fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

လက်၊ ခြေဖဝါးနှင့် ပါးစပ် ရောဂါ

448
VIEWS
25/12/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

လက်၊ ခြေဖဝါးနှင့် ပါးစပ် ရောဂါ

အခုအချိန်အခါမှာ ကလေးတွေမှာ အဖြစ်များလို့ မိဘတွေ စိုးရိမ်တကြီး မေးတဲ့ရောဂါအကြောင်း ရှင်းပြပါမယ်။ ရောဂါကတော့ ပါးစပ်အနီးအနားနှင့် ပါးစပ်ထဲမှာ အနာပေါက်ခြင်း ၊လက်၊ ခြေဖဝါး၊ခြေထောက်နှင့် တင်ပါးတို့တွင် အရည်ကြည်ဖုနှင့် အနီအစက်တွေထွက်တဲ့ လက်၊ ခြေဖဝါးနှင့် ပါးစပ် ရောဂါ (Hand-Foot- and -Mouth disease)အကြောင်းပဲ ဖြစ်ပါတယ်။ ရောဂါသဘောအရ ဝေဒနာခံစားရတာ ဆိုးနိုင်ပေမယ့် သေချာကုသရင် မပြင်းထန်နိုင်ပါ။

အသက်အရွယ်မရွေး ကူးစက်ဖြစ်ပွားနိုင်ပေမယ့် အသက်(၁၀)နှစ်အောက် ကလေးငယ်များသည် ပိုမိုကူးစက်နိုင်ပါတယ်။

(1) ဘယ်ပိုးကြောင့် ဖြစ်သလဲ?
အဆိုပါ ရောဂါသည် ဗိုင်းရပ်စ်ပိုး (coxsackievirus and enterovirus 71) ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။

(2)ကူးစက်ပုံ
ရောဂါပိုး ကူးစက်သူနဲ့ ထိတွေ့လျှ င်ရောဂါပိုး ကူးစက်တတ်ပါတယ်။ ရောဂါပိုးပါတဲ့ အရည်ထိတဲ့အရုပ်၊ စားပွဲနှင့် တံခါးလက်ကိုင် စသည်တို့ကို ထိတွေ့လျှင်လည်း ကူးစက်တတ်ပါတယ်။ နွေရာသီနှင့်ဆောင်းဦးပေါက်ရာသီမှာ ကူးစက်ပြန့်ပွားလွယ်ပါတယ်။

(3)ရောဂါလက္ခဏာများ
အစောပိုင်း လက္ခဏာများကတော့ ဖျားခြင်းနှင့် လည်ချောင်းနာခြင်း ဖြစ်ပါတယ်။ နာကျင်သော အရည်ကြည်ဖုများ အပူနာကဲ့သို့ ကလေးရဲ့ပါးစပ်နှင့် လျှာတွင် ပေါက်တတ်ပါတယ်။ ကူးစက်ခံရပြီး တစ်ရက်၊ နှစ်ရက်အကြာတွင် လက်ဖဝါးနှင့် ခြေဖဝါးတွင် အနီကွက်များပေါ်လာပြီး နောက်ပိုင်းတွင်အရည်ကြည်ဖုများ ဖြစ်လာပါလိမ့်မယ်။ ဒူးခေါင်း၊ တံတောင်ဆစ်နှင့် တင်ပါးတို့တွင် အနီစက်များနှင့်အနာများ ပေါက်လာတတ်ပါတယ်။ ကလေးငယ်သည် အဆိုပါ လက္ခဏာများဖြစ်ရန် တစ်ရက်၊ နှစ်ရက်သာ ကြာမြင့်တတ်ပါတယ်။ ကလေးငယ်ရဲ့ ပါးစပ်အနာသည် အလွန်ဆိုးရွားသောကြောင့် အစာနှင့်ရေသောက်ရန်ပင် ခက်ခဲတတ်ပါတယ်။ ထို့ကြောင့် ရေနှင့် အစာအာဟာရရှိရန် လိုအပ်ပါတယ်။

(3)ရောဂါရှာဖွေခြင်း
နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်ကုသပြီး ရောဂါရာဇဝင် ပြောပြပြီး ဆရာဝန် စမ်းသပ်ရုံဖြင့် အလွယ်တကူ ရောဂါကို ခန့်မှန်းသိရှိနိုင်ပါတယ်။ သေချာစေရန် လည်ချောင်းအတွင်း ဂွမ်းဖတ်ဖြင့်တို့ယူစစ်ဆေးခြင်း၊ သွေးစစ်ခြင်း ဝမ်းစစ်ခြင်း ပြုလုပ်နိုင်ပါတယ်။

(4)ကုသနည်း
ကလေးငယ် ကူးစက်ခံရပြီး ရောဂါစတင် ခံစားရပြီးဆိုလျှင် နီးစပ်ရာဆရာဝန်နဲ့ ပြပါ။ ရောဂါလက္ခဏာများ သက်သာစေရန် အလွယ်တကူဝယ်ယူရရှိနိုင်သော
-အနာသက်သာဆေးများ (paracetamol အရည်)
-လည်ချောင်းနာ သက်သာစေသော ငုံဆေး
-အယားသက်သာစေသော လိမ်းဆေး (calamine လိမ်းဆေး)
-ရေနှင့် အစာအာဟာ ရရှိအောင် ပြုစုရပါမယ်။

(5)ကာကွယ်ခြင်း
ရောဂါရှိသူ ကလေးငယ်သည် ၇ ရက်အတွင်း တခြားသူကို ကူးစက်လွယ်ပါတယ်။ သို့သော် ကုသမှု
ပျောက်ကင်းသော်လည်း ကလေးငယ်တွင် ရှိနေတတ်သေးကြောင့် ကူးနိုင်ချေ ရှိတတ်သေးသည်။

အကောင်းဆုံး ကာကွယ်မှုမှာ
-လက်ဆေးပါ။
-ရောဂါရှိသူရဲ့ နှပ်ရည်၊ သေးခံ စသည်တို့ကို သေချာစွာ တခြားကလေး မကူးစက်အောင် ဂရုတစိုက်စွန့်ပစ်ပါ။
-ရောဂါဖြစ်ပွားပါက ကလေးငယ်ကို ကျောင်း ၊မူကြိုမပို့ပါနဲ့။
-Hand-Foot-Mouth disease သည် Foot and Mouth disease နဲ့မတူပါ။

(6)နောက်ဆက်တွဲဆိုးကျိုးများ
ရောဂါသည် အစောပိုင်းတွင်း ပြင်းထန်သော လက္ခဏာများ မရှိတတ်ပါ။ အဆိုပါရောဂါကို သေချာစွာ မကုသလျှင် အချို့တွင် ဦးနှောက်အမြှေးပါး ရောင်တတ်ပါတယ်။ ထို့ကြောင့် သေချာစွာ ကုသပါ။လက်ဆေးပါ။

Author : Dr. ပြည့်ရှင်း

Previous Post

ပွဲတော်ရက်များ သတိထား

Next Post

Diphtheria ဆုံဆို့နာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
262

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
319

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
836

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
673

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Diphtheria ဆုံဆို့နာ

စိတ်ဖိစီးမှုတွေများလာရင် ဘာတွေ စားကြမလဲ ???

ကျွန်တော် တို့ နေ့စဉ် စားနေတဲ့ စားသုံးဆီ တွေထဲ မှာ ဘယ်လို ဆီမျိုး ကို စားသင့်ပါသလဲ????

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.