fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဗိုင်းရပ်စ်ဆိုတာ

403
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/12/2021
in ကိုဗစ်ရောဂါ
1 min read
A A

လူ့ခန္ဓာကိုယ်ကို ကူးစက်ပြီးရောဂါဖြစ်စေနိုင်သည့် ဗိုင်းရပ်စ်ပိုးများသည် မျိုးစိတ်ဆင့်ကဲ ပြောင်းလဲမှုကြောင့် ဗီဇမျိုးကွဲသစ် New Virus Variant များအဖြစ် ပြောင်းလဲလာကြပါသည်။ ထိုသို့ဗီဇမျိုးကွဲအသစ်အဖြစ် ပြောင်းလဲခြင်းကို မျိုးရိုးဗီဇအစီအစဉ် လေ့လာခြင်းလုပ်ငန်း (Genome Sequencing) ဖြင့် စစ်ဆေးသိရှိိနိုင်သည်။ Omicron Virus (အိုမီခရွန်ဗိုင်းရပ်စ်)သည် Covid-19 ပြင်းထန်အဆုတ်ယောင် ကူးစက်ရောဂါ ပိုးမျိုးစိတ်များအနက် ၁၄ ခုမြောက် မျိုးရိုးဗီဇပြောင်းရောဂါပိုး ဖြစ်ပါသည်။  Omicron Virus ကူးစက်ခံရသူများကို တောင်အာဖရိကတွင် စတင်တွေ့ရှိခဲ့ပြီး ယခုအခါ ဥရောပ၊ အမေရိက၊ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ထိုင်းစသည့် နိုင်ငံတော်တော်များများတွင် တွေ့ရှိနေရပြီဖြစ်ပါသည်။

အိုမီခရွန်ဗိုင်းရပ်စ် မျိုးစိတ်အသစ်သည် ကိုဗစ်ပိုး၏ဖွဲ့စည်းတည်ဆောင်ပုံတွင် ပါဝင်သော Spike Protein တည်ဆောက်ပုံပြောင်းလဲမှုအများဆုံးမျိုးစိတ်ဖြစ်ပြီး ကိုယ်ခံအား၏ တုံ့ပြန်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနိုင်သည်ဟု လေ့လာသူပညာရှင်များက ယူဆကြသည်။ အိုမီခရွန်ကြောင့် ဖြစ်ပေါ်မည့်ရောဂါလက္ခဏာ အနေဖြင့် ကနဦးမျိုးစိတ်ကွဲများထက် ပြင်းထန်မှုရှိမရှိကို အတိအကျ သတ်မှတ်၍မရနိုင်သေးကြောင်း တွေ့ရှိရသည်။ ထို့အတူရောဂါပိုးစတင်တွေ့ရှိသည့် တောင်အာဖရိကရှိ ကျန်းမာရေးပညာရှင်၊ သုတေသနပညာရှင်များမှ Omicron Virus သည် အခြားမျိုးစိတ်များထက် ကူးစက်နှုန်းပိုမြန်မည်ဟု ယူဆကြသော်လည်း ယခုထိ အတိအကျမပြောနိုင်သေးကြောင်း သိရှိရသည်။

ယခင်က ကိုဗစ်ပိုးကူးစက်ခံရဖူးသူများတွင် Omicron Virus ထပ်မံကူးစက်ခံရနိုင်မှု Reinfection ပိုများကြောင်းကိုလည်း သုတေသနရှင်များက ယူဆထားကြသည်။ တောင်အာဖရိကရှိ အမျိုးသမီးဆရာဝန် Dr. Angelique Coetzee သည် Omicron Virus ဗိုင်းရပ်စ် မျိုးကွဲဗီဇသစ်ကို ပထမဆုံးတွေ့ရှိခဲ့ပြီး ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့တွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများသို့ သတင်းပို့ခဲ့သူဖြစ်သည်။ ရောဂါလက္ခဏာနှင့် ပါတ်သက်၍ ဖျားနာခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းနှင့် အခြားအပျော့စားရောဂါလက္ခဏာများ ခံစားရကြောင်းဖော်ပြထားသည်။

အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရသူများတွင် ထူးခြားမှုအနေဖြင့် ယခင်မျိုးစိတ်များတွင်တွေ့ရသည့် အနံ့မရခြင်း၊ အရသာမရခြင်းစသည့် လက္ခဏာကို အနည်းငယ်သာတွေ့ရပါသည်။ ရာသီတုပ်ကွေး၏ လက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ ခန္ဓာကိုယ်ရှိ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ ယားခြင်းတို့ ခံစားရနိုင်ပါသည်။

ကူးစက်ခံရသူအများစုတွင် ချောင်းဆိုးခြင်း လက္ခဏာကိုတွေ့ရှိရပြီး အသက်အရွယ်မရွေး အားအင်ကုန်ခမ်းသကဲ့သို့ အလွန်အမင်းပင်ပန်းခြင်းကို ထူးခြားစွာခံစားရသည်ကိုလည်း တွေ့ရသည်။ နှာရည်ယိုနှာစေးခြင်း၊ နှာခေါင်းပိတ်ခြင်းကဲ့သို့ အပျော့စားလက္ခဏာများ တွေ့ရှိရသော်လည်း အသက်ရှူရခက်ခဲခြင်း၊ သွေးတွင်းအောက်ဆီဂျင် ကျဆင်းခြင်းကဲ့သို့ လက္ခဏာများနှင့် အသက်ဆုံးရှုံးရမှုများကိုမူ လေ့လာဖော်ပြချက်များတွင် ယခုချိန်ထိ မတွေ့ရှိသေးပါ။

မြန်မာနိုင်ငံတွင် Covid-19 မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုးကူးစက်ခံရသူ ယနေ့အထိ မတွေ့ရှိရသေးဟု သတင်းထုတ်ပြန်ထားသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO နှင့် ကျန်းမာရေးဝန်ကြီးဌာနများမှ ညွှန်ကြားချက်အတိုင်း ကိုဗစ်ကာကွယ်ဆေးထိုးခြင်း၊ မလိုအပ်ဘဲအပြင်မထွက်ခြင်း၊ အပြင်ထွက်ဖို့လိုအပ်လာလျှင် နှာခေါင်းစည်းသေချာတပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ လူထူထပ်သည့်နေရာများ၊ ဖျားနာနေ​သူများနှင့် ထိတွေ့မူမရှိအောင် ရှောင်ကြဉ်ခြင်း၊ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်စားသောက်ခြင်းတို့ဖြင့် မိမိကိုယ်တိုင်မှစ ကာကွယ်နိုင်ကြောင်း အသိပေးမျှဝေရေးသားလိုက်ရပါသည်။

Author: Dr. Ye Mon

 

Previous Post

ဗိုက်အောင့်ရတဲ့ အကြောင်းရင်းနဲ့ အမြန်သက်သာပျောက်ကင်းစေမယ့်နည်းလမ်း

Next Post

သွေးအားနည်းရောဂါ ဘာကြောင့်ဖြစ်ရလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

3 years ago
505

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

3 years ago
234

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

3 years ago
181

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

3 years ago
189

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

3 years ago
395

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

3 years ago
124

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးအားနည်းရောဂါ ဘာကြောင့်ဖြစ်ရလဲ

သင်ဒါတွေဖြစ်နေရင် သံဓာတ်ချို့တဲ့နေလို့ပါ

ချွဲသလိပ်ကပ်ခြင်းကိုသက်သာစေမယ့်  အိမ်တွင်းနည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.