fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

Implant (သွားအမြစ်သတ္တုတိုင်စိုက်ခြင်း) ရဲ့ကောင်းကျိုး ၊ ဆိုးကျိုး

389
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/04/2018
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

Question
သြားႏႈတ္ထားပါတယ္။ သြားျပန္စိုက္ဖို႔ စဥ္းစားေတာ့ ေဘးသြားေတြကိုပါ တြဲၿပီးအစြပ္စြပ္ သြားျပန္စိုက္တာမ်ိဳးကို မႀကိဳက္ပါဘူး။ Implant ဆိုတဲ့ သြားအျမစ္ သတၱဳတိုင္စိုက္ၿပီး ကုသတာက ေဘးသြားေတြကိုစားၿပီး အစြပ္စြပ္စရာ မလိုဘူးလို႔ သိရပါတယ္။ Implant ရဲ႕ေကာင္းက်ိဳး ၊ ဆိုးက်ိဳးေလးေတြကို နည္းနည္းေလာက္ေျပာျပေပးပါ။

Answer
ဟုတ္ပါတယ္။ Implant ဆိုတာက ေဘးသြားအကူအညီမယူပဲ သြား ၁ေခ်ာင္းလုံး ျပန္အစားထိုးတဲ့နည္းပညာပါ။ မရွိေတာ့တဲ့ သြားေနရာမွာ အေသးစား ခြဲစိတ္မႈလုပ္ၿပီး သြားဖုံး႐ိုးအတြင္း တိုက္ေတနီယံတိုင္ ျပန္ထည့္ကာ သြားအျမစ္တု ဖန္တီးလိုက္ပါတယ္။

ခြဲစိတ္မႈအၿပီး ၂လ ၊ ၃လၾကာမွ အျမစ္တုေပၚကေန ေႂကြသြားေခါင္းပိုင္းအစြပ္ကို ျပန္တပ္လိုက္တဲ့အခါမွာေတာ့ ေခါင္းပိုင္း ၊ အျမစ္ပိုင္း ၂မ်ိဳးလုံးပါတဲ့ သြားတု ၁ေခ်ာင္းျပန္ရသြားပါတယ္။ Implant ကလက္ရွိ သြားစိုက္နည္းစနစ္ေတြထဲမွာ အေကာင္းဆုံးပါ။ ႏိုင္ငံတကာမွာသြားက်ိဳးသြားရင္ Implant ကိုပဲအမ်ားဆုံးျပန္စိုက္ၾကပါတယ္။

မေကာင္းတဲ့အခ်က္က Implant က ေဈးအရမ္းႀကီးပါတယ္။ ေဈးအသက္သာဆုံး Implant ကို စိုက္မယ္ဆိုရင္ေတာင္ ၁ေခ်ာင္းကို ၁၀ သိန္းဝန္းက်င္ေတာ့ ကုန္က်မွာပါ။ ေဈးအရမ္းသက္သာသြားဖို႔လည္း မရွိပါဘူး။ Implant သြားက နဂိုသြားနဲ႔ဖြဲ႕စည္းပုံ အနီးစပ္ဆုံးတူတာေၾကာင့္ စားလို႔ဝါးလို႔ေကာင္းေစပါတယ္။

Implant သြားက နဂိုသြားလိုပဲ အၾကမ္းခံတယ္ဆိုေပမယ့္ ဂ႐ုစိုက္ရမယ့္ အခ်က္ေလးေတြလည္း ရွိေနပါတယ္။ အဓိကက်တာက သန႔္ရွင္းေရးပါ။ ပုံမွန္သြား ၁ေခ်ာင္းလို သေဘာထားၿပီး သြားတိုက္ ၊ Floss သုံးရပါမယ္။ Implant သြားက ညစ္ပတ္လာရင္ Peri-implantitis ေခၚသြားဖုံးေရာင္တာျဖစ္ၿပီး သြားနဲ႔လာတတ္ပါတယ္။ Implant ကိုသက္တမ္းတိုေစမယ့္ အဓိကအေၾကာင္းအရာပဲျဖစ္ပါတယ္။

Author : Dr. မိုးေဝ (မိုးပုလဲ)

Question
သွားနှုတ်ထားပါတယ်။ သွားပြန်စိုက်ဖို့ စဉ်းစားတော့ ဘေးသွားတွေကိုပါ တွဲပြီးအစွပ်စွပ် သွားပြန်စိုက်တာမျိုးကို မကြိုက်ပါဘူး။ Implant ဆိုတဲ့ သွားအမြစ် သတ္တုတိုင်စိုက်ပြီး ကုသတာက ဘေးသွားတွေကိုစားပြီး အစွပ်စွပ်စရာ မလိုဘူးလို့ သိရပါတယ်။ Implant ရဲ့ကောင်းကျိုး ၊ ဆိုးကျိုးလေးတွေကို နည်းနည်းလောက်ပြောပြပေးပါ။

Answer
ဟုတ်ပါတယ်။ Implant ဆိုတာက ဘေးသွားအကူအညီမယူပဲ သွား ၁ချောင်းလုံး ပြန်အစားထိုးတဲ့နည်းပညာပါ။ မရှိတော့တဲ့ သွားနေရာမှာ အသေးစား ခွဲစိတ်မှုလုပ်ပြီး သွားဖုံးရိုးအတွင်း တိုက်တေနီယံတိုင် ပြန်ထည့်ကာ သွားအမြစ်တု ဖန်တီးလိုက်ပါတယ်။

ခွဲစိတ်မှုအပြီး ၂လ ၊ ၃လကြာမှ အမြစ်တုပေါ်ကနေ ကြွေသွားခေါင်းပိုင်းအစွပ်ကို ပြန်တပ်လိုက်တဲ့အခါမှာတော့ ခေါင်းပိုင်း ၊ အမြစ်ပိုင်း ၂မျိုးလုံးပါတဲ့ သွားတု ၁ချောင်းပြန်ရသွားပါတယ်။ Implant ကလက်ရှိ သွားစိုက်နည်းစနစ်တွေထဲမှာ အကောင်းဆုံးပါ။ နိုင်ငံတကာမှာသွားကျိုးသွားရင် Implant ကိုပဲအများဆုံးပြန်စိုက်ကြပါတယ်။

မကောင်းတဲ့အချက်က Implant က ဈေးအရမ်းကြီးပါတယ်။ ဈေးအသက်သာဆုံး Implant ကို စိုက်မယ်ဆိုရင်တောင် ၁ချောင်းကို ၁၀ သိန်းဝန်းကျင်တော့ ကုန်ကျမှာပါ။ ဈေးအရမ်းသက်သာသွားဖို့လည်း မရှိပါဘူး။ Implant သွားက နဂိုသွားနဲ့ဖွဲ့စည်းပုံ အနီးစပ်ဆုံးတူတာကြောင့် စားလို့ဝါးလို့ကောင်းစေပါတယ်။

Implant သွားက နဂိုသွားလိုပဲ အကြမ်းခံတယ်ဆိုပေမယ့် ဂရုစိုက်ရမယ့် အချက်လေးတွေလည်း ရှိနေပါတယ်။ အဓိကကျတာက သန့်ရှင်းရေးပါ။ ပုံမှန်သွား ၁ချောင်းလို သဘောထားပြီး သွားတိုက် ၊ Floss သုံးရပါမယ်။ Implant သွားက ညစ်ပတ်လာရင် Peri-implantitis ခေါ်သွားဖုံးရောင်တာဖြစ်ပြီး သွားနဲ့လာတတ်ပါတယ်။ Implant ကိုသက်တမ်းတိုစေမယ့် အဓိကအကြောင်းအရာပဲဖြစ်ပါတယ်။

Author : Dr. မိုးဝေ (မိုးပုလဲ)

Previous Post

ဆီးချို ကြောင့်ခြေဖဝါးကျိန်းခြင်း

Next Post

ကင်ဆာ ရောဂါ ဝေဒနာရှင် တွေ ဘာစားကြမလဲ ????

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
819
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
640

သွားကလေးများ ကျန်းမာဖို့

3 years ago
722

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
924

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကင်ဆာ ရောဂါ ဝေဒနာရှင် တွေ ဘာစားကြမလဲ ????

မီခိုးငွေ့နှင့် ကာဗွန်မိုနောက်ဆိုဒ် (CO)အန္တရာယ်

အမှိုက်မီးခိုးငွေ့များနဲ့ကျန်းမာရေးဆိုင်ရာပြသာနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.