fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရင်သားရောင်ရမ်းခြင်းနဲ့ ပြည်တည်ခြင်း

630
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/01/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ရင်သားရောင်ရမ်းခြင်းနဲ့ ရင်သားပြည်တည်ခြင်းသည် နို့တိုက်မိခင်များတွင် တွေ့ရသော ရင်သားဆိုင်ရာ ပြသာနာများထဲမှ အဖြစ်များသော ပြသာနာတစ်ခု ဖြစ်သည်။ နို့တိုက်ချိန်တွင်ဖြစ်သော ရင်သားဆိုင်ရာ ပြသာနာများသည် နို့ထွက်မလုံလောက်မှုကို ဖြစ်ပေါ်စေနိုင်ပြီး နောက်ပိုင်းတွင် ကလေးငယ်ရဲ့ ကိုယ်အလေးချိန် တိုးတက်မှု နှေးကွေးစေနိုင်ပါသည်။

ရင်သားရောင်ရမ်းတာ (Mastitis) က အများအားဖြင့်

ရင်သားတစ်ဖက်ထဲဖြစ်တာ များတယ်။ ဖြစ်တဲ့ရင်သားမှာ တင်းမာနာကျင်မှုကို ခံစားရမယ်။ နို့မတိုက်တဲ့ အချိန်မှာလည်း နာကျင်နိုင်သလို နို့တိုက်ချိန်ကျမှ နာတာမျိုးလည်း ရှိနိုင်တယ်။ နီရဲရောင်ရမ်းနေမယ်။ ရင်သားက ပူနေမယ်။ ဖျားတာလည်း ဖြစ်နိုင်တယ်။ ကိုယ်အပူချိန်က ၁၀၀ကျော်နိုင်တယ်။ စိုးရိမ်စိတ်ကဲပြီး၊ စိတ်မသက်မသာ ဖြစ်မယ်၊ အားယုတ်မယ်။

ကလေးမီးဖွားပြီး နှစ်ပတ်သုံးပတ်အကြာတွင် အများဆုံး ဖြစ်သည်ဟု ဆိုသော်လည်း မိခင်နို့တိုက်ကျွေးနေစဉ် ကာလတလျှောက်လုံး မည်သည့်အချိန်မဆို ဖြစ်နိုင်ပါတယ်။

ဖြစ်ရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ နို့တိုက်နည်းမမှန်လို့ ရင်သားထဲမှာ နို့ရည်တွေ ပိတ်မိရာကနေလည်း ဖြစ်နိုင်သလို တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းလို့ နို့ထွက်ပြွန်လေးတွေရဲ့ ထိပ်ဝကို ချွေး၊ အဆီ၊ အညစ်အကြေး ပိတ်နေတာကနေ ရင်သားရောင်ရမ်းတာ ဖြစ်တတ်ပါတယ်။ မှောက်လျက်ဖိအိပ်ရာကနေ နို့ရည်ကြောင်း ကျဉ်းသွားခြင်း၊ ကလေးက ထွက်သမျှ နို့ရည်ကို နိုင်အောင်မစို့နိုင်ခြင်း၊ ထွက်ရမဲ့ နို့ရည်အကုန်မထွက်ဘဲ ကျန်နေခြင်းစတဲ့ အကြောင်းတွေကြောင့်လည်းဖြစ်နိုင်တယ်။ အတွင်းခံအင်္ကျီ(ဘရာစီယာ) တအားကျပ်ညှပ်နေတာတွေ ဝတ်တာကြောင့်လဲ ရင်သားရောင်ရမ်းခြင်း ဖြစ်တတ်ပါသေးတယ်။

ရင်သားရောင်ရမ်းတာ (Mastitis) ဖြစ်ရင် ကလေးကို နို့ဆက်မတိုက်တာမျိုး မလုပ်ပါနဲ့။ ကလေးကို နို့ဆက်တိုက်ပါ။ ခဏခဏတိုက်ပေးပါ။ ကောင်းတဲ့ရင်သားတစ်ဖက်နဲ့ တိုက်လို့ရသလို ရောင်တဲ့ရင်သားတစ်ဖက်နဲ့လည်း တိုက်ပေးပါ။ ရေနွေးဝတ်၊ ရေနွေးပုလင်းတင်ပေးပါ။ တစ်ခါလုပ်ရင် နာရီဝက်နီးပါးကြာအောင်လုပ်ပါ၊ ၄ နာရီခြား တစ်ခါလုပ်ပါ။

အပူကပ်ပေးနိုင်သလို အအေး(ရေခဲ) ကပ်တာလည်း လုပ်နိုင်ပါတယ်။ သို့သော် နို့မတိုက်ခင် အအေးမကပ်ပါနဲ့။ နို့ရည်စီးဆင်းမှုကို နှေးသွားစေပြီး ပိုဆိုးနိုင်လို့ပါ။ အအေးကပ်ချင်ရင်တော့ နို့တိုက်ပြီးမှသာကပ်သင့်ပါတယ်။ ကလေးနို့စို့တာနည်းရင် နို့ရည်ကို ညှစ်ထုတ်တာမျိုး လုပ်နိုင်ပါတယ်။ မရသေးရင် Brest pump နို့စုပ်ကရိယာနဲ့ နို့ရည် စုပ်ထုတ်နိုင်ပါတယ်။ ရင်သားကို ရေနဲ့ဆပ်ပြာနဲ့ တစ်နေ့နှစ်ကြိမ် သန့်ရှင်းရေး လုပ်ပေးပါ။ သို့သော် ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုးကို ရှောင်ပါ။

အရောင်ကျဆေးတွေဖြစ်တဲ့ ကီးမိုစ် သို့မဟုတ် နာတာသက်သာအောင် အိုင်ဗျူပရိုဖန် ကိုလည်း အစာစားပြီး တစ်နေ့နှစ်ကြိမ်သောက်နိုင်ပါတယ်။ မသက်သာပါက အချိန်မဆွဲဘဲ ဆေးခန်းပြပြီး စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။ အသားငါး ဟင်းရွက် စုံလင်မျှတအောင် စားပါ။ အရည်များများသောက်ပေးဖို့လည်းလိုပါတယ်။

ရင်သားရောင်ရမ်းတာကနေတဆင့် အကြောင်းအမျိုးမျိုးကြောင့် ပိုးဝင်လို့ရှိရင် ရင်သားပြည်တည်တာ (Breast Abscess) ဖြစ်ပါတယ်။ ပြည်တည်တာမျိုးဖြစ်ရင် နို့သီးခေါင်းကနေ ပြည်စီးကျတာ၊ ချမ်းတုန်တာ၊ တုပ်ကွေးမိသလိုမျိုး ကိုယ်လက်တွေကိုက်ခဲတာတွေလည်း ဖြစ်နိုင်တယ်။ ရင်သားတင်းပြီး မခံနိုင်အောင် နာကျင်ကိုက်ခဲတာတွေ ဖြစ်နိုင်တယ်။

ရင်သားပြည်တည်နာ (breast abscess) ရဲ့ လက္ခဏာတွေက အများအားဖြင့် ရင်သားရောင်ရမ်းတာ (mastitis) နဲ့ ဆင်တူတဲ့အတွက် စမ်းသပ်စစ်ဆေးကြည့်မှတာ အသေချာသိနိုင်မှာပါ။ ရင်သားပြည်တည်နာဖြစ်ရင်တော့ နို့တိုက်လို့မရပါဘူး။ နို့ကိုညှစ်ထုတ်တာမျိုးလည်း မလုပ်ရပါဘူး။ ရင်သားပြည်တည်နာဖြစ်ရင် ကုသနည်းတွေကတော့ အခြေအနေပေါ်လိုက်ပြီး ပြည်ကိုအပ်နဲ့စုပ်ထုတ်တာ၊ခွဲထုတ်တာမျိုးတွေလုပ်ရနိုင်ပါတယ်။

Author : Dr. 528

Previous Post

ထပ်ခါထပ်ခါပြန်သုံးနေတဲ့ ဆီတွေ က ဘယ်လောက် အန္တရာယ်များလဲ????

Next Post

Parotitis(ပါးချိတ်ရောင်နာ)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
610
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Parotitis(ပါးချိတ်ရောင်နာ)

Vitamin B12

သာလာဆီးမီးယားရောဂါ နှင့် သံဓါတ်များခြင်းပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.