သြပ္ဓါတ္ကို ေဆးပညာအရ Zinc (ဇင့္) လို႔ေခၚပါတယ္။ အတိုေကာက္ သေကၤတအေနနဲ႔ ဇင့္ကို Zn လို႔ေရးေလ့ရွိပါတယ္။ သြပ္ဓါတ္ဟာ ခႏၶာကိုယ္အတြက္ မရွိမျဖစ္ လိုအပ္တဲ့ ဓါတ္တစ္မ်ိဳးျဖစ္ပါတယ္။
ခႏၶာကိုယ္တြင္း ဇီဝျဖစ္စဥ္(Metabolism) ျဖစ္ဖို႔ လိုအပ္တဲ့ အင္ဇိုင္း(Enzymes) ေပါင္း ၁ဝဝ ေလာက္မွာ ဇင့္ဓါတ္ပါဝင္ပါတယ္။ ကိုယ္ခံအားစနစ္ တည္ေဆာက္မႈ၊ အသားဓါတ္ တည္ေဆာက္မႈ၊ အနာက်က္ေစမႈ၊ DNA မ်ိဳးဗီဇတည္ေဆာက္မႈနဲ႔ ဆဲလ္အသစ္ေတြ ထုတ္လုပ္မႈေတြမွာလည္း သြပ္ဓါတ္ပါပါတယ္။ အနံ႔နဲ႔ အရသာ အာ႐ုံခံမႈ မွာလည္း အေရးႀကီးတဲ့ေနရာကေန သြပ္ဓါတ္က ပါဝင္ေဆာင္႐ြက္ေပးပါတယ္။
တစ္ေန႔တာ ရွိရမယ့္ သြပ္ဓါတ္လိုအပ္ခ်က္ကေတာ့
၁၉ႏွစ္နဲ႔ အထက္ ေယာက်ာ္းေလးဆိုရင္ ၁၁မီလီဂရမ္
၁၉ႏွစ္နဲ႔အထက္မိန္းကေလးဆိုရင္ ၈မီလီဂရမ္
၁၉ႏွစ္နဲ႔အထက္ကိုယ္ဝန္ေဆာင္မိန္းကေလးဆိုရင္ ၁၁မီလီဂရမ္
၁၉ႏွစ္နဲ႔အထက္ ႏို႔တိုက္မိခင္ေတြဆိုရင္ ၁၂ မီလီဂရမ္ လိုအပ္ပါတယ္။
သြပ္ဓါတ္ဟာ လူကိုဘယ္လိုအက်ိဴးျပဳလဲဆိုေတာ့
ဝမ္းေလွ်ာေနစဥ္မွာ ဝမ္းေလွ်ာျခင္းကိုသက္သာေစၿပီး ဝမ္းေနာက္တႀကိမ္ ထပ္မေလွ်ာေအာင္လည္း ကာကြယ္ေပးပါတယ္။ လိင္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးမႈကို အေထာက္အကူျပဳၿပီး ပန္းေသပန္းညိဳးျဖစ္ျခင္းကိုကာကြယ္ေပးပါတယ္။ ကေလးရဖို႔ရာအတြက္လည္း အေထာက္အကူျပဳပါတယ္။
ဆံပင္ သန္စြမ္းဖို႔အတြက္လည္း အေထာက္အကူေပးတယ္။ ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈကို အေထာက္အကူျပဳၿပီး ကိုယ္ခံအားစနစ္ကိုလည္း ေကာင္းေစတယ္။ အာဟာရဓါတ္စုပ္ယူဖို႔နဲ႔ အစာေၾကညက္ဖို႔ရန္ အတြက္လည္း ကူညီေပးပါတယ္။ ထိခိုက္ဒဏ္ရာရလို႔ရွိရင္ အနာက်က္ျမန္ဖို႔အတြက္လည္း ကူညီေပးတယ္။
သြပ္ဓါတ္ဟာ ပင္လယ္စာ ကမာမုတ္မွာ (76.7 mg) အမ်ားဆုံးပါတယ္။ တျခားသြပ္ဓါတ္ မ်ားျပားစြာပါတဲ့ အစားအစာေတြကေတာ့ သိုးသား၊ အမဲသား၊ ၾကက္သားေတြပါ၊ ကုလားပဲ၊ ဖ႐ုံေစ့၊ သီဟိုေစ့ စတဲ့ ပဲအမ်ိဳးမ်ိဳးနဲ႔ အေစ့အဆန္ အမ်ိဳးမ်ိဳးေတြမွာလည္းပါသလို ဒိန္ခ်ဥ္မွာလည္း သြပ္ဓါတ္ပါပါတယ္။
သြပ္ဓါတ္ခ်ိဳ႕တဲ့ပါက အနံခံမႈနဲ႔ အရသာခံမႈ က်ဆင္းလာတာ၊ ႀကီးထြားဖြံ႕ၿဖိဳးမႈ ေႏွးေကြးလာတာ၊ အနာက်က္တာေႏွးတာ၊ စိတ္ထိုင္းမႈိင္းတာေတြ ျဖစ္ႏိုင္ပါတယ္။ သြပ္ဓါတ္ တအားခ်ိဳ႕တဲ့ေသာသူေတြဆိုရင္ ဆံပင္ေတြကြၽတ္တာ၊ ဝမ္းေလွ်ာတာ၊ ပန္းေသတာေတြ အထိပါ ျဖစ္ႏိုင္ပါတယ္။
အရက္ေသာက္တဲ့သူေတြ၊ သက္သတ္လြတ္ ေရရွည္စားတဲ့သူေတြမွာဆိုရင္ သြပ္ဓါတ္ဟာ ရွိသင့္တာထက္ ေလ်ာ့နည္းေနတတ္ပါတယ္။
Author : Dr. 528
Unicode
သွပ်ဓါတ်ကို ဆေးပညာအရ Zinc (ဇင့်) လို့ခေါ်ပါတယ်။ အတိုကောက် သင်္ကေတအနေနဲ့ ဇင့်ကို Zn လို့ရေးလေ့ရှိပါတယ်။ သွပ်ဓါတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။
ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်(Metabolism) ဖြစ်ဖို့ လိုအပ်တဲ့ အင်ဇိုင်း(Enzymes) ပေါင်း ၁ဝဝ လောက်မှာ ဇင့်ဓါတ်ပါဝင်ပါတယ်။ ကိုယ်ခံအားစနစ် တည်ဆောက်မှု၊ အသားဓါတ် တည်ဆောက်မှု၊ အနာကျက်စေမှု၊ DNA မျိုးဗီဇတည်ဆောက်မှုနဲ့ ဆဲလ်အသစ်တွေ ထုတ်လုပ်မှုတွေမှာလည်း သွပ်ဓါတ်ပါပါတယ်။ အနံ့နဲ့ အရသာ အာရုံခံမှု မှာလည်း အရေးကြီးတဲ့နေရာကနေ သွပ်ဓါတ်က ပါဝင်ဆောင်ရွက်ပေးပါတယ်။
တစ်နေ့တာ ရှိရမယ့် သွပ်ဓါတ်လိုအပ်ချက်ကတော့
၁၉နှစ်နဲ့ အထက် ယောကျာ်းလေးဆိုရင် ၁၁မီလီဂရမ်
၁၉နှစ်နဲ့အထက်မိန်းကလေးဆိုရင် ၈မီလီဂရမ်
၁၉နှစ်နဲ့အထက်ကိုယ်ဝန်ဆောင်မိန်းကလေးဆိုရင် ၁၁မီလီဂရမ်
၁၉နှစ်နဲ့အထက် နို့တိုက်မိခင်တွေဆိုရင် ၁၂ မီလီဂရမ် လိုအပ်ပါတယ်။
သွပ်ဓါတ်ဟာ လူကိုဘယ်လိုအကျိူးပြုလဲဆိုတော့
ဝမ်းလျှောနေစဉ်မှာ ဝမ်းလျှောခြင်းကိုသက်သာစေပြီး ဝမ်းနောက်တကြိမ် ထပ်မလျှောအောင်လည်း ကာကွယ်ပေးပါတယ်။ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး ပန်းသေပန်းညိုးဖြစ်ခြင်းကိုကာကွယ်ပေးပါတယ်။ ကလေးရဖို့ရာအတွက်လည်း အထောက်အကူပြုပါတယ်။
ဆံပင် သန်စွမ်းဖို့အတွက်လည်း အထောက်အကူပေးတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေတယ်။ အာဟာရဓါတ်စုပ်ယူဖို့နဲ့ အစာကြေညက်ဖို့ရန် အတွက်လည်း ကူညီပေးပါတယ်။ ထိခိုက်ဒဏ်ရာရလို့ရှိရင် အနာကျက်မြန်ဖို့အတွက်လည်း ကူညီပေးတယ်။
သွပ်ဓါတ်ဟာ ပင်လယ်စာ ကမာမုတ်မှာ (76.7 mg) အများဆုံးပါတယ်။ တခြားသွပ်ဓါတ် များပြားစွာပါတဲ့ အစားအစာတွေကတော့ သိုးသား၊ အမဲသား၊ ကြက်သားတွေပါ၊ ကုလားပဲ၊ ဖရုံစေ့၊ သီဟိုစေ့ စတဲ့ ပဲအမျိုးမျိုးနဲ့ အစေ့အဆန် အမျိုးမျိုးတွေမှာလည်းပါသလို ဒိန်ချဉ်မှာလည်း သွပ်ဓါတ်ပါပါတယ်။
သွပ်ဓါတ်ချို့တဲ့ပါက အနံခံမှုနဲ့ အရသာခံမှု ကျဆင်းလာတာ၊ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးလာတာ၊ အနာကျက်တာနှေးတာ၊ စိတ်ထိုင်းမှိုင်းတာတွေ ဖြစ်နိုင်ပါတယ်။ သွပ်ဓါတ် တအားချို့တဲ့သောသူတွေဆိုရင် ဆံပင်တွေကျွတ်တာ၊ ဝမ်းလျှောတာ၊ ပန်းသေတာတွေ အထိပါ ဖြစ်နိုင်ပါတယ်။
အရက်သောက်တဲ့သူတွေ၊ သက်သတ်လွတ် ရေရှည်စားတဲ့သူတွေမှာဆိုရင် သွပ်ဓါတ်ဟာ ရှိသင့်တာထက် လျော့နည်းနေတတ်ပါတယ်။
Author : Dr. 528