fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အမျိုးသမီးများ၏ လျှို့ဝှက်ချက်များ

310
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/12/2016
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

ရှောင်လေ ဆိုးလေ

တချို့အမျိုးသမီးများသည် လိင်ဆက်ဆံစဉ် နာကျင်မှုဝေဒနာခံစားကြရတတ်သည်။ ထို့ကြောင့် လိင် ဆက်ဆံမှုကို ရှောင်ကွင်းရတတ်သည်။ အနားယူခြင်းသည် နာကျင်မှုကို သက်သာသွားစေလိမ့်မည်ဟု ထင်မြင် ခဲ့ကြသည်။ အမှန်စင်စစ် ဆက်ဆံမှုကို နားထားပြီး ပြန်လည်ဆက်ဆံသောအခါတွင် နာကျင်မှုဝေဒနာမှာ ပိုမိုဆိုး ဝါးစွာပင် ခံစားရတတ်သည်။ တစ်နည်းအားဖြင့် ရှောင်လေ ဆိုးလေဖြစ်၏။

ပုံမှန်ဆက်ဆံခြင်းဖြင့်သာ နာကျင်မှုမှာ တဖြည်းဖြည်းလျော့နည်းသက်သာသွားတတ်သည်။ ကြာရှည် စွာဆက်ဆံမှု မပြုလျှင် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးမှာ အခက်အခဲများ ကြုံတွေ့ရနိုင်သည်။ လိင်ဆက် ဆံစဉ် နာကျင်မှုမှာ သဘာဝမဟုတ်သည်ကိုမူ သတိပြုရန် လိုအပ်သည်။ တတ်ကျွမ်းနားလည်သော ဆေးပညာ ရှင်များနှင့် ပြသတိုင်ပင်ကာ နာကျင်စေသော ကြောင်းရင်ဇာစ်မြစ်ကို ရှာဖွေဖော်ထုတ်ကာ ဖယ်ရှားပစ်ရန် လို အပ်သည်။ နာကျင်မှုသည် ဆန္ဒလျော့နည်းစေခြင်းနှင့် ဆန္ဒပြီးမြောက်မှုမရှိခြင်းတို့ ဖြစ်စေနိုင်သည်။ နာကျင်မှု ဝေဒနာသည် သားမွေးလမ်းကြောင်း ခြောက်သွေ့မှုကြောင့်လည်း ဖြစ်တတ်သည်။ ကလေးမိခင်များနှင့် မီးယပ် သွေးဆုံးပြီး အမျိုးသမီးများတွင် သားမွေးလမ်းကြောင်း ခြောက်သွေ့မှု ကြုံတွေ့ရနိုင်သည်။ သားမွေးလမ်း ကြောင်းတွင်းသို့ Lubricating Product သို့မဟုတ် Oestrogam Cream တိုက်ရိုက်ထည့်ပေးနိုင်သည်။ ဆန္ဒဖြစ် ပေါ်အောင် လှုံ့ဆော်ပေးခြင်းသည် သားမွေးလမ်းကြောင်း ခြောက်သွေ့မှုနှင့် နာကျင်မှု ဝေဒနာခံစားရခြင်းတို့ကို သက်သာသွားစေနိုင်ပါသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် လိင်ဆန္ဒဖြစ်ပေါ်မှု

မိုက်ဂရိမ်း Migraine ခေါ် ခေါင်းတစ်ခြမ်းကိုက်သည့် ဝေဒနာသည် လိင်ဆန္ဒဖြစ်ပေါ်မှုကို အားပေးနိုင် ကြောင်း တွေ့ရသည်ဟု The University of Oklahoma Health Sciences Centre မှသုတေသနပညာရှင် James Couch ကပြောကြားလိုက်သည်။ အပြန်အလှန်သဘောအားဖြင့် လိင်ဆက်ဆံခြင်းသည် ခေါင်းကိုက် ဝေဒနာကို ပြန်လည်သက်သာမှုပေးနိုင်သည်ဟု ဆိုပါသည်။
ခေါင်းကိုက်ဝေဒနာ ခံစားရလျှင် နောက်ဆုံးဖြေခြင်းတစ်ရပ်အဖြစ် လိင်ဆက်ဆံခြင်းအမှု ပြုလုပ်နိုင် သည်။ ထိုသို့ လိင်ဆက်ဆံလိုက်ခြင်းဖြင့် ခေါင်းကိုက်ဝေဒနာ သက်သာပျောက်ကင်းသွားနိုင်သည်။ ဦးနှောက်၌ ဓာတုဗေဒပစ္စည်းပမာဏနှင့် လိင်ဆန္ဒဖြစ်ပေါ်မှုတို့ ဆက်နွယ်ပတ်သက်မှုရှိသည်။

အမျိုးသမီးများအနေဖြင့် လိင်ဆက်ဆံမှုကြောင့် ဆန္ဒပြီးမြောက်သောအခါတွင် ခေါင်းတစ်ခြမ်းကိုက် သည့် ဝေဒနာမှာလည်း ပျောက်ကင်းသွားတတ်ကြသည်။ လိင်ဆက်ဆံမှုသည် မီးယပ်သွေးပေါ်စဉ် နာကျင်မှုေ၀ ဒနာ ခံစားရခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ကြောင်း တွေ့ရသည်။ လိင်ဆက်ဆံမှုသည် ခန္ဓာကိုယ်အ တွင်း သွေးလှည့်ပတ်စီးဆင်းမှုကို အားပေးရာရောက်ပြီး သားအိမ်ကို လျော့ဆန်စေကာ နာကျင်မှုသက်သာစေ ခြင်းဖြစ်သည်။ ခေါင်းကိုက်လျှင် လိင်ဆက်ဆံမှုပြုပါဟု ဆိုရမလို ဖြစ်နေပေတော့သည်။ လိင်ဆက်ဆံမှုသည် နာကျင်မှုဝေဒနာကို လျော့နည်းသွားစေနိုင်သည်။

သန္ဓေတားသောက်ဆေးများနှင့် ဆန္ဒဖြစ်ပေါ်မှု

သန္ဓေတားသောက်ဆေးများသည် လိင်ဆန္ဒအပေါ် အကျိုးသက်ရောက်မှုရှိသည်ဟူသော အချက်ကို အတိအကျသိသူ နည်းပါးကြသည်။ တချို့က ဆန္ဒကို လျော့နည်းစေသည်ဟု ထင်မြင်ကြသည်။ တချို့က ပိုကဲ စေသည်ဟု ယူဆကြသည်။ The Mount Sinai Medical Centre (New York City) မှ Rebecca Amoru က သန္ဓေတားသောက်ဆေးများသည် လိင်ဆန္ဒကို လျော့နည်းကျဆင်းစေနိုင်ကြောင်း ထောက်ခံပြောကြားခဲ့သည်။ ဤအချက်မှာ မျိုးပွားနိုင်သည့်ကာလအတွက်သာမဟုတ် သွေးဆုံးပြီး အမျိုးသမီးများအတွက်ပါ မှန်နေပါသည် ဟုဆိုသည်။ ဟော်မုန်း အနည်းငယ်မျှ ဖြည့်စွက်ခြင်းသည် လိင်ဆန္ဒကို လျော့နည်းစေသည်ဟု Amoru ကပြော ခဲ့သည်။

အကယ်၍ သန္ဓေတားသောက်ဆေးများကြောင့် ဆန္ဒနည်းပါးမှုကြုံတွေ့ရလျှင် ဆေးပြောင်းသုံးစွဲကြည့် ရန်လိုအပ်ပါသည်။ ဆေးဝါးပြောင်း၍ သုံးစွဲသော်လည်း ထူးခြားမှုမရှိပါက သန္ဓေတားနည်းကို အခြားနည်းဖြင့် ဆောင်ရွက်ရန်ဖြစ်ပါသည်။ ဥပမာ-ဆေးဝါးမသုံးဘဲ သားအိမ်တွင်း ထည့်သည့်ပစ္စည်း IUD Intrautermine Device သုံးသင့်သည်။ ကွန်ဒုံးသုံးစွဲခြင်း ဖြင့်လည်း သန္ဓေတားနိုင်ပါသည်။ သန္ဓေတားသောက်ဆေးသည် စိတ်ဆန္ဒဖြစ်ပေါ်မှုကို လျော့နည်းစေကြောင်း Rebocca Amoru ကထောက်ပြလိုက်ခြင်း ဖြစ်သည်။

သန္ဓေတားဆေးကို တစ်မျိုးသုံးနိုင်သည်

NYU Medical Centre in New York City မှ သားဖွားမီးယပ် အထူးကုဆရာဝန် Steve Golds ကသန္ဓေတားဆေးကိုမသောက်ဘဲ အမျိုးသမီး၏ သားမွေးလမ်းကြောင်းအတွင်း ထည့်သွင်းခြင်းသည် အန္တရာယ်ကင်းပြီး အကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရသည်ဟု ဖော်ပြလိုက်ပါသည်။

သန္ဓေတားသောက်ဆေးများကြောင့် တချို့အမျိုးသမီးများတွင် အစားအစာ စားလိုစိတ်မရှိခြင်း၊ ပျို့ချင် အန်ချင်စိတ် ဖြစ်ပေါ်ခြင်းနှင့် အန်ခြင်းတို့ဖြစ်တတ်သည်။ ယင်းဝေဒနာမှ ကင်းဝေးစေရန် သန္ဓေတားဆေးကို သားမွေးလမ်းကြောင်းတွင်းသို့ ထည့်သွင်းအသုံးပြုနိုင်သည်။ အစ္စရေးသုတေသနပညာရှင်များသည် အမျိုးသမီး များကို အုပ်စုနှစ်စုခွဲ၍ လေ့လာခဲ့ကြသည်။ တစ်ခုမှာ သန္ဓေတားဆေးကို ပါးစပ်မှသောက်ခဲ့ကြပြီး ကျန်တစ်စုမှာ သားမွေးလမ်းကြောင်းသို့ ထည့်သွင်းခဲ့ကြသည်။

သန္ဓေတားဆေးကို သားမွေးလမ်းကြောင်းသို့ ထည့်သွင်းအသုံးပြုသည့် အမျိုးသမီးများတွင် ပျို့ချင်အန် ချင်စိတ်ဖြစ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်းသားတင်းခြင်း၊ နာခြင်း၊ မီးယပ်ပေါ်စဉ် နာကျင်မှု၊ အစာအိမ် ပြဿနာများ စသည့်ဝေဒနာလက္ခဏာများ ဖြစ်ပွားမှုနည်းကြောင်း တွေ့ရသည်ဟု ဆိုပါသည်။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

ကျန်းမာရေးကောင်းစေတဲ့ အိပ်ပုံအိပ်နည်း

Next Post

စိတ်ပညာနှင့်အိပ်မွေ့ချပညာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
638

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
613
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိတ်ပညာနှင့်အိပ်မွေ့ချပညာ

ဝမ်းပျက်ဝမ်းလျှောရောဂါ

အရေးကြီးဆုံးဆိုသည်မှာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.