fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး
အိမ်ထောင်ရေးဖောက်ပြန်မှု ယုံတမ်းစကားတွေ အပိုင်း (၂)
114
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/01/2018
in အမျိုးသားကျန်းမာရေး
1 min read
A A
Unicode
သစ္စာမဲ့တဲ့ လူတွေဟာ သူတို့ရဲ့ ကြင်ဖော်တွေကို မချစ်ကြဘူး။
ကိုယ့်ကြင်ဖော်တွေကို မချစ်ကြတဲ့သူတွေဟာ သစ္စာမဲ့နိုင်တယ်။ အဲဒီပြောင်းပြန်ကလည်း မှန်ရမယ်လို့ မဆိုဘူး။ လူနှစ်ယောက်ကို တစ်ချိန်ထဲမှာ ချစ်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ ဆိုရိုးစကားဟာလည်း မဟုတ်ဘူး။ ချစ်သူအပေါ်မှာ အရူးအမူး စွဲလမ်းနေပြီး တစ်ချိန်ထဲမှာ ကြင်ဖော်အပေါ် လေးလေးနက်နက် ဂရုစိုက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဝသီပါနေတဲ့ သစ္စာမဲ့တဲ့ ကြင်ဖော်တွေ အပါအဝင် ဖောက်ပြန်ကြတဲ့ ကြင်ဖော်အတော်များများတို့ဟာ သူတို့ရဲ့ အိမ်ထောင်ရေးတွေကို အတည်တကျ မှတ်ယူကြတယ်။
စိုးမိုး ခြယ်လှယ်ခံရမှာကို သတိရှိတဲ့ လူတွေအတွက် အချစ်ဇာတ်လမ်းတွေဟာ ဆွဲဆောင်မှု ရှိကြတယ်။ အိမ်ထောင်ရေးတွေနဲ့ မတူတာက တာဝန် ဝတ္တရားနဲ့ ကန့်သတ်မှုတွေ မရှိဘူး။ ချစ်သူတွေဟာ တောင်းဆိုမှုတွေ အနည်းအကျဉ်းသာ လုပ်တတ်ကြတယ်။ စည်းကမ်းတွေ စချမှတ်ပြီဆိုရင်လည်း နှစ်ဦးဆက်ဆံရေးဟာ နှစ်လိုဖွယ်ဆွဲဆောင်မှုမရှိ ဖြစ်သွားနိုင်တယ်။
သစ္စာမဲ့တဲ့ ကြင်ဖော် တစ်ယောက်က သူ့ကြင်ဖော်ကို ချစ်တယ်လို့ ဖွင့်ဟပြောလာတဲ့အခါ လှောင်တာ၊ သရော်တာမျိုး ရှောင်ကြဉ်ဖို့ အိမ်ထောင်ရေးအကြံပေး ပုဂ္ဂိုလ်တွေက ခင်ပွန်းတွေနဲ့ ဇနီးတွေကို သတိပေးကြတယ်။ သူတို့ အမှန်ပြောနေတယ်လို့ ယူဆလို့ရတယ်။ ဒါမျိုးကို အစချီပြီး ဘာဖြစ်ခဲ့သလဲ ဘာအဓိပ္ပါယ်ရသလဲနဲ့ နောင်ဒါမျိုး မဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ အချက်တွေကို ဆွေးနွေးလို့ရတယ်။
သင့်ကြင်ဖော်ဟာ အချစ်ဇာတ်လမ်းရှိရင် သင်တစ်နည်းနည်းနဲ့ ပျက်ကွက်ခဲ့လို့ဖြစ်မယ်။
သစ္စာမဲ့မှုတွေကြောင့် စိုးရိမ်ဖွယ်အရေအတွက်ရှိကြတဲ့ ခင်ပွန်းနဲ့ဇနီးတွေဟာ ကိုယ့်ကိုယ်ကို အပြစ်ဖို့ကြတယ်။ (အထူးသဖြင့် အမျိုးသမီးတွေ ဖြစ်ကြတယ်။)
သစ္စာမဲ့တဲ့ ကြင်ဖော်တွေဟာ သူတို့ရဲ့ကြင်ဖော်တွေရဲ့ ပျက်ကွက်မှုအပေါ် မကျေမနပ် ဖြစ်ကြပေမယ့် ကွာရှင်းပြတ်စဲဖို့ တွန့်ဆုတ်ကြတယ်။ အများအားဖြင့် ပျက်ကွက်မှုတွေကို ချဲ့ကားပြောဆိုပြီး သစ္စာမဲ့တဲ့ ကြင်ဖော်ဟာ အိမ်ထောင်ရေးမှာ အဆင်ပြေနေတာကို ဝန်မခံချင်ကြဘူး။ ကြင်ဖော်တစ်ယောက်ရဲ့ မျှော်လင့်ထားမှုတွေဟာ ယုတ္တိမရှိတဲ့ အခါမျိုးမှာလည်း ဒါမျိုးတွေ ဖြစ်တတ်တယ်။ အိမ်ထောင်ရေးဟာ ပျော်ရွှင်မှုရဲ့ အာမခံချက်လို့ အချို့ယောက်ျား၊ အမျိုးသမီးတွေက ခံယူကြတယ်။ သူတို့ မပျော်ရွှင်ကြတဲ့အခါ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ကြတယ်။
ကြင်ဖော်တစ်ယောက်ရဲ့ အပြုအမူကို ကျန်ကြင်ဖော်အနေနဲ့လည်း တာဝန်မရှိဘူး။ သင့်ကြင်ဖော်ဟာ အချစ်ဇာတ်လမ်းရှိနေရင် သူက သူ့ဟာသူရွေးချယ်လိုက်တာပဲ ဖြစ်တယ်။ သင့်ကြင်ဖော်က သင့်ကြောင့်လို့ ယုံကြည်ချင်တယ်။ ချစ်သူကလည်း ဒီအတိုင်းပဲ။ သင်က သဘောတူရင် ဒီအချစ်ဇာတ်လမ်းကို လွတ်လပ်စွာ ဆက်လက်လှုပ်ရှားလို့ရတယ်။ သူတို့မှာလည်း အပြစ်မရှိဘူးလို့ ထင်ကြလိမ့်မယ်။ အဲဒီလို ငြင်းခုံမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ကြတဲ့ ကြင်ဖော်တွေကို စဉ်းစားဆင်ခြင်ကြဖို့ စိတ်ပညာ ပါရဂူတွေက တိုက်တွန်းကြတယ်။
ကြင်ဖော်တစ်ယောက် သစ္စာမဲ့သွားတာကို သိသွားရင် ဒီအိမ်ထောင်ရေးကို အဆုံးသတ်ရလိမ့်မယ်။
ဂလဲ့စားချေတာ အရသာရှိတာတယ်လို့ ထင်ရပေမယ့် အမြဲတန်းတော့ သင့်တင့်လျော်ကန်တယ်လို့ မဟုတ်ဘူး။ ကွာရှင်း ပြတ်စဲမှုဟာ ပိုပြီး ဖြေရှင်းဖို့ခက်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်တယ်။ သစ္စာမဲ့မှုကြောင့် ရုပ်ပျက်သွားတဲ့ အိမ်ထောင်ရေး အများစုတို့ကို ကယ်တင်သင့်တယ်။ အချစ်ဇာတ်လမ်းဟာ ခင်ပွန်းနဲ့ဇနီးကို အထိတ်တလန့်ဖြစ်စေကာ တာရှည်တဲ့နှစ်တွေအတွင်း ခင်ပွန်းနဲ့ဇနီးကို တစ်ယောက်နဲ့တစ်ယောက် စကားပြောကြ၊ နားထောင်ကြဖို့ လှုံ့ဆော်ပေးလိုက်တာမျိုး ဖြစ်နိုင်တယ်။
တစ်ချို့ အိမ်ထောင်ရေးတွေမှာ အတတ်ပညာရှင်ရဲ့ အကူအညီ လိုအပ်သလို၊ တစ်ချို့ကလည်း ကြင်ဖော်အချင်းချင်း အဆင်ပြေသွားအောင် လုပ်နိုင်ကြတယ်။ ဘယ်နည်းပဲသုံးသုံး ဒီပြဿနာကို ချဉ်းကပ်တဲ့အခါ စိတ်ရှည်၊ ရိုးသားဖြောင့်မတ်စွာနဲ့ အစစအရာရာ လမ်းမှန်ရောက်လိုတဲ့ ဆန္ဒရှိဖို့လိုတယ်။ ပုံမှန်ပြောနေကျ စကားတွေကို လျစ်လျူရှုကာ ဒီအချစ်ဇာတ်လမ်းဟာ သင်တို့ရဲ့ အိမ်ထောင်ရေး၊ သင်တို့ရဲ့ ဘဝအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာကို အထူးဂရုစိုက် ဆောင်ရွက်ပါ။
Author: မောင်ချမ်းသာ, Healthcare Journal, Vol 8,no 39 (13.10.17) Pg 16
Previous Post
သွေးပေါင်ကျတတ် တဲ့ သူတွေ ဘာတွေစားသင့်သလဲ????
Next Post
သြပ္ဓါတ္(Zinc)
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Do men want to take nutritional supplements?
အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?
1 year ago
1.5k
The second most common cancer in men
အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ
1 year ago
797
About common diseases of men over 50
အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း
2 years ago
1.1k
Is prostate disease hereditary?
ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?
2 years ago
646
အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့
2 years ago
1k
ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?
2 years ago
1.1k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
သြပ္ဓါတ္(Zinc)
ရင်သားမှာ စမ်းမိတဲ့ အကျိတ်
စအိုနားတစ်ဝိုက် ယားယံစေတဲ့ အကြောင်းက
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.