fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

Delta နဲ့ Omicron ပေါင်းစပ်ထားတဲ့ Deltacron မျိုးကွဲသစ် တကယ်ရှိနေပြီလား ?

285
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/02/2022
in ကိုဗစ်ရောဂါ
1 min read
A A

ကိုဗစ်ကပ်ရောဂါလှိုင်းများ၏ ရိုက်ခတ်မှုကြားမှ လူသားများသည် ပိုမိုပြင်းထန်သည့် ဗီဇပြောင်းမျိုးစိတ်သစ်များ ထွက်ပေါ်လာမှုကို ကြိုတင်ပြင်ဆင်ဖို့ အသင့်ဖြစ်နေကြသည်။ နောက်ဆုံးမျိုးစိတ်သစ် ကူးစက်မြန် အိုမီခရွန် Omicron နှင့် ပြင်းထန်သော ဒယ်လ်တာ Delta မျိုးကွဲ၏ အန္တရာယ်သည် လတ်တလောကြုံတွေ့နေရသည့် ပြဿနာတစ်ရပ်ဖြစ်ပါသည်။ ထို့ပြင် အများစိုးရိမ်နေသည့်  Omicron နှင့် Delta မျိုးကွဲနှစ်ခုပေါင်းစပ်ထားသော Deltacron မျိုးစိတ်အသစ်ဟု၍ ထွက်ပေါ်နေသလားဟူသော မေးခွန်းမှာ လူတိုင်းစိတ်ဝင်တစား သိချင်သည့် ခေါင်းစဉ်တစ်ခုဖြစ်လာပါသည်။

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၂-၈ ရက်အတွင်း အမေရိကန်နိုင်ငံရှိ ကိုဗစ်ကူးစက်ရောဂါ ဖြစ်ပွားမှုများအရ ၉၈.၃ % ခန့်သည် အိုမီခရွန်မျိုးစိတ်သစ် ကူးစက်ခံရသူများဖြစ်ပြီး ဒယ်လ်တာ မျိုးစိတ်ကူးစက်ခံရသူများမှာ ၁.၇% ခန့်ဖြစ်ကြောင်း ကူးစက်ရောဂါထိန်းချုပ်မှုဗဟိုဌာန၏ မျိုးစိတ်လေ့လာချက်ဒေတာများအရ သိရှိရသည်။

Deltacron မျိုးစိတ်သစ်ဟု စတင်အမည်ပေးပြောကြားခဲ့သူမှာ University of Cyprus ဆိုက်ပရပ်စတက္ကသိုလ်၏  ဇီဝသိပ္ပံဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်သူ Leondios G Kostrikis ဖြစ်ပါသည်။ ပါမောက္ခနှင့်အဖွဲ့၏ လေ့လာရသည့် လူနာများအနက် ကူးစက်မြန် အိုမီခရွန်နှင့် ပြင်းထန်ဒယ်လ်တာ မျိုးကွဲတို့ ပေါင်းစပ်ထားသော လူနာ၂၅ ဦး၏ ဓာတ်ခွဲစစ်ဆေးမှုရလဒ်ကြောင့် Deltacron ဟု သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ကိုဗစ်ကပ်ရောဂါဆိုင်ရာအဖွဲ့မှ (COVID-19 Technical Team) ၂၀၂၂၊ ဇန်နဝါရီလအတွင်းပြောကြားချက်အရ Deltacron သည် လူအများထင်ထားသကဲ့သို့ ပေါင်းစပ်မျိုးစိတ်အသစ် မဟုတ်ကြောင်း ဖော်ပြခဲ့သည်။

ယူကေ၊ ကူးစက်ရောဂါဌာန (Imperial Department of Infectious Disease)၏ ဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင်များကမူ Deltacron သည် ပေါင်းစပ်ဗိုင်းရပ်စ် မျိုးကွဲအသစ်မဟုတ်ဘဲ ဖြစ်လေ့ရှိသည့် ဓာတ်ခွဲခန်းသွေးနမူနာများတွင် ရောနှောပေါင်းစပ်သွားခြင်းသာ Contamination ဖြစ်နိုင်ကြောင်း ယူဆခဲ့ကြသည်။ သို့သော် Deltacron အကြောင်း တပ်လှန့်ခဲ့သော လေ့လာသူအဖွဲ့ကမူ ဓာတ်ခွဲမူမှားယွင်းခြင်း ပြဿနာမဟုတ်ဘဲ မျိုးရိုးဗီဇအစီအစဉ် လေ့လာခြင်းလုပ်ငန်း (Genome Sequencing)အရ ဆင့်ကဲပြောင်းလဲမူများတွေ့ရှိရသော မျိုးစိတ်သစ်တစ်ခုဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါသည်။

အများစုသော သိပ္ပံပညာရှင်များက Deltacron နှင့်ပတ်သက်ပြီး ဓာတ်ခွဲခန်းသွေးနမူနာတွင် အမှားအယွင်းဖြစ်ခြင်းသာဖြစ်နိုင်ကြောင်း ယူဆကြပြီး ဆေးပညာရှင်များကလည်း စိုးရိမ်စရာအခြေအနေတစ်ရပ် မဟုတ်ကြောင်းဖော်ပြကြပါသည်။ ပြင်သစ်နိုင်ငံရှိ ဂုဏ်ထူးဆောင်ပါမောက္ခ Christine Rouzioux ကမူ Deltacron အဖြစ် မျိုးစိတ်၂ မျိုး၏ ပေါင်းစပ်မူသည် သီအိုရီသဘောရ ဖြစ်နိုင်ခြေရှိ၍ အစောတလျင်ကောက်ချက်ချ၍မရနိုင်ကြောင်းနှင့် လေ့လာချက်သုတေသနများဖြင့် ဆက်လျက်စစ်ဆေး အဖြေရှာရန်လိုအပ်ကြောင်း ပြောကြားထားခဲ့သည်။

Wellcome Sanger တက္ကသိုလ်ရှိ K., Jeffrey Barrett အမည်ရှိသည့် COVID-19 မျိုးရိုးဗီဇလေ့လာသူပညာရှင်က Deltacron သည် အိုမီခရွန် Omicron နှင့် ဒယ်လ်တာ Delta မျိုးကွဲ၏ ဇီဝမျိုးစိတ်ပေါင်းစပ်မှုမှ ဆင့်ကဲဖြစ်လာသောမျိုးစိတ်မဟုတ်ကြောင်း သေချာသည်ဟု ထပ်ဆင့်အတည်ပြုခဲ့သည်။

ယနေ့အချိန်ထိ Deltacron နှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်များအရ ကိုဗစ်မျိုးကွဲသစ်ဟု သတ်မှတ်၍မရရှိသေးသည့်အပြင် စိုးရိမ်စရာကောင်းသည့် အနေအထားတစ်ခုအဖြစ် အတိအကျထုတ်ပြန်ကြောငြာထားခြင်း မရှိသေးသည်ကို တွေ့ရှိရပါသည်။ မည်သို့ပင်ဆိုစေကာမူ ကိုဗစ်ကူးစက်ကပ်ရောဂါသည် ယနေ့တိုင်အသစ်သော လေ့လာတွေ့ရှိချက် သုတေသနများ စဉ်ဆက်မပြတ်လုပ်ဆောင်နေရာသော ရောဂါအသစ်ဖြစ်၍ မပေါ့မဆပဲ ကာကွယ်မှုများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

 

Ref : Is ‘deltacron’ real? Why experts say reported coronavirus combo is likely a ‘scariant’;miamihearld.com

By Julia Marnin

Previous Post

သင့်ကလေး အိုမီခရွန်ကူးစက်မခံရအောင် ဘယ်လိုကာကွယ်မလဲ ?

Next Post

အိုမီခရွန်က တကယ်ပဲရောဂါမပြင်းထန်ဘူးလား ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

3 years ago
504

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

3 years ago
234

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

3 years ago
181

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

3 years ago
188

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

3 years ago
394

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

3 years ago
124

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိုမီခရွန်က တကယ်ပဲရောဂါမပြင်းထန်ဘူးလား ?

အိုမီခရွန်ပြင်းထန်အဆင့်ဆိုလျှင် ဘယ်လိုကုသမလဲ

ဒီလက္ခဏာတွေပြနေလျှင် သင်ကိုယ်ခံအားနည်းနေလို့ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.