fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးနို့တိုက်နည်း အနုပညာ

937
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/01/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

 

မိခင်များသည် ပျမ်းမျှအားဖြင့် နေ့စဉ် ရှစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်ထိ ကလေးကိုနို့ချိုတိုက်ကျွေးရလေ့ရှိပါသည်။ တစ်ကြိမ်တိုက်ကျွေးလျှင်လည်း အနည်းဆုံး ဆယ်မိနစ်မှ အများဆုံး နာရီဝက်ခန့်ထိကြာတတ်ကြပါသည်။ ထို့ကြောင့် ကလေးကိုမိခင်နို့ နေ့စဉ်တိုက်ကျွေးနိုင်ရန်အတွက် နို့တိုက်နေစဉ်မှာ မိခင်တွေဟာ သက်တောင့်သက်သာ ရှိဖို့လိုပါတယ်။ သက်တောင့်သက်သာမရှိဘဲ နို့တိုက်ချိန်မှာ မအီမသာအဆင်မပြေမှုကိုခံစားရပါက နေ့စဉ်နို့တိုက်ဖို့ကို မိခင်တွေအနေနဲ့ဝန်လေးတာ စိတ်ထက်သန်မှုမရှိတာတွေဖြစ်လာနိုင်ပါတယ်။

နို့တိုက်ချိန်မှာ သက်တောင့်သက်သာ ရှိဖို့အတွက်က ကလေးကိုပုံစံမှန်ကန်စွာ ချီထားခြင်းဟာ အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ သင့်လျော်သော ပုံစံဖြင့် ချီပိုးပြီး နို့သီးခေါင်းအား ကလေးငယ်ငုံနိုင်အောင် ပြုလုပ်ပေးခြင်းဖြင့် နို့တိုက်ကျွေးရာမှာ မသက်မသာဖြစ်ခြင်းကို ကာကွယ်နိုင်တဲ့အပြင် ကလေးငယ်ကိုလည်း နို့ဝစေပါတယ်။

ကလေးငယ်အား ချီပိုးရာတွင် အဓိကအားဖြင့် ပုံစံ (၄)မျိုးရှိပါတယ်။
၁။ ဘေးစောင်းချီခြင်း သို့မဟုတ် ပွေ့ပိုက်ချီခြင်း

ဒီပုံစံဟာ နို့တိုက်ကျွေးရာမှာ မိခင်တွေ အသုံးများဆုံးပုံစံတစ်ခုဖြစ်ပါတယ်။ ကလေးကို ရင်သားနဲ့တစ်တန်းတည်းထားပြီး ကလေးနဲ့မိခင်ရဲ့ဝမ်းဗိုက်တို့ကိုထိကပ်ထားပါ။ ကလေးမျက်နှာကို မိခင်ဘက်ကိုလှည့်ထားပေးပါ။ ကလေးဦးခေါင်းကို မိမိတိုက်ကျွေးရမည့် ရင်သားဖက်တွင်ရှိသော လက်မောင်းပေါ်တွင်တင်ထားပါ။

၂။ ကန့်လန့်ဖြတ်ပိုက်ချီခြင်း

ဒီပုံစံသည် နို့သီးခေါင်းအားငုံရန်အခက်အခဲရှိသော ကလေးငယ်များနဲ့ မွေးဖွားစဉ်မှာ ကိုယ်အလေးချိန်နည်းသော ကလေးငယ်များအတွက် ပိုသင့်လျော်သည်။ ကလေးငယ်အား နို့ချိုတိုက်ကျွေးသောရင်သားဘက်မှာရှိတဲ့ လက်ဖြင့် မိမိရင်သားအားပင့်ပေးထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကလေးငယ်ရဲ့ ဂုတ်အောက်ကနေပင့်ထားပေးခြင်းဖြစ်သည်။

(ဥပမာ ဘယ်ဘက်ရင်သားဖြင့်နို့တိုက်ပါက ဘယ်ဘက်လက်ဖြင့် နို့တိုက်နေသည့်ရင်သားကိုပင့်ထားကာ ညာလက်က နို့စို့နေတဲ့ကလေးငယ်ရဲ့ဂုတ်အောက်ကနေ ထိန်းထားပေးတဲ့ပုံစံပါ)

ကလေးကနို့ကိုသေချာစွာငုံမိသွားပြီး နို့စတင်စို့ပြီဆိုပါက အသုံးအများဆုံးဖြစ်သည့် အထက်မှာဖော်ပြထားသော ဘေးစောင်းပွေ့ချီနည်းကို ပြန်ပြောင်းနိုင်ပါသည်။

၃။ တင်းတင်းပိုက်ချီခြင်း သို့မဟုတ် ဘောလုံးပိုက်သလိုပွေ့ထားခြင်း

ဒီပုံစံမှာကျ လက်အယူအဆက နံပါတ် ၂ ပုံစံနဲ့ ဆန့်ကျင့်ဖက်လို ဖြစ်သည်။

နို့တိုက်ကျွေးသော ဘက်ရင်သားဘက်မှာရှိတဲ့လက်နဲ့ နံပါတ် ၂ ပုံစံလို တိုက်ကျွေးတဲ့ ရင်သားကို ပင့်ထားတာမဟုတ်ဘဲ နို့တိုက်တဲ့ရင်သားနဲ့ ဆန့်ကျင်ဘက်ခြမ်းမှ လက်ဖြင့် နို့တိုက်တဲ့ရင်သားကိုပင့်ထားပေးပြီး ကျန်လက်တဖက်ဖြင့် ကလေးရဲ့ဦးခေါင်းနဲ့ ခန္ဓာကိုယ်ကို ပွေ့ထားခြင်းဖြစ်သည်။ (ဥပမာ ဘယ်ဘက်ရင်သားနဲ့နို့တိုက်ပါက ညာဘက်လက်နဲ့နို့တိုက်နေတဲ့ရင်သားကိုပင့်ထားပေးပြီး ကျန်ဘယ်လက်နဲ့ကလေးရဲ့ဦးခေါင်းနဲ့ခန္ဓာကိုယ်ကိုပွေ့ထားပေးတဲ့ပုံစံပါ) ကလေးငယ်ရဲ့ခြေထောက်ဟာ ကလေးပွေ့ထားတဲ့လက်အောက်မှ ဖြတ်သန်းပြီး နောက်ကျောဘက်သို့ ထားရှိစေရပါမယ်။

ဒီနံပါတ်(၃)ပုံစံဟာ နို့ကိုငုံရန်အခက်အခဲရှိသောကလေးငယ်များ၊ ကျန်းမာရေးချူချာသည့်ကလေးငယ်များ နဲ့ သင့်လျော်ပါတယ်။ ဒါ့အပြင် နို့သီးခေါင်း သို့မဟုတ် ရင်သားဆိုင်ရာ ပြသာနာတစ်ခုခုကြောင့် ကွဲပြားတဲ့ပုံစံဖြင့် နို့ချိုတိုက်ကျွေးရမည့်မိခင်များ၊ ဗိုက်ခွဲမွေးထားသော ဒဏ်ရာရှိသည့်မိခင်များအတွက်လည်း အထူးသင့်လျော်ပါတယ်။

၄။ ထိုင်လျက်ပွေ့ထားခြင်း

ကလေးငယ်ကို ထိုင်နေသော မိခင်ရဲ့ပေါင်ပေါ်မှာထိုင်စေပြီး ကလေးရဲ့ဦးခေါင်းနဲ့ ပုခုံးများကို ပင့်ထားပေးတဲ့ ပုံစံဖြစ်ပါတယ်။ ဒီပုံစံဟာ နို့သီးခေါင်းကို မြဲမြဲမစုပ်နိုင်သော ကလေးများနဲ့ အရွယ်အစားသေးငယ်သော ကလေးများအတွက် သင့်လျော်ပါတယ်။

အဆုံးသတ်အနေနဲ့ပြောရရင် ဘယ်ပုံစံနဲ့တိုက်တိုက် လိုက်နာရမည့် အခြေခံအချက် လေးချက်ရှိပါတယ်။

၁။ ကလေးရဲ့ဦးခေါင်းနဲ့ ခန္ဓာကိုယ်ကို တဖြောင့်တည်း ထားရှိရပါမယ်။

၂။ ကလေးရဲ့မျက်နှာကို မိခင်ဘက်ကိုလှည့်စေပြီး ကလေးရဲ့ပါးစပ်နဲ့နှာခေါင်းတို့ကို နို့သီးခေါင်း (Nipple)နဲ့ မျက်နှာချင်းဆိုင်ထားရှိရပါမယ်။

၃။ မိခင်ရဲ့နို့သီးခေါင်းနဲ့ နို့သီးခေါင်းထိပ်အဝိုင်း (Nipple and Aerola)ကို နို့စိုနေတဲ့ ကလေးပါးစပ်ထဲများနိုင်သမျှ များများဝင်အောင် သေချာပြုလုပ်ပေးရပါမယ်။

၄။ ကလေးငယ်ရဲ့ ဦးခေါင်းနဲ့ခန္ဓာကိုယ်ကို တညီတည်းရှိအောင် ဆက်လက်ထားရှိပြီး ကျောပိုင်းကို အမှီသေချာပေးထားရပါမယ်။

Author : Dr. 528

Previous Post

အရေပြားအကြောင်းသိကောင်းစရာ

Next Post

အသက်သတ်လွတ် စားခြင်းနဲ့ ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
992
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
669

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Variety of fresh raw organic fruits and vegetables in light blue containers sitting on bright blue wooden background

အသက်သတ်လွတ် စားခြင်းနဲ့ ကျန်းမာရေး

ရှက်လို့ကြိတ်ပြီး ခံစားတဲ့ ပရိုစတိတ်ဂလင်းကြီးထွားမှု

မိုဘိုင်းဖုန်း၊အင်တာနက် စတဲ့နည်းပညာများ နဲ့ လူငယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.