fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

မျက်စိကို ကြည်လင်စေပြီး မျက်စိအားကောင်းစေသောအစားစာများ

2.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/09/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

မျက်စိကို ကြည်လင်စေပြီး မျက်စိအားကောင်းစေသောအစားစာများ

“မျက်စိအဆုံး၊နားအရှုံး”၊ မျက်စိဟာ စိတ်ရဲ့ပြတင်းပေါက် စသဖြင့် မျက်စိရဲ့အရေးကြီးပုံကိုတင်စားပြောထားတာတွေရှိပါတယ်။

မျက်စိအမြင်မကောင်းတာ၊ချို့တဲ့တာတွေဖြစ်ပါက အာရုံငါးပါးထဲက တပါးကို ပြည့်ဝစွာခံစားနိုင်မည်မဟုတ်ပါ။

ဒါ့အပြင်နေ့စဉ်သွားလာလှုပ်ရှားရာမှာလည်း အခက်တွေ့နိုင်ပါတယ်။

ဒါကြောင့် အလွန်နူးညံ့ပြီး အလွန်အရေးပါတဲ့ မျက်စိကို သေချာစွာဂရုစိုက်ဖို့လိုပါတယ်။

မျက်စိကြည်လင်ပြီး မျက်စိအားကောင်းဖို့အတွက် လိုအပ်တဲ့အာဟာရဓါတ်တွေကို နေ့စဉ်စားသုံးပေးဖို့လိုပါတယ်။

လူငယ်ပိုင်းအရွယ်နဲ့လူလတ်ပိုင်းအရွယ်တွေမှာ ဆိုရင် ဂိမ်းဆော့များတာ၊စာဖတ်များတာ၊တီဗွီအကြည့်များတာ စတဲ့အကြောင်းတွေကြောင့် အဝေးမှုန်ခြင်းဖြစ်ပြီး မျက်စိအမြင်မကြည်လင်မှု ဖြစ်တာများပါတယ်။

အဝေးမှုန်ခြင်းကြောင့်မျက်စိအမြင်မကြည်လင်မှုခံစားနေရသော လူငယ်နဲ့လူလတ်ပိုင်းအရွယ်များအနေဖြင့် ဗီတာမင်အေ များများပါသော အစားအစာများကို များများစားပေးသင့်သည်။

အထူးသဖြင့် မုန်လာဥနီကို နေ့စဉ် သို့မဟုတ် မကြာခဏစားသုံးပေးဖို့လိုပါတယ်။

မုန်လာဥနီမှာ ကာဘိုဟိုက်ဒရိတ်၊ဆယ်လူလို့စ်၊ဗီတာမင်အေ၊ဘီ၊စီ၊ကယ်လ်ဆီယံဓါတ်၊သံဓါတ်၊ဘီတာကယ်ရိုတင်းဓါတ်တွေ ကြွယ်ဝစွာပါပါတယ်။

မုန်လာဥနီမှာ ကြွယ်ဝစွာပါတဲ့ ဘီတာကယ်ရိုတင်းဓါတ်ဟာ မျက်စိအမြင်အာရုံကြည်လင်ဖို့အတွက် များစွာအထောက်ကူပြုပါတယ်။ကြက်မျက်သင့်ရောဂါ ခံစားနေရသူတွေ၊ကွန်ပြူတာနဲ့အလုပ်လုပ်နေရတဲ့သူတွေဆိုရင် မုန်လာဥနီများများစားပေးသင့်ပါတယ်။

ဟင်းသီးဟင်းရွက်မကြိုက်သူများအနေနဲ့တော့ မုန်လာဥနီအစား ဝက်အသည်းကိုမကြာမကြာစားပေးနိုင်ပါတယ်။

ဝက်အသည်းမှာလည်း ဗီတာမင်အေ ကြွယ်ဝစွာပါတဲ့အတွက် မကြာမကြာစားပေးရင် မျက်စိအားကို ကောင်းစေနိုင်ပါတယ်။

ဝက်အသည်းရောမုန်လာဥနီရော မစားသူများဆိုရင်တော့ ငါးကြီးဆီကိုတနေ့တလုံးပုံမှန်သောက်နိုင်ပါတယ်။

အမြင်အာရုံကြည်လင်ပြီးအားကောင်းဖို့ရန် ဒါတွေအပြင် Vitamin C ပါဝင်တဲ့ အရည်ရွှမ်း အသီးအနှံတွေနဲ့ Vitamin E ပါဝင်တဲ့ မြေပဲစေ့၊သစ်ကြားသီး၊နေကြာစေ့၊နှမ်း အစရှိတဲ့အစေ့အဆံတွေကိုလည်း များများ စားသုံးပေးဖို့ လိုပါမယ်။

ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိ ရှိတဲ့ ဗီတာမင်တွေဟာ အသက်အရွယ်ရချိန်မှာ ဖြစ်တတ်တဲ့ မျက်စိရောဂါတွေဖြစ်နှုန်းကို အတိုင်းအတာတခုထိလျော့ကျစေပါတယ်။
လတ်ဆတ်တဲ့ အသီးအနှံများ၊ဟင်းသီးဟင်းရွက်များ၊ ငါးတို့ကနေ ရရှိနိုင်တဲ့ ဗီတာမင်စီ၊ အေ၊ အီး၊ ဖောလစ်အက်စစ်၊ ဆီလီနီယမ်နဲ့ ဇင့်ဓာတ်တွေဟာ သင့်ရဲ့မျက်စိကျန်းမာရေးအတွက် ကောင်းစွာ အကျိုးပြုပါတယ်။

အသက်ရလာတဲ့အချိန်မှာတော့ သွေးတိုး၊ဆီးချို စတဲ့ရောဂါတွေဖြစ်လာပြီး သွေးကြောတွေမာလာကာ အနီးမှုန်လာတာများပါတယ်။

ဒါကြောင့်အသက်ကြီးလို့ အနီးမှုန်ဖြစ်ရင် သွေးတိုး၊ဆီးချိုစတဲ့ရောဂါတွေရှိမရှိစစ်ဆေးပြီး ရှိပါက ထိုရောဂါတွေကိုအဓိကထားကုသရပါမယ်။

အသက်ကြီးလာတဲ့အခါ သွေးကြောတွေမာလာတာ ဖြစ်နိုင်ခြေနည်းအောင် ကြွက်နားရွက်မှို၊တရုတ်နံနံ၊ကြက်သွန်မိတ်၊ရှောက်သီး စတဲ့အစားစာများကိုများများစားပေးသင့်ပါတယ်။

ဒါ့ပြင် ဆူးပန်းစေ့၊ဂန္ဓာမာပန်း၊ဒန်ကျွဲစေ့လိုအစေ့များအား ရေနွေးဖြင့်စိမ်ပြီးသောက်တာမျိုးလည်းလုပ်နိုင်ပါတယ်။

Dr သီတာနွယ်(အမရပူရ)

Previous Post

ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

Next Post

လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် အသက်ဘယ်လောက်ပိုရှည်လာနိုင်လဲ ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

1 month ago
447

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 months ago
447

အလွှာခြားတာကောင်းလား?

4 months ago
401
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

6 months ago
304

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

6 months ago
421

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

6 months ago
359

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် အသက်ဘယ်လောက်ပိုရှည်လာနိုင်လဲ ?

သားသားမီးမီးတို့ဖျားတဲ့အခါ ဘယ်လိုပြုစုရမလဲ

ကလေးငယ်များ ခေါင်းချွေးထွက်ခြင်းအကြောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.