fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးများဖြည့်စွက်အာဟာရသောက်သုံးဖို့ အကောင်းဆုံးအရွယ်

49
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/09/2023
in အမျိုးသမီး ကျန်းမာရေး
3 min read
A A
ဒီခေတ်မှာ ကျား၊မ မရွေး လူတော်တော်များများဟာ မိမိတို့အတွက် ကောင်းနိုးရာရာ ထင်ရတဲ့ ဖြည့်စွက်အာဟာရတွေ သောက်သုံးနေကြပါတယ်။ ဖြည့်စွက်အာဟာရတွေကို သောက်သုံးတိုင်းရော ကောင်းသလား၊ အရွယ်မရွေး သောက်သုံးဖို့ရော လိုသလား ဆိုတာက အငြင်းပွားဖွယ်ရာ အချက်တွေပါပဲ။
လူတိုင်းဟာ မွေးစကနေ သေဆုံးတဲ့အထိ ဗိုက်တာမင်နဲ့ အာဟာရဓာတ်တွေကို နေ့စဉ်လိုအပ်နေတာပါ။ ငယ်ရွယ်ပြီး ကျန်းမာကြံ့ခိုင်သလို အသားငါး၊ ပဲနဲ့ အသီးအရွက်တွေ စုံလင်အောင် စားသုံးတဲ့ လူငယ်နဲ့ လူလတ်ပိုင်းတွေကတော့ ဖြည့်စွက်စာ သောက်ဖို့ လိုအပ်မှာ မဟုတ်ပါဘူး။
အမျိုးသမီးတွေကရော ဘယ်အရွယ်မှာ ဖြည့်စွက်အာဟာရ သောက်သုံးဖို့ အကောင်းဆုံးလဲ?
လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ကိုယ်ခံအား မတူညီကြတဲ့အတွက် ဒီမေးခွန်းကို အတိအကျပြောဖို့တော့ ခက်ပါလိမ့်မယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ပြဿနာတွေကို ကြည့်ခြင်းအားဖြင့် အသက်အရွယ်အလိုက် လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေကလည်း ကွဲပြားပါတယ်။
• အသက် ၃၀ ဝန်းကျင်အရွယ်
အသက် ၃၀ ပတ်ချာလည် အရွယ်ဟာ အမျိုးသမီး အများစု ကိုယ်ဝန်ဆောင်တတ်ကြတဲ့ အရွယ်ပါ။ ဒီအရွယ်မှာ လိုအပ်တဲ့ ဗိုက်တာမင်တစ်မျိုးက ဗိုက်တာမင် B9 ဖြစ်တဲ့ ဖောလစ်အက်ဆစ် ဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်က ဆဲလ်တွေကြီးထွားအောင် ကူညီပေးသလို ကျန်းမာတဲ့ DNA တွေ ဖြစ်ပေါ်စေပြီး ဦးနှောက်ဖွံ့ဖြိုးစေပါတယ်။ ကိုယ်ဝန်ဆောင် အစဦးကာလတွေမှာ ဖောလစ်အက်ဆစ် ချို့တဲ့ရင် ကလေးမွေးတဲ့အခါ ဦးနှောက်နဲ့ ဦးခေါင်းခွံပါမလာတာ၊ ဉာဏ်ရည်ချို့တဲ့တာတွေ ဖြစ်နိုင်ပါတယ်။
အသက် ၃၀ ဝန်းကျင်မှာ နောက်ထပ်လိုအပ်တာက သံဓာတ် ဖြစ်ပါတယ်။ သံဓာတ်ပြည့်ဝမှသာ သွေးအားကောင်းပြီး သွေးနီဥတွေကနေ ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင် လုံလောက်စွာ သယ်ဆောင်ပေးနိုင်ပြီး မှတ်ဉာဏ်ကောင်းတာ၊ စွမ်းအင်တွေ ပြည့်ဝတာမျိုး ဖြစ်မှာပါ။
အသက် ၃၀ ဝန်းကျင်ဟာ ကော်လာဂျင်ထုတ်လုပ်မှု လျော့နည်းလာပြီး အသားအရေ ပြဿနာတွေ စပြီး ကြုံလာရတတ်တာမို့ အသားအရည်ကို တောက်ပချောမွေ့စေတဲ့ antioxidants တစ်မျိူးဖြစ်တဲ့ ဗိုက်တာမင်စီကိုလည်း လိုအပ်လာတဲ့ အရွယ်ပါပဲ။
• အသက် ၄၀ ကျော်အရွယ်
အသက် ၄၀ ကျော်အရွယ်က သွေးမဆုံးသေးပေမယ့် သွေးဆုံးအကြိုကာလလို့ ပြောလို့ရပါတယ်။ ဟော်မုန်းတွေ ထုတ်လုပ်မှု လျော့နည်းလာပြီး ဟော်မုန်းအပြောင်းအလဲရဲ့ ဒဏ်ကို စတင်ခံစားလာရတဲ့ အရွယ်ပါ။ ဒီအရွယ်မှာ သောက်သုံးသင့်တဲ့ Omega 3 fatty acids (ငါးကြီးဆီ) က ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်သလို ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ နောက်ထပ်လိုအပ်တာက ဗိုက်တာမင် B complex (B1,B2,B3,B5,B6,B7,B9,B12) ပါ။ B complex က အာရုံကြောစနစ်ကို ကောင်းစေပါတယ်။
• အသက် ၅၀ ကျော်အရွယ်
အသက် ၅၀ ကျော်အရွယ်ကတော့ အမျိုးသမီးတွေ အတွက် အရေးအကြီးဆုံးဖြစ်တဲ့ သွေးဆုံးကာလ ဖြစ်ပြီး ဖြည့်စွက်စာအားဆေးတွေ အသောက်သုံးသင့်ဆုံး အရွယ်ပါ။ သွေးဆုံးကိုင်ဝေဒနာတွေ ခံစားရတဲ့အပြင် အစားအသောက်နည်းသွားတာ၊ ဟော်မုန်းချို့တဲ့မှုကြောင့် အရိုးသိပ်သည်းဆ နည်းလာပြီး အရိုးပါး၊ အရိုးပွရောဂါကြောင့် အရိုးကျိုးနိုင်ခြေ များလာတာတွေအတွက် ဖြည့်စွက်စာတွေ မှီဝဲသင့်ပါတယ်။ အသက် ၃၀ ၊ ၄၀ ဝန်းကျင်မှာ လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေအပြင် နောက်ထပ် မဖြစ်မနေ မှီဝဲသင့်တာက အရိုးတွေကို ကြံ့ခိုင်သန်မာစေတဲ့ ဗိုက်တာမင်ဒီနဲ့ ကယ်လ်ဆီယမ်ပါ။
အသက် ၅၀ ကျော်အရွယ်မှာ လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေကို နေ့စဉ်ပုံမှန်မှီဝဲပါမှ အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်လာတာ၊ မှတ်ဉာဏ်တွေ ချို့ယွင်းလာတာ၊ အရိုးကျိုးလွယ်တာနဲ့ သွေးဆုံးကိုင်ဝေဒနာတွေကို လျော့ပါးသက်သာအောင် လုပ်နိုင်ပါလိမ့်မယ်။
ဖြည့်စွက်အာဟာရနဲ့ အားဆေးတွေကတော့ အမျိုးမျိုး စုံလင်အောင် ရှိနေမှာပါပဲ။ ကိုယ့်ရဲ့ အသက်အရွယ်အလိုက် သောက်သုံးသင့်တဲ့ အာဟာရတွေ ပါဝင်တဲ့ ဖြည့်စွက်စာတွေကို ရွေးချယ်စားသုံး၊ သောက်သုံးခြင်းဖြင့် ကျန်းမာနုပျိုတဲ့ အမျိုးသမီးများ ဖြစ်နိုင်ကြပါစေ။
Author: Dr.Yee Mon
Previous Post

နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ DHA အကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

1 month ago
159

ဓမ္မတာသွေးဆင်းချိန် သတိပြုရမည့်အချက်များ

1 month ago
964

အရိုးအဆစ်တွေကြီးထွားဖွံ့ဖြိုးဖို့ ကယ်လ်ဆီယမ်ကဘယ်လောက်အရေးပါလဲ?

2 months ago
110

ဓမ္မတာသွေးအရောင်မှတဆင့် သိနိုင်မယ့် သားအိမ်ကျန်းမာရေး

2 months ago
1.3k

ဆီးလမ်းကြောင်းပိုးဝင်ကြောင်း သိနိုင်မယ့်လက္ခဏာများ

3 months ago
1.8k

အမျိုးသမီးနှင့် မီးယပ်သွေးဆုံးဝေဒနာ

9 months ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.