fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အမျိုးသမီးများတွင်လည်း မရှားပါ အဆုတ် ကင်ဆာ

83
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/09/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အမျိုးသမီးများတွင်လည်း မရှားပါ အဆုတ် ကင်ဆာ

အဆုတ်ကင်ဆာသည် မြန်မာနိုင်ငံတွင် အမျိုးသားများ၌ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အမျိုးသမီးများတွင် တတိယအများဆုံးကင်ဆာ ဖြစ်သည်။ ကင်ဆာဖြင့် သေဆုံးသူ(၅)ယောက်တွင် (၁) ယောက်မှာ အဆုတ်ကင်ဆာကြောင့်ဖြစ်သည်။ အဆုတ်ကင်ဆာ ဖြစ်ပွားမှု၏ (၈၅%)မှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်။ ဆေးလိပ်သောက်သောသူသည် မသောက်သောသူထက် (၁၅)ဆ မှ (၂၅)ဆ ပို၍ အဆုတ်ကင်ဆာဖြစ်ရန် အလားအလာရှိပါသည်။

အဆုတ်ကင်ဆာဖြစ်စေသောအကြောင်းရင်းများတွေမှာ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာဖြစ်စေသော အရေးကြီးဆုံး အကြောင်းတစ်ရပ်ဖြစ်သည်။ ကာလကြာရှည်စွာ ဆေးလိပ်သောက်ခြင်း ၊ သောက်သုံးသည့်ဆေးလိပ်အရေအတွက် များခြင်း ၊ သောက်သုံးသည့်ဆေးလိပ်တွင် ကတ္တရာနှင့် နီကိုတင်းများခြင်းသည် အဆုတ်ကင်ဆာဖြစ်စေသည်။ စီးကရက်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ ပိုမိုဖြစ်စေနိုင်ပါသည်။ အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်မှု ၊ ဓါတ်ပစ္စည်း ၊ ဓါတ်သတ္ထုများနှင့် ထိတွေ့ခြင်းတို့ကြောင့် ကင်ဆာဖြစ်ရန် အလားအလာ ပိုမိုများပြားစေပါသည်။ ဥပမာ – ကျောက်မီးသွေးဓာတ်ငွေ့ ၊ ကရိုမိတ် ၊ နီကယ် ၊ အာဆင်းနစ် ၊ ဗီနိုင်ကလိုရိုက် ၊ မတ်စတတ်ဓါတ်ငွေ့ ၊ ဓါတ်ရောင်ခြည်ထွက်ပစ္စည်းများတူးဖော်ခြင်း ၊ မီးခံပြားမှုန့်နှင့် ထိတွေ့သူများသည် ဆေးလိပ်သောက်သော အလေ့အကျင့်ရှိပါက အဆုတ်ကင်ဆာဖြစ်ရန် အဆပေါင်း (၆၀) ပိုမိုဖြစ်စေပါသည်။

မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း မိမိခင်ပွန်းသောက်သော ဆေးလိပ်ငွေ့ကို ရှူရှိုက်ရသော အမျိုးသမီး(၁၀)ယောက်အနက် (၅)ယောက်ခန့်တွင် အဆုတ်ကင်ဆာရောဂါဖြစ်ရန် အလားအလာရှိသည်။ ယခင်က အဆုတ်တွင် တီဘီရောဂါဖြစ်ဖူးသူများသည် အမာရွတ်များ ကျန်ခဲ့ပါသည်။ ၎င်းတီဘီအမာရွတ်များမှ ကာလကြာသောအခါ အဆုတ်ကင်ဆာဖြစ်နိုင်ပါသည်။

ရောဂါလက္ခဏာများ မှာ အဆက်မပြတ်ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း ၊ သလိပ်ထဲတွင် သွေးစများပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မကြာခဏ အဆုတ်အအေးမိခြင်း ၊ ဖျားခြင်း ၊ ကိုယ်အလေးချိန်ကျခြင်း၊ အဆုတ်ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ရောက်ရှိပါက ၎င်းရောက်ရှိသည့် နေရာအလိုက် ရောဂါလက္ခဏာများပြပါသည်။ (ဥပမာ – အကျိတ်များသို့ရောက်လျှင် အကျိတ်များကြီးခြင်း ၊ အသည်းသို့ရောက်လျှင် အသည်းကြီးခြင်း)

အဆုတ်ကင်ဆာရောဂါဖြစ်ရန် (၁၀)နှစ်မှ အနှစ်(၂၀) ကြာတက်၍ လူလတ်ပိုင်းနှင့် လူကြီးပိုင်းတွင် အများအားဖြင့်တွေ့ရပါသည်။ အဆုတ်ကင်ဆာ ဖြစ်သောအခါ အသက်ရှူလမ်းကြောင်းရှိ ကလာပ်စည်းများ အထိန်းအကွပ်မဲ့ပွားများသဖြင့် အကျိတ်အဖုဖြစ်လာသည်။ ကင်ဆာကလာပ်စည်းများ တခြားခန္ဓာကိုယ် အစိတ်အပိုင်းများသို့ လျှင်မြန်စွာပြန့်သွားတက်ပါသည်။ အဘယ်ကြောင့်ဆိုသော် အဆုတ်တွင် သွေးကြောနှင့် ပြန်ရည်ကြောများ များပြားသောကြောင့် ဖြစ်ပါသည်။ ပြန်ရည်ကြောမှ ပြန့်လျှင် အကျိတ်များ ကြီးလာ၍ သွေးကြောမှ ပြန့်လျှင် အသည်း ၊ အရိုး ၊ ဦးနှောက်နှင့် အခြားအဆုတ်ဘက်သို့ ပြန့်သွားနိုင်ပါသည်။

Dr. Lynn

Previous Post

အချင်းရှေ့ရောက်ခြင်း

Next Post

အချိုဓာတ်နည်းလို့ ကျန်းမာရေးအတွက် ပိုသင့်တော်တဲ့ သစ်သီးဝလံများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
835
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အချိုဓာတ်နည်းလို့ ကျန်းမာရေးအတွက် ပိုသင့်တော်တဲ့ သစ်သီးဝလံများ

ကင်ဆာသည်ကုလို့ပျောက်နိုင်သလား?

ခါးနာတာတွေကို လျော့ကျစေဖို့ ဘယ်လိုနေကြမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.