fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

181
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/03/2022
in ကိုဗစ်ရောဂါ
1 min read
A A

ကိုဗစ်ရောဂါပိုး COVID 19 သည် ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်ဝင် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ကူးစက်စေသည့် ရောဂါပိုးဖြစ်ပါသည်။ ကိုဗစ်ရောဂါပိုး၏ မူလဇစ်မြစ်ကို အတိအကျမသိရသော်လည်း တိရစ္ဆာန်များမှစတင်ဖြစ်ပွားပြီး လူအချင်းချင်းထိတွေ့မှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည်ဟု ယူဆကြပါသည်။ ထို့ကြောင့် လူအချင်းချင်းကူးစက်မှုအပြင် လူသားများနှင့် အနီးစပ်ဆုံး သက်ရှိများဖြစ်သည့် အိမ်မွေးတိရစ္ဆာန်များကိုပါ ကိုဗစ်ကူးစက်နိုင်မှုကို စိုးရိမ်မကင်း ဖြစ်လာကြပါသည်။

အမေရိကန်၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန(CDC)မှ ထုတ်ပြန်ချက်အရ ခွေး၊ကြောင်ကဲ့သို့ အိမ်မွေးတိရစ္ဆာန်များတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှုများရှိကြောင်း သိရှိရပါသည်။ အိမ်မွေးတိရစ္ဆာန်များအနက် ကြောင်နှင့် ကြောင်အူကြီး (Ferret) အမျိုးအစားများသည် ခွေးများထက်ပို၍ ကိုဗစ်ရောဂါပိုးကူးစက်နိုင်ပါသည်။ အထူးသဖြင့် အတူနေသခင်ဖြစ်သူများတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီးနောက် အိမ်မွေးတိရစ္ဆာန်များကိုပါ ကူးစက်ပျံ့ပွါးကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ သို့သော် ကူးစက်ခံရသည့် အိမ်မွေးတိရစ္ဆာန်များမှ လူထံသို့ရောဂါပိုးကူးစက်နိုင်ခြင်းမှာ အလွန်နည်းပါးကြောင်း တွေ့ရှိရသည်။

သုတေသနများအရ ခွေးများတွင် ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်သည် COVID19 ကိုဗစ်ဗိုင်းရပ်စ်မဟုတ်ဘဲ Canine Respiratory Coronavirus ခေါ် တိရစ္ဆာန်များ၏ အသက်ရှုလမ်းကြောင်းကို ပြဿနာပေးသည့် ကိုရိုနာအမျိုးအစားဖြစ်သည်ဟု တွေ့ရသည်။အိမ်မွေးတိရစ္ဆာန်များတွင် ကိုဗစ်ကူးစက်ခံရပြီးလျှင် ဖျားနာခြင်း ရှိမည်မရှိမည်ကို အတိအကျပြော၍ မရနိုင်ပါ။

ကူးစက်မှုအနည်းစုတွင်သာ ရောဂါလက္ခဏာပြလေ့ရှိပြီး အချို့ အိမ်မွေးတိရစ္ဆာန်များတွင် မည်သည့်လက္ခဏာမှ မတွေ့ရှိရတတ်ပါ။ ဖျားနာခြင်းနှင့် အပျော့စားလက္ခဏာများ ဖြစ်ပေါ်တတ်ပြီး ပြန်လည်ကောင်းမွန်နိုင်ကြောင်း တွေ့ရှိရသည်။ အိမ်မွေးတိရစ္ဆာန်များတွင် လူသားများ ကူးစက်ခံရသကဲ့သို့ ပြင်းထန်သောလက္ခဏာများ မတွေ့ရှိရသလောက် နည်းပါးပါသည်။

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အလွန်အမင်းပင်ပန်းနုံးချိခြင်း၊ အသက်ရှုကျပ်ခြင်း၊ နှာရည်ယိုခြင်း၊ မျက်ဝတ်များထွက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းစသည့် လက္ခဏာများတွေ့ရတတ်သည်။ အထက်ပါလက္ခဏာများရှိလျှင် သို့မဟုတ် အတူနေသခင်ဖြစ်သူများတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရလျှင် တိရစ္ဆာန်ဆရာဝန်နှင့် ဆွေးနွေးပြသသင့်ပါသည်။ ဆရာဝန်မှ အိမ်မွေးတိရစ္ဆာန်ကို နေအိမ်၌ သီးခြားခွဲထားခြင်း Home Isolation ထားရှိစေခြင်းနှင့် လိုအပ်သောကုသမှုများကို ညွှန်ကြားပေးပြီး အများစုမှာ နေအိမ်၌ပင် ကုသပျောက်ကင်းနိုင်ပါသည်။

၂၀၂၁ခုနှစ်တွင် အမေရိကန်၊ ယူကေ၊ ဟောင်ကောင် စသည့်နိုင်ငံများတွင် အိမ်မွေးတိရစ္ဆာန်များကို ကိုဗစ်ကူးစက်မှုများရှိကြောင်း အတည်ပြုချက်များရှိခဲ့သည်။ ထိုကူးစက်မှုများကို လေ့လာရာတွင် အတူနေသခင်ဖြစ်သူများတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသော ရာဇဝင်များ Human to Animal Transmission ရှိသည်ကိုတွေ့ရသည်။ အိမ်မွေးတိရစ္ဆာန်များမှတစ်ဆင့် လူသားများထံသို့ ရောဂါကူးစက်ပျံ့နှံ့မှု သက်သေပြချက်များ ယနေ့ထိတိုင် မတွေ့ရှိရပါ။

ကိုဗစ်ရောဂါပိုး ကူးစက်ပျံ့ပွားမှုသည် လူအချင်းချင်း ထိတွေ့မှုနှင့် ရောဂါပိုးကပ်ငြိသည့် ပစ္စည်းအသုံးအဆောင်များ Droplets Infection ထိတွေ့မှုမှ အဓိကကူးစက် ပျံ့ပွားခြင်းဖြစ်ပါသည်။ ထို့ကြောင့် အိမ်မွေးတိရစ္ဆာန်များထံမှ ကိုဗစ်ကူးစက်ခံရမည်ကို စိုးရိမ်ပြီး စွန့်ပစ်ခြင်းမျိုးမပြုသင့်ပါ။ အတူနေသခင်ဖြစ်သူများတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရလျှင် သို့မဟုတ် ရောဂါရှိသူနှင့် ထိတွေ့မှုရှိလျှင် အိမ်မွေးတိရိစ္ဆာန်များကို သီးခြားခွဲနေစေပြီး စောင့်ကြည့်သင့်ပါသည်။ အိမ်မွေးတိရစ္ဆာန်များကို ကိုင်တွယ်ထိတွေ့ပြီးလျှင် လက်ကိုသေချာ သန့်စင်ပေးရန် လိုအပ်သည်။ အိမ်မွေးတိရစ္ဆာန်များတွင် ဖျားနာခြင်းနှင့် အခြားလက္ခဏာများရှိခဲ့လျှင် သက်ဆိုင်ရာ တိမွေးကုဆရာဝန်များနှင့် ဆွေးနွေးပြသသင့်ပါသည်။

Author: Dr. Yee Mon

Previous Post

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

Next Post

Omega 3 Fatty Acids က လူ့ ခန္ဓာကိုယ်အတွက် ဘာကြောင့်အရေးကြီးသလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

3 years ago
504

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

3 years ago
234

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

3 years ago
188

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

3 years ago
394

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

3 years ago
124

အိုမီခရွန်ပြင်းထန်အဆင့်ဆိုလျှင် ဘယ်လိုကုသမလဲ

3 years ago
489

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Omega 3 Fatty Acids က လူ့ ခန္ဓာကိုယ်အတွက် ဘာကြောင့်အရေးကြီးသလဲ

အသည်းအဆီဖုံးရောဂါရှိသူတွေ ဆောင်ရန်ရှောင်ရန် အစားအသောက်များ

အဆုတ်အားကောင်းစေမယ့် သဘာ၀နည်းလမ်း ၇ ခု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.