fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးမယ်ဆိုလျှင်

424
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/01/2022
in ကိုဗစ်ရောဂါ
1 min read
A A

ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး  Booster Dose ဆိုသည်မှာ ပုံမှန်ကာကွယ်ဆေးအပြည့်ထိုးပြီးနောက် ကိုဗစ်ရောဂါပိုးကို ကာကွယ်နိုင်စွမ်းနှင့် ကိုယ်ခံအားစနစ်တုံ့ပြန်မှုကို ပိုကောင်းအောင်ပြုလုပ်ပေးသော ထပ်တိုးဆေးထိုးနှံခြင်းဖြစ်ပါသည်။

လူတစ်ဦးနှင့်တစ်ဦး ကိုယ်ခံအားစနစ်တုံ့ပြန်မှုချင်း မတူညီသောကြောင့် ကာကွယ်ဆေးထိုးပြီး ရရှိလာသည့် ကာကွယ်နိုင်စွမ်းလည်း တစ်ဦးခြင်းကွာခြားမှု ရှိကြပါသည်။ Booster ထပ်ဆောင်းကာကွယ်ဆေးထိုးခြင်းသည် ခန္ဓာကိုယ်ခုခံအားစနစ်၏ ကာကွယ်နိုင်စွမ်းရည်ကို ဆေးထပ်ထိုးပြီး အားဖြည့်ခြင်းဖြစ်သည်။ လေ့လာမှုများအရ ကာကွယ်ဆေး အများစုမှ လှုံ့ဆော်ပေးသည့် ကိုယ်ခံအား Antibody သည် ပျမ်းမျှအားဖြင့် ၆ လခန့်အထိ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။ သို့သော် ကာကွယ်ဆေး အမျိုးအစားအလိုက် ထွက်လာသည့် ခုခံနိုင်အား Antibody ၏ကြာချိန်၊ ဘယ်နှကြိမ်ထိုးဖို့လိုသည်ကို လေ့လာနေကြဆဲဖြစ်ပါသည်။

ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးနောက်တွင် ခန္ဓာကိုယ်ရှိခုခံအား Antibody ပမာဏ များလာပြီး အချိန်ကြာသည်နှင့် တဖြည်းဖြည်း ပြန်ကျလာပါသည်။ Pfizer၊ Moderna နှင့် Covishield ဆေးများကို နှစ်ကြိမ်ထိုးပြီး ရက် ၉၀ အကြာခန့်တွင် ခုခံအားပမာဏ ကျလာတတ်ပါသည်။ တရုတ်ကာကွယ်ဆေး Sinopharm နှစ်ကြိမ်ထိုးပြီး ၃ လအကြာတွင်လည်းအလားတူကျလာတတ်ပါတယ်။ ထို့ကြောင့် အသက်၁၂ နှစ်နှင့်အထက်များကို ထပ်ဆောင်းကာကွယ်ဆေး Booster တစ်ကြိမ်ထပ်ထိုးရန် အမေရိကန် Centers for Disease Control & Prevention (CDC) ရောဂါထိန်းချုပ် ကာကွယ်ရေးဌာနမှ တိုက်တွန်းညွှန်ကြားထားပါသည်။

Pfizer-BioNTech ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးလျှင် mRNA ကာကွယ်ဆေး Moderna သို့မဟုတ် Pfizer တစ်မျိုးမဟုတ်တစ်မျိုးကို နောက်၅လနှင့် အထက်အကြာတွင် Booster Dose ၁ ကြိမ် ထပ်ထိုးသင့်ပါတယ်။ အသက်၁၂-၁၇ နှစ်အရွယ်များအတွက်မူ Booster Dose ကို Pfizer-BioNTech ကိုသာ ရွေးချယ်ထိုးပေးသင့်ပါသည်။ Moderna ကာကွယ်ဆေး၂ကြိမ်ထိုးပြီးသည့် အသက် ၁၈ နှစ်နှင့်အထက်များကို အနည်းဆုံး ၅ လခြားပြီး Moderna or Pfizer booster ထိုးပေးသင့်ပါသည်။ Johnson & Johnson ၁ ကြိမ် ထိုးပြီးနောက် ၂ လနှင့်အထက်အကြာတွင် Booster Dose ၁ ကြိမ် ထပ်ထိုးသင့်ပြီး ၂ ကြိမ်ထိုးပြီးနောက် ၆ လနှင့် အထက်အကြာတွင် Janssen (J&J)/Moderna သို့မဟုတ် Pfizer-BioNTech တစ်မျိုးမျိုးကို Booster Dose ၁ ကြိမ် ထိုးသင့်ပါသည်။ AstraZeneca  ၂ ကြိမ်ထိုးပြီးနောက် ၆ လနှင့်အထက်ကြာတွင် booster dose ၁ ကြိမ် ထပ်ထိုးသင့်ပါတယ်။

မြန်မာနိုင်ငံတွင် လက်ရှိထိုးပေးလျက်ရှိသော အိန္ဒိယနိုင်ငံ Serum Institute of India ထုတ် CoviShield ၏ Booster Dose ကို အိန္ဒိယက တရားဝင်ကြေငြာထားခြင်းမရှိပါ။ သို့သော် AstraZeneca နှင့် အမျိုးအစားတူဖြစ်သည့်အတွက် ပုံမှန်ကာကွယ်ဆေး၂ ကြိမ်အပြည့်ထိုးပြီး ၆ လနှင့် အထက်အကြာတွင် ထပ်ဆောင်းထိုးသင့်ပါတယ်။ ပြည်သူများ အလွယ်တကူထိုးနိုင်သည့် တရုတ်နိုင်ငံထုတ် Sinopharm, Sinovac နှင့် အိန္ဒိယနိုင်ငံထုတ် Covaxin ၂ကြိမ်ထိုးပြီး ၆လအကြာတွင် ကာကွယ်ဆေး၏ အာနိသင်ကျလာတတ်သဖြင့် တတိယအကြိမ်ထပ်ဆောင်းကို ၃ လနှင့်အထက်အကြာတွင် ထိုးသင့်သည်ဟု အကြံပြုထားပါသည်။

လက်ရှိကာလတွင် မိမိအတွက်လက်လှမ်းပြီး ယုံကြည်စိတ်ချရသည့် ကိုဗစ်ကာကွယ်ဆေးများကို သတ်မှတ်ထားသော Course ၂ကြိမ် ပြည့်မီအောင်ထိုးနှံပြီး အထက်တွင်ဖော်ပြထားသည့်အတိုင်း Booster Dose ထိုးရမည့်အချိန်တွင် တူညီသော သို့မဟုတ် ကိုက်ညီမှုရှိသော ဆေးအမျိုးအစားကို တတ်ကျွမ်းနားလည်သူများနှင့် ဆွေးနွေးတိုင်ပင်ပြီး ထိုးသင့်ပါသည်။ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွါးမှု ကာကွယ်တားဆီးနိုင်ရေးအတွက် ကာကွယ်ဆေးပြည့်စုံပြီး ‌Booster ကာကွယ်ဆေး ထိုးပြီးသူများလည်း ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းကိုလည်း ပြုလုပ်ရန်လိုအပ်ကြောင်း အသိပေးရေးသား လိုက်ရပါသည်။

Author: Dr. Yee Mon

Previous Post

အရေပြားယားနာအတွက် စိတ်ညစ်နေရလား

Next Post

ကလေးတွေမှာ ဒက်ဘာလို့ပေါက်တာလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

3 years ago
506

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

3 years ago
234

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

3 years ago
182

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

3 years ago
189

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

3 years ago
395

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

3 years ago
125

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးတွေမှာ ဒက်ဘာလို့ပေါက်တာလဲ

အပူလောင်ဒဏ်ရာနှင့် နောက်ဆက်တွဲအမာရွတ်များ

အ‌ရေပြားကျန်းမာရေးအတွက် Vitamin E က ဘာကြောင့်အ‌‌ရေးပါသလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.