fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

17.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/09/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

ကျွန်တော်တို့တွေအားလုံး ကျို့ထိုးခြင်းကို ခံစားဖူးကြပါလိမ့်မယ်။တချို့အရပ်တွေမှာ ကျို့ထိုးတာကို ကြက်ဥခိုတယ်လို့လည်းခေါ်ကြပါတယ်။

ကျို့ထိုးခြင်းကို ဆေးပညာအရ Hiccups လို့ခေါ်ပါတယ်။

ကျို့ထိုးတယ်ဆိုတာဟာ ရင်ဘတ်နဲ့ဝမ်းဗိုက်ကိုခြားထားသော ရင်ဝမ်းခြားကြွက်သား(Diaphragm)ဟာ အကြောင်းကြောင်းကြောင့် ရုတ်တရက် အလိုအလျောက်တအားကျုံ့ညှစ်လို့ဖြစ်တာပါ။

ပုံမှန်မှာလည်း အသက်ရှုသွင်းရှုထုတ်နဲ့လိုက်ပြီး ရင်ဝမ်းခြားကြွက်သားက အကျုံ့အဆန့်လုပ်ပါတယ်။

ဒီလို ရင်ဝမ်းခြားကြွက်သား ရုတ်တရက် အလိုအလျောက် တအားကျုံ့ညှစ်တဲ့အခါမှာ လည်ပင်းထဲက လေပြွန်ရှိအသံကြိုးနှစ်ချောင်း(Vocal cords)ကိုပူးကပ်သွားစေတဲ့အတွက် “hic”(အစ် သို့မဟုတ် ဟစ်) ဆိုတဲ့ ကျို့ထိုးသံထွက်လာရခြင်းဖြစ်ပါတယ်။

ကျို့ထိုးခြင်းကိုဖြစ်စေတဲ့အကြောင်းတွေကတော့

အစားအသောက်စားတဲ့အခါစကားပြောရင်းစားတာ၊အလျင်စလိုစားတာတွေကြောင့် စားလိုက်တဲ့အစာနဲ့အတူ လေတွေပါမျိုချမိတာ

အရက်အလွန်အကျွံ့သောက်တာ၊ကာဗွန်ပါသော အချိုရည်များ ကိုအလွန်အကျွံသောက်တာ

အဆီများတဲ့အစားစာ၊အစပ်လွန်ကဲတဲ့အစားစာတွေကို အလွန်အကျွံစားမိတာ

အကြောက်လွန်တာ၊စိုးရိမ်ပူပန်မှုလွန်ကဲတာ

တအားဟက်ဟက်ပက်ပက်ရယ်မိတာ၊ရှိုက်ကြီးတငင်ငိုမိတာ ကြောင့်

စသဖြင့် အမျိုးမျိုးရှိပါတယ်။

ဒါတွေအပြင် ကျောက်ကပ်မကောင်းတာ၊လေဖြတ်တာ၊ဦးနှောက်အမြှေးရောင်တာ စတဲ့ရောဂါတွေကြောင့်လည်းကျို့ထိုးခြင်းဖြစ်နိုင်ပါတယ်။

ကျို့ထိုးခြင်းဟာအသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ကလေးငယ်လေးတွေမှာလည်းဖြစ်နိုင်ပါတယ်။

ကျို့ထိုးခြင်းဖြစ်တဲ့အခါ အများအားဖြင့် မိနစ်ပိုင်း လောက် ခဏပဲဖြစ်လေ့ရှိပြီး သူ့ဘာသာသူ ပြန်ပျောက်သွားတတ်ပါတယ်။

ဒီလိုမျိုးခဏပဲဖြစ်ပြီး ပျောက်တဲ့ကျို့ထိုးခြင်းက မစိုးရိမ်ပါဘူး။

သို့သော် ကျို့ထိုးခြင်းဟာ ၂ရက်နဲ့အထက်(၄၈နာရီ)ကြာနေရင် သို့မဟုတ် မကြာခဏဆိုသလိုပြန်ပြန်ဖြစ်နေရင်တော့ စမ်းသပ်စစ်ဆေးကြည့်ဖို့လိုတဲ့အတွက် နီးစပ်ရာဆေးရုံ ဆေးခန်းပြသင့်ပါတယ်။

ကျို့ထိုးနေစဉ်မှာ ကျို့ထိုးတာ သက်သာအောင်

ရေတဖန်ခွက်ကို အသက်ရှုအောင်ပြီး တကျိုက်ထဲ မော့သောက်တာ

ပလစ်စတစ်အိတ် သို့မဟုတ် စက္ကူအိတ်တလုံး ခေါင်းစွပ်ကာ လည်ပင်းနေရာမှာ အိတ်ကို ကိုယ့်လက်နဲ့ကိုယ်စုကိုင်ထားပြီး အသက်ရှုသွင်းရှုထုတ်လုပ်တာ

ဗီနီဂါ(Vinegar)အရည်ကို နှာခေါင်းထဲထည့်တာ

အချိုစားတာ

ရေခဲတုံးဝါးစားတာ၊လျှာပေါ်တင်ထားတာ

ပခုံးကြွက်သားကိုနှိပ်နယ်ပေးတာ

ထိတ်လန့်အောင်ခြောက်လှန့်တာ

လျှာကို ပါးစပ်အပြင်ထုတ်ပြီးလက်နဲ့ဆွဲထားတာ

မျက်လုံးမှိတ်ထားပြီး မျက်ခွံပေါ်ကနေလက်နဲ့ခပ်ဖွဖွလေးနှိပ်ပေးတာ

အဲယားအိတ်၊ခရစ်မက်အက်စ်၊ဒိုင်ဂျင်း စတဲ့လေဆေးတခုခုတိုက်တာ

စတဲ့ နည်းတွေသုံးနိုင်ပါတယ်။

သို့သော် အဲ့ဒီ နည်းတွေက လူကြီးတွေ၊အသက်ကြီးတဲ့ကလေးကြီးတွေမှာပဲ သုံးလို့ရပါတယ်။

နို့စို့ကလေးငယ်တွေ၊အသက်ငယ်သေးတဲ့ကလေးတွေမှာဆိုရင်တော့ မသုံးရပါ။အန္တရာယ်ရှိနိုင်ပါတယ်။

တချို့အရပ်ဒေသတွေမှာ နို့စို့ကလေးငယ်တွေကျို့ထိုးတဲ့အခါ ကလေးငယ်ကိုရေတိုက်တာ၊

နနွင်း၊သနပ်ခါး၊လက်ဖက်အစရှိတဲ့အရာတွေကို ကလေးငယ်ပါးစပ်ထဲ ထည့်ခွံ့တာ

ထိတ်လန့်အောင်လုပ်ရင် ကျို့ထိုးတာပျောက်နိုင်တယ်ဆိုပြီး ကလေးငယ်ကိုခြောက်တာ၊ရိုက်တာ၊ကိုင်လှုပ်တာ တွေ လုပ်ကြလေ့ရှိပါတယ်။

ဒါတွေဟာမှားယွင်းတဲ့အပြုအမူတွေပါ။

အဲ့လိုတွေလုပ်တာဟာ ကလေးငယ်ကို အသက်ဆုံးရှုံးသည်အထိ ဘေးအန္တရာယ်ဖြစ်စေတတ်တဲ့အတွက် လုံးဝမလုပ်ရပါ။

နို့စို့ကလေးငယ်တွေမှာ ကျို့ထိုးရင်

ကလေးကျောလေးကို လက်ဖြင့်အသာအယာပုတ်ပေးပါ။

ချိုလိမ်စုပ်ခိုင်းပါ။

ဒီလိုလုပ်လို့မှမသက်သာရင် ကလေးကျွမ်းကျင်ဆရာဝန်နဲ့ပြသပါ။

Dr. 528

Previous Post

အစားအများကြီးစားနေတာ တကယ်ဆာလို့လား။စိတ်ဖိစီးမှုများလို့လား

Next Post

မျက်စိကို ကြည်လင်စေပြီး မျက်စိအားကောင်းစေသောအစားစာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ DHA အကြောင်း

6 days ago
65

အသည်းလေးရဲ့ ကျန်းမာရေး

2 weeks ago
81

Multi Vitamins ဆိုတာဘာလဲ?

3 months ago
379

အရပ်အမောင်းနှင့် ကျန်းမာရေး

3 months ago
576

အိပ်စက်ခြင်းနှင့် ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှု

3 months ago
476

မိုးရာသီမှာ သတိပြုစရာ နှာစေး၊ ချောင်းဆိုးဝေဒနာ

3 months ago
273

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျက်စိကို ကြည်လင်စေပြီး မျက်စိအားကောင်းစေသောအစားစာများ

လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် အသက်ဘယ်လောက်ပိုရှည်လာနိုင်လဲ ?

သားသားမီးမီးတို့ဖျားတဲ့အခါ ဘယ်လိုပြုစုရမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.