fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

811
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/04/2023
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

လူတိုင်း ဘဝမှာ တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ဖူးကြမှာပါ။ ရှေးယခင် အချိန်တွေတုန်းကဆို ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကာလဝမ်းရောဂါလို ကပ်ရောဂါကြီးတွေဖြစ်ပြီး လူ့အသက်ပေါင်းများစွာကို နှုတ်ယူခဲ့ဖူးပါတယ်။ ယခုခေတ်မှာ ခေတ်မီဆေးဝါးနဲ့ ကုသမှုတွေ ရှိလို့ ကပ်ရောဂါအသွင် မဖြစ်တော့ပေမယ့် အချိန်မီ ကုသမှု မခံယူရင် သေဆုံးမှုတွေ ရှိနေနိုင်ဆဲပါ။

ဝမ်းပျက်ဝမ်းလျှော ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ မသန့်ရှင်းမှုပါ။ အစားအစာနဲ့ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောတာ ဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေကတစ်ဆင့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောဂါပိုးတွေ ကူးစက်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်တာပါ။

ရောဂါလက္ခဏာတွေက ဘာတွေလဲ?
– ၂၄ နာရီအတွင်းမှာ ဝမ်းအရည်တွေ ၃ ကြိမ်နဲ့ အထက်သွားတာ
– ဝမ်းထဲမှာ သွေးစနဲ့ အချွဲတွေ ပါတတ်တာ
– ဗိုက်က ရစ်ရစ်ပြီး နာတာ
– အန်တာ
– အဖျားရှိတာတွေ ဖြစ်နိုင်ပါတယ်။
ဝမ်းသွားတဲ့ အကြိမ်ရေများလာတဲ့အခါ ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့ ဓာတ်ဆားတွေ ဆုံးရှုံးလာပါတယ်။ ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာတွေက…
– မောပန်းနုံးချိနေတာ
– ခေါင်းမူးခေါင်းကိုက်တာ
– ကြွက်တက်တာ
– မျက်တွင်းချိုင့်လာတာ
– လျှာနဲ့ နှုတ်ခမ်းတွေ ခြောက်လာတာ၊ ရေငတ်တာ
– ဆီးနည်းတာ
– စိတ်အလိုမကျဖြစ်လာတာ၊ ကယောင်ကတမ်း ဖြစ်လာတာ
– အရမ်းဆိုးရင် သတိလစ်ပြီး ကိုမာဝင်သွားတာ
– ကျောက်ကပ် ပျက်စီးသွားတာတွေထိ ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် အသက်ကြီးတဲ့သူတွေ၊ ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေနဲ့ကိုယ်ခံအား မကောင်းတဲ့သူတွေမှာ ပိုပြီး ပြင်းထန်နိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေ ရှိလာရင် ဓာတ်ဆားရည်တိုက်ပေးဖို့ လိုအပ်သလို ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် အရေးအကြီးဆုံးက ဓာတ်ဆားရည် သောက်ဖို့ပါပဲ။ ဝမ်းပျက်ဝမ်းလျှောကြောင့် အသက်ဆုံးရှုံးတယ်ဆိုတာ ရေဓာတ်ခမ်းခြောက်တာကြောင့်ပါ။ ဆုံးရှုံးသွားတဲ့ရေဓာတ်နဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်ပေးနိုင်မှာသာ ရေဓာတ်ခမ်းခြောက်မှုကြောင့် အသက်အန္တရာယ် ဖြစ်ခြင်းမှ ကာကွယ်နိုင်ပါမယ်။ အန်နေရင် ခဏနားပြီး ပိုသောက်ပေးရပါမယ်။

ဘက်တီးရီးယားကြောင့် ဖြစ်တာဆိုရင် ဆရာဝန်က သင့်တော်တဲ့ ပိုးသတ်ဆေး ညွှန်ကြားပါလိမ့်မယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန်မှာ ပူနွေးပျော့ပြောင်းပြီး အစာကြေလွယ်တာ၊ သန့်ရှင်းတာတွေ စားပါ။ အစာမကြေလွယ်တဲ့ အစာမာတွေ၊ ဝမ်းနူးစာတွေ၊ လမ်းဘေးစာတွေ ရှောင်ပါ။ အရိုးပြုတ်ရည်နဲ့ စွပ်ပြုတ်ပူပူနွေးနွေးလေး သောက်ပေးပါ။ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ဖရဲသီး၊ သံပုရာသီးတွေ စားပေးပါ။ အုန်းရည်သောက်ပါ။
ကိုယ်ခံအားကောင်းရင် နောက်ဆက်တွဲဆိုးကျိုး မရှိဘဲ ၄၈ နာရီအတွင်း သက်သာနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်အောင် ကာကွယ်ဖို့
– ရေများများ သောက်ပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ သောက်ပါ။
– သန့်ရှင်းတဲ့ ရေနဲ့ အစားအသောက်ကိုသာ သုံးစွဲပါ။
– လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပါ။
– နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အူလမ်းကြောင်းကို လှုံ့ဆော်မယ့် ဆေးရွက်ကြီးနဲ့ ကဖင်းပါတာတွေကို ရှောင်ပါ။
– အာဟာရဖြစ်အောင် စားသောက်ပါ။ ကိုယ်ခံအားကောင်းအောင် အသီးအရွက်တွေ များများစားပါ။
– ရောဂါပိုးတွေ ကာကွယ်နိုင်အောင် ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်း၊ ငရုတ်ပွ စတာတွေ များများစားပေးပါ။

သန့်ရှင်းတဲ့ အစားအစာကို စားတာက ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် အခြား အစာအိမ်အူလမ်းကြောင်း ကူးစက်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်တာမို့ အစားအစာနဲ့ ရေသန့်ရှင်းမှုကို ဂရုပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Author: Dr.Yee Mon

Previous Post

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

Next Post

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.3k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
423

အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းအရင်းများ

2 years ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

စိတ်ဖိစီးမှုနှင့်အိပ်မပျော်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.