fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

အိုမီခရွန်က တကယ်ပဲရောဂါမပြင်းထန်ဘူးလား ?

546
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/02/2022
in ကိုဗစ်ရောဂါ
1 min read
A A

လတ်တလောကူးစက်မှုနှုန်းမြင့်လာသည့် ဗီဇပြောင်းလဲမှု အများဆုံးကိုဗစ်မျိုးကွဲသစ်မှာ B.1.1.529 Variant အိုမီခရွန် Omicron ဖြစ်ပါသည်။ အိုမီခရွန်ကူးစက်ခံရသူများတွင် သာမန်အအေးမိဖျားနာ၊ ရာသီတုပ်ကွေးကူးစက်ခံရသည့် လက္ခဏာများကိုသာတွေ့ရှိလာရ၍ ယခင်ကိုဗစ်ရောဂါလှိုင်းများကဲ့သို့ ပြင်းထန်မှုမရှိဟု လူအများက ထင်မှတ်လာကြပါသည်။ ထို့ကြောင့် အိုမီခရွန်မျိုးစိတ် ကူးစက်လျှင် ခံစားရသည့် ရောဂါလက္ခဏာများဟာ တကယ်ပဲ မပြင်းထန်ဘူးလား ဆိုတာ မေးစရာဖြစ်လာပါတယ်။

အိုမီခရွန်ပိုးကူးစက်ခံရပြီးနောက် အနည်းဆုံး၂ ရက်ခန့်အကြာတွင် သာမာန်အအေးမိ ဖျားနာသကဲ့သို့ လက္ခဏာများ စတင်ခံစားရနိုင်သည်။ အထူးသဖြင့် ကာကွယ်ဆေးပြည့်စုံအောင် ထိုးပြီးသူများတွင် ဆေးရုံတက်ရန် မလိုအပ်ခြင်းနှင့် ပြင်းထန်သောလက္ခဏာများ မခံစားရကြောင်းကိုလည်း တွေ့ရှိရပါသည်။ သုတေသနပညာရှင်များက အိုမီခရွန်သည် ရောဂါမပြင်းထန်ခြင်းမဟုတ်ဘဲ ယခင်ကိုဗစ်မျိုးကွဲများနှင့်ယှဉ်လျှင် ပြင်းထန်မှုလျော့နည်းပြီး ကာကွယ်ဆေးအပြည့်နှင့် ထပ်ဆောင်းထိုးပြီးသူများတွင် ရောဂါပြင်းထန်သည့် လက္ခဏာမတွေ့ရခြင်းသာဖြစ်ကြောင်း ကောက်ချက်ချကြသည်။

အခြားမျိုးစိတ်များနှင့်ကွာခြားသည်အချက်မှာ အိုမီခရွန်ကူးစက်သူအများစုတွင် ရောဂါလက္ခဏာများကို ရက်အနည်းငယ်သာ ခံစားရကြောင်း တွေ့ရှိရနိုင်သည်။ အဆုတ်နှင့်အသက်ရှုလမ်းကြောင်း ပြဿနာများ၊ သွေးတွင်းအောက်ဆီဂျင်ကျပြီး အောက်ဆီဂျင်လိုအပ်သည့် လက္ခဏာများကို Omicron မျိုးစိတ် ကူးစက်ခံရသူများတွင် အနည်းငယ်သာတွေ့ရှိရပါသည်။

တွေ့ရတတ်သည့် လက္ခဏာများမှာ လည်ချောင်းယားယံခြင်း၊ လည်ပင်းနာခြင်း၊ နှာရည်ယို/နှာပိတ်ခြင်း၊ ဖျားခြင်းနှင့်ချမ်းတုန်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ခေါင်းကိုက်ခြင်း၊ အသက်ရှူမဝဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်လျှောခြင်း၊ အနံ့အရသာပျောက်ခြင်းလက္ခဏာများ ခံစားရနိုင်သည်။ ခန္ဓာကိုယ်ကြွက်သားများ နာကျင်ကိုက်ခဲခြင်း အထူးသဖြင့် ခါးနာခြင်းလက္ခဏာကိုလည်း ခံစားရနိုင်သည်။ ယခင်မျိုးကွဲများတွင် အတွေ့ရများသော ကူးစက်လက္ခဏာတစ်ခုဖြစ်သည့် အနံ့အရသာပျောက်ခြင်းကို ၅ ယောက်တွင် ၁ ယောက်ခန့်သာ ခံစားရသည်ကိုတွေ့ရသည်။

အိုမီခရွန်သည် အခြားဗီဇပြောင်းကိုဗစ်မျိုးကွဲများကဲ့သို့ မူလဗိုင်းရပ်စ်ပိုးထက်ပို၍ အဆုတ်ဆဲလ်များကို တိုက်ခိုက်ပျက်ဆီးစေနိုင်ပြီး  ကာကွယ်ဆေး၏ ခုခံကာကွယ်နိုင်စွမ်းကို ပိုလျော့နည်းစေနိုင်ပါသည်။ အခြားမျိုးကွဲများတွင် အဆုတ်ကိုထိခိုက်ပျက်စီးမှုကြောင့် ပြင်းထန်အဆုတ်ရောင်နမိုးနီးယား ဖြစ်စေနိုင်ပြီး အိုမီခရွန်ကူးစက်သူများတွင် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းပိုးဝင်ခြင်း Upper Respiratory Tract Infection ကဲ့သို့ လက္ခဏာများကို အများဆုံးတွေ့ရှိရသည်။ ထို့ကြောင့် အိုမီခရွန်ကူးစက်သူများတွင် အဆုတ်ထိခိုက်ပျက်စီးမှု လက္ခဏာနှင့် အသက်ရှူစက် Ventilator လိုအပ်သည်ထိ ပြင်းထန်သည့်အခြေအနေ မရှိသလောက်ဖြစ်ကြောင်း တွေ့ရသည်။

အိုမီခရွန်၏ ဗီဇပြောင်းလဲမှုများကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီး ခန္ဓာကိုယ်မှထွက်ပေါ်သည့် ကိုယ်တွင်းခုခံအား (Neutralising Antibodies) ကို အခြားမျိုးကွဲများထက် ပိုရှောင်တိမ်းနိုင်ပြီး အခြားသူများထံ အချိန်တိုအတွင်း အလွယ်တကူ ကူးစက်ပျံ့နှံ့စေနိုင်ပါသည်။ ထို့ကြောင့်လက်ရှိအချိန်ကာလတွင် ကမ္ဘာ့တစ်ဝန်း၌ အိုမီခရွန် ကူးစက်ပျံ့ပွားမှုနှုန်းသည် မြင့်တက်လျက်ရှိနေပါသည်။ လေ့လာသူ ဆေးပညာရှင်များက ကိုယ်ခံအားနည်းသူ၊ ရောဂါအခံရှိသူနှင့် ကာကွယ်ဆေးမရရှိသူများတွင် ရောဂါပြင်းထန်နိုင်သည့် အိုမီခရွန်ကို တိုနေဒို Tornado မုန်တိုင်းလောက် မပြင်းထန်သည့် ဟာရီကိန်းမုန်တိုင်း Hurricane ဟုပင် တင်စားရသည်အထိ ပြင်းထန်မှုအဆင့်ရှိသည့် ကူးစက်မြန်မျိုးစိတ်ဖြစ်ပါသည်။

Author: Dr. Yee Mon

Previous Post

Delta နဲ့ Omicron ပေါင်းစပ်ထားတဲ့ Deltacron မျိုးကွဲသစ် တကယ်ရှိနေပြီလား ?

Next Post

အိုမီခရွန်ပြင်းထန်အဆင့်ဆိုလျှင် ဘယ်လိုကုသမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

3 years ago
504

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

3 years ago
234

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

3 years ago
181

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

3 years ago
188

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

3 years ago
394

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

3 years ago
124

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိုမီခရွန်ပြင်းထန်အဆင့်ဆိုလျှင် ဘယ်လိုကုသမလဲ

ဒီလက္ခဏာတွေပြနေလျှင် သင်ကိုယ်ခံအားနည်းနေလို့ပါ

လူတွေသိပ်မသိ​သေးတဲ့ အ​ရေပြားကျန်းမာ​ရေးအတွက် ပျားရည်ရဲ့​ကောင်းကျိုး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.