fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

အိုမီခရွန်က ယခင်မျိုးကွဲဗိုင်းရပ်စ်တွေထက် ပိုဆိုးသလား၊ ဘာတွေကွာလဲ

326
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/12/2021
in ကိုဗစ်ရောဂါ
1 min read
A A

ကမ္ဘာတစ်ဝန်းတွင် လတ်တလောစိတ်ဝင်စားမှု မြင့်တက်လာပြီး သုတေသနလေ့လာချက်များ ထွက်ပေါ်လာသည့် SARS-CoV-2 မျိုးစိတ်အသစ်မှာ Omicron Variant အိုမီခရွန်မျိုးစိတ်ပဲ ဖြစ်ပါသည်။ ကိုဗစ်ဗိုင်းရပ်စ် Alpha, Beta, Delta မျိုးကွဲများကဲ့သို့ Variants of Concern (VOCs) ခေါ်  စိုးရိမ်ရသောကိုဗစ်ဗိုင်းရပ်စ် ဗီဇမျိုးစိတ်အုပ်စုဝင်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှသတ်မှတ်ထားသော မျိုးစိတ်များတွင် Omicron မျိုးကွဲ ပါဝင်ပါသည်။ မျိုးရိုးဗီဇအစီအစဉ် လေ့လာခြင်းလုပ်ငန်း (Genome Sequencing) ဖြင့် စစ်ဆေးချက်များအရ အိုမီခရွန်မျိုးကွဲ B.1.1.529 Variant သည် ဗီဇပြောင်းလဲမှု အများဆုံးမျိုးစိတ်ဖြစ်သည်။

အိုမီခရွန်ဗီဇပြောင်းကိုဗစ်ပိုးကို အခြားကိုဗစ်မျိုးစိတ်များကဲ့သို့ Rapid Antigen Test (RDT) နှင့် RT-PCR (Real time Polymerase Chain Reaction) နည်းတို့ဖြင့် စစ်ဆေးသိရှိနိုင်ပါတယ်။ ကိုဗစ်မျိုးရိုးဗီဇ လေ့လာမှုဒေတာ Sequencing Data များအရ အိုမီခရွန်မျိုးစိတ်တွင် တွေ့ရသော ဆင့်ကဲဗီဇပြောင်းလဲခြင်း (Mutation)သည် ယခင်ကိုဗစ်မျိုးစိတ်များဖြစ်သည့် Beta၊ Delta တို့၏ ဆင့်ကဲဗီဇပြောင်းလဲခြင်းကဲ့သို့ဖြစ်သောကြောင့် ကူးစက်မှုမြန်နိုင်သည်ဟု ပညာရှင်များကသတ်မှတ်ကြသည်။ အခြားမျိုးစိတ်များနှင့် မတူသောအချက်အနေဖြင့် ကိုဗစ်ပိုးကူးစက်ခံရဖူးသူများတွင် အိုမီခရွန်ထပ်မံကူးစက်ခံရနိုင်မှု ပိုများနိုင်ကြောင်း သုတေသနလေ့လာသူများက ယူဆထားကြသည်။

Omicron မျိုးစိတ်အသစ်သည် Covid19 ၏ Structural Gene များအနက် S Gene(Spike Protein) တွင်ပုံစံပြောင်းလဲမှု Mutation ၃၂ ခုရှိကြောင်း တွေ့ရှိရသည်။ ကိုဗစ်ကာကွယ်ဆေးများသည် လူ့ခန္ဓာကိုယ်မှာ တွယ်ငြိနိုင်သော Spike Protein ကို ဦးတည်ထုတ်ထားခြင်းဖြစ်၍ ယခင်ကိုဗစ်မျိုးကွဲများထက် Omicron သည်ပြောင်းလဲမှုများသည်ကို တွေရပါသည်။ ထို Omicron ၏ Spike Protein သည် ကိုဗစ်ကာကွယ်ဆေး ၂ကြိမ်ထိုးပြီး ရရှိနိုင်သည့်တဲ့ ကိုယ်တွင်းခုခံအား (Neutralising Antibodies) ကို ရှောင်ကွင်းနိုင်ပြီး ကာကွယ်ဆေးရဲ့ ခုခံကာကွယ်နိုင်စွမ်း ကို လျော့ကျစေနိုင်သည်ဟု ယူဆကြသည်။

ဗီဇပြောင်းကိုဗစ်မျိုးကွဲများသည် မူလဗိုင်းရပ်စ်ပိုးထက်ပို၍ အဆုတ်ဆဲလ်များကို တိုက်ခိုက်ပျက်ဆီးစေနိုင်ပြီး  ကာကွယ်ဆေး၏ ခုခံကာကွယ်နိုင်စွမ်းကို ပိုလျော့နည်းစေနိုင်ပါသည်။ Omicron ကဲ့သို့ VOCs အုပ်စုဝင် ကူးစက်မြန်မျိုးကွဲဖြစ်သော Delta မျိုးစိတ် B.1.617.2 နှင့် Delta Plus မျိုးစိတ် B.1.617.2.1 တို့တွင် အလားတူ ကာကွယ်ဆေး၏ စွမ်းဆောင်ရည်ကျစေသော ဗီဇပြောင်းလဲမှုများရှိသည်ကို တွေ့ရှိရသည်။ သို့သော် သုတေသနများအရ ကာကွယ်ဆေးထိုးပြီးသူများတွင် ကိုဗစ်ကူးစက်မှုကြောင့် ဆေးရုံတက်ရနှုန်းနဲ့ အသက်သေဆုံးမှုနှုန်းကို လျော့ကျစေကြောင်း တွေ့ရပါသည်။

အိုမီခရွန်ကူးစက်သည့်အခါ ရောဂါပြင်းထန်မှုရှိမရှိကို လူ့ခန္ဓာကိုယ်၏ တုံ့ပြန်မှုကိုယ်ခံအားဆဲလ် T Cells ကို စစ်ဆေးမှုမပြုနိုင်၍ အတိအကျ မသိရသော်လည်း လတ်တလော ကူးစက်ခံလူနာများတွင် ရာသီတုပ်ကွေးကဲ့သို့ ဖျားနာကိုက်ခဲခြင်း၊ နုံးချည့်ခြင်း၊ ချောင်းဆိုးနှာရည်ယို၊ နှာပိတ်ခြင်းစသည့် အပျော့စားလက္ခဏာများသာ တွေ့ရှိရကြောင်း ဆရာဝန်များနှင့်သုတေသနလေ့လာသူများက ဖော်ပြထားကြသည်။ ကူးစက်မှုရှိသည့်နိုင်ငံများတွင် သေဆုံးနှုန်းများသည်ဟူသော သတင်းထုတ်ပြန်မှုများ လတ်တလောအချိန်ထိ မတွေ့ရှိရပါ။

အိုမီခရွန်သည် သုတေသနလေ့လာမှုများ ပြုလုပ်နေရဆဲ မျိုးစိတ်အသစ်တစ်ခုဖြစ်၍ ကူးစက်ခြင်းနှင့် ရောဂါပြင်းထန်မှု၊ ကာကွယ်ဆေးသက်ရောက်မှုတို့နှင့် ပတ်သက်ပြီး အခြားမျိုးကွဲများကဲ့သို့ တိတိကျကျ ကောက်ချက်မချနိုင်သေးသော်လည်း ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းများအတိုင်း လိုက်နာနေထိုင်ပြီး ကာကွယ်ဆေးကို မှန်ကန်ပြည့်စုံအောင်ထိုးပြီး ကာကွယ်ထားသင့်ကြောင်း မျှဝေရေးသားလိုက်ရပါသည်။

Author: Dr. Yee Mon

 

 

Previous Post

ခေါင်းတစ်ခြမ်းကိုက်ကိုက်နေရတဲ့ အကြောင်းရင်း

Next Post

ခါးနာတာသက်သာပျောက်ကင်းဖို့ ဒါလေးတွေလုပ်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

3 years ago
505

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

3 years ago
234

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

3 years ago
181

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

3 years ago
189

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

3 years ago
395

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

3 years ago
124

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခါးနာတာသက်သာပျောက်ကင်းဖို့ ဒါလေးတွေလုပ်ပါ

တစ်ကိုယ်ရေအာသာဖြေခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

သွေးအားနည်းရောဂါအမျိုးအစားများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.