fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

သွားနဲ့ ခံတွင်းကျန်းမာသန့်ရှင်းစေတဲ့ အံ့အားသင့်ဖွယ်ရာအစားအစာများ

1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/08/2021
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

သွားတွေကို သဘာဝအတိုင်း ဖြူဖွေးသန့်စင်စေချင်တယ်ဆိုရင်တော့ အဖြေတစ်ခုရှိပါတယ်။
ဒါကတော့ အစားအစာ စားတာပါပဲ။ ဘာတွေစားရမလဲဆိုတာကတော့ ခေတ်စကားနဲ့ ပြောရရင် အသက်ပဲပေါ့နော်။

ဒီတော့ ဘာတွေ စားရမလဲ တချက် လေ့လာလိုက်ရအောင်…..

တချို့အစားအစာတွေကိုဆို ဟာ.. ဟုတ်ပါ့မလားဆိုပြီး သံသယရှိကောင်း ရှိပါလိမ့်မယ်။
ဘာလို့ဆိုတော့ ကျနော်တို့ခင်ဗျားတို့ဆီမှာ ဟိုးခပ်စောစောကတည်းက ရှိနေတဲ့ သွားကျန်းမာရေးဆိုင်ရာ အယူအစွဲတွေနဲ့ ဖီလာဆန့်ကျင်နေတဲ့ အစားအစာတွေ ပါလို့ပါ။ ကျနော်တို့ဆီမှာက တချို့ အယူအဆအလွဲတွေ ရှိနေနိုင်တယ်လေ။

ဥပမာ … သစ်သီးတွေမှာ သကြားဓာတ်ပါတယ်။ ဒါကြောင့် သစ်သီးတွေ အစားများရင် သွားပိုးပေါက်တွေ ဖြစ်နိုင်တယ်ဆိုတာမျိုး။

အနံ့ပြင်းတဲ့ အစားအစာတွေက ခံတွင်းအနံ့ဆိုးတွေ ထွက်စေတယ်လေ။ ဒါတွေစားလို့ ဘယ်မှာ ခံတွင်းကို သန့်ရှင်းစေနိုင်မှာလည်း ဆိုတာမျိုး။

နောက်တစ်ခုက အစားအစာတွေကြောင့် သွားနဲ့ ခံတွင်းကျန်းမာရေးပြဿနာတွေ ဖြစ်ရတာလေ။ ဘယ့်နှယ်လုပ်ပြီး အစားအစာတွေက သွားကျန်းမာရေးကောင်းစေမှာလဲပေါ့။

ဒီအချက်တွေကြောင့် အခုပြောမဲ့အစားအစာတွေက သွားနဲ့ခံတွင်းကျန်းမာရေးကို ကောင်းစေတယ်ဆိုရင် တော်ရုံနဲ့ ယုံဖို့ခက်နေကြတာပေါ့။ဒါပေမဲ့ သိပ္ပံနည်းကျကျ လေ့လာမှုတွေအရတော့ ဒီအစားအစာ ၉ မျိုးဟာ သွားကျန်းမာရေးနဲ့ ခံတွင်းကျန်းမာရေးအတွက် အထူးသင့်လျော်ပါသတဲ့။ ကဲ…. ကြည့်လိုက်ရအောင်။

၁။ ပန်းသီး
၂။ စပျစ်သီး
၃။ မုန်လာဥနီ
၄။ တရုတ်နံနံ
၅။ သခွားသီး
၆။ သလဲသီး
၇။ ခရန်ဘယ်ရီသီး
၈။ ဂေါ်ဖီချဉ်
၉။ ကြက်သွန်ဖြူ

တကယ်တမ်းမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေပါဝင်မှုများတဲ့အတွက် သွားတွေပေါ်မှာ အညစ်အကြေး အစွန်းအထင်းတွေ မရှိအောင် ဖယ်ရှားပေးနိုင်ပါသတဲ့။ ဒါ့ပြင် အချဉ်ဖောက်ထားတဲ့ အစားအစာတွေကလည်း သင့်ခံတွင်းထဲမှာ ကောင်းမွန်တဲ့ အကျိုးပြုတဲ့ ဗက်တီးရီးယားတွေရှိနေအောင် ကူညီပေးပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ Allicin ဆိုတဲ့ဓာတ်က သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေကိုဖြစ်စေတဲ့ ဗက်တီးရီးယားတွေကို တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။

သဘာဝအစားအစာတွေထဲမှာ ဗက်တီးရီးယားအစ ဗိုင်းရပ်စ်အဆုံး နှိမ်နင်းနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်နေပါတယ်။

ဒါကြောင့် ဒီလိုအစားအစာတွေကို များများစားပေးဖို့လိုပါမယ်။

ဒါပေမဲ့ တစ်နေ့ကို ၂ ကြိမ်တော့ ပုံမှန်သွားတိုက်ပေးဖို့ကိုလည်း မေ့ပစ်လို့မရဘူးနော်။

Author: Dr. KG

Previous Post

ကလေးငယ်များအဖျားကျစေရန် ပြုလုပ်နိုင်မယ့်နည်းလမ်းများ

Next Post

နို့တိုက်မိခင်တွေ ကိုဗစ်ဖြစ်လျှင် ကလေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
809
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
629

သွားကလေးများ ကျန်းမာဖို့

3 years ago
719

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.7k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
918

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နို့တိုက်မိခင်တွေ ကိုဗစ်ဖြစ်လျှင် ကလေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

ရေကြီးမှုဖြစ်ပြီးရင် သတိထားသင့်တဲ့ နောက်ဆက်တွဲရောဂါတွေ

ကိုဗစ်တစ်ကြိမ်ဖြစ်ပြီးရင် နောက်ထပ်ပြန်ဖြစ်နိုင်လား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.