fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

သွားဖုံးနှင့် သွားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

322
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/11/2020
in ကျန်းမာရေးသတင်းများ, သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

အစားအစာများကို အာဟာရဓာတ်ပြည့်စုံမှန်ကန်စွာ စားသုံးခြင်းသည် သွားနှင့် ခံတွင်းကျန်းမာရေးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံး၏ကျန်းမာရေးကိုပါများစွာအကျိုးရှိစေပါသည်။

အောက်ဖော်ပြပါ ဗီတာမင်နှင့် သတ္တုဓာတ်များသည် သွားနှင့် သွားဖုံးကျန်းမာရေးအတွက် ကောင်းမွန်သော အာဟာရဓာတ်များဖြစ်ပါသည်။

 

၁။     ကယ်လ်ဆီယမ် ( Calcium )

ကယ်လ်ဆီယမ်သည် အရိုးကျန်းမာရေးအတွက်သာမက သွားကျန်းမာရေးအတွက်လည်း အကျိုးပြုသော သတ္တုဓာတ်တစ်မျိုးဖြစ်ပါသည်။

နို့နှင့်ဒိန်ချဉ်ကဲ့သို့သော နို့ထွက်ပစ္စည်းများ၊ ဆယ်လ်မွန်ငါး နှင့်ဆာဒင်းငါးစသည့် အစားအစာများတွင် ကယ်လ်ဆီယမ်ဓာတ်ပေါကြွယ်၀စွာ ပါဝင်ကြောင်းတွေ့ရှိရပါသည်။

ထို့ပြင် သက်သတ်လွတ်စားသောသူများအနေဖြင့်လည်း အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များနှင့် နှံစားသီးနှံများကို စားသုံးခြင်းဖြင့် ကယ်လ်ဆီယမ်ဓာတ်ကို ရရှိနိုင်ပါသည်။

 

၂။     ဖော့စ်ဖောရပ်စ် (Phosphorus )

သွားကျန်းမာရေးအတွက်အ‌ရေးပါသော အခြားသတ္တုဓာတ်တစ်မျိုးမှာ ဖော့စ်ဖောရပ်စ် ဖြစ်ပါသည်။

၎င်းအာဟာရသတ္တုဓာတ်ကို ခန္ဓာကိုယ်၏ တစ်ရှူးများကို ပြုပြင်ထိန်းသိမ်းရန်အတွက် လိုအပ်ကြောင်းတွေ့ရှိရပါသည်။

အောက်ပါအစားအစာများတွင် ဖော့စ်ဖောရပ်စ်ဓာတ်ပေါများစွာ ပါဝင်ပါသည်။ ၎င်းတို့မှာ

– အသားများ

– ကြက်ဥ ၊ဘဲဥများ

– အခွံမာသီးများ

– ပဲတောင့်ရှည်

– နို့ထွက်ပစ္စည်းများနှင့်

– သစ်သီးခြောက်များစသည်တို့ဖြစ်ပါသည်။

 

၃။     ဗီတာမင် ဒီ (Vitamin D )

ဗီတာမင် ဒီ သည်လည်း သွားနှင့် သွားဖုံးကျန်းမာရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှပါဝင်နေသော အာဟာရတစ်မျိုးဖြစ်ပါသည်။

၎င်းသည် စားသုံးလိုက်သော ကယ်လ်ဆီယမ်ကို အူလမ်းကြောင်းမှ ကောင်းစွာစုပ်ယူ‌နိုင်ရန် အားပေးပြီး သွားနှင့် အရိုးများ၏ ကျန်းမာ၊ ကြံ့ခိုင်ရေးကို အထောက်အကူပြုပါသည်။

ဗီတာမင် ဒီ ပေါကြွယ်၀သော အစားအစာများမှာ

– ဆယ်လ်မွန်ငါး

– ဆာဒင်းငါး

– တူနားငါး

– ကြက်ဥ၊ ဘဲဥအနှစ်

– မှို

– နွားနို့

– ပဲနို့

– လိမ္မော်ဖျော်ရည်

– နှံစားသီးနှံများ စသည်တို့ဖြစ်ပါသည်။


၄။     ဗီတာမင် စီ ( Vitamin C )

သွားဖုံးကျန်းမာရေးအတွက် အလွန်အရေးပါသော ဗီတာမင်တစ်မျိုးမှာ ဗီတာမင် စီ  ဖြစ်ပါသည်။

သွားများကို ထောက်ကန်ပေးသော တစ်ရှူးများနှင့် သွေးကြောများဖြစ်ပေါ်ခြင်းတွင် ဗီတာမင် စီ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်းတွေ့ရှိရပါသည်။

Vitamin C ချို့တဲ့လျှင် အတွေ့ရများသော ရောဂါလက္ခဏာများမှတစ်ခုမှာ Scurvy ဟုခေါ်သော သွားဖုံးသွေးယိုသော ရောဂါလက္ခဏာဖြစ်ပါသည်။

သံပုရာသီး၊ သံပယိုသီး၊ ဘယ်ရီသီး၊ ဟင်းနုနွယ်နှင့် အခြားဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများကို စားသုံးခြင်းဖြင့် Vitamin C ကို ရရှိနိုင်ပါသည်။

 

၅။    ဗီတာမင်အေ ( Vitamin A )

လေ့လာတွေ့ရှိချက်များအရ မျက်စိအမြင်အာရုံကျန်းမာရေးအတွက် ကောင်းမွန်စေသော ဗီတာမင်အေသည် သွားနှင့် သွားဖုံးကျန်းမာရေးအတွက်ပါ အကျိုးပြုနိုင်ကြောင်း သိရှိရပါသည်။

ဗီတာမင်အေသည် သွားနှင့် ခန္ဓာကိုယ်ရှိ အမြှေးပါးများတွင်ရှိသော တစ်ရှူးများဖြစ်ပေါ်ခြင်းနှင့် ထိန်းသိမ်းခြင်းကို ကူညီပေးသော ဗီတာမင်တစ်မျိုးဖြစ်ပါသည်။

ဗီတာမင်အေ ပေါကြွယ်၀စွာ တွေ့ရှိရသော အစားအစာများမှာ

– မုန်လာဥနီ

– အမဲသားအသည်း

– ဆယ်လ်မွန်ငါး

– တူနားငါး

– ထောပတ်

– နို့နှင့်နို့ထွက်ပစ္စည်းများ

– ကန်စွန်းဥ

– အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

– သစ်သီးခြောက်

– ပင်လယ်စာ

– သရက်သီး

– ခရမ်းချဉ်သီးနှင့်

– ပဲအမျိုးမျိုးစသည်တို့ဖြစ်ပါသည်။

Author : Dr. မိုး (ဆေး ၁)

 

 

 

 

 

 

 

 

 

Previous Post

ASEAN Think Tanks Network Virtual Summit

Next Post

Lactose သကြားနှင့် မတည့်သဖြင့် ဝမ်းလျှောသောကလေးငယ်များတွင် ဂရုပြုရမည့်ရောဂါလက္ခဏာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
821
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
648

သွားကလေးများ ကျန်းမာဖို့

3 years ago
725

သွေးတွင်းသကြားဓာတ်တည်ငြိမ်စေရန် ထိန်းချုပ်ခြင်း

4 years ago
951

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
926

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Lactose သကြားနှင့် မတည့်သဖြင့် ဝမ်းလျှောသောကလေးငယ်များတွင် ဂရုပြုရမည့်ရောဂါလက္ခဏာများ

ဆေးလိပ်သောက်ခြင်းကြောင့် ချောင်းဆိုးခြင်းအကြောင်းသိကောင်းစရာများ

အိပ်စက်ခြင်း ပြဿနာများကိုဖြစ်စေနိုင်သော ကျန်းမာရေးပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.