fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

421
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/04/2023
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

Panda Eye ရယ်လို့တင်စားကြတဲ့ မျက်ကွင်းညိုညိုလေးတွေကို ကိုယ်တိုင်မကြုံဖူးရင်တောင် သူများဆီမှာမြင်ဖူးကြမှာပါ။များသောအားဖြင့် ကြီးကြီးမားမားဒုက္ခမပေးပေမဲ့ အတော်တော့ စိတ်အနှောင့်အယှက် ပေးနိုင်တာမျိုးပါ။ ဒါကြောင့် ဒီ Panda Eye လေးတွေအကြောင်း နည်းနည်းလေ့လာကြည့်ကြရအောင်ပါ။

မျက်ကွင်းညိုခြင်းဆိုတာ မျက်လုံးနားတစ်ဝိုက် သွေးကြောလေးတွေကျယ်တဲ့အခါမျိုး၊ မျက်လုံးနားတစ်ဝိုက် Melatonin ခေါ်တဲ့ရောင်ခြယ်လေးတွေများတဲ့အခါမျိုးမှာ မျက်ကွင်းလေးတွေညိုတတ်ပါတယ်။

မျက်ကွင်းညိုခြင်းအကြောင်းရင်း

မျက်ကွင်းညိုခြင်း အကြောင်းရင်းတွေကတော့-
၁။ ပင်ပန်းတဲ့အခါ (မျက်ကွင်းညိုခြင်း ၈၀% ခန့်ဟာ ပင်ပန်းလို့ပါ)
၂။ အသက်ရလာတဲ့အခါ
၃။ ရေဓာတ်လျော့နည်းတဲ့အခါ
၄။ Screen Time (ဖုန်း၊ ကွန်ပျူတာ၊ TV ကြည့်) များလွန်းတဲ့အခါ
၅။ ဆေးလိပ်သောက်ခြင်းကြောင့်
၆။ မွေးရာပါ (မျိုးရိုးလိုက်ခြင်းကြောင့်)
၇။ Allergy (ဓာတ်မတည့်ရောဂါ)
၈။ အသည်းရောဂါ
၉။ ကျောက်ကပ်ရောဂါ
၁၀။ သိုင်းရွိုက် (လည်ပင်းရှိ Gland) ရောဂါ တို့ကြောင့် မျက်ကွင်းညိုတတ်ပါတယ်။

မျက်ကွင်းညိုခြင်းသက်သာ ပျောက်ကင်းအောင်
၁။ များသောအားဖြင့် ပင်ပန်းလို့ဖြစ်ကြရတာဖြစ်တဲ့အတွက် မိမိရဲ့ နေထိုင်မှုပုံစံ (Lifestyle) ကို ကျန်းမာတဲ့ပုံစံဖြစ်အောင် ပြုပြင်သင့်ပါတယ်။ အိပ်ရေး၀အောင်အိပ်ဖို့၊ ကျန်းမာအောင်နေထိုင်စားသောက်ဖို့ လိုအပ်ပါတယ်။
ဆေးလိပ်ရှောင်ဖို့၊ အရက်လျှော့သောက်ဖို့လည်းလိုအပ်ပါတယ်။

၂။ မျက်လုံးနားတစ်ဝိုက် ရေခဲကပ်ပေးသင့်ပါတယ်။ Cold Pad၊ သောက်ပြီးသား လက်ဖက်ခြောက်ထုတ် အေးအေးလေးတွေနဲ့ သခွားသီးအေးအေးလေးတွေလည်း သုံးနိုင်ပါတယ်။

၃။ ခေါင်းအုံးခပ်မြင့်မြင့်လေး သုံးခြင်းကလည်း နည်းလမ်းတစ်ခုပါ။

၄။ ‌Antioxidant ပါတဲ့ Skin Care တွေနဲ့ မျက်လုံးနားတစ်ဝိုက် နှိပ်နယ်ပေးခြင်းကလည်း သက်သာစေနိုင်ပါတယ်။

၅။ အမြန်ဆုံးဖုံးကွယ်ချင်ရင်တော့ Concealer Makeup ‌လေးလိမ်းပါ။

၆။ ဆေးနဲ့ကုသတဲ့နည်းလမ်းတွေကတော့ ဆေးလိမ်းလို့လည်းရပါတယ်။ လေဆာနဲ့ကုလို့ရပါတယ်။ Chemical Peeling ခေါ်တဲ့ အရေပြားချေးချွတ်နည်းနဲ့လည်း ကုလို့ရပါတယ်။

ဒီနည်းလမ်းတွေကတော့ အရေပြားဆရာ၀န်နဲ့ပြသတိုင်ပင်ပြီးမှ သုံးသင့်တဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။
မျက်ကွင်းညိုခြင်းဟာများသောအားဖြင့် ခဏတာသာဖြစ်ပြီး အထက်ပါနည်းလမ်းများဖြင့် ဖြေရှင်းနိုင်သော်လည်း တခြားရောဂါများနှင့်လည်းဆက်စပ်နေနိုင်သေးသောကြောင့် အချိန်ကြာကြာခံစားလာရပြီး မပျောက်ကင်းနိုင်ဖြစ်လာလျင်တော့ သတိထားစေချင်ပါတယ်။

Author: Dr. Phyo Su

Previous Post

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

Next Post

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

1 month ago
447

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 months ago
447

အလွှာခြားတာကောင်းလား?

4 months ago
401
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

6 months ago
304

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

6 months ago
359

အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းများ

6 months ago
450

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.