previous Post

သွယ်သွယ်လျလျ လှလှပပ

Next Post

သက်ရှည်ကျန်းမာလိုလျှင် ရေများများသောက်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
592

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
551
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.5k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သက်ရှည်ကျန်းမာလိုလျှင် ရေများများသောက်ပါ

ကိုယ်အလေးချိန်မြင့်တက်လာခြင်းကာကွယ်ရန်

အသက်ငါးနှစ်အောက်ကလေးရဲ့ အလှည့်အပြောင်းတန်ဖိုးကို သဘောမပေါက်ခဲ့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.